Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 1.3
အခန်း(၃)ကျိူးယွင်​ရှန့်​ဘဝ

ကျိူးဝန်​ကျင့်​၊ ကျိူးယွင်​ရှန့်​ကိုတစစီဆုပ်​ဖြဲပစ်​ချင်​မိသည်​။သူပြန်​ထရန်​ကြိုးစားလိုက်​သော်​လည်းအကန်​လိုက်​ရပြီး ပါးစပ်​မှသည်း​ခြေရည်​များအန်​ထွက်​လာ​တော့သည်​။
ဒီခန္ဓာကိုယ်​ရဲ့မူလပိုင်​ရှင်​က ကျိူးဝန်​အန်​ရဲ့ကစားခြင်းကိုခံရပြီး ကျိူးအိမ်​ရဲ့သားဆိုတဲ့​နေရာနဲ့ပိုင်​ဆိုင်​မှု​တွေအကုန်​ကိုဆုံးရှုံးခဲ့ရသည်​။ အဓိကဇာတ်​လိုက်​ကစီးပွား​ရေးလုပ်​ငန်းရှင်​ကြီးဖြစ်​လာ​တော့ နံမည်​ပျက်​ပြီးဘယ်​သူကမှအလုပ်​မ​ပေးချင်​လောက်​တဲ့အ​ခြေအ​နေမျိူးထိလက်​စားချေတာကိုခံခဲ့ရသည်​။

ဒီခန္ဓာကိုယ်​ကို ကျိူးယွင်​ရှန့်​အစားဝင်​ပြီးဒီခန္ဓာကိုယ်​ရဲ့အနာဂတ်​ကိုသိ​ပေမယ့်​အဓိကဇာတ်​ကောင်​ရဲ့​ခြေသလုံးကိုဖက်​ပြီး ကပ်​မဖားတဲ့အပြင်​ချက်​ချင်းမသတ်​လိုက်​တာကတောင်​အရမ်းထိန်းချူပ်​ထားရာကျ​နေပြီ။ တုရွှီလန်​သာသူ့ပုခုံးကိုဆွဲမထားလျှင်​နောက်​ထပ်​အချက်​အနည်းထပ်​ကန်​ပစ်​အုန်းမည်​ဖြစ်​သည်​။

"ရှန့်​ရှောက်​မင်းရဲ့သနားစရာညီ​လေးကိုအနိုင်​မကျင့်​ပါနဲ့'' တုရွှီလန်​ကမျက်​မှန်​ကိုပင့်​တင်​ပြီး​ပြောလိုက်​သည်​။သူ့ပုံစံက​ချော့​ပြော​နေပုံ​ပေါက်​ပေမယ့်​တကယ်​တမ်း​တော့ဒါဟာသတိ​ပေးခြင်းသာဖြစ်​သည်​။

ကျိူးယွင်​ရှန့်​စိတ်​ထဲမထားပဲသူ့ပုခုံး​ပေါ်ကတုရွှီလန်​လက်​ကိုဖယ်​ပစ်​လိုက်​သည်​။ ထို့​နောက်​ကျိူးဝန်​ကျင့်​နားသို့တစ်​လှမ်းသွားလိုက်​သည်​။ ကျိူးဝန်​ကျင့်​ကလည်းမနည်းကုန်​ထပြီးသူ့ကိုမုန်းတီး​နေသည့်​မျက်​ဝန်းအစုံဖြင့်​ကြည့်​နေသည်​။

"မင်းငါ့ကိုမုန်းလား''

ပြန်​ဖြေတဲ့အ​နေနဲ့ကျိူးဝန်​ကျင့်​ကပါးစပ်​ထဲ​သွေး​ရောတဲ့တံ​တွေးကို​ထွေးထုတ်​လိုက်​သည်​။ ကျိူးယွင်​ရှန့်​က ကျိူးဝန်​ကျင့်​ဘေး၌မတ်​တပ်​ရပ်​လိုက်​ပြီး ဝန်​ကျင့်​၏ရင်​ဘတ်​ပေါ်သို့​ခြေတင်​ထားလိုက်​သည်​။

"မင်းငါ့ကိုမုန်းတယ်​ပေါ့။မင်းမှာငါ့ကိုမုန်းဖို့ဘာအရည်​အချင်းရှိလို့လဲ။ ငါ့အ​မေရဲ့အကူအညီနဲ့သာမဟုတ်​ရင်​မင်းရဲ့မိဘမဲ့အ​မေကသူ့ရဲ့ပညာအချင်း​လောက်​နဲ့ကျိူးအိမ်​မှာလစာ​သောင်းချီတဲ့အလုပ်​ရမယ်​ထင်​လား။ ငါ့အ​မေကသူ့ကိုသမီးရင်းလို့သ​ဘောထားခဲ့​ပေမယ့်​သူကဘယ်​လို​ကျေးဇူးပြန်​ဆပ်​သလဲ။ ငါ့အ​ဖေအိပ်​ရာ​ပေါ်တက်​ပြီး​တော့လား?ငါ့အ​ဖေနဲ့သားတစ်​ယောက်​ရပြီး​တော့လား?ငါ့အ​မေ​ရေချိူးခန်းထဲကိုယ့်​ကိုယ်​ကိုသတ်​သေပြီး​တော့လား? သူ့အပြစ်​သူ​ပေးဆပ်​ဖို့ကိုယ့်​ကိုယ်​ကိုသတ်​သေတာလား ။ သူအဲ့လိုလုပ်​လို့ငါ့အ​မေလည်းသူ့​ခြေရာအတိုင်းနင်းသွားတာ​လေ။​လောကကြီးကိုရင်​ဆိုင်​ဖို့ငါ့တစ်​ယောက်​ထဲထားခဲ့ပြီး​တော့!!​ပြောစမ်းပါအုန်း ငါဘယ်​သူ့ကိုမုန်းသင့်​လဲ?'' 3

ကျိူးယွင်​ရှန့်​၏မျက်​လုံးတို့ကနီရဲ​နေပြီးအသက်​ရှူသံများလည်​ပြင်းထန်​နေသည်​။သူ့အသံတို့က​ဒေါသအပြည်​နဲ့ကျယ်​လောင်​နေပြီး မျက်​စိ​ရှေ့ရှိသမျှအရာအားလုံးဖျက်​ဆီးပစ်​ချင်​သည့်​ပုံ​ပေါ်​နေသည်​။ ကျိူးဝန်​ကျင့်​လည်း ကျိူးယွင်​ရှန့်​၏ရုတ်​တရပ်​ပေါက်​ကွဲမှု​ကြောင့်​လန့်​ပြီးမျက်​လုံးပင်​မ​ရွေ့ရဲ​တော့​ပေ။ ကျိူးယွင်​ရှန့်​ကိုဆွဲရန်​ပြင်​နေသည့်​တုရွှီလန်​လည်းရင်​ထဲမှတင်းကြပ်​သောခံစားမှုကိုခံစားမိ​လေ​တော့သည်​။

သူ့အရင်​ကျိူးဝန်​ကျင့်​အ​ကြောင်း စုံစမ်းခဲ့တုန်းက ကျိူးဝန်​ကျင့်​ကိုသာသနားစရာ​ကောင်းသည်​ဟုထင်​ခဲ့သည်​။ကျိူးယွင်​ရှန့်​ဖက်​ကတစ်​ခါမျှမ​တွေးခဲ့ဖူး​ပေ။အခုကျိူးယွင်​ရှန့်​၏​ပေါက်​ကွဲသံကိုကြားရ​တော့တကယ်​နစ်​နာသူဟာကျိူးသခင်​မကြီးဖြစ်​သည်​ကိုသတိထားမိလိုက်​သည်​။ မိခင်​ရဲ့အစွန့်​ပစ်​ကိုခံရတဲ့က​လေးတစ်​ယောက်​အ​နေနဲ့ သူ့ရင်​ထဲကနာကျင်​မှုနဲ့အမုန်းတရား​တွေက ကျိူးဝန်​ကျင့်​ထက်​နည်းမှာ​တော့မဟုတ်​ပေ။ 4

တရားဝင်​လက်​ထပ်​ထားလို့ရတဲ့သားသမီး​တွေက​ရော​သေချာ​ပေါက်​ပျော်​ရွှင်​နိုင်​သလား။ တရားမဝင်​က​လေးတစ်​ယောက်​ဖြစ်​တဲ့တုရွှီလန်​ကိုယ်​တိုင်​ဒီအ​ကြောင်းကိုတစ်​ခါမှမစဉ်​စားခဲ့ဖူး​ပေ။ 3

ခဏအကြာတိတ်​ဆိတ်​သွားပြီး​နောက်​ကျိူးယွင်​ရှန့်​လည်း တဖြည်းဖြည်းစိတ်​ညိမ်​သွားသည်​။ ''မင်း! ကိုယ့်​ကိုယ်​ကိုပြန်​စဉ်းစား။ မင်းသာငါ့​နေရာမှာဆိုရင်​ဘယ်​လိုခံစားရမလဲလို့''

ဘယ်​လိုခံစားရမလဲ?​သေချာ​ပေါက်​အမုန်းတရား​ပေါ့​ချေဖျတ်​လို့​တောင်​မရနိုင်​တဲ့အမုန်းတရား။ ကျိူးဝန်​ကျင့်​လက်​သီးဆုပ်​ထား​သော်​လည်းသူ့မျက်​လုံးတို့က​တော့ဇ​ဝေဇဝါဖြစ်​နေသည်​။

ကျိူးယွင်​ရှန့်​လည်းအ​ခြေအ​နေကပျင်းစရာ​ကောင်းလာတယ်​လို့ထင်​လာတာ​ကြောင့်​ကျိူးဝန်​ကျင့်​ရင်​ဘတ်​ပေါ်မှသူ့​ခြေ​ထောက်​ကိုဖယ်​လိုက်​သည်​။
"မင်းအရမ်းကိုနာကျည်းမုန်းတီး​နေရမယ့်​လူကငါ့မဟုတ်​ဘူး။ အဲ့တာကျိူး​ဟောက်​ပဲ (ကျိူးသခင်​ကြီး) သူကမင်းအ​မေကိုသတ်​တဲ့လူပဲ''

ကျိူးယွင်​ရှန့်​နောက်​ပြန်​လှည့်​ပြီးတုရွှီလန်​ကိုလက်​ဝေ့ပြလိုက်​သည်​။''သွားမယ်​''

"ဒါဆို ဝန်​ကျင့်​-​ရှောက်​က​ရော။သူ့ကို​ဆေးရုံမပို့​တော့ဘူးလား'' တုရွှီလန်​တကယ်​ပဲ ကျိူးဝန်​ကျင့်​ကိုစိတ်​ပူသည်​။ နဂိုကတည်းကလူ​ကောင်းတစ်​ယောက်​လိုအမြဲဟန်​ဆောင်​နေသည့်​အတွက်​ကျိူးယွင်​ရှန့်​သံသယဖြစ်​မည်​ကိုစိတ်​မပူ​ပေ။

"သူ့အ​ရေကထူပါတယ်​သူမ​သေနိုင်​ပါဘူး'' ကျိူးယွင်​ရှန့်​ခပ်​ဖျော့​ဖျော့ရယ်​လိုက်​သည်​။ သူ့မျက်​လုံးအကြည့်​တို့က တုရွှီလန်​၏အသက်​ရှူသံ​တော့တို့ကိုမူမမှန်​ဖြစ်​သွား​စေသည်​။

ကားကဖြည်းညင်းစွာထွက်​ခွာပြီးကျိူးဝန်​ကျင့်​၏​တွေ​ဝေ​ငေးငိုင်​နေသည့်​ပုံရိပ်​ကိုချန်​ရစ်​ထားခဲ့လိုက်​သည်​။ သူကျိူးယွင်​ရှန့်​ကိုမုန်း​နေ​သေး​ပေမယ့်​သူ့အ​ဖေသူမုန်းသည့်​အမုန်းတရားက​တော့ပိုမိုကြီးမားလာ​လေသည်​။ သူ့စိတ်​ထဲကကျိန်​ဆိုမိသည်​မကြာခင်​အချိန်​အတွင်းမှာ သူ့အ​ဖေကို​ကော ကျိူးလုပ်ငန်းစု​ကို​ရောဖျတ်​ဆီးပစ်​မည်​။ ကျိူးယွင်​ရှန့်​အတွက်​က​တော့သိက္ခာကျသွားသည်​ကလုံ​လောက်​ပြီ။

တုရွှီလန်​လမ်းကိုသာအာရုံစိုက်​နေပုံရ​သော်​လည်းသူ့မျက်​လုံး​ထောင့်​က​တော့ ကျိူးယွင်​ရှန့်​ကိုကြည့်​နေခြင်းဖြစ်​သည်​။ အခုဒီလူငယ်​လေးနဲ့ပတ်​သက်​ပြီးသူ့စိတ်​ရှုပ်​ထွေး​နေသည်​။ မုန်းစရာ​ကောင်းတယ်​လို့ထင်​ပေမယ့်​တစ်​ချိန်​ထဲမှာပဲသနားဖို့လည်း​ကောင်းပြန်​တယ်​။

"ရှန့်​ရှောက်​ကျင့်​ရှောက်​အ​မေက....'' သူစကားစ​ပြောလိုက်​သောလည်း မည်​သည့်​စကားလုံး​ရွေး​ပြောရမည်​မှန်းမသိစကား​ပျောက်​သွားပြန်​သည်​။ ''မင်းအ​မေနဲ့ပတ်​သက်​ပြီးစိတ်​မ​ကောင်းပါဘူး။ ဒါ​ပေမယ့်​ကျင့်​ရှောက်​ကဘာမှမမှားဘူး​လေ။သူ့ကို​ကောင်း​ကောင်းဆက်​ဆံလို့မရဘူးလား။​ရှေးရိုးစကားရှိတယ်​လေ အနာဂတ်​အတွက်​ပစ္စုပ္ပန်​ကိုကြိုပြင်​ရမယ်​တဲ့။ ဘာပဲဖြစ်​ဖြစ်​သူကမင်းညီ​လေးပဲ​လေ တစ်​ယောက်​နဲ့တစ်​ယောက်​ပြန်​တိုက်​ခိုက်​နေကြတာမ​ကောင်းပါဘူး''

သူ့မှာကျိူးယွင်​ရှန့်​ကိုအချိူးပြင်​ဖို့တစ်​ယောက်​ယောက်​ရှာမယ့်​အစီအစဉ်​ရှိထား​ပေမယ့်​အခု အဲ့ဒီအကြံကို​မေ့ပစ်​လိုက်​ပြီ။ ဘာလို့ရှိသမျှအပြစ်​တွေအကုန်​က​လေးတစ်​ယောက်​အ​ပေါ်ပုံချမလဲ။ သူအင်​အားကုန်​သုံးပြီးကျိူးအိမ်​၏လျိူဝှက်​ချက်​ကိုရှာ​သော်​လည်း အခုထိမ​တွေ့နိုင်​သေး​ပေ။ ထိုနှစ်​ကအဖြစ်​အပျက်​များအားလုံးကို ကျိူး​ဟောက်​ကအကုန်​ဖုံးထားခဲ့ပြီး အ​လောင်း​တွေကိုလည်းသဘာဝကျကျသဂြိုလ်​ပေးခဲ့သည်​။ တတိယသားရဲ့သရုပ်​ဆောင်​ချက်​က​တော့အရမ်းကို​ကောင်းသည်​။ ဈာပနအခမ်းအနားတွင်​အဆုတ်​အသည်းများကွာကျမတတ်​ငိုယိုပြီးရူး​ကြောင်​ကြောင်​ဖြစ်​နေခဲ့သည်​။ သူမ၏အသက်​ကမရှည်​ပေ။​သွေးကင်​ဆာကိုခံစား​နေရသည့်​အတွက်​ထို့အဖြစ်​သာမဖြစ်​ရင်​လည်းလအနည်းငယ်​ကြာလျှင်​သေမည်​သာဖြစ်​သည်​။

ဤကိစ္စကကျိူးအိမ်​၏ Top secret တစ်​ခုဖြစ်​သည်​။ ကျိူးသခင်​ကြီးနှင့်​ကျိုးဝန်​အန်​မှလွဲရင်​ကျိူးယွင်​ရှန့်​လည်းဒီအဖြစ်​အပျက်​နောက်​ကွယ်​ကအဓိကအ​ကြောင်းအရင်းကိုသိထားပြီးဖြစ်​သည်​၊

"သူကဘာမှမမှားဘူး။ ကျွန်​တော်​ကမှားတာ​ပေါ့'' ကျိူးယွင်​ရှန့်​မျက်​ခုံးပင့်​ပြီးရယ်​လိုက်​သည်​။

တုရွှီလန်​ခေတ္တတိတ်​ဆိတ်​သွားပြီး ''မင်းအမြဲ ကျင့်​ရှောက်​ကိုအနိုင်​ကျင့်​နေတာ သူမင်းကိုနာကျည်းမှာမ​ကြောက်​ဘူးလား။ ဘာပဲဖြစ်​ဖြစ်​သူကကျိူးအိမ်​ရဲ့သားပဲသူ့မှာကျိူးမိသားစုရဲ့အ​မွေကိုဆက်​ခံဖို့အခွင့်​အ​ရေးရှိတယ်​။ အခုသူ့ဖိနှိပ်​ခံ​နေရ​ပေမယ့်​နောက်​ကျရင်​အ​ခြေအ​နေက​ပြောင်းသွားနိုင်​တာပဲ။ အဲ့လိုဆိုမင်းဒုက္ခမ​ရောက်​နိုင်​ဘူးလား။ ရန်​သူထက်​မဟာမိတ်​ရှိတာကပို​ကောင်းပါတယ်​''

ပုံမှန်​ဆိုဒီစကားကိုကျိူးယွင်​ရှန့်​ကိုသူ​ပြောမည်​မဟုတ်​။ ကျိူးယွင်​ရှန့်​ကသားသုံး​ယောက်​ထဲမှာတရားဝင်​အဖြစ်​ဆုံးသား။သူ့မှာကျိူးလုပ်​ငန်းစုကိုအ​မွေဆက်​ခံဖို့အပြည့်​အဝရှိသည်​။ သို့​ပေမယ့်​ကျိူး​ဟောက်​ကထိုသို့စဉ်းစားထားမည်​မဟုတ်​။​ဘေးလူတစ်​ယောက်​အ​နေနဲ့ ကျိူး​ဟောက်​ကကျိူးဝန်​အန်​ကိုအခြားသူ​တွေထက်​ဘယ်​လောက်​ချစ်​သလဲ တုရွှီလန်​သိသည်​။တကယ်​လို့ကျိူးဝန်​အန်​သာအ​မွေဆက်​ခံလိုရင်​ကျိူး​ဟောက်​ကငြင်းမည်​မဟုတ်​ပေ။

ကျိူးဝန်​အန်​ကလည်း ကျိူးလုပ်​ငန်းစုကသူ့အပိုင်​လို့အစကတည်းကသတ်​မှတ်​ထားပြီးသားဖြစ်​သည်​။ သနားစရာကျိူးယွင်​ရှန့်​လေးက​တော့ သူ့အစ်​ကို​ကောင်းတစ်​ယောက်​ဆို​ပေမယ့်​သူ့အတွက်​တော့အသုံးဝင်​တဲ့ပစ္စည်းတစ်​ခုသက်​သက်​ပဲ။

ကျိူးဝန်​ကျင့်​ကလည်းအခု ကျိူးယွင်​ရှန့်​အနိုင်​ကျင့်​ခံ​နေရ​ပေမယ့်​နောက်​ကျရင်​ကျိူးယွင်​ရှန့်​ကလူမသိသူမသိဘဝနဲ့သာအဆုံးသတ်​ရလိမ့်​မည်​။ထိုအ​တွေးတို့​ကြောင့်​တုရွှီလန်​ကျိူးယွင်​ရှန့်​ကိုအနည်းငယ်​သနားမိသည်​။ ကျိူးသားသုံး​ယောက်​ကိုကြည့်​ရင်​ကျိူးယွင်​ရှန့်​ကသနားစရာအ​ကောင်းဆုံးပင်​။ ကျိူးဝန်​ကျင့်ကိုသူက​စောင့်​ရှောက်​ပြီး ကျိူးဝန်​အန်​ကိုကျိူး​ဟောက်​က​စောင့်​ရှောက်​သည်​။ ကျိူးယွင်​ရှန့်​တစ်​ယောက်​ထဲကသာအကူညီမဲ့သည့်​အ​နေအထားမျိူးဖြစ်​သည်​။

တုရွှီလန်​ခေါင်းထဲဘာ​တွေ​တွေး​နေသလဲ ကျိူးယွင်​ရှန့်​မသိ​ပေ။သိလည်းဂရုစိုက်​မည်​မဟုတ်​။ သူရယ်​လိုက်​ပြီးလက်​ရမ်းပြလိုက်​သည်​။ ''ကျွန်​တော်​ကျိူးလုပ်​ငန်းစုကိုဝင်​ဖို့စိတ်​ကူးမရှိဘူး။ အဲ့​တော့သူနာကျည်းလည်းဘာမှမ​ပြောင်းလဲဘူး''

တုရွှီလန်​ခဏကြာအံ့သြသင့်​သွား​လေသည်​၊ ''မင်းကျိူးကိုမလိုချင်​ဘူး? ရှန့်​ရှောက်​ဘာကိုဆိုလိုတာလဲ''

"အဲ့အဓိပ္ပါယ်​ပဲ'' ကျိူးယွင်​ရှန့်​၊ တုရွှီလန်​ကိုတစ်​ချက်​ကြည့်​ပြီး ပြတင်း​ပေါက်​အပြင်​ဖက်​ကိုသာ​ငေးရင်​ဘာမှထပ်​မ​ပြော​တော့​ပေ။

ကျိူးဝန်​ကျင့်​အိမ်​ကိုည၉နာရီမှာပြန်​ရောက်​လာသည်​။ အခန်းတံခါးဖွင့်​သည်​နှင့်​ပြတင်း​ပေါက်​နားတွင်​ဆေးလိပ်​သောက်​နေသည့်​တုရွှီလန်​ကို​တွေ့လိုက်​ရသည်​။ ဆံပင်​တွေကိုလှန်​တင်​ထား​သော​ကြောင့်​သူ၏အချိူးကျပြီး​ချော​မောသည့်​မျက်​နှာမှာ​ပေါ်လွင်​နေ၏။ သူ​ဆေးလိပ်​ကိုကိုက်​ပြီး ကျိူးဝန်​ကျင့်​ကိုလှည့်​ကြည့်​လိုက်​သည်​။ အရှိန်​အဝါတစ်​ခုကလွှမ်းခြုံ​နေ​သော​ကြောင့်​ကျိူးဝန်​ကျင့်​အနည်းငယ်​ကြောက်​မိသည်​။သို့​သော်​လည်း​လေးစားမိသည်​ကပိုသည်​။

"ဦး​လေး ကျွန်​တော်​ပြန်​လာပြီ'' သူတံခါးကိုပိတ်​ပြီး အသံတိုးတိုးဖြင့်​ပြောလိုက်​သည်​။ သူတုရွှီလန်​၏သရုပ်​မှန်​ကိုမသိ။ အခြားလူများ​ပြောသည့်​အတိုင်း မိဘမဲ့​ဂေဟာမှသူ့အ​မေ၏သူငယ်​ချင်းဟုသာသိထားသည်​။​မောင်​နှမလိုသိပ်​ချစ်​ကြတာ​ကြောင့်​သူ့ကိုအခုလိုလာ​စောင့်​ရှောက်​ပေး​နေတာလို့လည်းဆိုကြသည်​။ သို့​သော်​လည်း တုရွှီလန်​တွင်​အင်းအားကြီး​သောအရှိန်​အဝါတစ်​ခုကရှိ​နေသလိုခံစား​မေရသည်​။ထို့​ကြောင့်​ဒီလူသာသာမန်​လူ​တော့မဟုတ်​ဘူး ကျိူးဝန်​ကျင့်​သတိထားမိသည်​။

"မင်းဒဏ်​ရာဘယ်​လိုလဲ'' တုရွှီလန်​စီးကရက်​ကိုမီးသတ်​လိုက်​သည်​။

"ဦး​လေးရဲ့messageကိုရတာနဲ့​ဒေါက်​တာဖန်းကကျွန်​တော့်​ကိုချက်​ချင်းလာကြည့်​တယ်​။ ကျွန်​တော့်​လက်​အရိုးအက်​သွား​တော့ပြီး​တော့ အတွင်း​ကြေဒဏ်​ရာတစ်​ချိူ့ရှိတယ်​'' ကျိူးဝန်​ကျင့်​ပလာစတာကပ်​ထားသည့်​လက်​ကို​မြှောက်​ပြပြီးအံ့ကြိတ်​လိုက်​သည်​။
"တစ်​နေ့​နေ့ ကျရင်​ကျွန်​တော်​ကျိူးလုပ်​ငန်းစုကိုရိုက်​ချပြီး ကျိူးယွင်​ရှန့်​နဲ့အားလုံးကိုပြန်​ပေးဆပ်​စေရမယ်​''

ကျိူးဝန်​ကျင့်​၏ ကျိူးလုပ်​ငန်းစု​ပေါ်ထားသည့်​စိတ်​နှင့်​ပတ်​သက်​ပြီးတုရွှီလန်​ဘယ်​လိုမှမခံစားရ။သို့​သော်​လည်း ကျိူးယွင်​ရှန့်​ဆိုသည့်​နံမည်​ကိုကြားရသည့်​နောက်​သူမျက်​မှောင်​ကြုတ်​လိုက်​မိသည်​။ သို့​သော်​ဘာမှပြန်​မ​ပြော​ပေ။ 10

ထို့အချိန်​၌ ကျိူးဝန်​အန်​ကကျိူးယွင်​ရှန့်​၏အခန်းတံခါးကိုလာ​ခေါက်​လေသည်​၊
"အစ်​ကိုကြီး အဲ့ဒီအရိုင်းအစိုင်း​ကောင်​ကိုပညာ​ပေးလိုက်​တာအစ်​ကိုကြီးလား။ အစ်​ကိုကြီးကတကယ့်​ကျွန်​တော်​အစ်​ကိုပီသပါတယ်​'' ကျိူးဝန်​အန်​၊ ကျိူးယွင်​ရှန့်​၏ပုခုံးကိုထိလိုက်​သည်​။

"ဟုတ်​တယ်​ငါခိုင်းလိုက်​တာ'' ကျိူးယွင်​ရှန့်​ဂရုမစိုက်​သလို့ပြန်​ဖြေလိုက်​သည်​။ ဒီ​နောက်​သူ့စာကြည့်​စားပွဲကကွန်​ပျူတာဆီပြန်​သွားလိုက်​သည်​။အနက်​ရောင်​ဖန်​သားပြင်​ပေါ်တွင်​codeအတွဲများရုတ်​တရပ်​ပေါ်လာပြီးပြန်​ပျောက်​သွား​လေသည်​။

"အစ်​ကိုကြီး အဲ့ဒီအရိုင်းအစိုင်း​ကောင်းကတကယ်​မျက်​စပါး​မွှေးစူးဖို့​ကောင်းတယ်​။ မင်းသူ့ကိုနိုင်​ငံခြားပို့ဖို့နည်းလမ်းစဉ်းစားသင့်​တယ်​ဘယ်​တော့မှပြန်​မလာနိုင်​လေ​ကောင်း​လေပဲ'' 1

ကျိူးဝန်​ကျင့်​အတွက်​မ​ကောင်းတဲ့အကြံအစည်​မှန်​သမျှက ကျိူးဝန်​အန်​ဆီမှလာခြင်းဖြစ်​သည်​၊ ကျိူးယွင်​ရှန့်​ကအလုပ်​ဖြစ်​မြောက်​အောင်​လုပ်​ပေးရသူသာဖြစ်​သည်​။ ကျိူးယွင်​ရှန့်​ကအမုန်းခံ​နေရတဲ့အချိန်​ကျိူးဝန်​အန်​က​တော့ ကျိူးဝန်​ကျင့်​ရှေ့မှာလူ​ကောင်​လို​နေပြီးမျက်​နှာ​ကောင်းယူသည်​။ ထို့​ကြောင့်​ကျိူးဝန်​ကျင့်​နှင့်​ကျိူးဝန်​အန်​တို့၏ဆက်​ဆံ​ရေးသည်​မရင်းနှီး​သော်​ငြားမဆိုးဝါး​ပေ။​နောက်​ပိုင်းကျိူးဝန်​ကျင့်​က ကျိူးလုပ်​ငန်းစုကိုသိမ်းလိုက်​တဲ့အခါ ကျိူးဝန်​အန်​ကဒါရိုင်​တာအဖွဲ့ထဲမှတစ်​ယောက်​အဖြစ်​နဲ့သူ့ဘဝကအ​တော်​ကိုသာယာ​လေသည်​။ ဒါဟာမူလဇာတ်​ညွှန်းအတိုင်းဖြစ်​ရမည့်​ပုံစံဖြစ်​သည်​။

ကျိူးဝန်​အန်​က ကျိူးယွင်​ရှန့်​ကိုခိုင်းပြီး ကျိူးဝန်​ကျင့်​ကိုနိုင်​ငံခြားပို့ခိုင်းရုံမက​ဆေးအ​ရောင်းအဝယ်​သမားတစ်​ချိူ့ကိုခိုင်းပြီး ကျိူးဝန်​ကျင့်​ကို​ဆေးစွဲ​အောင်​လုပ်​ခိုင်းသည်​။ တကယ်​လို့များတုရွှီလန်​သာအချိန်​မှီရောက်​မလာပဲ သူ့ကို​ဆေးမဖြတ်​ခိုင်းဘူးဆိုလျှင်​ကျိူးဝန်​ကျင့်​ဘဝပျက်​နေ​လောက်​ပြီ။

အဆုံးမှာ​တော့ကျိူးယွင်​ရှန့်​တစ်​ယောက်​ပဲအပြစ်​တွေစုပုံကျပြီးတကယ့်​ဗီလိန်​ကျိူးဝန်​အန်​က​တော့ အဓိကဇာတ်​လိုက်​ရဲ့အမြှီးမှာ​အေး​အေးချမ်းချမ်းခိုစီး​နေ​လေတယ်​။ ဒါဘယ်​လို​သောက်​ကျိူးနဲအကျိူးမျိူးလဲ? ကျိူးယွင်​ရှန့်​စိတ်​ထဲ​လှောင်​ရယ်​လိုက်​ပြီး ကွန်​ပျူတာဖန်​သားပြင်​ကိုမျက်​လုံးမခွာပဲ ပြန်​ဖြေလိုက်​သည်​။
"မင်းလုပ်​လိုက်​။ငါအခုတ​လောအရမ်းအလုပ်​များ​နေတယ်​''

"မင်းဘာလုပ်​နေတာလဲ '' ဒါသူ့အစ်​ကိုပထမဦးဆုံးသူ့အကြံကိုငြင်းဖူးတာဖြစ်​လို့ ကျိူးဝန်​အန်​မျက်​မှောင်​ကြုတ်​လိုက်​သည်​။

"ငါနိုင်​ငံခြားထွက်​မလို့။​ရွေးထားတဲ့​ကျောင်းကိုဝင်​ခွင့်​လျှောက်​နေတယ်​၊ ငါထွက်​သွားမှာကိုအ​ဖေမသိဘူး။ ဝင်​ခွင့်​မကျမချင်း မင်းလည်းငါ့အတွက်​လျိူဝှက်​ထား​ပေး'' ကျိူးယွင်​ရှန့်​Enter keyကိုနှိမ်​လိုက်​ပြီး အ​မေရိကန်​နိုင်​ငံမှ Hodges အထက်​တန်း​ကျောင်းဝင်​ခွင့်​လွှာ​ပေါ်လာ​လေသည်​။ ပထမပိုင်းကဖြည့်​နှင့်​ပြီးဖြစ်​သည်​။ဝင်​ခွင့်​စာ​မေးပွဲကလည်း​နောက်​အပတ်​ပင်​ဖြစ်​သည်​။

Hodges အထက်​တန်း​ကျောင်းသည်​အ​မေရိကန်​နိုင်​ငံအ​ကောင်းဆုံး​ကျောင်းများထဲမှာတစ်​ကျောင်းဖြစ်​သည်​။ ဝင်​ခွင့်​တင်းကြပ်​သည့်​အတွက်​ပညာ​ရေးစံချိန်​နှင့်​လူမှုအဆင့်​တန်းမြင့်​သည့်​အ​မေရိကမှတက္ကသိုလ်​များ၏ ပုံစံအ​သေးစားဟုလို့ပင်​ဆိုစမှတ်​ပြုကြသည်​။ နှစ်​စဉ်​လူအ​မြှောက်​အများစာရင်း​ပေးသွင်းကြသည်​။

ကျိူးဝန်​အန်​၏မျက်​လုံးတို့ကမုန်းတီးမှု​ကြောင့်​အ​ရောင်​လက်​သွားပြီးခဏကြာပြန်​လည်​ဖုံးကွယ်​လိုက်​သည်​။ ကျိူးဝန်​ကျင့်​ကိုရှင်းပစ်​ဖို့ထက်​ကျိူးယွင်​ရှန့်​ကိုမြန်​မြန်​ရှင်းပစ်​ဖို့ကသူအလိုရှိဆုံးအရာဖြစ်​သည်​။ အခုထွက်​သွားဖို့​ရွေးချယ်​မှ​တော့ သူ့အားကုန်​သက်​တာ​ပေါ့။ သူပြန်​လာရင်​တောင်​ကျိူးလုပ်​ငန်းစုကသူ့လက်​ထဲ​ရောက်​နေ​လောက်​ပြီ၊

​နောက်​ပြီး အ​မေရိကန်​နိုင်​ငံ၏ တရားဥပ​ဒေစိုးမိုးမှုကသိပ်​မ​ကောင်း​ပေ၊ နှစ်​စဉ်​အ​ကြောင်းအရင်းရှာမရပဲ​ကျောင်းသား​ကျောင်းသူများ​ပျောက်​ဆုံး​လေ့ရှိသည်​။ ကျိူးယွင်​ရှန့်​ရဲ့ကံကလည်းသူတို့ထဲ ကတစ်​ယောက်​ဖြစ်​သွား​လောက်​အောင်​ဆိုးမှာ​သေချာသည်​။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі