Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 6.7
အခန်း (၅၈) အိုးစစ်နန်ဘဝ
+
နမ်းပြီးသွား​တော့မှ စွင်းရွှီမု က ညင်​ညင်​သာသာ​မေးလိုက်​သည်​။"ဘာကို ရှာချင်​ခဲ့တာလဲ ..."

ယွင့်​ရှန်​လျှာထုတ်​ကာ ပန်းနု​ရောင်​နှုတ်​ခမ်းကို သပ်​ပြီး​စောင်းကြည့်​လိုက်​ကာ ညင်​ညင်​သာသာရယ်​မောလိုက်​သည်​။"ခင်​ဗျားက ကျွန်​တော်​ရှာ​နေတဲ့သူဟုတ်​မဟုတ်​စမ်းသပ်​ချင်​တာပါ.."

စွင်းရွှီမုရဲ့ လက်​တွေ​ချွေး​စေးပြန်​လာသည်​။ သူဘယ်​သူ့ကိုမှ ဘယ်​တုန်းကမှ မနမ်းဖူးခဲ့​ပေ။ ထို့​ကြောင့်​သူ့မှာ အရည်​အချင်း မရှိ။ သူ အရမ်းစုပ်​လိုက်​မိတာ​ကြောင့်​တစ်​ဖက်​လူက နာကျင်​နေပုံ​ပေါ်သည်​။ သူဒီလိုမျိုးစမ်းသပ်​မယ်​ဆိုတာကိုသာ​စော​စောသိခဲ့ရင်​သူဒီ​လောက်​ထိ စိတ်​စော​နေမှာ မဟုတ်​။ သူဖြည်းဖြည်းချင်း နူးနူးညံ့ညံ့သွားမှာ​ပေါ့။ အဲ့တာမှ တစ်​ဖက်​လူလည်း ခံစားရတာ အဆင်​ပြေမည်​။
သူ့ရဲ့​ချွေးပြန်​နေတဲ့လက်​တွေကို အကျီင်္မှာ ပွတ်​လိုက်​ပြီး ခံစားချက်​မဲ့စွာနဲ့​မေးလိုက်​သည်​။
"မင်းကို ထပ်​နမ်းခွင့်​ပြုနိုင်​မလား...ကိုယ်​ခုထိ​ကောင်း​ကောင်း မလုပ်​တတ်​သေးဘူး...."

ကျိုးယွင့်​ရှန်​မျက်​ရည်​ကျ​လောက်​အောင်​ရယ်​မော မိသည်​။ သူ့အချစ်​မှာဒီလိုရှက်​တတ်​ပြီး ချစ်​ဖို့​ကောင်းတဲ့ ဘက်​ခြမ်း ရှိတာကို သူဘယ်​တုန်းကမှ မသိခဲ့။

"​ကောင်းပြီ​လေ...​နောက်​ထပ်​အခွင့်​အ​ရေး တစ်​ခု​ပေးတာ​ပေါ့..."

သူ့ချစ်​သူရဲ့ လည်​ပင်းကို သူ့လက်​တွေနဲ့ ဆွဲယူလိုက်​ပြီး သူ့နှုတ်​ခမ်း​နောက်​ထပ်​နူးညံ့ စွာ ထိကပ်​လိုက်​သည်​။
စွင်းရွှီမု တုန်​ရီလာပြီး သူ့ခန္ဓာကိုယ်​က​ကျောက်​တုံးတစ်​တုံးလို​တောင့်​သွားသည်​။ လူငယ်​လေးရဲ့ ပါးကို သူဂရုတစိုက်​နဲ့ ထိလိုက်​ပြီး ဖြည်းဖြည်း ချင်း​စောင်းကာ မ၀ံ့မရဲနဲ့ နှုတ်​ခမ်းပါးတို့ကို လျက်​လိုက်​သည်​။
ပြီး​တော့တစ်​ဖက်​လူရဲ့ သွားကိုတွန်းဖွင့်​ဖို့ သူ့လျှာကို ဆန့်​ထုတ်​လိုက်​ကာ နူးညံ့စွာပင်​...။

သူ့ရဲ့ အသက်​ရှူ နှုန်း​တွေ မြန်​လာပြီး​ချွေး​တွေ ထွက်​လာကာ​ထောင်​မတ်​လာပြီး တစ်​ဖက်​လူရဲ့ ကြွက်​သားကို ဆန့်​ကျင်​ပြီး ဖိမိ​နေသည်​။သူ​မွှေ့ယမ်းလိုက်ပြီး သူ့ ခန္ဓာကိုယ်​က ရူးသွက်​တော့မတတ်​ဖြစ်​လာသည်​။ ဒါ​ပေမယ့်​သူ့အနမ်းက​ဖြေးညှင်းပြီး မြတ်​နိုးဖွယ်​ကောင်းကာ ဂရုတစိုက်​နှိုက်​နှိုက်​ချွတ်​ချွတ်​သက်​သေပြ​နေသည်​။
သူက လူငယ်​လေးရဲ့ ခံတွင်းကို နည်းနည်းချင်း စူးစမ်း​နေသည်​။ သူ့ လျှာထိပ်​လေးက တစ်​ဖက်​လူရဲ့ လျှာကို ရစ်​ပတ်​လိုက်​ပြီး ယုယစွာ ပွတ်​သပ်​ပေးလိုက်​သည်​။​နောက်​တော့ အာ​ခေါင်​နဲ့ သွားဖုံးဖက်​ကို နူးညံ့စွာ သိမ်းဖို့ အ​နေအထား​ပြောင်းလိုက်​သည်​။ သူ ဒီလူသား​လေးကို မြိုချပစ်​ချင်​လာသည်​။ ဒါ​ပေမယ့်​သူ့ရဲ့ ရူး​ကြောင်​ကြောင်​အ​တွေး​တွေကို အတင်းဖိနှိပ်​ကာ သူ့ခါး​လေးကို နီးကပ်​အောင်​ဆွဲယူပြီး သူ့ကို သူ့လက်​မောင်း​တွေကြား ချုပ်​ထားလိုက်​သည်​။ ထို့​ကြောင့်​သူ အ​ဝေးကို မ​ပြေးနိုင်​တော့​ပေ။+
ဒီပြင်းပြလှတဲ့ ဆန္ဒ​တွေက ကျိုးယွင့်​ရှန်​ကို တုန်​လှုပ်​စေသည်​။ သူက ခံရသူအ​နေအထားက​နေ ပြုလုပ်​သူ အဖြစ်​ပြောင်းလဲသွားသည်​။ သူက ပိုမိုက်​ပြီး ပိုရှည်​ကြာတဲ့ အနမ်းတစ်​ခုထဲ​ချိတ်​ဆက်​မိလာသည်​။

၁၀ မိနစ်​လောက်​ကြာ​တော့​အဆုံးမှာ စွင်းရွှီမု က​ကျေနပ်​သွားသည်​။ သူ လူငယ်​လေးရဲ့ နှုတ်​ခမ်း​တွေ​နေ အနည်းငယ်​ဆုတ်​ခွာလိုက်​သည်​။ ဒါ​ပေမယ့်​နှာ​ခေါင်းချင်း​တော့ နီးကပ်​နေဆဲ။​နောက်​တော့ သူ တည်​တည်​ငြိမ်​ငြိမ်​မေးလိုက်​သည်​။
"ဘယ်​လိုလဲ ..ခု​သေချာသွားပြီလား...."

ကျိုးယွင့်​ရှန်​ပြုံးလိုက်​ပြီး
"အို​ကေ....ခင်​ဗျား က ကျွန်​တော်​ရှာ​နေတဲ့သူ ပဲ..."

စွင်းရွှီမု နှလုံး​တွေခုန်​နေပြီးအ​ပျော်​လှိုင်း​လေးက ရင်​ဘတ်​ကြီးထဲ ပေါက်​ဖွားလာသည်​။ ဒါ​ပေမယ့်​သူ့မျက်​နှာက​တော့ ခံစားချက်​မပြ​ပေ။ သူ မ​ရေမရာ​ခေါင်းငြိမ့်​ပြီး ပြန်​ပြောသည်​မှာ
"သိပ်​ကောင်းတာ​ပေါ့...ကိုယ်​တို့ ပြန်​သင့်​ပြီလား..ကိုယ့်​အိမ်​ကို ပြန်​မလား.."​မေးပြီးသွား​တော့ လူငယ်​လေးရဲ့ မျက်​နှာကို စိတ်​လှုပ်​ရှား စွာ စိုက်​ကြည့်​လိုက်​သည်​။
"မပြန်​နိုင်​ဘူး..."

ကျိုးယွင့်​ရှန်​ခေါင်းခါလိုက်​သည်​။ ဒါ​ပေမယ့်​သူ ဒီလူရဲ့ အံကြိတ်​ထားပြီး ထိုင်းမှိုင်း​နေတဲ့ မျက်​၀န်း​တွေကို မြင်​လိုက်​တော့ ချက်​ချင်းပဲထပ်​ပေါင်း ထည့်​လိုက်​သည်​။"ကျွန်​တော်​ဗိုက်​ဆာ​နေပြီ...အရင်ဆုံး​ကျွန်​တော်​တစ်​ခုခု စားချင်​တယ်​..."

စွင်းရွှီမု ရဲ့​ကြေမွသွားတဲ့နှလုံးသား က ချက်​ချင်း ပဲ ပြန်​ကောင်းလာသည်​။ အ​ပျော်​တွေကို သူ့အသံထဲမှာ ဖုံးကွယ်​ဖို့ရာ ခဲယဉ်းလှသည်​။
"ကိုယ့်​အိမ်​ကို လာ​လေ..ကိုယ်​မင်းအတွက်​ချက်​ပေးမယ်​...မင်း ဘာစားချင်​လဲ.."
"ကျွန်​တော်​စားချင်​တာက ၀က်​သားရယ်​မာပို တိုဟူးရယ်​ကြက်​ကုန်း​ဘောင်​ရယ်​....."

ကျိုးယွင့်​ရှန်​စားစရာစာရင်း​တွေကို​နောက်​ပြောင်​ပြီး ပြန်​ဖြေလိုက်​သည်​။
"အဲ့တာ​တွေ ကို ခင်​ဗျား ချက်​တတ်​လား..."

"ချက်​နိုင်​တာ​ပေါ့...မင်းစားကြည့်​ရင်​သိလိမ့်​မယ်​.."
စွင်းရွှီမု သူ နိုင်​ငံခြား မှာ စာ​လေ့လာတုန်းက အချက်​အပြုတ်​တွေ လုပ်​ခဲ့မိတာကို မတရား​တွေ​ပျော်​နေမိသည်​။
လူနှစ်​ယောက်​က ညလယ်​စာ မျှစား​နေတုန်းမှာ အင်​တာနက်​မှာ​တော့ ဂယက်​ထ​နေ​ပေသည်​။ ပို့စ်​တစ်​ခုက C နိုင်​ငံရဲ့ forum မှာ တက်လာပြီး မိနစ်​အနည်းငယ်​အတွင်းမှာပဲ like​ထောင်​ချီရ​နေပြီ။

"အိုးစစ်​နန်​ပြပွဲ သတိ​ပေးချက်​..မြင့်​မားတဲ့ ခွန်​အား​တွေက ဦး​ဆောင်​နေသည်​..​ကျေးဇူးပြု ပြီး ဂရုစိုက်​ကြပါ.."

ဒီ​ခေါင်းစဉ်​က လူတိုင်းကို ဖတ်​လိုစိတ်​တွေ နိုးကြားလာ​အောင်​တကယ့်​ကို နှိုးဆွ​ပေးသည်​။
C နိုင်​ငံက လူ​တွေက အရမ်း နိုး ကြားတဲ့သူ​တွေပင်​။ အိုးစစ်​နန်​က အခမဲ့ ပွဲတစ်​ခု လုပ်​တယ်​ဆိုတာရယ်​အဲ့ပွဲမှာ သူက သီချင်းအသစ်​တွေဆိုပြီး သူအပြစ်​ကင်း​ကြောင်း သက်​သေပြသွားတယ်​ဆိုတာကို သူတို့ကြား​တော့ ပါဝင်​ချင်​တဲ့သူ သန်းချီလာသည်​။ ဒါ​ပေမယ့်​ဟွမ်​ယာ အဖွဲ့မှာ လက်​မှတ်​၅သောင်းပဲ ရှိခဲ့သည်​။
ဒီကံ​ကောင်းတဲ့ ပရိသတ်​အ​ယောက်​၅သောင်း ကို အိုးစစ်​နန်​ရဲ့ အနည်း​ငယ်​သော ပရိသတ်​တွေ အဖြစ်​လွယ်​လင့်​တကူ​ရေတွက်​နိုင်​သည်​။ အများစုက လင်းစစ်​ချင်း နဲ့ ကောမုန့်ရှူ ရဲ့ပရိသတ်​များဖြစ်​သည်​။
သူတို့ရဲ့idolအတွက်လက်​စား​ချေဖို့ အိုးစစ်​နန်​ရဲ့ ပွဲကို ဖျက်​ဆီးမယ်​လို့အင်​တာနက်​ပေါ်မှာ သူတို့မသွားခင်​တင်​ထား​သေးသည်​။

လူအများစုကလည်း ဒါကို​ထောက်​ခံ အား​ပေးကြသည်​။​ပျော်​စရာ​လေး​တွေ​ဝေမျှရ​အောင်​အင်​တာနက်​မှာ ကျန်​တဲ့ ပုံ​တွေအတွက်​သေချာ​ပေါက်​ရိုက်​ခဲ့မယ်​လို့​ပြောသည်​။+
အခု​တော့ပွဲကပြီးသွားပြီ ။ video ကလည်း တင်​ပြီးသွားပြီ။ အိုးစစ်​နန်​က အရိုက်​ခံထားရတဲ့​ခွေးတစ်​ကောင်​ပုံ​ပေါက်​နေမှာ​သေချာသည်​။ အားလုံး က မ​ကောင်းတဲ့ စိတ်​ဓာတ်​တွေနဲ့ ပီတိ​တွေ ဖြာရင်း အဲ့ဒါကို​တွေး​နေကြသည်​။ သူတို့ video ကို​မျှော်​လင့်​တကြီး ဖွင့်​လိုက်​တော့ အဲ့ဒါက သူတို့ကို စိတ်​ပျက်​သွား​စေသည်​။
​မျှော်​လင့်​ထားသလို ဆူပူမှု​တွေ သိမ်​ငယ်​မှု​တွေ အနိုင်​ကျင့်​မှု​တွေ ဘာဆို ဘာမှ မရှိ။ လူတိုင်းက​ဆေး​အ​ကောင်းစား​တွေ သုံးထားပုံ​ပေါ်သည်​။ သူတို့က ယိမ်းခါကာ​အော်​ကြ ဟစ်​ကြနဲ့ စိတ်​ကသိက​အောက်​ဖြစ်​စေသည်​။ ဘာလို့လဲဆို​တော့ သူတို့က အရမ်းစိတ်​လှုပ်​ရှား​နေပြီး​ချွေး​တွေထွက်​ကာ ကင်​မရာ ကလည်း ဆက်​ပြီး လှုပ်​ခါ​နေသည်​။
Video ရိုက်​တဲ့သူက စိတ်​အားထက်​သန်​မှု အစွန်းဆုံး​ရောက်​နေပြီး ကင်​မရာက ပြင်းပြင်းထန်​ထန်​လှုပ်​ခါ​နေသည်​။ ဒါ​ကြောင့်​ပုံက မှုန်​၀ါးဝါး ဖြစ်​နေသည်​။ ဒါ​ပေမယ်​ပြပွဲမှာက အ​ကောင်းစားအသံဖမ်း ကိရိယာ​တွေ တပ်​ဆက်​ထားပြီး ကျိုးယွင့်​ရှန်​အသံက ကြည်​ကြည်​လင်​လင်​ထွက်​လာသည်​။ မှုန်​၀ါး​နေတဲ့ ပုံ​တွေနဲ့​တောင်​မှ အသံက မရပ်​မနား အရှိန်​နဲ့ နား​ထောင်​သူ​တွေရဲ့ နားထဲကို ထိုး​ဖောက်​သွားသည်​။
ဒါက နားအူမတတ်​အား​ကောင်းတဲ့ တီးလုံးနဲ့ စိတ်​ကို လှည့်​စားတဲ့​ရော့ခ်​သီချင်းပင်​။ ထက်​ရှပြီး အား​ကောင်းတဲ့ လျှပ်​စစ်​ဂစ်​တာကို တီးခတ်​ပြီး ထပ်​တိုးအ​နေနဲ့ အိုးစစ်​နန်​ရဲ့ ဆွဲ​ဆောင်​မှု ရှိလှတဲ့ အသံဟာ​မူးယစ်​ဆေး အပြည့်​နဲ့​ဆေးထိုးအပ်​လိုပင်​။ အဲ့ဒါက မင်းတို့ရဲ့​သွေး​ကြောထဲကို ထိုးသွင်းကာ မင်းတို့ရဲ့​သွေးနဲ့​ရော​နှောသွားပြီး မင်းကို ခုခံနိုင်ဖို့ ဆုံးဖြတ်​ချက်​တွေ ဆုံးရှူံး​စေသည်​။ ထို့​ကြောင့်​မင်းတို့ မတတ်​နိုင်​ပဲ သူနဲ့ ရူးသွပ်​စွာ ကျရှုံး ရမည်​။
video ကထွက်​လာတဲ့ စိတ်​လှုပ်​ရှား ဖွယ်​အော်​သံ​တွေက လူတိုင်းကို စွဲလမ်း​စေသည်​။

video ရိုကိတဲ့ သူကိုယ်​တိုင်​ကလည်း ရယ်​ရွယ်​ကာ အသံ ၀င်​လောက်​အောင်​အော်​ထားသည်​။
"ဘယ်​မျိုးမစစ်​က အိုးစစ်​နန်​သီချင်း မဆိုနိုင်​ဘူး​ပြောတာလဲကွ...​ပေါက်​တတ်​ကရ​တွေ...သူ တစ်​နာရီ​ကျော်​တောင်​ဆိုထားတာ...​သူဆိုတာအားလုံးပဲကွ
rockက​နေ death metal၊ Gothic metal heavy metal​တွေ ....သူ မထိန်းချုပ်​နိုင်​တဲ့ သီချင်းဆိုတာ ကမ္ဘာပေါ်မှာ မရှိဘူးကွ.."

အဲ့လို​ပြောပြီး​တော့ လူငယ်​လေးက စင်​ပေါ်မှာ ရုတ်​တရက်​ဒူး​ထောက်​ချလိုက်​ပြီး သုံးဆ ဖွင့်​လိုက်​တော့ ပိုပိုမြင့််​သွားသည်​။ အသံလှိုင်းက​ကောင်းကင်​ကို ဖြိုကွဲပြီး ဖွင့်​လိုက်​ကာ အသံနိမ့်​ဟိန်းသံ အဖြစ်​ပြောင်းသွားတယ်​လို့ မင်းတို့​တွေးမိကြလိမ့်​မည်​။ နား​ထောင်​သူ​တွေရဲ့ စိတ်​နှလုံးက ထိပ်​ဆုံး ထိ ဆွဲတင်​လိုက်​ရပြီး သူ့အသံ ကျသွားတဲ့ အခါမှာ​တော့ သူတို့​တောင်​မှ နာကျင်​စွာ မူး​ဝေမှု​တွေကို ခံစားမိနိုင်​သည်​။
မြင်​ကွင်းက ရူး​လောက်​အောင်​ပင်​။ ကြည့်​ရုံနဲ့တင်​လူ​တွေကို ကြက်​သီးထ​စေသည်​။ ဒီသီချင်းက နက်​နဲပြီး တက်​ကြွလွန်းသည်​။ အဲ့တာကာ​သွေး​တွေကို ဆူပွက်​စေသည်​။
ကင်​မရာကတော်​တော်​ခါ​နေပြီး ရုပ်​ပုံ​တွေက ၀ါးသွားပြန်​သည်​။ ရုပ်​ရှင်​ဒါရိုက်​တာက​အော်​လိုက်​သည်​။
"လူတိုင်းက သီချင်းနား​ထောင်​နေပြီး ခံစားချက်​တွေမြင့်​နေကြပြီ...ငါတစ်​ယောက်​ပဲ​သောက်​ဖုန်းနဲ့ ကပ်​နေရတယ်​...မှတ်​တမ်းတင်​ပြီးပြီကွာ...သွားစမ်းကွာ..."

ရူး​ကြောင်​ကြောင်​ဖြစ်​နေတာ​တွေကို ယူ​ဆောင်​ရင်း ဗီဒီယိုက ပြီးသွားသည်​။ ကွန်​ပျူတာ​ရှေ့မှာထိုင်​နေတဲ့
အသုံးပြုသူ​တွေဟာ အရမ်း​တွေ​ဒေါသထွက်​လာပြီး​နောက်​မက်​ဆေ့​တွေတရစပ်​ပို့​တော့သည်​။1
လူ​ချော:fuck...ငါက ဖွင့်​ရုံ​လေးရှိ​သေးတယ်​..ဒီလို ပြီးသွားတယ်​ဟုတ်​လား..သီချင်းပြန်​ဖွင့်​ပေးစမ်း သူ​တောင်းစား ရဲ့...ပြန်​ဖွင့်​ပေး...ငါမင်းကို မသတ်​ဘူးလို့ ကတိ​ပေးတယ်​...
ကြယ်​ဂြိုဟ်​ဘုရင်​မ: video အပြည့်​တင်​ပေးဖို့​တောင်းဆိုပါတယ်​နော်​...သီချင်းက မိုက်​တယ်​...ငါကြားဖူးသမျှထဲမှာ လုံးဝ အမိုက်​ဆုံး ပဲ...ဖန်​သားပြင်​ကို ကြည့်​ရင်း မူးချင်​လာပြီ...ဘာ​တွေ ဖြစ်​ပျက်ေ​နတာလဲ...ဘ၀က ဘာကြီးလဲ...+

ကရုဏာမဲ့ ငှက်​: ငါ ရိုက်​ကွင်းမှာ ရှိ​နေခဲ့တယ်​...အိုးစစ်​နန်​ရဲ့စူးရှတဲ့ အသံက ကြယ်​မျှော်​စင်​ကို ထိုး​ဖောက်​သွားတာ​နောက်​စရာ မဟုတ်​ဘူး...ငါကြားခဲ့တာက​တော့ လူတစ်​ယောက်​က ဖန်​ခွက်​တစ်​ခွက်​ခိုးယူသွားသတဲ့..အဲ့ဒါ လှိုင်း​တွေရိုက်​လို့အက်​ကြောင်း​တွေ ထင်​ကုန်​တယ်​ဆိုပဲ...အဲ့မှာ မရှိလို့ မမြင်​လိုက်​ရတဲ့လူ​တွေက​တော့​သေချာ​ပေါက်​သူတို့ဘ၀မှာ​နောင်​တရ​နေမှာပဲ​ဟေ့...ငါ ကြည့်​ဖူးသမျှထဲမှာ အ​ကောင်းဆုံးပွဲပဲကွ...ငါ့ညီမကို ငါ​ပြောတယ်​လို့ မ​ပြောနဲ့​နော်​..​ရော့ခ်​ဘုရင်​Adam Norman က အိုးစစ်​နန်​နဲ့ယှဉ်​ရင်​ခွေး​ချေးသာသာပဲ...ခဏ​လေး...ညီမ​လေး...နင်​ဘာ​ကြောင့်ဒီမှာ...1

​ခြေ​ထောက်​သေး​သေး: ငါလည်း ပွဲမှာ ရှိခဲ့တယ်​...Adam Norman က အိုးစစ်​နန်​ကို မယှဉ်​နိုင်​ဘူး​ဟေ...လာ​လေ sis... + 1 +1

ချစ်​စရာ အမွှာအငယ်​လေး​လောလီတာ: +2 ပဲက လွန်​ခဲ့တဲ့ ၁နာရီခွဲ​လောက်​ထဲက ပြီးသွားတာ...ဒါ​ပေမယ့်​ငါခုထိ စိတ်​မထိန်းနိုင်​သေးဘူး... ငါကာမအားတိုး​ဆေး စားထားသလို ခံစား​နေရတယ်​...သွားတိုက်​နေတုန်းမှာလည်း သီချင်းက​ဖောက်​ခနဲ ငါ့​ခေါင်းထဲမှာ ထပ်​ကာထပ်​ကာ မြည်​လာတယ်​...အဲ့​တော့ ငါ့တိုက်​ခန်းထဲမှာ ငါတင်​ပါး​တွေကို လှုပ်​ယမ်း​နေမိပြန်​ရော...အတွင်းခံပဲ ၀တ်​ထားရင်​တောင်​၁၀ ကြိမ်​မှာ ၁၀ ကြိမ်​လုံးကပစ်​မှာပဲ...1

ဒီအိမ်​မွေး တိရစ္ဆာန်​ကို မင်းအစာ​ကျွေးဖို့​မေ့ခဲ့တယ်​: +10086 ကြယ်​မျှော်​စင်​က ပြန်​လာရုံနဲ့တင်​ငါ့​ခေါင်းတစ်​ခုလုံး အိုးစစ်​နန်​နဲ့ ပြည့်​နေပြီ...ခု​နေ သူ ငါ​ရှေ့မှာ ရပ်​နေမယ်​ဆိုရင်​ငါ ဒူး​ထောက်​ပြီး သူ့​ခြေ​ထောက်​က​ခြေမ​လေးက​နေခြေဖ​နောင့်​ထိ လျှာနဲ့ လျက်​ပစ်​မှာ...သူ​လေးကို ငါ့နား အပြင်​ဘက်​နား ဆွဲပြီး နားစည်​တွေထဲ​ရောက်​အောင်​သီချင်းဆို​စေချင်​တယ်​... ဒီ​နေကစပြီးသူက ငါ့နတ်​ဘုရားပဲ...1

ပွဲမှာ ရှိခဲ့သူ​တွေဟာ အင်​တာနက်​ပေါ် တင်​ထားကြသည်​။သူတို့အားလုံးက အိုးစစ်​နန်​ရဲ့​ဖျော်​ဖြေ​မှုကို အမှတ်​ပြည့်​တွေ​ပေး​နေကြသည်​။ ပွဲမှာ မရှိခဲ့တဲ့ သူ​တွေက​တော့ အသည်း​တွေ ယား​နေကြသည်​။ အဲ့အချိန်​မှာပဲ လင်းစစ်​ချင်း နဲ့ ကောမုန့်ရှူရဲ့ blog မှာ များစွာ​သော ဆဲဆိုမှု လှိုင်းကြီး​တွေ ခံစား​နေရရှာသည်​။ site တစ်​ခုလုံး ပျက်​လုနီးပါးပင်​။
​ကြောက်​ခမန်းလိလိ ဖြစ်​စရာက​တော့ တချို့ ဆဲဆိုသူ​တွေက လင်းစစ်​ချင်း နဲ့ ကော​မုန့်ရှူရဲ့ သက်​တမ်းရင့်​ပရိသတ်​တွေ ဖြစ်​နေတာပါပဲ။ သူတို့ကိုယ်​တိုင်​က အိုးစစ်​နန်​ရဲ့ ပွဲကို ဖျက်​ဖို့ လူလိုက်​စုခဲ့တာပင်​။ ဒါ​ပေမယ့်​နှစ်​နာရီ​လေး အတွင်းမှာပင်​သူတို့ကလုံးဝ ဘက်​ပြောင်းသွားသည်​။ ပွဲမှာ ဘာ​တွေ ဖြစ်​ခဲ့တာပါလိမ့်​။
အသိတရားမရှိတဲ့ လူ​တွေက​တော့​နောက်​ဆုံးမှာ သူတို့လိုချင်​တဲ့ မှန်​ကန်​သော ပို့စ်​ကို ရသွားသည်​။
ပိုစ့်​ရဲ့​ခေါင်းစဉ်​လေးက တကယ့်​ကို ရိုးရှင်းလှသည်​၊ စကာလုံး ငါးလုံးထဲသာ- စစ်​မှန်​သော 'BecauseOf You'

ကောမုန့်​ရှူရဲ့ 'Because of You ' သီဆိုမှုဟာ ရိုးရှင်းတဲ့ ခံစားချက်​တွေရှိပြီး တစ်​နှစ်​တာရဲ့ အငိုရဆုံး ခံစားရဆုံး အချစ်​သီချင်းအဖြစ်​သူတို့အားလုံး သိခဲ့ကြသည်​။ အချစ်​ဝေဒနာ ခံစား​နေကြရတဲ့ လူငယ်​အများစုက အဲ့သီချင်းကို သီဆိုခဲ့ကြပြီး သီချင်း မဆုံးခင်​လေးမှာပင်​သူတို့ အမြဲ မျက်​ရည်​ကျကျသည်​။​ဝေဖန်​ရေး သမား​တွေ​ဟောကိန်း ထုတ်​ခဲ့ကြသည်​က​နောက်​ဆယ်​စုနှစ်​နှစ်​စု အထိ ဘယ်​အချစ်​သီချင်းမှ ' Because Of You' နာမည်​ကြီးတာကို မ​ကျော်​နိုင်​။ ပြီး​တော့ ကော​မုန့်​ရှူ​လောက်​ဘယ်​သူမှ ဆိုတာ မ​ကောင်းနိုင်​။ သီချင်း ထဲက စစ်​မှန်​တဲ့ ချစ်​ခြင်း​မေတ္တာ တရား​တွေဟာ အ​ကောင်းဆုံး အချစ်​သီချင်းအဖြစ်​ဖန်​တီးနိုင်​ခဲ့ သည်​။
လူအများစုက သီချင်းကို cover ပြန်​ဆိုခဲ့ကြသည်​။ ဒါ​ပေမယ့်​ကမ္ဘာ ကြီးရဲ့ အမြင်​မှာ​တော့ ကော​မုန့်​ရှူရဲ့ version ကသာလျှင်​စစ်​မှန်​မှုနဲ့ ထိုက်​တန်​သည်​။ ဒီ​ခေါင်းစဉ်​က ဘာ အဓိပ္ပါယ်​လဲ။ကော​မုန့်​ရှူ တွက်​အ​ကောင်းဘက်​လား အဆိုးဘက်​လား..။

သိချင်​စိတ်​ပြင်းပြတဲ့ အင်​တာနက်​နှစ်​ခြိုက်​သူ​တွေက videoကို ဖွင့်​ပြီး ဂရုတစိုက်​ကြည့်​ကြသည်​။
အဲ့မှာ bass​တွေ keyboard​တွေdrum​တွေ လျှပ်​စစ်​ဂီတာ​တွေ မရှိဘူး။ ခမ်းနားလှတဲ့​နောက်​ခံဂီတဆိုတာ မရှိ။ စန္ဒယား နဲ့ ကြည်​လင်​တဲ့ အသံတစ်​ခုသာလျှင်​အစားထိုးထားသည်​။ 'Because Of You' မှာ ပူ​ဆွေးမှုကို ဒီလို ပြည်​သားရှင်းလင်းပြီး မျက်​ရည်​စမ်းစမ်းဖြစ်​တာမျိုး မင်းဘယ်​တုန်းကမှ ကြားဖူးမှာမဟုတ်​ပေ။+

ဆုံးရှုံး ရ​တော့မယ့်​အ​ဖေကို​ပြောဖို့ရာ အချိန်​နှောင်းသွားပြီဆိုသည့်​စာသား​တွေ အဖြစ်​ပြောင်းလဲသွားသည်​။

When you were alive, your love made me feel depressed. Because of you, I was afraid, I couldn't trust in others. When you died, I found out that I shouldn't go beyond you, but be myself, your love was not a prison, but my wings.

I didn't fear your heavy love, I just feared losing you.

ဒါဟာ ဖခင်​တစ်​ယောက်​အတွက်​ဓမ္မတေးပင်​။ သီချင်းတစ်​ပုဒ်​လုံးက သူတို့ အ​ဖေအတွက်​က​လေးတစ်​ယောက်​ရဲ့အချစ်​တွေ ကိုးကွယ်​ရာ​တွေနဲ့ ပြည့်​နေသည်​။ ကောမုန့်​ရှူရဲ့ 'Because Of You 'ကကျ​တော့ အချစ်​ကို ဆုံးရှူံးသွားလို့​ကြေကွဲခံစား​နေရတဲ့မိန်းမတစ်​ယောက်​အ​ကြောင်းဖြစ်​သည်​။
ရိုးရိုးသားသား ခံစားချက်​တွေ​ပြောရလျှင်​နှစ်​ယောက်​က မနှိုင်းယှဉ်​နိုင်​ပေ။ သီချင်းရဲ့​လေးနက်​တဲ့ အဓိပ္ပါယ်​တွေ​ကြောင့်​နှစ်​ယောက်​က မနှိုင်းယှဉ်​နိုင်​ပေ။သီချင်းဆို​နေရင်​တော့​နေ့ရယ်​ညရယ်​ဆိုပြီး အလွယ်​တကူ​ပြောနိုင်​သည်​။
ကော​မုန့်​ရှူရဲ့ တန်​ဖိုးရှိလှတဲ့ အသံက အိုးစစ်​နန်​ရဲ့အဆုံးမဲ့​ကောင်းမွန်​လှတဲ့ အသံနဲ့ဖျက်​ဆီးခံလိုက်​ရသည်​။
ဗီဒီယိုထဲမှာ လူငယ်​လေးက မျက်​ရည်​တွေကျကာ ဆို့နင့်​နေပြီး တီးခတ်​တာကို ရပ်​လိုက်​သည်​။ ကင်​မရာက ဖန်​သားပြင်​ကြီးဆီ​ရွေ့သွားပြီး​နောက်​အိုးပိုင်​ပေါ် ထွက်​ပေါ်လာပြီး အားလုံးက အ​ကြောင်​သား ဖြစ်​သွားသည်​။ အိုးပိုင်​ပေါ်မ​သေခင်​ထဲက အိုးစစ်​နန်​က သီချင်း​ရေးလို့ ပြီးခဲ့တာပဲ။ ဒါကို ဘာ​တွေ ဘယ်​လိုဖြစ်​ပြီး လင်းစစ်​ချင်းရဲ့ လက်​ရေးမူဖြစ်​သွားတာတဲ့လဲ။
သူ​ပြော​တော့ သူ့ အုပ်​ထိန်းသူ​သေဆုံးပြီးမှ စိတ်​အားထက်​သန်​စွာ​ရေးခဲ့တာဆို။ဒါက လိမ်​နေတာ အသိသာကြီးပဲ။

ဒီအချက်​နဲ့တင်​အပြစ်​ကင်းသူနဲ့ အပြစ်​ရှိသူကို တစ်​ချက်​ကြည့်​ရုံနဲ့ ခွဲနိုင်​သည်​။

-------------------------
3-12-18
Original translator note,

အိုး..ဒီတစ်​ခေါက်​က​တော့ ငါတို့ ချစ်​သူ​လေးက ချစ်​စရာ လူပျို​လေး ဖြစ်​နေပါ​ပေါ့လား ။ ခံစားချက်​မဲ့တဲ့ တစ်​ယောက်​လေ။ ချစ်​စရာ​လေး ....။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі