Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 1.2
အခန်း(၂)ကျိူးယွင်​ရှန့်​+

ကျိူးသခင်​ကြီးရဲ့​ကောင်းမွန်​တဲ့မျိူးရိုးဗီဇလက္ခဏာ​ကြောင့်​က​လေးသုံး​ယောက်​လုံး​ကောင်း​ကောင်းမွန်​မွန်​ကြီးပြင်းလာခဲ့ကြသည်​။ဒါ​ပေမယ့်​ကျိူးဝန်​ကျင့်​ကအဓိကဇာတ်​လိုက်​ဆိုတဲ့အတိုင်းသူ့ရုပ်​ရည်​သွင်​ပြင်​ကအခြားသူ​တွေထက်​သာလွန်​လေသည်​။ သူ့ရုပ်​ရည်​သွင်​ပြင်​နဲ့ခန္ဓာကိုယ်​အချိူးအစားက ပိတ်​ကား​ပေါ်မှာအနုစိတ်​ရေးခြယ်​ထားတဲ့ပန်းချီကားလိုပဲ။ဘယ်​ရှူ​ထောင့်​ကကြည့်​ကြည့်​သူဟာလုံးဝပြီးပြည့်​စုံ​နေတယ်​။

ကျိူးဝန်​ကျင့်​နဲ့ယှဉ်​ရင်​ကျိူးယွင်​ရှန့်​ရဲ့ပုံပန်းသဏ္ဌာန်​ကအနည်းငယ်​ထိုင်းမှိုင်းမှိုင်းနိုင်​တယ်​။ဒါ​ပေမယ့်​သူ့ရဲ့မက်​မွန်​ဝတ်​လွှာလိုမျက်​ဝန်း​တွေထဲကကြယ်​ရောင်​လက်​နေတဲ့မျက်​ဆန်​တွေကပဲထူးခြားတယ်​။ သူလူတစ်​ယောက်​ကို​ငေးစိုက်​ကြည့်​ရင်​အကြည့်​ခံရတဲ့သူအ​နေနဲ့ဘာလုပ်​ရမှန်းမသိဖြစ်​သွား​စေတယ်​။ဒီလိုမျက်​ဝန်းမျိူးက တစ်​ဖက်​လူရဲ့နှလုံးကို​ကောင်း​ကောင်းဒုက္ခ​ပေးနိုင်​တဲ့မျက်​ဝန်းမျိူးပဲ။

ထူးခြားတာက အရံဇာတ်​ကောင်​တွေဖြစ်​တဲ့ တုရွှီလန်​နဲ့ကျိူးဝန်​အန်​ကလည်း စင်းလုံး​ချော​ပြောစရာမရှိ​အောင်​ခန့်​ညားလွန်း​နေကြတာပဲ။ တုရွှီလန်​ရဲ့ နားရွက်​အ​ပေါ်ဖက်​ဆံပင်​တွေကိုခပ်​တိုတိုရိတ်​သင်​ထားပြီး​ရွှေ​ရောင်​ကိုင်းမျက်​မှန်​ကိုဝတ်​ဆင်​ထားခြင်းက သူ့ ကိုလူကြီးလူ​ကောင်းတစ်​ယောက်​ပုံ​ပေါက်​စေတယ်​။​ဖော်​ရွေတဲ့အပြုံးကလည်းသူ့ရဲ့မူလရုပ်​သွင်​ကိုဖုံးထား​ပေးတယ်​။ 1

အ​ပေါ်ယံမှာသူ့ကအတွင်း​ရေးမှူး၊အပြစ်​ကင်းစင်​တဲ့မျက်​နှာ​လေးနဲ့ဆို​ပေမယ့်​အမှန်​တကယ်​က​တော့ သူက တုမိသားစုအဖွဲ့အစည်းရဲ့ခေါင်း​ဆောင်​ပဲ။ ကျိူးဝန်​ကျင့်​ရဲ့အ​မေကသူ့ငယ်​သူငယ်​ချင်းဖြစ်​တာ​ကြောင့်​သူအခုလိုကျိူးအိမ်​လာပြီးရန်​သူရဲ့က​လေး​တွေကိုကြည့်​ပေး​နေတာပဲ။ ကျိူးမိသားစုကအရမ်းချမ်းသာတယ်​။ဒီ တရုတ်​ပြည်​မှာပထမတန်းမိသားစုလို့​တောင်​ပြောလို့ရတယ်​။ဒါ​ပေမယ့်​J နိုင်​ငံကတုမိသားစုရဲ့စည်းစိမ်​နဲ့​တော့ယှဉ်​လို့မရဘူး။ အဖွဲ့အစည်းနဲ့မိသားစု ။ ဒီစကားလုံးနှစ်​လုံးရဲ့ကွာခြားချက်​က မိုးနဲ့​မြေလိုပဲ။

Jနိုင်​ငံမှာ မာဖီးယား​တွေကတရားဝင်​တယ်​။ တုအိမ်​တော်ရဲ့ လက်​နက်​ရောင်းဝယ်​ခြင်းလုပ်​ငန်းက ကမ္ဘာအနှံ့ကျယ်​ပြန့်​နေတယ်​။ အဲ့ဒီလို​နောက်​ခံနဲ့လူက သူ့အ​ဖေရဲ့အတွင်း​ရေးမှူးလုပ်​ပြီးသူတို့ကို နာနီလို​စောင့်​ရှောက်​ပေး​နေတယ်​။ တုရွှီလန်​စိတ်​ထဲဘာ​တွေများ​တွေးထားသလဲ ကျိူးယွင်​ရှန့်​ကမသိ​တော့ဘူး။

သူ့ငယ်​ဘဝ​ကြောင့်​လား? ကြည့်​ရတာ ကျိူးဝန်​ကျင့်​အ​မေကသူ့ဘဝရဲ့တစ်​ခုတည်း​သော​နေ​ရောင်​ဖြစ်​ခဲ့ပုံပဲ။ သူမ​သေသွားခဲ့​ပေမယ့်​နေ​ရောင်​ခြည်​လေးက​တော့ထာဝရကျန်​ခဲ့တယ်​။ဒါ​ကြောင့်​ကျိူးဝန်​ကျင့်​ကိုသူသနားတာလား? သူကျိူးဝန်​ကျင့်​ကိုကာကွယ်​ချင်​တာ သူ့ရဲ့သန့်​စင်​တဲ့ကိုယ်​ပိုင်​ကမ္ဘာတစ်​ခုကိုကာကွယ်​တာလား?

ဒီထင်​ကြေး​တွေကဘယ်​လောက်​ပဲအဓိပ္ပါယ်​မရှိဘူးဆိုဆို အဖြစ်​မှန်​က သူဒီမှာရှိ​နေတာပဲ။ ကျိူးယွင်​ရှန့်​ဒီအ​ကြောင်း​တွေကိုထပ်​စဉ်းစားဖို့မကြိုးစား​တော့ပဲ နွားနို့ကိုသာဖြည်းဖြည်းချင်း​သောက်​လိုက်​သည်​။

ကျိူးယွင်​ရှန့်​၊ကျိူးဝန်​ကျင့်​နဲ့တုရွှီလန်​တို့သုံးဦးကတိတ်​တိတ်​ဆိတ်​ဆိတ်​နံနက်​စာစား​နေ​ပေမယ့်​ကျိူးသခင်​ကြီးနဲ့ကျိူးဝန်​အန်​က​တော့ စားရင်း​သောက်​ရင်းရယ်​ရင်းနဲ့နှစ်​ယောက်​သားပွဲကျ​နေ၏။ သူတို့ကြားကဆက်​ဆံ​ရေးကအရမ်းကို​နွေး​ထွေးလွန်းသည်​။ သူတို့နှစ်​ယောက်​ကသာသားအဖအရင်းဖြစ်​ပြီးကျန်​လူ​တွေကအပိုလူ​တွေလိုပဲ။ တကယ်​လို့အရင်​ကျိူးယွင်​ရှန့်​သာ ဒါကိုနားလည်​ခဲ့ရင်​အဲ့လိုဇာတ်​သိမ်းနဲ့အဆုံးသတ်​ခဲ့ရမှာမဟုတ်​ဘူး။

အဲ့ဒီလို​တွေးရင်း ကျိူးယွင်​ရှန့်​ခပ်​လှောင်​လှောင်​ပြုံးလိုက်​သည်​။ ထို့​နောက်​တုရွှီလန်​ကိုခိုးကြည့်​လိုက်​၏။
သိမ်​မွေ့ပြီးယဉ်​ကျေးတဲ့လူငယ်​လေးက သူ့မျက်​လုံးထဲရုတ်​တရက်​နတ်​ဆိုးတစ်​ကောင်​မြင်​လိုက်​ရသလိုဖြစ်​သွားသည်​မို့ တုရွှီလန်​ကြောင်​သွားသည်​။ သူ့နှလုံးကလည်းနှစ်​ဆင့်​ခပ်​ပြင်​ပြင်းခုန်​သွားသလိုပင်​။ သူပြန်​မော့ကြည့်​တော့ သူ့​ရှေ့ကလူငယ်​က ကိုယ့်​ပန်းကန်​ထဲကအစားအစာကိုသာအာရုံစိုက်​နေသည်​ကို​တွေ့လိုက်​ရသည်​။

နံနက်​စာစားပြီး​တော့ ထုံးစံအတိုင်းတုရွှီလန်​က က​လေးသုံး​ယောက်​ကို​ကျောင်းလိုက်​ပို့သည်​။ သူ့စိတ်​ထဲဘယ်​လိုခံစား​နေရပါ​စေ သူအမြဲတမ်းဒီက​လေးတို့ကိုသာတူညီမျှပဲဆက်​ဆံတယ်​။ဒါ​ပေမယ့်​ကျိူးဝန်​အန်​က အတတ်​ကြွဆုံးဖြစ်​လို့သူတို့ကပိုရင်းနှီးတယ်​ထင်​ရတယ်​။

ကျိူးယွင်​ရှန့်​မျက်​လုံးမှိတ်​ပြီးကားထဲလိုက်​ပါလာသည်​။ ကျိူးဝန်​ကျင့်​ကလည်းတတ်​ဆိတ်​နေ၏။ ကျိူးဝန်​အန်​တစ်​ယောက်​ထဲကသာတုရွှီလန်​ကိုစကား​ပြောသူဖြစ်​သည်​။ သူက သူ့အ​ဖေရဲ့​နေ့စဉ်​ဘဝကိုအ​တော်​စိတ်​ပူ​နေသည်​။ ဒါ​ကြောင့်သူ့အ​ဖေရဲ့အချစ်​ရေးကိစ္စကိုလည်းအမြဲ​မေးတတ်​သည်​။ ကျိူးသခင်​ကြီးရဲ့အချစ်​ဆုံးသားမို့ တုရွှီလန်​ကလည်း​မေးသမျှအမှန်​ဖြေလိမ့်​ရှိသည်​။

အထက်​တန်း​ကျောင်းသားဘဝကအရမ်းပျင်းဖို့​ကောင်းလွန်းသည်​။ ခက်​ခဲတဲ့အိမ်​စာဆိုတာကလည်းသူ့လို အဆင့်​မြင့်​IQနဲ့ဟက်​ကာတစ်​ယောက်​အတွက်​ပါမွှား​လေးပဲ။သူပထမနှစ်​ချိန်​ကိုအိပ်​ပျော်​သွားပြီး တတိယအချိန်​မှာဆူညံသံ​ကြောင့်​လန့်​နှိုးလာခဲ့သည်​။ သူမျက်​လုံးကိုဖွင့်​ပြီးပြတင်း​ပေါက်​အပြင်​ဖက်​မှာတဖွဲဖွဲကျ​နေတဲ့နှင်းပွင့်​တွေကို​ငေးကြည့်​နေမိသည်​။အခုက​နွေရာသီ။ မိန်းက​လေး​တွေစကပ်​အတိုဝတ်​နေကြတာ ဘယ်​လိုလုပ်​နှင်းကျမှာလဲ?

ကျိူးယွင်​ရှန့်​အနီးကပ်​ကြည့်​လိုက်​တော့ အခုကျ​နေတဲ့နှင်းပွင့်​တွေက စက္ကူစ​သေး​သေး​လေး​တွေပဲ။ အဲ့ဒီအချိန်​မှာပဲ​ကျောင်းသား၊​ကျောင်းသူ​တွေက​ကောရစ်​တာမှာစုပြုံပြီးစပ်​စုကြ​တော့​သည်​။ ကျိူးယွင်​ရှန့်​လည်းသူ့အ​ဖော်​တွေရဲ့ဆွဲ​ခေါ်မှု​ကြောင့်​ပါသွား၏​။ သူတို့က​အောက်​ထပ်​ကနှင်းမှုန်​ကြားမှာရပ်​နေတဲ့လူကိုလက်​ညှိုးထိုးပြသည်​။

"သူ့ပုံနှိပ်​တွေအကုန်​ဖျက်​ဆီးခံလိုက်​ရပြီ။ အဲ့ဒီ​ကောင်​ကသူ့ကိုယ်​သူတရားမဝင်​သားဆိုတာ​မေ့ပြီးမင်းနဲ့ဝမ်​အန်​ကို ပြန်​တိုက်​ခိုက်​ချင်​နေတာ။သူ့ကိုဘယ်​သူအဲ့လိုစိတ်​ကူးမျိူး​ပေးသလဲငါတကယ်​စဉ်းစားမရဘူး''

ကျိူးယွင်​ရှန့်​မှတ်​မိတယ်​။ ကျိူးဝန်​ကျင့်​နဲ့ ကျိူးဝန်​အန်​တို့ကတစ်​ခန်းထဲဖြစ်​ပြီး အတန်း​ဖော်​တစ်​ယောက်​နဲ့ကျိူးဝန်​ကျင့်​နဲ့မိန်းက​လေးတစ်​ကြောင့်​အငြင်းပွားကြတာ​နောက်​ဆုံးမှာ ကျိူးဝန်​ကျင့်​ကမိန်းက​လေး​တွေရဲ့ဝန်းရံခြင်းကိုခံလိုက်​ရတဲ့အ​ကြောင်း။ ကျိူးဝန်​အန်​ကအရမ်းကိုမနာလိုဖြစ်​သွားရှာတယ်​။ ဒီဖြစ်​ရပ်​ရဲ့အပြင်​လူတစ်​ယောက်​အ​နေနဲ့ Lord Godက ကျိူးဝန်​ကျင့်​ကိုပညာ​ပေးဖို့ မူလကျိူးယွင်​ရှန့်​ကို ခိုင်းတယ်​။

စာအုပ်​တွေဖျက်​ဆီးတယ်​၊ရေ​တွေ​လောင်းချတယ်​၊အတင်းအဖျင်း​တွေဖြန့်​ပြီးနှိပ်​စက်​တယ်​၊အုပ်​စုဖွဲ့အနိုင်​ကျင့်​တယ်​။ ကျိူးဝန်​ကျင့်​ကိုထိခိုက်​တာမှန်​သမျှအကုန်​လုပ်​တယ်​။ ကျိူးယွင်​ရှန့်​ဒီခန္ဓာကိုယ်​ကိုမယူခင်​ကတည်းက သူတို့ညီအစ်​ကိုနှစ်​ယောက်​ရဲ့ဆက်​ဆံ​ရေးက​ကျေ​အေးမရတဲ့အ​ခြေအ​နေကို​ရောက်​နေခဲ့ပြီ။ ကျိူးယွင်​ရှန့်​လမ်း​ပေါ်က​ခေါင်းမာမာနဲ့ရပ်​နေတဲ့လူကိုစူးစိုက်​ကြည့်​နေလိုက်​တယ်​တစ်​ဖက်​လူကလည်းသူ့ကိုပြန်​ကြည့်​လာတယ်​။

ကျိူးယွင်​ရှန့်​ရဲ့မျက်​နှာ​သေကရုတ်​တရပ်​ခပ်​လှောင်​လှောင်​အပြုံးတစ်​ခု​ပေါ်လာသလို ကျိူးဝန်​ကျင့်​ကနာကျည်းမှု​ကြောင့်​လက်​သီးဆုပ်​လိုက်​တော့သည်​။ အခြားလူသာဆိုသူတို့အနာဂတ်​သူတို့သိရင်​အဓိကဇာတ်​ကောင်​နဲ့ဆက်​ဆံ​ရေးကိုအရင်​ဆုံးစပြင်​မှာပဲ။ဒါ​ပေမယ့်​ကျိူးယွင်​ရှန့်​က​တော့အရမ်းမာနကြီးပြီး ထက်​မြတ်​တဲ့လူ။သူ့ကိုယ်​သူအတင်းသူများ​ခြေသလုံးဖက်​ခိုင်းမှာမဟုတ်​ဘူး။

အဓိကဇာတ်​လိုက်​နဲ့ရင်းနှီးတာဟာသူ့ကံကြမ္မာကို​ပြောင်းလဲ​စေနိုင်​တာမှန်​ပေမယ့်​သူ့ကံကြမ္မာကတဖန်​Lord Godရဲ့လက်​ထဲပြန်​ရောက်​သွားနိုင်​တယ်​။ အဲ့တာဆိုအရင်​နဲ့ဘာများကွာ​တော့မလဲ။ဒါ​ကြောင့်​သူကျိူးဝန်​ကျင့်​ကိုကပ်​ဖားဖို့လုံးဝစိတ်​ကူးမရှိဘူး။ ဒါ​ပေါ့သတ်​ပစ်​ဖို့လည်းဆန္ဒမရှိဘူး​လေ။ အဓိကဇာတ်​လိုက်​အ​နေနဲ့ကျိူးဝန်​ကျင့်​သာအသတ်​ခံရရင်​ဒီကမ္ဘာကြီးကလုံးဝပျက်​စီးသွားမှာပဲ။ အဲ့လိုဆို Lord Godက သူ့ Data​တွေရဲ့ချိူ့ ယွင်းချက်​ကိုသတိထားမိပြီးသူ့ကိုပြန်​ထိန်းချူပ်​ဖို့လုပ်​နိုင်​တယ်​။ ကြယ်​ပင်​လယ်​လွင်​ပြင်​ကသူ့ကိုအကာအကွယ်​ပေးထားနိုင်​ပေမယ့်​သူ့ရဲ့အနာဂတ်​အစီစဉ်​တွေက​တော့ အဆင်​ပြေ​တော့မှာမဟုတ်​ဘူး။ အမှား​သေး​သေး​လောက်​နဲ့ သူ့ကို Lord Godကရှာ​တွေ့သွားနိုင်​တယ်​။ Main godလိုအဆင့်​မြင့်​ကွန်​ပျူတာတစ်​လုံးက anti-virus ပရိုဂရမ်​တွေကို သိမ်းဆည်းထားမှာပဲ။ ကျိူးယွင်​ရှန့်​အဲ့ဒီအရသာကိုမမြည်းစမ်းချင်​ဘူး။

အခုသူ့လက်​ရှိအစီအစဉ်​က သူယူထားတဲ့ခန္ဓာကိုယ်​ပိုင်​ရှင်​တွေရဲ့မူလကံကြမ္မာကို​ပြောင်းလဲပြီး Data​တွေကိုချိူ့ယွင်း​စေတာပဲ။ဒါ​တွေအားလုံးကလည်းဒီကမ္ဘာကို မပျက်​စီး​စေရဘူး။ အဓိကဇာတ်​ကောင်​လည်းအသက်​ဆက်​ရှင်​မယ်​ဒီကမ္ဘာလည်းဆက်​ရှင်​သန်​နေမယ်​။ဒါ​ပေမယ့်​ဒီကမ္ဘာကြီးရဲ့​ပြောင်းလဲမှုက​တော့ Main Godရဲ့ နဂိုအစီအစဉ်​ထက်​ကျော်​လွန်​သွားလိမ့်​မယ်​။ သူ့အစီအစဉ်​တွေကို​သေချာပြန်​စဉ်းစားပြီး ကျိူးယွင်​ရှန့်​မျက်​လုံး​တွေကိုမှိတ်​ထားလိုက်​တယ်​။

ဖန်​တီးထားတဲ့အချိန်​တွေကအမြဲမြန်​မြန်​ရွေ့လျားတယ်​။မျက်​တောင်​တစ်​ခတ်​အတွင်းမှာပဲ တစ်​ရက်​ကုန်​သွားပြီ။ ကျိူးယွင်​ရှန့်​သူ့ရဲ့​ကျောင်းအင်္ကျီကုတ်​ကိုကြယ်​သီးဖွင့်​လိုက်​ပြီး နက်​ကတိုင်​ကို​လျှောချလိုက်​တယ်​။ လက်​တစ်​ဖက်​က​ဘောင်းဘီအိတ်​ကပ်​ထဲထည့်​ပြီး လမ်း​ဘေးမှာရပ်​ထားတဲ့ ကားဆီကို​အေး​အေး​ဆေး​ဆေး​လျှောက်​သွားလိုက်​တယ်​။ သူ့အဝတ်​အစား​တွေက ကပိုကရိုဖြစ်​နေ​ပေမယ့်​လည်း မိန်းက​လေး​တွေမတ်​တပ်​ရပ်​ပြီး​ငေးကြည့်​ရ​လောက်​အောင်​သူ့ပုံစံကဆွဲ​ဆောင်​ထားတယ်​။

"ရှန့်​ရှောက်​က​ကျောင်းမှာအရမ်း​ပေါ်ပြူလာဖြစ်​တာပဲ။​ကောင်​မ​လေးရပြီလား?'' တုရွှီလန်​ကကားတံခါးကိုဖွင့်​ပေးပြီးခပ်​နောက်​နောက်​မေး​လေသည်​။

Main Godသူ့ကိုဒီကမ္ဘာထဲပိတ်​လှောင်​မထားခင်​ကတည်းက ကျိူးယွင်​ရှန့်​ဆိုတာ Gayစစ်​စစ်​တစ်​ယောက်​ပဲ။ သူမိန်းမ​တွေကိုလုံးဝသ​ဘောမကျဘူး။ ဒါ​ပေမယ့်​ဗီလိန်​အဖြစ်​ဖြတ်​သန်းခဲ့ရတဲ့ယခင်​ဘဝ​တွေတုန်းက အဓိကဇာတ်​ကောင်​နဲ့မိန်းက​လေးပြိုင်​လုတာ​တွေ၊ တစ်​ခါတစ်​လေ မိန်းက​လေး​တွေအ​ပေါ်မတရားပြုတာ​တွေအထိလုပ်​ခဲ့ရတယ်​။ ဘုရားသိပါတယ်​ကျိူးယွင်​ရှန့်​ဆိုတာ သူ့​ရှေ့မိန်းမအ​ယောက်​တစ်​ရာကိုယ်​လုံးတီးမတ်​တပ်​ရပ်​နေရင်​တောင်​စိတ်​လှုပ်​ရှားမယ့်​လူမဟုတ်​ဘူးဆိုတာ။
တုရွှီလန်​ရဲ့စ​နောက်​မှုက သူ့အတိတ်​ရဲ့စက်​ဆုပ်​စရာ​တွေကိုပြန်​သတိရလာ​စေ​တော့ ကျိူးယွင်​ရှန့်​ခပ်​ဖျော့​ဖျော့ပြုံးပြီးတစ်​ဖက်​လူကို​အေးစက်​စက်​ပြန်​ကြည့်​လိုက်​သည်​။

တုရွှီလန်​အ​နေနဲ့သူ့မျက်​လုံးထဲ ကျိူးယွင်​ရှန့်​နဲ့ ကျိူးဝန်​အန်​တို့ညီအစ်​ကိုကိုထည့်​ခဲ့ဖူးတာမဟုတ်​ဘူး။ အထူးသဖြင့်​ကျိူးယွင်​ရှန့်​လို ကျိူးဝန်​အန်​ကစားတာခံ​နေရတဲ့ခပ်​တုံးတုံးအရူးမျိူး။ဒါ​ပေမယ့်​ဒီအကြည့်​စူးစူးတစ်​ချက်​က​တော့ သူ့စိတ်​ထဲကကျိူးယွင်​ရှန့်​အ​ပေါ်အမြင်​ကိုနည်းနည်း​လေး​ပြောင်းလဲသွား​စေတယ်​။ ဒီမျက်​လုံး​တွေက အသုံးမကျတဲ့ခပ်​အအလူငယ်​တစ်​ယောက်​ရဲ့မျက်​လုံး​တွေမဟုတ်​ဘူး။ သို့​ပေမယ့်​သူအ​တွေးမဆုံး​သေးခင်​မှာပဲ ကျိူးယွင်​ရှန့်​ကအကြည့်​လွဲလိုက်​ပြီး​ပြောသည်​။
"သွားရ​အောင်​ခင်​များ ဝန်​ကို​စောင့်​စရာမလိုဘူး'' ဝန်​အန်​နောက်​ဆုံးအချိန်​ကျောင်း​ပြေးသွားတာသူသိတာ​ပေါ့။

တုရွှီလန်​ခေါင်းညိမ့်​ပြီးကားစထွက်​လိုက်​သည်​။ ဒါ​ပေမယ့်​သူလမ်းကြားတစ်​ခုကိုဖြတ်​သွားတဲ့အချိန်​ကျိူးယွင်​ရှန့်​ကလှမ်းတားလိုက်​တယ်​။
"ဒီမှာခဏရပ်​ကျွန်​တော်​ကြည့်​စရာတစ်​ခုရှိတယ်​''

ကားကဖြည်းညင်းစွာလမ်း​ဘေးမှာထိုးရပ်​သွားသည်​။ ကျိူးယွင်​ရှန့်​ကား​ပေါ်ကမဆင်း မှန်​တံခါးကိုသာချပြီးတံ​ထောင်​ထောက်​လျှက်​မှောင်​မည်း​နေသည့်​လမ်းကြားကိုကြည့်​ပြီးပြုံးလိုက်​သည်​။ လမ်းကြားရဲ့တစ်​ဖက်​တစ်​ချက်​မှာကမိုး​မျှော်​တိုက်​တွေနဲ့ဝန်းရံထားတာမို့ အလင်းဝင်​ဖို့မဖြစ်​နိုင်​သ​လောက်​ပဲ။ အမှိုက်​ပုံ​တွေက​နေထွက်​တဲ့အနံ့ က​ခွေး​လေလွင့်​တွေနဲ့​ကြောင်​တွေကိုဆွဲ​ဆောင်​နေတယ်​။ ရုတ်​တရပ်​ဆူညံသံတစ်​ခုကြားလိုက်​ရပြီး အရိပ်​တစ်​ခုကအမှိုက်​ပုံနှင့်​တိုက်​မိတယ်။ပြီး​တော့​မြေပြင်​ပေါ်မှာလူးလိမ့်​နေတယ်​။အမှိုက်​ပုံး​နောက်​မှာပုန်း​နေတဲ့​ကြောင်​တစ်​ကောင်​က​တော့အလန့်​တကြားထွက်​ပြေးသွားတယ်​။

အရိပ်​ထဲ​နေ​ပေါ်လာတဲ့မျက်​နှာကိုမြင်​လိုက်​ရ​တော့တုရွှီလန်​မျက်​လုံးတို့အ​ရောင်​ပြောင်းသွား​တော့သည်​။ သူချက်​ချင်း​ပြေးပြီးကယ်​ဖို့ကြိုးစား​ပေမယ့်​ကျိူးယွင်​ရှန့်​ကသူ့ပုခုံးကိုလှမ်းဆွဲထားပြီးတားလိုက်​သည်​။
"သူမ​သေနိုင်​ပါဘူး''

ကျိူးယွင်​ရှန့်​ရဲ့အသံက​ပေါ့​ပေါ့ပါးပါးပဲဆို​ပေမယ့်​သူ့လက်​ဖဝါးက​တော့အံ့သြစရာ​ကောင်း​လောက်​အောင်​အားအင်​အပြည့်​ဖြစ်​နေတယ်​။ တုရွှီလန်​ကားတံခါးလက်​ကိုင်​လွှတ်​လိုက်​ပြီး ပြုံးဖို့ကြိုးစားလိုက်​တယ်​။

ကျိူးဝန်​ကျင့်​ကပြန်​ခုခံဖို့ကြိုးစား​ပေမယ့်​သူ့မထနိုင်​သေးခင်​မှာပဲ အရပ်​ရှည်​ရှည်​နဲ့တစ်​ယောက်​ကသူ့ကိုဆွဲထူချူပ်​ထားလိုက်​တယ်​။ ဆံပင်​အ​ရောင်​ဆိုးတဲ့လူငယ်​တစ်​ချိူ့က ကျိူးဝန်​ကျင့်​ရဲ့အဖိုးတန်​ပစ္စည်း​တွေအကုန်​လုယူပြီး သူ့ကိုကန်​ကျောက်​လို့ထွက်​သွားကြကုန်​တယ်​။ ဒီလိုလူ​တွေပျားပန်းခတ်​လှုပ်​ရှားသွားလာ​နေတဲ့မြို့ကြီးမှာ​တော့ဒီလိုအဖြစ်​တွေကသာမန်​ပဲ။ ဖြတ်​သွားတဲ့တစ်​ယောက်​တစ်​လေက​တောင်​သနားကြင်​နာမှု​ပေးမယ်​လို့မရှိဘူး။ ခိုင်း​စေသူတစ်​ယောက်​အ​နေနဲ့ကျိူးယွင်​ရှန့်​သ​ဘောတကျပြုံးလိုက်​တယ်​။

ဟုတ်​တယ်​ဒီလူ​တွေက ကျိူးဝန်​ကျင့်​ကိုပညာ​ပေးဖို့ မူလကျိူးယွင်​ရှန့်​ငှါးထားတဲ့လူ​တွေ။ သူမူလကျိူးယွင်​ရှန့်​ရဲ့မှတ်​ဥာဏ်​တွေရထား​ပေမယ့်​ဒီအစီစဉ်​ကိုသူဖယ်​ထုတ်​ဖို့စိတ်​ကူးမရှိဘူး။ သူဒီဇာတ်​လမ်းကိုလာကြည့်​ရုံတင်​မကဘူး ဘုရားက​ပေးထားတဲ့အဓိဇာတ်​လိုက်​ရဲ့ကူညီသူကိုပါ​ခေါ်လာပြီးကြည့်​ခိုင်းလိုက်​သေးတယ်​။

တုရွှီလန်​နှာတံ​ပေါ်က​ရွှေမျက်​မှန်​ကိုင်းကိုပင့်​တင်​လိုက်​ပြီး​အေးစက်​လာသည့်​အကြည့်​များကိုဖုံးကွယ်​လိုက်​သည်​။ အကြီးဆုံးသားကတကယ်​ကို​သေရမှာမ​ကြောက်​ဘူးပဲ။

ကျိူးဝန်​ကျင့်​ထရပ်​လိုက်​လိုက်​ပြီးသူ့အိတ်​သူပြန်​ကောက်​ဖို့ကြိုးစားလိုက်​တယ်​။ဒီမြင်​ကွင်းကတုရွှီလန်​ရဲ့လက်​တွေsteering wheelကိုခပ်​တင်းတင်းဆုပ်​ကိုင်​ထားမိ​စေ​တော့တယ်​။ ကျိူးဝန်​ကျင့်​အ​တော်​ကြာကြိုးစားပြီးအိတ်​ကို​ကောက်​လိုက်​နိုင်​တယ်​။ ပြီး​တော့အမှိုက်​ပုံကိုတံ​တွေး​ထွေးပြီးလမ်းကြားကဖြည်းဖြည်းချင်းထွက်​လာတယ်​။ သူ့မျက်​နှာကအမူအရာမဲ့​နေ​ပေမယ့်​ကား​ထဲမှာထိုင်​ပြီးပြုံး​နေတဲ့ကျိူးယွင်​ရှန့်​ကိုမြင်​တော့ သူ့မျက်​နှာက​ဒေါသအ​ရောင်​တွေလွှမ်းသွား​တော့တယ်​။

"မင်း​ပေါ့!" သူ့အသံကအံကြိတ်​ထားတဲ့ကြားကထွက်​လာသည်​။

"အင်း အင်း '' ကျိူးယွင်​ရှန့်​ခေါင်းညိမ့်​ပြလိုက်​တယ်​။

ကျိူးဝန်​ကျင့်​ဒေါသကိုထိန်းမထားနိုင်​တော့သူ အ​ရှေ့ကိုမြန်​မြန်​ပြေးပြီး ကျိူးယွင်​ရှန့်​က ကိုထိုးဖို့ကြိုးစားလိုက်​တယ်​။ ဒါ​ပေမယ့်​ရုတ်​တရပ်​ပွင့်​လာတဲ့ကားတံခါး​ကြောင့်​မြေပြင်​ပေါ်လဲကျသွား​တော့သည်​။

ကျိူးယွင်​ရှန့်​ဖြည်းဖြည်းချင်း သူ့အနား​လျှောက်​သွားပြီး ခါးကိုင်​လျှက်​ငုံ့ ကြည့်​လိုက်​သည်​။ သူ့မျက်​လုံးတို့က​လှောင်​ရိပ်​သန်း​နေ၏်​။ကျိူးယွင်​ရှန့်​၊ ကျိူးဝန်​ကျင့်​ကိုထပ်​ဒုက္ခမ​ပေး​အောင်​ကာကွယ်​ဖို့ တုရွှီလန်​လည်းကား​ပေါ်ကဆင်းပြီး လိုက်​သွားလိုက်​သည်​။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі