Arc 7.12
အခန်း (၇၂) ချီရှိုးကျဲ့ဘဝ
လီရွှီသုန်းဟာ စစ်ပွဲအတွက်မွေးဖွားလာသူမို့ သူ့ရဲ့သွေးဆာတဲ့ညာဉ်စာစစ်မြေပြင်မှာထွက်ပေါ်လာသည်။ သူဟာမင်းသားတစ်ပါးလိုနူးညံ့မနေ ဆာလောင်ခြင်းနှင့်ကြမ်းတမ်းသည့်ခရီးလမ်းကိုပင်အခြားသောစစ်သားများထက်ခံနိုင်ရည်ရှိသည်။3
အကျဉ်းစောင့်ဘဝမှရှေ့တန်းသို့ ထို့နောက်တပ်မှူးချူပ်အဖြစ်သို့ ဒီ၂နှစ်အတွင်းမှာနေရာရလာခဲ့သည်။ကောင်းနျန်အတွက်ကတော့သူဟာ စစ်သည်တွေကိုနိုင်စားတတ်တာကြောင့်သူ့လုပ်ဆောင်ချက်ကထိရောက်မှုရှိသည်။ သူဟာ စစ်မြေပြင်အတွက်မွေးဖွားလာတာမဟုတ်တာမဟုတ်ပေမယ့်သူ့လက်ရှိနေရာမှာသူပျော်သည်။နောက်ပြီးသူ့အကျင့်ကအခြားလူများကိုစွမ်းဆောင်မှုကိုခိုးရခြင်းပင်။ အခြားလူကိုရှေ့တွန်းပို့ပြီး သူကချောင်မှာပုန်းနေကာ ထိုလူများကအောင်ပွဲဆင်နိုင်လျှင်သူကချက်ချင်းပုန်းရာမှထပြီးရန်သူ့ခေါင်းကိုကိုင်လျက်အောင်ပွဲခံတတ်သည်။
ဒါပေမယ့်သူ့မျိူးရိုးကကောင်းဖြစ်နေမှာတော့ဘယ်သူဘာပြောရဲမှာလဲ။ စစ်သည်တွေဟာလည်းဘာမှမပြောရဲပေမယ့်တစ်ချိန်ကသူတို့လေးစားခဲ့တဲ့ကောင်းမင်ကို စစ်နတ်ဘုရားတစ်ပါးလိုမလေးစားနိုင်တော့ပေ။
တောင်ပိုင်းစစ်တပ်၈သိန်းကိုလီရွှီသုန်းအနိုင်ရစဉ်လီကျင်းထျန်းသည်လည်းကောင်းကိုယ်ပိုင်စစ်တပ်ကိုဖြိုခွဲပစ်လိုက်ကာ အသုတ်ရေခွဲပြီးမင်းသားခြောက်တပ်ထဲပို့လိုက်သည်။
သုံးနှစ်တာအကဲခတ်မှုအရ အနာဂတ်ဘုရင်နေရာအတွက်ထိုက်တန်သူသည်လီရွှီသုန်းမှအခြားသူမရှိ။ပေကျင်းသို့သူပို့ခဲ့သည့်အခြားမင်းသားများကအမြှောက်စာဒိုင်းကာများသက်သက်သာဖြစ်သည်။ မင်းသား၈နဲ့၉ကို ရာထူးအမြင့်မြှောက်စားခဲ့သော်ငြားကောင်းအိမ်၏လက်တွင်းပျက်စီးခဲ့ရသည်။ အခုမင်းသား၇လည်းပဲ အမတ်များနှင့်ထိပ်တိုက်တွေ့ကာအကြပ်အတည်းကိုရင်ဆိုင်နေရသည်။ မင်းသားခြောက်တစ်ယောက်တည်းက စစ်မြေပြင်မှာရှိနေတာကြောင့်ဒီနန်းတွင်းအရှုပ်တော်ပုံကလွှတ်နေခဲ့သည်။
ကိုယ်တိုင်သွားရှင်းပစ်လို့မရတာကြောင့်ကောင်းမင်ဟာတပ်အတွင်းကဘတ်တော်သားများကိုအသုံးချပြီး လီရွှီသုန်းကိုလုပ်ကြံသည်။ သို့ပေမယ့်သုံးနှစ်ကြာသည်အထိတစ်စုံတစ်ဦးမှမအောင်မြင်ခဲ့ပေ။ လီကျင်းထျန်းကသိသော်လည်းကောင်းမင်ကိုထိပ်တိုင်ရင်ဆိုင်မရဖြစ်နေသည်။ သူ့အတွေးမှာကောင်းအိမ်သာပျက်စီးရင်ကောင်းမင်လည်းစိတ်ပျော့သွားပြီး သူ့အနားမှာချီရှိုးကျဲ့လိုလိမ်လိမ်မာမာနေလိမ့်မည်ဟုထင်ထားသည်။ဒါကြောင့်ကောင်းမင်လုပ်ရပ်ကိုမတားဘဲ မင်းသားခြောက်ဘေးမှာကာကွယ်ဖို့ရာသူ့လူများကိုလွှတ်ထားခဲ့သည်။
တိုက်ပွဲတွင်ဒဏ်ရာရထားသည့်လီရွှီသုန်းသည်ယာယီစစ်တဲတွင်ထိုင်လျက်အနာဆေးထည့်ရန်ဝင်လာသည့်သမားတော်အားကြည့်နေသည်။
"မင်းရေချိူးထားတာလား'' လီရွှီသုန်း က နှာတရှပ်ရှပ်ရှုပ်ရင်းမေးလိုက်သည်။
စစ်သမားတော်ကခေါင်းငုံ့လျှက်ဟုတ်ကြောင်းတိုးညှင်းစွာပြန်ဖြေသည်။+
"မင်းကအမြဲတမ်းအေးဆေးပြီး သိမ်မွေ့နူးညံ့တဲ့အငွေ့အသက်မျိူးရှိတယ်သိလား'' လီရွှီသုန်းဟာယခု၁၈နှစ်တင်းတင်းပြည့်ပြီဖြစ်ပြီး အရပ်ကခြောက်ပေသုံးလက်မရှိနေပြီ ။ကြေးနီရောင်အသားအရည်နှင့်ထင်ရှားသောကြွက်သားစိုင်များကိုလှစ်ဟနေသောဝတ်ရုံကြားမှလှမ်းမြင်နိုင်သည်။ သည့်အပြင်ထူးခြားသည့်ရုပ်သွင်နှင့်အေးစက်စက်စရိုက်က သူ့ကိုခန့်ညားစွာဆွဲဆောင်မှုရှိစေသည်။2
လီရွှီသုန်းက သမားတော်ငယ်လေး၏လည်တိုင်နားသို့ငုံ့ဆင်းကာ နှာခေါင်းကိုတရှုပ်ရှုပ်ရင်းအနံ့ခံလိုက်သည်။ သူ့ပုံစံကစွဲလမ်းနေသည့်ဟန်ထင်ရှားနေသည်။
သမားတော်လေးက လန့်သွားပြီးဂုတ်ပိုးကိုလက်ဖြင့်အုပ်ကာ ပါးပြင်တို့နီရဲသွားသည်။ ခပ်ချောချောမျက်နှာကလေးမှာပန်းသွေးခြယ်နေ၏။ ဒီသုံးနှစ်အတွင်း အလှအပကိုမခံစားရတဲ့စစ်သားတွေဟာ သမားတော်လေးရဲ့မိန်းမဆန်ဆန်ပုံပန်းသဏ္ဍာန်ကြောင့်မကြာခဏရိတိတိလုပ်တတ်ကြသည်။
လီရွှီသုန်းက ပြုံးလိုက်ပြီး သမားတော်လေးလက်ကိုဖမ်းကိုင်လိုက်၏။ ''အခုမှဖုံးနေတော့ဘာထူးမှာလဲ။ တစ်နေ့ကမင်းရေချိူးတုန်းကျူပ်မြင်လိုက်တယ်''
သမားတော်လေးမျက်ဝန်းတို့ကထိတ်လန့်ကြောက်ရွံစွာဖြင့်ပြူးကျယ်သွားသည်။
လီရွှီသုန်းအသံကပိုနက်လာပြီးတိုးတိမ်လာသည်။ ''မင်းရဲ့တဲကိုတမင်သက်သက်လာအောင်လုပ်ပြီးဆေးကုသမှုခံယူစေတာ ခုလိုမင်းရဲ့လည်ပင်းကကျူးရှားကျစ်ကိုပြမလို့ပဲ မဟုတ်လား။ ကျူပ်ကသဘောထားမသေးပါဘူး။ကောင်းမင်တောင်'ကော' ဖြစ်လျက်နဲ့စစ်တပ်ကိုဦးဆောင်နိုင်သေးတာ မင်းကဘာလို့အသက်မကယ်နိုင်ရမှာလဲ''
သမားတော်လေးကလေးစားကျေးဇူးတင်သည့်အကြည့်ဖြင့်လီရွှီသုန်းကိုကြည့်လာသည်။ လီရွှီသုန်းက ကျူးရှားကျစ်ကိုထိတွေ့လာတော့ သူမရုန်းပေ။
လီရွှီသုန်းကအရေပြားအတုကိုခွာလိုက်ပြီး ကျူးရှာကျစ်ရဲရဲအားခပ်ဖွဖွပွတ်ကာသက်ပြင်းချလိုက်၏။ ''ကျူပ်ကိုမြူဆွယ်ဖို့ကောင်းမင်က မင်းကိုဘယ်လောက်ပေးလိုက်လဲ။ မင်း စစ်တပ်လျှိူ့ ဝှက်ချက်ကိုခိုးပြီး တစ်ဖက်ရန်သူဆီရောင်းမလို့လား။ ဒါဆိုကျူပ်ကသူတို့လက်ထဲသေမယ်ပေါ့။ သူကပြည်သူငြိမ်းချမ်းထက်သူ့အတ္တသူရှေ့တန်းတင်ရဲတယ်ကောင်းမင်ကတကယ်လွန်တာပဲ။ တရန်ကော်ရဲ့ မဟာစစ်သူကြီးတဲ့လား။ ရယ်ချင်စရာပဲ''
သမားတော်လေးရဲ့ရုတ်တရပ်ရုန်းကန်မှုက အရာပင်မထင်လိုက်လီရွှီသုန်းလက်ငါးချောင်းကလည်ပင်းသားကိုထိုးဖောက်ပြီး ကျူးရှားကျစ်ပါသည့်အသားလွှာကိုဆွဲခွာကာ မီးအိုးထဲသို့ပစ်ထည့်လိုက်သည်။ ထို့နောက်ဟောင်းလောင်းပေါက်လည်ပင်းအားငေးကြည့်နေမိသည်။1
သူမျက်နှာအမူအရာကသွေးဆာကြမ်းကြုတ်ရာမှာနူးညံ့သွားသည်။ ခမည်းတော်ရဲ့ကျူးရှားကျစ်ကလည်းအဲ့ဒီနေရာမှာပဲသေးသေးလေးနဲ့ရဲရဲလေး ချစ်စရာကောင်းသည်။ သူနောက်ကဖက်လိုက်တဲ့အချိန်တိုင်းအဲ့ဒီမှဲ့နီးလေးကို ပါးစပ်ထဲငုံထားပြီးကိုက်ပစ်ချင်မိ၏။ ဒီအတွေးတွေကအသက်၁၅နှစ်မှာစခဲ့ပြီး တစ်ညအဲ့ဒီအကြောင်းတွေးကအိပ်မရဖြစ်ခဲ့သည်။နောက်ဆုံးကိုယ့်ကိုယ်ကိုယ်အာသာဖြေမှပဲအိပ်ပျော်နိုင်ခဲ့သည်။
သိပ်မကြာခင်ဘယ်လောက်မှမလိုတော့တဲ့အချိန်မှာ ခမည်းတော်ဟာ သူ့အပိုင်ဖြစ်လာတော့မည်။ ခိုင်မာသည့်ဆုံးဖြတ်ချက်နှင့်ပြုံးလိုက်ပြီးနောက်ပတ်တီးအားဆွဲဖြည်ကာ ပွင့်အာနေသည့်ဒဏ်ရာပေါ်သို့သေရည်လောင်းချလိုက်သည်။+
တစ်ချိန်တည်းမှာပင်အစောင့်နှစ်ယောက်ဝင်လာပြီး အလောင်းအားကျွမ်းကျင်စွာတဲအပြင်သို့သယ်ထုတ်သွားကြသည်။
နောက်နေ့ စစ်စည်သံဟာထုံးစံအတိုင်းမြည်ဟီးနေပြီး လီရွှီသုန်းဟာတောင်ပိုင်းတပ်မှစစ်သူကြီး၏ခေါင်းကို ဖြတ်လိုက်သည်။ တဆက်ထဲမြှားလွှတ်သံကိုကြားလိုက်သည်မို့ ဓားကိုလွှဲကာနှစ်ပိုင်းခုတ်ဖြတ်လိုက်သည်။ကောင်းနျန်ကားလေးကိုင်လျက်သာကြောင်အနေတော့သည်။
သူလျှိူတွေတစ်ယောက်မှမအောင်မြင်တော့ ခုကိုယ့်ဘာကိုယ်လုပ်ဖို့ဆုံးဖြတ်လိုက်တာပေါ့။ ဒီဆုံးဖြတ်ချက်က သတ္တိကြောင်တဲ့သူ့လိုကောင်အတွက်တော့ မဟာစွန့်စားမှုပဲ။
လီရွှီသုန်းလှောင်ပြုံးပြုံးပြီးမိမိကျောနောက်ကမြှားဗူးကိုလက်လှမ်းလိုက်သည်။ကောင်းနျန်မှာထွက်ပြေးရန်ကြိုးစားသော်လည်းမမှီလိုက်မြှားတစ်စင်းကခေါင်းကိုထုတ်ချင်းဖောက်လျက်သူ့ကိုအဆုံးသတ်လိုက်သည်။
•••
ဇီချန်နန်းတော်ထဲတွင်ကျိူးယွင်ရှန့်ကဝံပုလွေပေါက်လေး၏စာကိုဖတ်နေသည်။ကောင်းနျန်ကိုတကယ်ပဲ ရဲမတ်တွေအားလုံးရှေ့သတ်ပစ်လိုက်တဲ့ ဒီကလေးကအရင်လိုပဲ ပါးနပ်မှုတစက်လေးမှမရှိတုန်း။ ဒီလိုဆိုမှတော့ကောင်းမင်ကသူ့ကိုချက်ချင်းထင်းလိုခုတ်ပြီးမီးစာကျွေးချင်နေတော့မှာပေါ့။ သူခဏလောက်တွေးပြီးနောက်မှာ စစ်တပ်ကိုနေ့ချင်းညချင်းမြို့တော်ဆီအမြန်ပြန်ချီလာဖို့ ဝံပုလွေပေါက်ဆီစာပြန်လိုက်သည်။ ထို့နောက်ယန်ရှင့်နန်းဆောင်သို့လူကိုယ်တိုင်သွားလိုက်၏။
လီကျင်းထျန်း ဟာကောင်းအိမ်ကိုကောင်းမင်အနားခွာထုတ်ပစ်ချင်လှပြီ။ကောင်းမင်သာသူ့အနားရှိနေမယ်ဆိုရင်ကောင်းအိမ်သောဘာသောမဆိုထားနဲ့မင်းသားငါးသေသွားမယ်ဆိုရင်တောင်မှ ဂရုစိုက်မည်မဟုတ်ပေ။ ဒါကြောင့်မင်းသားခြောက်စစ်မြေပြင်မှာကောင်းအိမ်ဒုတိယားသားကိုသတ်လိုက်သည့်လျှောက်တင်စာရသော်လည်း အဖတ်မလုပ်တစ်ချက်မျှကြည့်ပြီးလျစ်လျူရှုလိုက်သည်။ကောင်းအိမ်နဲ့လီဝမ်ရဲ့အာဏာဟာလျော့ကျနေပြီမို့ သူဆက်သည်းခံနေစရာမလိုတော့ပေ။
ချီရှိုးကျဲ့ကသူ့မိသားစုအရိုးကို မြှုပ်နှံလိုကြောင်းလျှောက်တင်လာသည့်အခါမှာလည်း ချက်ချင်းသဘောတူလိုက်ပြီး ကွယ်လွန်သူများနှင့်အတူမြှုပ်နှံရန်ဖုန်းရွှေရတနာများကိုပင်ကိုယ်တိုင်ရွေးပေးလိုက်သေးသည်။
သူ့လုပ်ဆောင်ချက်တိုင်းဟာကောင်းမင်ကိုဒေါသထွက်စေသလို နားမလည်ဖြစ်စေပြီး စိတ်ပျက်မိသည်။ ဒီလူရဲ့သူ့အပေါ်ထားတဲ့ခံစားချက်တွေဘာလို့ရုတ်တရပ်ပြောင်းလဲသွားသလဲသူနားမလည်တော့ပေ။
ဒါပေမယ့်ကောင်းမင်ထက်ပိုလည်တဲ့ကောင်းလျန်က အန္တရာယ်ကိုကြိုမြင်ပြီး နန်းဆောင်ထဲတိတ်တဆိတ်ဝင်ကာဆွေးနွေးခဲ့သည်။
"ဒီကိစ္စကခုမှရုတ်တရပ်ဖြစ်တာမဟုတ်ဘူး။ မင်းကြီးကငါတို့ကောင်းအိမ်ကိုလွန်ခဲ့တဲ့သုံးနှစ်တည်းကမုန်းနေတာ။ ငါတို့ကိုဖယ်ထုတ်ဖို့ကြံစည်နှင့်ပြီးသား။ သူကမင်းသားခြောက်ကို သူ့နေရာဆက်ဆံစေချင်တာ မင်းသားကိုရွေးထားတာကဟန်ပြသက်သက်ပဲ''+
"မဖြစ်နိုင်ဘူး''ကောင်းမင်ချက်ချင်းငြင်းပစ်လိုက်သည်။
"တကယ်ဆိုလီရွှီသုန်းက အမှိုက်ေကောင်ဖြစ်နေရမှာကို သူနယ်စပ်ကိုခြေချလိုက်တာနဲ့ ရုတ်ချည်းတိုးတက်လာတယ်။ ဒါပေမယ့်ငါတို့မျက်စိအောက်ထိန်းချူပ်မှုနဲ့လုပ်ကြံမှုတွေကိုသူဘယ်လိုလုပ်ရှောင်တိမ်းနိုင်မလဲ ဒါတွေအားလုံးကလီကျင်းထျန်းနောက်မှာရှိနေလို့ပဲ။ မဟုတ်ရင်ဒီနေ့လိုနေရာမျိူးမှာရှိနေမှာမဟုတ်ဘူး။ မင်မင်းကိုယ့်ကိုယ်ကိုယ်ညာနေတာတွေရပ်လိုက်တော့။ သူကကောင်းအိမ်နဲ့ မင်းကိုကောငါ့ကိုရော မင်းရဲ့သားကိုပါသတ်ဖို့ကြံစည်နေတာ။ ဒါကလုံးဝမလွဲနိုင်ဘူး ခုနောက်ပိုင်းသူ့ပုံစံကိုကြည့်လေ မင်းသားခြောက်ကကောင်းနျန်ကိုသတ်ပစ်လိုက်တာတောင်သူအရေးတစ်ချက်စိုက်လားပြော။ ချီရှိုးကျဲ့ကိုတောင်မှမိသားစုသဂြိုလ်ဖို့ခွင့်ပေးလိုက်သေးတယ်။ သူ့စိတ်ထဲမှာ အဲ့သားအဖကိုပိုအလေးထားတာသေချာနေပြီပဲ။''
ကောင်းမင်တိတ်ဆိတ်စွာနားထောင်ရင်း ကြက်သီးတို့ကအရိုးတွင်းမှတစ်ကိုယ်လုံးပြန့်နှံ့ သွားသည်။
"အစ်ကို....ကျွန်တော်နဲ့ရွှီယန်းဘာလုပ်ရမလဲ''
"မင်းမှာကျားတံဆိပ်ရှိသေးလား''မေးလိုက်သည့်ကောင်းလန်မျက်လုံးတွင်လူသတ်ငွေ့များလွှမ်းနေသည်။
"ကျားတံဆိပ်ကို လီကျင်းထျန်းဆီပြန်ပေးလိုက်ပြီ''
ကြားကြားချင်းကောင်းလန်မျက်နှာမှာ ရှုံ့ မဲ့သွားပြီး ခဏကြာတော့ချက်ချင်းတည်ညိမ်သွားပြန်သည်။ လီကျင်းထျန်းကဒီလောက်အကြာကြီးကြိုပြင်ဆင်ထားမှတော့ ဘယ်လိုလုပ်ကောင်းမင်လက်ထဲကျားတံဆိပ်ကိုကြာကြာထားပါ့မလဲ။ ဒီသုံးနှစ်အတွင်းကောင်းမင်ရဲ့တပ်တွေအားလုံး လီကျင်းထျန်းထိန်းချူပ်မှုမှာပဲရှိနေခဲ့တာပဲ။ သဲမှုန်လိုတကွဲတပြားဖြစ်နေပြီကောင်းအိမ်ကသူတို့ကိုသုံးမရခဲ့ဘူး။
ခဏအကြာစဉ်းစားပြီးမှာတော့ သူဝတ်ရုံလက်ထဲကကြွေအိုးငယ်လေးကိုထုတ်ပြီးကောင်းမင်ဆီပေးလိုက်သည်။ ''ဒါက ဝိညာဉ်လွင့်ဆေးပဲ။ရေထဲမှာဆိုအရောင်အနံ့ အရသာမရှိဘူး။ ဒီဆေးကိုသောက်ပြီးရင်တစ်လအတွင်း ခန္ဓာကိုယ်ကအားနည်းလာပြီသေလိမ့်မယ်။ ကုသဖို့ဆေးမရှိဘူး။နယ်စပ်တပ်ဖွဲ့ကမြို့တော်ကိုပြန်လာနေပြီဆိုပေမယ့်လီရွှီသုန်းဒီပြန်ရောက်ဖို့ကအနည်းဆုံးနှစ်လလောက်တော့ကြာမှာပဲ။ ငါတို့အချိန်ရှိသေးတယ်။ လီကျင်းထျန်းကို ဒီဆေးတွေနှစ်ရက်တစ်လုံးတိုက်လိုက်အထဲမှာ၁၅လုံးရှိတယ်။ ရက်၃၀အတွင်း မင်းသားထီးနန်းရဖို့ငါအမတ်တွေကိုဖိအားပေးခိုင်းမယ်။ ဒါဆိုရင်မင်းသား၆လည်းဘာမှတတ်နိုင်မှာမဟုတ်ဘူး။ တကယ်လို့သူပေးဖို့ငြင်းဆန်နေရင်သူသေတဲ့အခါ ချီရှိုးကျဲ့ကိုဓားစာခံထားပြီး မင်းသား၆ကိုအဆုံးစီရင်ခိုင်းမယ်''
ကောင်းမင်ကထိုအစီစဉ်ကြားတွင်မလူးမလွန့်သာဖြစ်နေသည်။ သူဟာဖြောင့်မတ်ပြီး တရားနည်းလမ်းကျသည့်စစ်ရေးကိုသာဆင်နွဲတတ်သူမို့ ဒီလိုအကြံစည်မျိူးက သူ့ပင်ကိုယ်စရိုက်ကိုဆန့်ကျင်နေသည်။+
"မင်းဘာကိုတွန့်ဆုတ်နေတာလဲ? ဒါကငါတို့သေရေးရှင်ရေးကိစ္စပဲ။ ငါတို့မိသားစုမှာလူရာချီရှိတာမမေ့နဲ့ဦး။ မင်းသား၆ကချီရှိုးကျဲ့ကိုအရမ်းအလေးထားတာ သူသေချာပေါက်ငါတို့မိသားစုကိုသတ်ပစ်မှာပဲ။ ပြီးတော့ ကျူပင်ခုတ်ကျူငုတ်မကျန်မင်းသားအပါအဝင်လေ။''ကောင်းလန်သူ့ညီကိုအသိတရားဝင်အောင်တစ်ချက်ရိုက်ပစ်ချင်သည်အထိအားမလိုအားမရဖြစ်နေရ၏။
ထိုစကားများကိုကြားပြီးနောက်ကောင်းမင်ကလက်သီးကိုကျစ်ကျစ်ဆုတ်ပြီးကြွေအိုးကိုယူကာထွက်သွားလေသည်။1
သူတို့စကားတွေအားလုံးကသိပ်မကြာခင်မှာပဘ ကျိူးယွင်ရှန့်စားပွဲပေါ်ရောက်နှင့်နေပြီ။ သူတို့အကြံအစည်ကိုသိရတော့ ကျိူးယွင်ရှန့်ခနဲ့တဲ့တဲ့ပြုံးမိ၏။ ဒီအကွက်ကိုသူမျှော်လင့်ထားပြီးသားပင်။
ချီမိသားစုဟာအင်အားကြီးပေမယ့်လို့ အမြဲသတိကြီးပြီး ဟိတ်ဟန်မဲ့က အခြေအနေကိုအပိုင်သိမ်းဖို့အမြဲအချိန်ယူတတ်သည်။ ရွှမ်းဝမ်နဲ့အတူပုန်ကန်တဲ့အချိန်မှာလည်းနေရာမြဲဖို့သာပါဝင်ခဲ့ခြင်းဖြစ်ပြီး ရည်မှန်းချက်မရှိပေ။ကောင်းလန်ကတော့ဆန့်ကျင်ဖက်သူဟာလောဘကြီးပြီး အကြင်နာမဲ့ကာ ရည်မှန်းချက်ကြီးသည်။ မျက်နှာရလေ ပိုင်ဆိုင်လိုစိတ်များလေးလူစားမျိူးဖြစ်သည်။ 007က လီရွှီယန်းနန်းစံပြီးဘာဆက်ဖြစ်လဲတော့ပို့မထားပေ။ ဒါပေမယ့်သူဟာပညာရှိမင်းတစ်ပါးဖြစ်တာမို့ သူ့ဦးလေးကိုတော်လှန်ပြီးဆွေမျိူးတွေနန်းမလုရအောင်သေချာပေါက်လုပ်လိမ့်မည်။
ကောင်းမင်းကကောင်းမိသားစုသားငယ်မို့ သူ့မှာနာခံတတ်သည့်အကျင့်ရှိပြီးအားနညချက်ကိုဖုံးမထားနိုင်ပေ။ ဘယ်လိုအရေးကြီးအခြေနေမှာမဆို မပြတ်မသားတွေဝေတတ်သည်။ သူ့အားနည်းချက်က မင်းသား၅။ မင်းသား၅အတွက်သာဆိုရင်ဂုဏ်သိက္ခာကျင့်ဝတ်အားလုံးစွန့်လွှတ်ပြီး အယုတ်မာဆုံးလူအဖြစ်ပြောင်းလဲနိုင်သည်။
ကျိူးယွင်ရှန့်ကသူများအားနည်းချက်ရှာရာမှာ ဆရာတစ်ဆူဖြစ်ပြီး ထိုအားနည်းချက်က်ုလည်းအပီအပြင်ထိုးနှက်တတ်သည်။ မင်းကြီးဆီပို့ခဲ့သည့်ဒုတိယအိမ်မက်သည်လှည့်စားထားခြင်းမဟုတ်လက်တွေ့၏ဖြစ်နိုင်ချေများသာ။ အားလုံးကသူ့ကျားကွက်နောက်လိုက်ပါရင်း ယနေ့လိုရလဒ်ဖြစ်လာခြင်းပင်။
ဘဝဆိုတာကျားကွက်လိုပင်။ အနိုင်အရှုံးဆိုတာ ကိုယ့်လက်နှစ်ဖက်ထဲမှာသာမူတည်သည်။ ဒါကြောင့်လည်း ကျိူးယွင်ရှန့်က လူလူချင်းတိုက်ခိုက်ပြီး လူနဲ့lord godတိုက်ခိုက်နေခြင်းကိုသဘောကျနေခြင်းပင်။ ဒါဟာအကောင်းဆုံးကစားကွင်းလေးမဟုတ်လား။

Коментарі