Arc 3.7
အခန်း(၂၈) ရှမ်းရိပင်းဘဝ
BGM song suggest >> A dream too late
သူတို့နှစ်ဦးမြင်ကွင်းကလွန်တော့မှ အိမ်ရှေ့မင်းသားက ကျိူးယွင်ရှန့်၏လက်ကိုပြန်လည်ဆုပ်ကိုင်လိုက်သည်။ သူ့အမူအရာကနူးညံ့နေ၏။
"ကိုယ်တော်စိတ်လွှတ်သွားမှာ မင်းစိတ်ပူနေတာလား''
"အရှင့်ကျွန်မလုပ်ရဲပါဘူး။ ထိုက်စစ်တျန့်ရှ က ဥာဏ်အမျှော်အမြင်ကြီးသူပါ ဘယ်လိုလုပ်လွယ်လွယ်နဲ့ပြိုလဲပါ့မလဲ။ ကျွန်တော်စည်းမကျော်သင့်ဘူး ရှက်ရွံမိပါတယ်''
ကျိူးယွင်ရှန့်သူ့ကိုမြှောက်ပြောနေခြင်းမဟုတ်။ အိမ်ရှေ့မင်းသားကဆေးဖြတ်ပြီး ပြန်ကောင်းလာကတည်းက သူ မကူညီရင်တောင်မှ ထီးနန်းကို ကိုယ်ဘာကိုယ်တက်နိုင်လိမ့်မည်။ တစ်ခါတစ်လေတော့ ကျိူးယွင်ရှန့်အနေနဲ့ သူ့အကူအညီက အပိုများဖြစ်နေသလားလို့တောင်ခံစားမိသည်။ အကြိမ်တော်တော်များများ ကျိူးယွင်ရှန့်ထင်မိတာက ရှဲ့ယွိရိုဆေးခတ်တာခံရတဲ့မင်းသားနဲ့ လက်ရှိမင်းသားက တစ်ယောက်စီများလာလို့လေ။ 5
မင်းသားကကျယ်လှောင်စွာရယ်လိုက်ပြီးကောင်လေးရဲ့လက်ချောင်းတွေကိုညစ်ကာ နှစ်ကိုယ်ကြားပြောလိုက်သည်''ယွင်ရှန့်ရဲ့ တည်ရှိမှုက ကူစစ်နျန်အတွက်အကြီးမားဆုံးအကူအညီပဲ။ ယွင်ရှန့်သာမရှိရင်ဒီနေ့လို ကူစစ်နျန်လည်းမရှိနိုင်ဘူး''
ထို့နောက်သူ့ကခဏရပ်လိုက်ပြီး အမျိူးသားငယ်လေးရဲ့မျက်နှာကို လက်တစ်ဖက်နဲ့ထိတွေ့ပွတ်သပ်ရင်း ထပ်ပြောသည်။
"မင်းကို ကိုယ်တော့်နားပို့ပေးခဲ့တဲ့ မိုးနတ်မင်းကိုကိုယ်တော်ကျေးဇူးတင်တယ်သိလား။ မင်း ကိုယ်တော့်အတွက်စိတ်ပူတဲ့အခါ ကိုယ်တော်ပျော်တယ်'' 5
ကျိူးယွင်ရှန့်ဒိအတိုင်းရပ်နေမိပြီးစကားမပြောရဲပေ၊ ဒီကမ္ဘာမတူသလို သူ့ရဲ့ဘဝသရုပ်မှန်ကလည်းမတူဘူး။ ပြီးတော့ အမှုအကျင့်တွေလည်းမတူဘူး။ ဒီလူက ရင်းနှီးတဲ့အပြုအမူတွေခံစားရစေပေမယ့်လို့ သူအလွယ်တကူနဲ့မပျော်ဝင်ချင်ဘူး။ ရှမ်းရိပင်းရဲ့ ဆုတောင်းကသူ့မိသားစုကြီးပွားချမ်းသာဖို့နဲ့အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နေရဖို့။ သူသာခြေတစ်လှမ်းမှားလိုက်ရင်မူလရှမ်းရိပင်းရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မှာမဟုတ်ဘူး။
မင်းသားက သူပြန်မဖြေတာမြင်သလို တစ်ခုခုပြောချင်သလိုဖြစ်နေတဲ့ မျက်နှာကြောင့်စောင့်နေသော်လည်း တစ်ယောက်ယောက်ရဲ့ခြေသံကြားတော့ သူဆက်ပြီး ကျိူးယွင်ရှန့်ကိုဆွဲမထားတော့ပေ။
ယုပေါင်ထျန်း က အိမ်ရှေ့မင်းသား ဟန်ဆောင်နေသည့်ဟုသာထင်ပြီး ရက်အများကြီးမခံလောက်ထင်ထားသည်။ ဒါပေမယ့်မမျှော်လင့်ပါပဲ မင်းသားက ဖြစ်စဉ်ကိုသေချာလေ့လာသည်။ရေလွှမ်းနေသည့်ဒေသကိုလည်း ကိုယ်တိုင်သွားပြီး ပြည်သူတွေကိုနှစ်သိမ့်သည်။ ညတိုင်းညတိုင်း ဆည်တမံပြန်လည်ပြင်ဆင်ဖို့အစီအစဉ်ဆွဲပြီး ကိုယ်တိုင်လည်း စီမံကွပ်ကဲသည်။ သိပ်မကြာလိုက်ပဲ လျန်ကျန်းလည်း ပြန်စိုပြေလာသည်။ 4
သူက ပြည်သူတွေရဲ့အတွေးကိုနားထောင်ပြီး သူတို့ရဲ့ဒုက္ခတွေ၊စိုးရိမ်မှုတွေကိုပါ နားထောင်ပေးသည်။ နန်းတွင်းကအစားအသောက်တွေမရှိတာကြောင့်ကော အလွန်အကျွံအလုပ်လုပ်မှုကြောင့်ကော သူ့ကိုယ်ကလာစကထက်ပိုပိန်သွားသည်။ ယုပေါင်ထျန်း လည်း အဲ့တော့မှခံစားမိပြီး အိမ်ရှေ့မင်းသားကအရင်လို မရူးသွမ်းတော့မှန်းယုံသွားသည်။ သုံးရက်တစ်ကြိမ်မင်းကြီးဆီဆက်သရသည့်အစီရင်ခံစာတွင်သူ့ကအိမ်ရှေ့မင်းသားရဲ့ လုပ်ဆောင်ချက်တွေကို တစ်ခုမကျန်ထပ်ရေးပြီး သူဘယ်လိုခံစားရကြောင်းပါ မင်းကြီးကိုလျှောက်တင်သည်၊ ထျန်းချန်မင်းကြီး လည်း ဖတ်ပြီးအရမ်းကိုပီတိဖြစ်ရသည်။
မင်းသားကအရမ်းကို လုပ်ရည်ကိုင်ရည်ရှိပြီး သတ္တမ မင်းသားထက်သာသည်။ သတ္တမ မင်းသားလည်းပဲ စိုးရိမ်ပြီး ဘယ်လိုတိုက်ခိုက်ရမလဲတွေးတော့သည်။
တစ်နေ့မြို့ စားပင်းကသူ့ရဲ့အိမ်တော်တွင်အိမ်ရှေ့မင်းသား အတွက်စားပွဲကျင်းပပေးသည်။
ဝမ်ပင်းက မင်းသားနောက်လိုက်တစ်ဦးဖြစ်ပြီး သူ့သမီးက မင်းသား၏ကိုယ်လုပ်တော်ဖြစ်သည်။ သူမအတော်ကိုအမြတ်နိုးခံရသည်။ ဒါကြောင့်သူနဲ့မင်းသားရဲ့ဆက်ဆံရေးက ရင်းနှီးသည်ဟုဆိုနိုင်သည်။ ပြီးတော့ သူက အရင်ဘဝကမင်းသားရာထူးကျခဲ့ရခြင်းနဲ့ပတ်သက်ပြီး ဆက်စပ်မှုလည်းရှိသည်။
အရင်ဘဝ အိမ်ရှေ့မင်းသားက အဆိပ်မခတ်ခံရသော်လည်း လူယုံသစ္စာဖောက်ခံရလို့ သူ့ဘဝကအဆိပ်ခတ်ခံရတာနဲ့မခြားပေ။ မင်းသားက သက်တောင့်သက်သာဘဝနဲ့ လက်လွှတ်စပယ်နေထိုင်သော်ကြောင့်လက်အောက်ငယ်သားအပေါ်အာဏာကျလာသည်။ သန်မာတဲ့သူတောင်မှ ဝက်အုပ်နဲ့တွေရင်ကျရှုံးရတာပဲ။ ပြီးတော့ ဝမ်ပင်းက ထိုဝက်အုပ်၏ခေါင်းဆောင်ဖြစ်သည်။
သူကအရမ်းကိုလောဘကြီးသည်။ ၇နှစ်၈နှစ်လောက်နန်းတော်ကထောက်ပံ့တဲ့ ဆည်တမံပြုပြင်ဖို့ ပဏ္ဍာငွေဖြတ်စားသည်။ ဆည်တမံနှစ်ခုဟာဆိုရင်ဖြင့်လက်နဲ့ထိရင်တောင်ကျိူးကျသွားနိုင်သည်။ မင်းသားကရေဘေးဒုက္ခကယ်ဆည်ရေးအတွက်တာဝန်ပေးခံရတော့ သူက အိမ်ရှေ့မင်းသား သိသွားမှာစိုးပြီးထောက်ပံ့ရေးငွေတွေကိုအပေါ်ယံဗန်းပြပြီး မင်းသားကို အလှလေးနှစ်ယောက်ဆက်သသည်။
မင်းသားက အလှလေးတွေနဲ့ အိပ်ရာထဲအလုပ်ရှုပ်နေတဲ့အချိန်မိုးကြီးရွာပြီး ဆည်တမံပြိုသည်။ရေကြီးမှုကြီးဖြစ်ပြီး ပြည်သူများ အသက်အိုးအိမ်ပျက်စီးရသည်။ ရုတ်တရပ်ကပ်ဘေးဆိုက်မှုဟုပင်ဆိုရမည်။ မင်းသားကို မြို့စားအိမ်တော်တွင်ကယ်တင်ရစဉ်တွင်ဘောင်းဘီတောင်မပါပဲ အတော်ပင်အမြင့်မတင့်၍ ရှက်ဖွယ်ဖြစ်ရသည်။ ထျန်းချန်မင်းကြီးလည်းဒေါသထွက်ပြီး မင်းသားရဲ့အဆောင်အယောင်တွေကိုဖယ်ရှားလိုက်သည်။
ဒုတိယ ကမ္ဘာမှာတော့ မင်းသားက ရှဲ့ယွိရို အဆိပ်ခတ်တာခံရသည်။ မင်းသားရဲ့ဂုဏ်သတင်းက ပိုလို့တောင်မှေးမှိန်ပြီး သူ့ရာထူးနဲ့ရှိသမျှအရာအာလုံးဆုံးရှုံးရမည်။ အိမ်ရှေ့စံနေရာကို ဆုံးရှုံးရသည်သာမကသေဆုံးသည့်အခါတော်ဝင်သချူင်္ိင်းမှာလည်း မြှုပ်နှံခွင့်ရမည်မဟုတ်ပေ။ သူ့အဖြစ်က အရင်ဘဝထက်ဆိုးသေးသည်။
ဒါပေမယ့်ကျိူးယွင်ရှန့်အခုဒီမှာရှိပြီမို့ အခြေအနေတွေကအရင်ဘဝနဲ့ကွာခြားသွားပြီ။ မင်းသားက ဟန်ရှစ်စန်း ရဲ့ထိန်းချူပ်အောက်ကလွှတ်မြောက်လာပြီးတဲ့နောက်ပိုအမျှော်အမြင်ရှိပြီး ပိုသည်းခံတတ်လာသည်။ ပြီးတော့ သူ့ရဲ့အရင်အပြုအမှုတွေကြောင့်ညိမ်ညိမ်မနေနိုင်ပေ။ သူ့ရဲ့ဦးဆောင်မှုကအရမ်းကိုစည်းကမ်းတင်းကြပ်သည်။ ဒါကြောင့်လည်း လွန်ခဲ့တဲ့သုံးနှစ်ကတည်းက ဝမ်ပင်း ပဏ္ဍာငွေဖြတ်စားတာမိပြီးငွေသားတွေပြန်အလျော်ပေးရန်နဲ့ ဆည်တမံကိုပြုပြင်ရန်အမိန့်ပေးခဲ့သည်။
ဒီတစ်ခါတော့ မိုးသည်းကြီးမဲကြီးရွာလည်း ဆည်တမံသည်တုပ်တုပ်လှုပ်တော့မည်မဟုတ်။နေပြည်တော်၌ ရှဲ့ယွိရို ကမင်းသားရဲ့လုပ်ဆောင်ချက်တွေကို မသိပဲ ကပ်ဘေးကျရောက်မယ့်ချိန်ကိုသာ တိတ်ဆိတ်စွာစောင့်ဆိုင်းနေလေသည်။ 1
အိမ်ရှေ့မင်းသားအခုလို ဥာဏ်အမျှော်အမြင်နဲ့ပြည့်စုံပြီး ကြိုးကြိုးစားစားရှိတာဟာ ပြည်သူတွေအတွက်တော့ ကံကောင်းခြင်းပင်။
ဝမ်ပင်း သည်အရင်ဘဝလောက်မညစ်ပတ်သော်လည်း လူ့ဗီဇဆိုသည်ကဖျောက်ဖျက်ရခက်သည်မဟုတ်လား။ ဒါကြောင့်သူ့ကမင်းသားကို စားသောက်ပွဲဖိတ်ပြီး သူတို့ဆက်ဆံရေးကို ပိုရင်းနှီးလာအောင်ကြံစည်သည်။ သူ့သမီးကလွန်ခဲ့တဲ့သုံးနှစ်ကတည်း မြတ်နိုးမခံရတော့တာ သူဘယ်လိုစိတ်မပူပဲနေပါ့မလဲ။
ဝမ်ပင်းက ရာထူးကြီးအမတ်တစ်ယောက်ဖြစ်တာကြောင့်မင်းသားက သူ့ကိုလျစ်လျူရှုလို့မရ။ အခုလိုညစာစားပွဲကိုတက်ရောက်ပေးတာက သူ့ကိုမျက်နှာသာပေးခြင်းလည်းဖြစ်ပြီး ဂုဏ်ရှိစေသည်။ ကံကောင်းသည်က ဝမ်ပင်းက မင်းသားရဲ့အကြိုက်ကိုသိနေသည်။ ညစာစားပွဲက အရမ်းကိုမခမ်းနားပဲ အိမ်ချက်ဟင်းလျာများဖြင့်သာတည်ခင်းထားသည်။ ထူးခြားသည်က စားပွဲတွင်ထိုင်နေသည့်မိန်းမလှလေးများဖြစ်သည်။
ဒီအမျိူးသမီးတွေကအရမ်းလှပပြီးကျော့ရှင်းသွယ်လှ ၊ အမို့အရှိုက်အငင်အသွယ်သွယ်နဲ့ မျက်လုံးများကအရောင်တောက်ပြီး မျက်စိပသာဒမဖြစ်သည်တစ်စုံတစ်ရာ မရှိပေ။ မိန်းမလှလေးတွေနဲ့ ဧည့်ခံတာကပုံမှန်ဖြစ်သည်။ ဒါပေမယ့်ရှမ်းရိပင်းအတွက်လည်း ဧည့်ခံပေးရန်အချိူ့ရှိနေသည်။ ထိုမိန်းကလေးများက သူ့ကိုရည်ရွယ်ချက်ရှိရှိစနောက်နေကြ၏။ ဒါဘာကြီးလဲ?
မိန်းမတစ်ယောက်က ရှမ်းရိပင်းရဲ့လက်မောင်းကို အပြုံးနုနုနဲ့ဆွဲမဖက်လိုက်ခင်အထိ အိမ်ရှေ့မင်းသား သည်းခံနေသေးသည်။ ထိန်းချူပ်ထားတဲ့ဒေါသတွေက အတင်းအကြပ်စည်းနှောင်ထားတဲ့ထင်းစည်းလိုပြေကျသွားတဲ့နောက်မှာတော့။ သူစားပွဲကထပြီးကောင်လေးလက်ကိုဆွဲကာ စကားတစ်ခွန်းသာချန်ပြီးထွက်သွားလေသည်။ 9
"ဝိုင်နဲ့မုန့်တွေက ကျီထဲမှာပုပ်သိုးနေပြီ ၊ ပြည်သူတွေကတော့ လမ်းဘေးမှာငတ်လို့သေတော့မယ်''
ဝမ်ပင်း၏ မျက်နှာတစ်ခုလုံးကသွေးမရှိတော့သည်နှယ်ဖြူရော်သွားသည်။
ယုပေါင်ထျန်း က ထိုအဖြစ်ကိုကြားတော့ လက်ခုပ်လက်ဝါးတီး၍ အားရပါးရ ရယ်မောပြီး အိမ်ရှေ့မင်းသား ကို ချီးကျူးလေသည်။ အဲ့ဒီကိစ္စကိုလည်း အစီရင်ခံစာမှာထည့်ရေးပြီး မင်းကြီးဆီဆက်သလိုက်သည်။ 1
ထျန်းချန်မင်းကြီးကအလွန်ဂုဏ်ယူနေတော့သည်။ 1
မင်းသားက အမျိူးသားငယ်လေးကိုဆွဲပြီး လှည်းထဲရောက်သည်အထိဒေါသကမပြေနိုင်ပဲ သားရိုင်းကြီးသဖွယ်ရင်ဘတ်ကနှိမ့်ချည်မြင့်ချည်နဲ့ တရှူးရှူးဖြစ်နေသေးသည်။
"ထိုက်စစ်တျန့်ရှ ၊ ဒီလိုအရမ်းစိတ်လှုပ်ရှားလို့မဖြစ်ပါဘူး။ ခန္ဓာကိုယ်အတွက်မကောင်းပါဘူး'' ကျိူးယွင်ရှန့်သက်ပြင်းချပြီးဆေးပုလင်းကိုထုတ်ကာဆေးလုံးကို အိမ်ရှေ့မင်းသား ပါးစပ်ထဲထည့်လိုက်သည်။
မင်းသားရဲ့မျက်ဝန်းတွေကတောက်ပနေပြီး ချစ်ရည်များရွှန်းလာသည်။ သူက အမျိူးသားငယ်လေးကိုကြည့်ပြီး ပါးစပ်ကိုဟကာဆေးလုံးနဲ့တကွကောင်လေးရဲ့လက်ချောင်းကိုပါ ငုံပြီးလျှာနဲ့ရစ်ပတ်ထားလိုက်သည်။ 10
ကျိူးယွင်ရှန့်လက်ကိုအမြန်ရုတ်လိုက်ပြီး တိတ်ဆိတ်စွာနေလိုက်သည်။ 1
မင်းသားက လက်သီးကိုဆုပ်ထားပြီးစိတ်ကိုထိန်းထားလေသည်။ သူအခုရှေ့မှာရှိနေတဲ့ အမျိူးသားငယ်လေးကို လက်မောင်းကြားမှာပွေ့ထားချင်သည်။ သူလေးရဲ့ဝတ်ရုံကိုဆွဲဖြဲပြီး နှုတ်ခမ်းတွေကိုအမဲလိုက်ချင်သည်။ သူတို့ဝိညာဉ်တွေ အချင်းချင်းလဲလှယ်သွားသည်အထိ နမ်းပစ်ချင်သည်။ ဒါပေမယ့်အခုတော့စိတ်ကူးရုံသာတတ်နိုင်သည်ပဲ။ 17
သူအခု ဂုဏ်သိက္ခာ ကိုလည်းအပြီးတိုင်အဖယ်မဆယ်ရသေးတော့ တစ်ခုခုကိုမဆင်မချင်လုပ်ရင်အရာအားလုံးဆုံးရှုံးရလိမ့်မည်။ သူလုပ်ရမည်က ထီးနန်းကိုအတားအဆီးမရှိတက်ရောက်နိုင်ရန်ဖြစ်သည်။ သူအမြင့်ဆုံးနေရာကိုရောက်သည်အခါမှ ဒီကောင်လေးကို သူ့တောင်ပံတွေအောက်မှာဝှက်ထားပြီး သူတို့ရှေ့ကဆူးခလုတ်မှန်သမျှရှင်းပစ်ရမည်။ 6
သူဆုံးဖြတ်ထားပေမယ့်လည်း ရင်ထဲမှာတော့ အခုချိန်ထိအကူညီမဲ့နေသေးသည်။ မင်းသားက ခပ်ဖျော့ဖျော့သက်ပြင်းချပြီး အမျိူးသားငယ်လေးရဲ့ ပါးပြင်ကိုပွတ်သပ်ကာနေရာမှာပြန်ထိုင်လိုက်သည်။
ကျိူးယွင်ရှန့်လည်းပဲ ရင်ထဲလေးလံနေပြီး တဆစ်ဆစ်နာနေ၏။
မင်းသားက လျန်ကျန်းကထွက်ခွာတော့ လူထောင်ပေါင်းများစွာလိုက်ပို့ကြသည်။ တစ်ချိူ့ကဒူးထောက်နေကြပြီး တစ်ချိူ့ကငိုကြွေးနေကြသည့်မြင်ကွင်းကစိတ်နှလုံးမခိုင်သူအဖို့ မျက်ရည်ကျစရာပင်။ သူတို့ကအခြား ရပ်ရွာတွေလည်းဖြတ်လာရတော့ လူတွေက ထီးဆောင်းပြီးနောက်ကလူအုပ်ကြီးအဖြစ်လိုက်ပါကြသေးသည်။ အိမ်ရှေ့မင်းသားနောက်ဆုံးတော့ ပြည်သူတွေရဲ့အသိမှတ်ပြုမှုကိုရခဲ့ပြီ။
သတ္တမ မင်းသားရ မင်းသားအမှားလုပ်ဖို့စောင့်နေသေးသည်။ ဝမ်ပင်းကိုဆန့်ကျင်ပြီး သူ့ဂုဏ်သိက္ခာကိုတောင်ပြန်လည်မြင့်တင်သွားနိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ အမှားတစ်စုံတစ်ရာ ရှာမရတာကြောင့်သတ္တမ မင်းသားလည်း နှုတ်ဆိတ်လျှက်နေရတော့သည်။
နေပြည်တော်မှာရှိသည့်ရှဲ့ယွိရို က ဆည်တမံအန္တရာယ်ကင်းတာကိုကြားပြီး ၊ အိမ်ရှေ့မင်းသား ရဲ့ ဥာဏ်အမျှော်အမြင်ကြီးမားပုံ လုပ်ဆောင်ချက်ကောင်းတွေကိုပါကြားရတော့ သူမရင်ထဲမချိမခံသာဖြစ်ရသည်။ ဒီဘဝမှာ သူမရည်မှန်းချက်က မယ်တော်ကြီးဖြစ်လာဖို့ ပဲလောကမှာအမြင့်မြတ်ဆုံးနဲ့အာဏာအရှိဆုံးမိန်းမ။ သတ္တမ မင်းသားက နန်းမတက်နိုင်ရင်သူမပြန်မွေးဖွားလာရတာ ဘာထူးမှာလဲ။ အနည်းဆုံးတော့ အရင်က ဘုရင့်ကိုယ်လုပ်တော်နေရာထိရခဲ့သေးတယ်ဒီဘဝမှ မင်းသားကိုယ်လုပ်တော်ပဲဆိုရင်စိတ်ပျက်စရာပဲ ။ အခြေအနေက အရင်ကလောက်မကောင်းဘူး သူ့ရန်သူတော်ရှမ်းချောင်တန်ကလည်း အသက်ရှင်နေသေးတယ်။
အနာဂတ်အကြောင်းစဉ်းစားရင်း ရှဲ့ယွိရို ထိုညကအိပ်မပျော်ခဲ့ပေ။ ဒါပေမယ့်သူမမှာ အိမ်ရှေ့မင်းသား ကို ရှင်းပစ်ဖို့နည်းလမ်းရှိသေးတာ သတိရတော့ စိတ်ပြန်လျော့လိုက်သည်။
အိမ်ရှေ့မင်းသား က အားနည်းတားကြောင့်လှည်းယာဉ်တွေက ဖြည်းဖြည်းချင်းသာ သွားသည်။ ဒါပေမယ့်သူတို့ လျန်ကျန်းနယ်မြေရဲ့အပြင်ကိုမကျော်ရသေးခင်မှာပဲ သတ္တမ မင်းသားက ရုတ်တရပ်ဖျားသည်။ သိပ်ပင်မကြာလိုက်အိမ်ရှေ့မင်းသား လည်း သတိလစ်မေ့မြောသွားလေသည်။
"ဒါ...ဒါ ကူးစက်ရောဂါ ပဲ။ ကျူပ်တို့ မင်းသားနှစ်ပါးကို သီးသန့်ခွဲထားရမယ်''ရောဂါလက္ခာကိုလေ့လာပြီးတော့ သမားတော်တွေက အလန့်တကြားအော်သည်။
အစောင့်ရဲမတ်တွေက နယ်ရှိမြေရှင်တစ်ယောက်ရဲ့ အိမ်မှာ မင်းသားတွေခေတ္တတည်းခိုရအောင်ပင့်ဆောင်သွားကြသည်။ ပြီးတော့ပေကျင်းကို စာရေးပြီး ဒီအကြောင်းကို မင်းကြီးဆီလျှောက်လိုက်သည်။ ထျန်းချန်မင်းကြီးလည်း အတော်ဆုံးသမားတော်တွေနဲ့ဆေးဝါးလှည်းတွေကို အမြန်စေလွှတ်လိုက်သည်။
အိမ်ရှေ့မင်းသား နဲ့ သတ္တမမင်းသားရဲ့ နန်းဆောင်က မင်းသားတွေကိုပြုစုဖို့ ကိုယ်လုပ်တော်တစ်ပါးဆီလွှတ်လိုက်သည်။ ပထမကမ္ဘာမှာ သတ္တမ မင်းသား ကူးစက်ရောဂါခံစားရတုန်းက ရှမ်းချောင်တန်က သူ့ကိုပြုစုပေးခဲ့သည်။ ဒါကြောင့်သူတို့ဆက်ဆံရေးကလေးနက်ခဲ့သည်။ ဒီကမ္ဘာမှာတော့ ရှဲ့ယွိရို ကအချစ်တော်။ ရှမ်းချောင်တန်ကအပယ်ခံရပြီးသားမို့ ပြုစုရန်အခွင့်အရေးမရှိတော့။
အိမ်ရှေ့မင်းသား ရဲ့ခန္ဓာက ဟန်ရှစ်စန်းကြောင့်အပြင်းအထန်ခံစားထားရတဲ့အပြင်အခု ကူးစက်ရောဂါ ပါထပ်ဖြစ်တော့သေလမ်းဝရောက်လုနီးပဲ။ သတ္တမ မင်းသားကလည်း အရင်ကူးစက်ခံရတာမို့ သူ့အခြေအနေကလည်း ထူးမခြားနားပေ။
ကျိူးယွင်ရှန့်သတိမေ့နေတဲ့မင်းသားကိုပြုစုပြီး သူ့ကိုယ်လုပ်တော်ဝမ်ရောက်တော့မှ မလိုအပ်တဲ့ပြသာနာတွေမဖြစ်ရအောင်ရှောင်ပေးလိုက်သည်။
ကျိူးယွင်ရှန့်ထွက်သွားပြီးတော့ အိမ်ရှေ့မင်းသား ကနှိုးလာသည်။ သူ့ကုတင်ခြေရင်းက သူမျှော်လင့်ထားတဲ့လူမဟုတ်တော့ စိတ်ပျက်သွားပြီး ခပ်တိုးတိုးမေးလိုက်သည်။
"ယွင်ရှန့်ဘယ်မှာလဲ '' 5
ကိုယ်လုပ်တော်ဝမ်က နှာခေါင်းပဝါစည်းထားပြီး မင်းသားပြောသည်ကို ဂရုစိုက်နားထောင်ကာပြန်မေးလိုက်သည်။
"ယွင်ရှန့်ကဘယ်သူလဲ''
အနီးနားက မိန်းမစိုးက သူမကိုယ်စားပြန်ဖြေပေးလိုက်သည်''ထိုက်စစ်တျန့်ရှ ၊ ရှမ်းဝန်ကြီးက မင်းသားကိုလေးရက်၊လေးညလုံးပြုစုခဲ့တာပါ။ အခု ကိုယ်လုပ်တော်ရောက်လာမှထွက်သွားပါတယ်။''
အဲ့တော့မှ မင်းသားလည်း ခပ်ဖျော့ဖျော့ပြုံးလေသည်။ သူက ကိုယ်လုပ်တော်ဝမ်ကိုလက်ညှိုးထိုးပြီး ''ကိုယ်တော်သူ့ကိုမလိုချင်ဘူး ။ ယွင်ရှန့်ကို ပြန်ခေါ်လာခဲ့'' 9
ကိုယ်လုပ်တော်ဝမ်လည်း မိန်းမစိုးနောက်လိုက်ပြီး အမြန်ထွက်သွားရလေသည်။

Коментарі