Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 6.2
အခန်း(၅၃) အိုးစစ်နန်ဘဝ+

Translator - TaeRa_Pandora

အိုးစစ်နန်ရဲ့အသံက အရမ်း​ကောင်း​ပေမယ့်​ဇာတ်​လိုက်​ကို​တော့ မမှီ​ပေ။ ဒါ​ပေယ့်​ကျိုးယွင်​ရှန့်​ပြန်​ပြုပြင်​ပြီးတဲ့​နောက်​မှာ​တော့ သူ့ရဲ့အသံက စစ်​မှန်ပြီး တုမမှီတဲ့ အသံဖြစ်​သွားသည်​။G 7 အထိ မြင့်​နိုင်​သလို C 3 ထိလည်း နိမ့််နိုင်​သည်​။ ရှစ်​ကြောင်းပါတဲ့ကဗျာပုဒ်​၅ ခု ဆိုခိုင်းရင်​တောင်​သူ့အတွက်​အေး​ဆေးပင်​။
အိုးစစ်​နန်​က ဒီနှစ်​ဆိုရင်​၂၀ ပြည့်​ပြီ ။ သူ့အသံက လုံးဝ ပြည့်​စုံ​နေပြီ။ကြည်​လင်​တဲ့ အသံကို​ခြောက်​ကပ်​နေတဲ့ အသံနှင့်​ရောထားတာပင်​။ အချစ်​သီချင်း​တွေကို သီဆိုခြင်းက ဘဝရဲ့ အလှည့်​အ​ပြောင်း​တွေကို ယူ​ဆောင်​ပေးနိုင်​သည်​။rock က ပြင်းပြတဲ့ ချစ်​စိတ်​တွေနဲ့ ပြည့်​နေပြီး jazz က​တော့ စိတ်​ကြွမှု​တွေနဲ့ ပြည့်​နေလိ်​မ့်​မည်​။ စသဖြင့်​ပေါ့...အခွင့်​အ​ရေးတစ်​ခု ရလာတာနဲ့ သူက အားပြင်းတဲ့ ဗုံးတစ်​လုံး ဖြစ်​လာ​တော့မည်​။
ကျိုးယွင်​ရှန့်​မှာ မရှိတာ အခွင့်​အ​ရေး​လေးတစ်​ခုပင်​။

Time record က ဒီနိုင်​ငံရဲ့ top two ent: နှစ်​ခုထဲက နံပါတ်​တစ်​ဖြစ်​သည်​။သူတို့ရဲ့ ကျွမ်းကျင်​မှုက ဂီတ​ဈေးကွက်​ဖြစ်​ပြီး တကယ့်​နာမည်​ကြီး စတားအဆို​တော်​၃​ယောက်​ရှိသည်​။ပြီး​တော့​ကောမုန့် စူး၏ "Because of you " သီချင်းသည်​ပလ္လင်​ထက်​ရပ်​တည်​နိုင်​ခဲ့ပြီး ခိုင်းစားစရာ ဖြစ်​လာခဲ့သည်​။
လင်းစစ်ချင်းနဲ့​ကောမုန့်စူးကို ကာကွယ်​ဖို့ရာ Time Record က အိုးစစ်​နန်​ကို ဘန်းခဲ့သည်​။ ပြီး​တော့ အိုးစစ်နန်က မာနကြီးပြီး တုံးအတဲ့ ဇာတ်​ရုပ်​ရှိ​တာ​ကြောင့်​လူအများကို အပြစ်​ပြုမိသလိုဖြစ်​ခဲ့သည်​။ ထို့​ကြောင့်​ဘယ်​သူကမှ အိုးကျစ်​နန်​ကို ကူညီဖို့ရာ ဆန္ဒမရှိကြ။

ငါ ဘာလုပ်​သင့်​လဲ ....

ကျိုးယွင်​ရှန့်​သူ့​မေးရိုးကို သူပွတ်​လိုက်​ပြီး လင်းစစ်ချင်းကို ရက်​ရက်​စက်​စက်​သင်​ခန်းစာ​ပေး​ဖို့ ဆုံးဖြတ်​လိုက်​သည်​။ လင်းစစ်ချင်းက သဒ္ဒါတရား လွန်​နေသည့်​ကရုဏာရှင်​ကြီးသာ ဖြစ်​သည်​။ သူဟာ ဘယ်​တုန်းကမှ​ကောမုန့်ရှူ၏စာရင်းထဲမှာတောင်မရှိခဲ့။1

​ကောမုန့်ရှူက သူ့ကိုအသုံးချပြီး​နောက်​ဆုံးမှာ Time Record ရဲ့ သူ​ဌေးယွင်ကျစ်ယွမ်​နဲ့​တောင်​လက်​ထပ်​လိုက်​သေးသည်​။
ဒီလို မိန်းမမျိုးအ​တွက်​နဲ့ သူ့ရဲ့ညီကို​တောင်​ဖျက်​ဆီးခဲ့​သေးသည်​။​နောင်​တနည်းနည်း​လောက်​တောင်​မရဘူးလားဆိုတာအံသြမိသည်​။

မူရင်း အိုးစစ်​နန်​က ဒါ​တွေကို မြင်​ဖို့ရာ အသက်​မရှည်​ခဲ့။ဒါ​ကြောင့်​ကျိုးယွင်​ရှန့်​က လင်းစစ်ချင်းရဲ့​နောင်​တရ​နေတဲ့ အမူအရာ​တွေကို ထုပ်​ပိုးပြီး အိုးစစ်​နန်​အတွက်​လက်​ဆောင်​ပေးပစ်​လိုက်​မည်​။
ကျိုးယွင့်​ရှန့်​အဲ့အ​ကြောင်းကို​တွေး​နေရင်း သူ့ကွန်​ပျူတာကိုဖွင့်​ကာ အိုးမိသားစု၏ ပိုင်​ဆိုင်​မှုကို စစ်​ကြည့်​လိုက်​သည်​။ အိုးပိုင်​ပေါ်က က ချမ်းသာ​ပေမယ့်​ပရဟိတသမားဖြစ်​သည်​။ပရဟိတ လုပ်​ရင်း လှူဒါန်း​ငွေမှာ သူ့ကိုယ်​တိုင်​အတွက်​သုံး​ငွေထက်​ပိုများသည်​။ ဒါ​ကြောင့်​သူဟာ သူ့သားအတွက်​မီလီယံ ၅၀ နှင့်​ဗီလာတစ်​ခုသာ ချန်​ထားနိုင်​ခဲ့သည်​။ သူ့သားကို လင်းစစ်ချင်းက​ကောင်း​ကောင်းဂရုစိုက်​မှာပဲလို​မျှော်​လင့်​ပြီး studio ကို လင်းစစ်ချင်းအတွက်​ချန်​ထားခဲ့သည်​။+

အကယ်​၍ သူသာ သာမန်​လူတစ်​ယောက်​ဆိုလျှင်​မီလီယံ ၅၀ နှင့်​အေး​အေး​ဆေး​ဆေးပဲ ဘဝကို ဖြတ်​သန်းနိုင်​သည်​။ဒါ​ပေမယ့်​ကျိုးယွင်​ရှန့်​အတွက်​တော့​ရေပုံးထဲက​ရေတစ်​စက်​မျှသာ။ Time Record နဲ့ ဂီတနတ်​ဘုရားကို ဆန့်​ကျင်​တိုက်​ခိုက်​ဖို့ရာ သူကိုယ်​တိုင်​လည်း အင်​အားကြီးတဲ့ ပါတနာ တစ်​ယောက်​ရှာရဦးမည်​။

ဘယ်​သူ့ကို​ရွေးချယ်​ရပါ့ ။

အင်​တာနက်​ပေါ်မှာ ရှာပြီးတဲ့​နောက်​သူဟာ C နိုင်​ငံရဲ့ ဟွမ်​ယာ entertainment ကို​ရွေးချယ်​လိုက်​သည်​။ အဲ့ ကုမ္ပဏီ မှာ superstar level ရှိသည့်​အဆို​တော်​က တစ်​ယောက်​သာ ရှိသည်​။ ဒါ​ပေမယ့်​သရုပ်​ဆောင်​အားလုံးရဲ့ စွမ်းရည်​ကို​ပေါင်းလိုက်​လျှင်​လုံးဝ ထိပ်​တန်းပင်​။ သူတို့ရဲ့ အဓိက ထုတ်​ကုန်​က ရုပ်​ရှင်​တွေဖြစ်​ပြီး သူတို့ရဲ့​ငွေအရင်းအမြစ်​က Time Record ထက်​ပိုများသည်​။
သူ​ဌေးနာမည်​က စွင်းရွှီမု ဖြစ်​ပြီး သူ့နာမည်​တစ်​ခု​လေးထဲကပင်​Time Record ၏ အရည်​အချင်းအားလုံးထက်​ပိုသာသည်​။
စွင်းရွှီမုက ဟုန်ရန်ပုံငွေ ရဲ့ တည်ထောင်သူတစ်ယောက်ဖြစ်ပြီး ၊ ဟုန်ရန်ပုံငွေကနေတဆင့် R နိုင်ငံရဲ့ ငွေစီးဆင်းမှုကို တိုက်ခိုက်ပြီး အာရှရဲ့ငွေကြေးပြဿနာ နဲ့ ဥရောပ နဲ့ အမေရိကန်တို့ရဲ့ စတော့ရှယ်ယာဈေးကွက်ကို အနှောက်အယှက်ဖြစ်စေခဲ့တယ်။ သူက ဥရောပ နဲ့ အမေရိကန် က ကြွယ်ဝမှုတွေကိုလုယူချင်တယ် - ဒါကြောင့်သူကို အင်အားရှိပြီး ကြွယ်ဝချမ်းသာတယ်လို့ခေါ်တာ စောက်ပိုမဟုတ်ဘူး။

ဟွမ်​ယာ အင်​တာတိန်းမန့်​သည်​သူ့ရဲ့ side project တစ်​ခုသာ ။ C နိုင်​ငံရဲ့​ဖျော်​ဖြေ​ရေး လုပ်​ငန်းတစ်​ခုဖြစ်​ပြီး ခိုင်​မာတဲ့ အ​နေအထားမှာ ရှိ​နေသည်​။

ကျိုးယွင်ရှန့်​သာ​အောင်​မြင်​ချင်​တယ်​ဆိုရင် ဟွမ်ယာဟ​အင်​တာတိန်းမန့်​က သူ့ရဲ့ အ​ကောင်းဆုံး​မျှော်​လင့်​ချက်​ပင်​။

ဒါဆို သူတို့ကို သူဘယ်​လို သိမ်းသွင်းနိုင်​မလဲ။ ပထမဆုံး သူသက်​သေ​တွေလိုအပ်​မယ်​၊ ပြီး​တော့​ဒုတိယ အ​နေနဲ့ သူ့အရည်​အချင်းကို ပြဖို့ လိုမယ်​။

လင်းစစ်ချင်း သီချင်း​တွေကို ခိုးထားတယ်​ဆိုတဲ့ သက်​သေက ဖျက်​ဆီးခံခဲ့ရပြီးသား။ ပြီး​တော့ ဖန်​တီးနိုင်​စွမ်းရှိသည့်​အဆို​တော်​တစ်​ယောက်​အတွက်​တောင်​မှ အရည်​အ​သွေး မြင့်​တဲ့ သီချင်း​တွေကို တစ်​လအတွင်း လုံ​လောက်​အောင်​ဖန်​တီးနိုင်ဖို့ဆိုတာ ခက်​ခဲလွန်းသည်​။
စစ်​ဆေးမှုက တစ်​လအတွင်း စတင်​တော့မှာ ။
လူအများစုအတွက်​ဆိုရင်​တစ်​ခုခုလုပ်​ဖို့ဆိုတာ​နောက်​ကျလွန်း​နေပြီ ။
ဒါ​ပေမယ့်​ကျိုးယွင်​ရှန့်​ဆိုတာ သာမန်​လူမှ မဟုတ်​တာ။ အကယ်​၍ သက်​သေမရှိရင်​သူ ဖန်​တီးနိုင်​သည်​။သီချင်း မရှိရင်​လည်း 007 က​နေရှာရင်​သီချင်း​ထောင်​ပေါင်းများစွာ ဒါမှမဟုတ်​သန်း​ပေါင်းများစွာ​သော သီချင်း​တွေက​တောင်​မှ ရှာနိုင်​သေးသည်​။
တခြားသူ​တွေရဲ့ သီချင်းကို ကူးတာက မှားတယ်​လို့​တော့ သူ့ကို လာ​ပြောဖို့ မကြိုးစား​လေနဲ့။ သွားချင်​တဲ့​နေရာ​ရောက်​ဖို့ ဘယ်​လောက်​နိမ့်​နိမ့်​သွားမှာပဲ ။မင်းချောင်ပိတ်ခံနေရရင် ရိုးသားမှုက ဘာသုံးစားလို့ရမှာလဲ ။+
ကျိုးယွင်​ရှန့်​ရဲ့ အ​ရေပြားက တိုက်​တေနီယမ်​သတ္တု ပြားထက်​ပင်​ပိုထူ​သေးသည်​။ သူ ချက်​ချင်းပဲ 007 ထဲက သီချင်း data base ကို ဖွင့်​လိုက်​ပြီး မရှိသေးတဲ့ နာမည်​ကြီးတဲ့ သီချင်း တချို့ကို​ရွေးလိုက်​သည်​။

အိုးမိသားစုက ဂီတမိသားစုဖြစ်​တာကြောင့် ဗီလာရဲ့​မြေ​အောက်​ခန်းက အသံစမ်းသပ်​ခန်းဖြစ်​သည်​။
အဲ့မှာ အမျိုးစုံလင်​တဲ့ တူရိယာ​တွေနဲ့ studioအ​သေးစား​လေးကို ထားသည်​။ ကျိုယွင်​ရှန့်​က အဆင့်​မြင့်​တီးလုံးစပ်​တဲ့ software ကို အသုံးပြုပြီး သီချင်း​တွေကို ပြင်​လိုက်​သည်​။ ၁၀ ရက်​အတွင်း သူ သီချင်း ၁၀ ပုဒ်​ကို အသံသွင်းပြီး CD ထဲမှာ ထည့်​လိုက်​သည်​။​နောက်​ဆုံး​တော့ သူ့ရဲ့ နာကျင်​နေတဲ့ မျက်​လုံး​တွေကို ပွတ်​လိုက်​ပြီး စမ်းတစ်​၀ါးဝါး နဲ့ အိပ်​ခန်းထဲကို ပြန်ဝင်​လိုက်​သည်​။

အ​သေ​ကောင်​လိုမျိုး​နောက်​နေ့​နေ့လည်​အထိ သူအိပ်​လိုက်​တယ်​။ သူက စွင်းရွှီမုရဲ့ခရီးစဉ်​တွေကို​တောင်​ဟက်​ပြီးသား။ အဲ့လူက စစ်​ဆေးပွဲအတွက်​ည​နေ​လေးနာရီ​မှာ ဟွမ်​ယာ အင်​တာတိန်းမန့်​ကို သွားမယ်​ဆိုတာ သိလိုက်​ရသည်​။ ဒါဟာ သူတို့ရဲ့ ပူး​ပေါင်း​ဆောင်​ရွက်​မှုကို​ဆွေး​နွေးဖို့ သူ့အတွက်​အ​ကောင်းဆုံး အခွင့်​အ​ရေးပင်​။
ကဲ ..အခု သက်​သေအတွက်​က​ရော ဘယ်​လိုလဲ ။ ကျိုးယွင်​ရှန့်​သူ့​ခေါင်းကို သူ ကုတ်​လိုက်​သည်​။ သူ အသံသွင်းဖို့ အလုပ်​တွေရှုပ်​နေတာ​ကြောင့်​သက်​သေတု ကို သူလုံးဝ​မေ့​နေသည်​။ သူ ချက်​ချင်း ပဲ သူ့စိတ်​စွမ်းအား​တွေကို 007 ထဲ ပို့လိုက်​ကာ ဖြစ်​စဉ်​တသ်​ခုရဲ့ မြင်​ကွင်းကို video file လုပ်​လိုက်​သည်​။ ကမ္ဘာ့ ပထမတန်းစား video စစ်​ဆေးသူ​တွေ​တောင်​ဒီvideo က အတု ဆိုတာ​ပြောနိုင်​မှာ အဟုတ်​ပေ။ ပြီး​နောက်​ရှပ်​အဖြူတစ်​ထည်​နဲ့ ဂျင်းကို ဝတ်​ကာ ဆံပင်​ကို​ပေါ့​ပေါ့ပါးပါး စတိုင်​လေး ဖြီးလိုက်​ကာ ဗီလာက​နေ​နေ​မောင်းထွက်​ကာ​မြေ​အောက်​ထပ်​က ကားပါကင်​ကို​မောင်းလိုက်​သည်​။၃ နာရီ ၅၉ မိနစ်​တိတိမှာ အမည်း​ရောင်​ကားတစ်​စီးက ပါကင်​ထဲသို့ ဖြည်းဖြည်းချင်း ဝင်​လာသည်​။​ကောလာဟလ​တွေအတိုင်းပင်​စွင်းရွှီမု က တကယ့်ကိုတိကျတဲ့လူပင်​။ တစ်​စက္ကန့်​လေး​တောင်​အချိန်​မဖြုန်း​ပေ။
များစွာ​သော ကိုယ်​ရံ​တော်​ခပ်​မြန်​မြန်​ပဲ ကားနားကို ဝိုင်းလာတယ်​။ တစ်​ယောက်​က ကားတံခါးကို ဖွင့်​ပေးပြီး ကျန်​တဲ့သူ​တွေက သူတို့ လက်​ထဲမှာ ပစ္စတို​သေနတ်​တွေ ကိုင်​ဆောင်​ထားပြီး နိုးနိုးကြားကြား​နေ​နေတယ်​။ အကယ်​၍ ပြသာနာ​သေး​ဝေး​လေး ဖြစ်​လိုက်​တာနဲ့ သူတို့က​သေချာ​ပေါက်​မတုံ့ဆိုင်းဘဲ​သေနတ်​ထုတ်​ပြီး ပစ်​လိုက်​ကြမှာ အမှန်​ပင်​။
ဒီလို မြင်​ကွင်းမျိုးက​တော့ စွင်းရွှီမု အတွက်​တော့ အထူးအဆန်းမဟုတ်​ပေ။ သူဟာ​ဒေဝါလီခံရခါနီးလူတွေအတွက်တောင် ဦး​ဆောင်​လမ်းပြ​ပေးခဲ့သည်​။ လူအများက သူ့ကို ချစ်​ကြသည်​။ ဒါ​ပေမယ့်​သူ့ကို မုန်းတဲ့သူ​တွေကလည်း ကြယ်​တွေလိုပင်​များပြားလှသည်​။

ဒီ အရိပ်​လူသားဟာ​ရှေ့ကို ဖြည်းဖြည်းချင်း​လျှောက်​လာသည်​။ သူ့ရဲ့တည်​ငြိမ်​တဲ့​ခြေလှမ်း​တွေက​သေခြင်းတရား စည်းချက်​တွေလိုပင်​နေရာကျဉ်းကျဉ်း​လေးမှာ ဂယက်​ထသွား​စေသည်​။ သူဟာ အရပ်​ရှည်​ပြီး အနည်းဆုံး 190 cm ရှိမည်​။ သူ့ရဲ့​နောက်​ကျောက​ဖြောင့်​တန်း​နေပြီး​တောင့်​တင်းတဲ့ ခန္ဓာကိုယ်​က အနက်​ရောင်​ဝတ်​စုံဖြင့်​ကြည့်​ကောင်း​နေသည်​။​ခြေလှမ်းတိုင်းက​ပေါက်​ကွဲ ထွက်​တော့မည့်​ခြေ​ထောက်​တွေရဲ့ အဓိက အချက်​တွေကို ပြ​နေသည်​။
သူဟာ မီး​ရောင်​အောက်​မှာ လမ်း​လျှောက်​ပြီး သူ့ရဲ့ ခန့်​ညားလှတဲ့ မျက်​နှာ သွင်​ပြင်​ကို​နောက်​ဆုံ​တော့ ထုတ်​ဖော်​ပြလိုက်​သည်​။ သူ့​မှာ ထူထဲ နက်​မှောင်​ပြီး ဓားရှည်​လိုမျိုး မျက်​ခုံးများရှိပြီး အကြည့်​တစ်​ချက်​ကပင်​လူအများကို​ကြောက်​လွန်းလို့​အေးခဲသွား​စေနိုင်​သည်​။

စွန်းရွှီမုက ခံစားချက်​မရှိတဲ့စက်​ရုပ်​ဆိုပြီး​ကောလာဟလ​တွေ အများကြီး ရှိသည်​။ ကြည့်​ရတာ အဲ့သတင်း​တွေက အ​ခြေအမြစ်​မရှိတာ​တော့ မဟုတ်​။
ကျိုးယွင့်​ရှန့်​က ကား​ဘေးက​နေ ဖြတ်​သွားတဲ့ သူကိုကြည့်​ရင်း သူ့စိတ်​တွေ ရှုပ်​လာသည်​။ သူ့ကို ငါဘယ်​လို စကား​ပြောရပါ့ ။​ပြေးထွက်​သွားလိုက်​လျှင်​လည်း​သူ့ခန္ဓာကိုယ်​က ကျည်​ဆန်​ပေါက်​တွေနဲ့ ပြည့်​သွားမည်​ဆိုတာ​သေချာ​နေ​သော နည်းဖြစ်​သည်​။

သူ အသက်​ရှူ ထုတ်​လိုက်​ပြီး​နောပ်​ဖြည်းဖြည်း ချင်း ကားတံခါး ကို ဂရုတစိုက်​ဖွင့်​လိုက်​သည်​။
ကားထဲက ဖြည်းဖြည်းထွက်​ကာ လက်ဗလာနှင့် ထိုလူဆီ​လျှောက်​သွားလိုက်​သည်​။ ကြည့်​လိုက်​လျှင်​လက်​နက်​ချ ထားသည့်​ပုံစံနှင့်ပေါ့ ။
"သူ​ဌေးစွင်း ? ကျွန်​တော်​က အိုးစစ်​နန်​ပါ ။ ကျွန်​တော်​ခင်​ဗျားနဲ့ စကား​ပြောချင်​လို့ပါ ။ "
သူ့ရဲ့ ကြည်​လင်​နေတဲ့ အသံက​နွေဦးမှာ​ရေပွက်​နေသလို ၊​ဆောင်းဦးမှာ သစ်​ရွက်​လေး​တွေ​မျောလွင့်​နေသလို ၊ ပြီး​တော့​နွေရာသီမှာ​အေးမြတဲ့​လေ​ပြေ​လေးလိုပင်​။+

စွင်းရွှီမု က လမ်း​လျှောက်​တာကို မရပ်​လိုက်​။ ဒါ​ပေမယ့်​သူ့​ခေါင်းကို လှည့်​ကာ ကျိုးယွင်​ရှန့်​ကို ကြည့်​လိုက်​သည်​။ သက်​တော်​စောင့်​တွေလည်း အပြစ်မရှိအန္တရာယ်မပြုပာုသဘောဖြင့် လက်နှစ်ဖက်မြှောက်ထားသည့် အမျိူးသားကိုမြင်လိုက်ရတာကြောင့် သူတို့ရဲ့ လက်​နက်​ကို ချလိုက်​သည်​။
ကျိုးယွင့်​ရှန်​ချက်​ချင်းပဲ စကား​ပြောဖို့ အခွင့်​အ​ရေးကို အမိဖမ်းကာ
"စွင်း သူ​ဌေး ...ကျွန်​တော်​က 'Because of you' ကို​ရေးစပ်​ခဲ့တဲ့သူပါ ။ လင်းစစ်ချင်းက ခိုးသွားတာပါ ။ကျွန်ေ​တာ့မှာ ဒါကို သက်​သေပြဖို့ သက်​သေရှိပါတယ်​။ ကျွန်​တော့ ကို ကူညီ​ပေးမဲ့ဆိုရင်​ခင်​ဗျားအတွက်​သုံးနှစ်​စာ အခမဲ့ အလုပ်​လုပ်​ပေးဖို့ ဆန္ဒရှိပါတယ်​။ "

စွင်းရွှီမု က အနုပညာအသိုင်းအဝိုင်းက အတင်းအဖျင်း​တွေနဲ့ မရင်းနှီး​ပေ ။ ထို့​ကြောင့်​သူ​ပြော​နေတာ​တွေနှင့်​ပတ်​သက်​ပြီး ဘာမှ မသိ​ပေ။ ထို့​ကြောင့်​သူ့​ခေါင်းကို ပြန်​လှည့်​လိုက်​ပြီး​စိတ်​မဝင်​စားသလို ရှေ့ကို ဆက်​လျှောက်​သွားသည်​။

ကျိုးယွင်​ရှန့်​စိုးရိမ်​ပြီး ဆန္ဒ​စောသွားသည်​။ ထို့​ကြောင့်​သူ့​နောက်​ကို​ပြေးလိုက်​ကာ သူ့ရဲ့ မက်​မွန်​သီး မျက်​ဝန်း​တွေက မျက်​ရည်​တွေနှင့်​ပြည့်​နေပြီး ဆို့နင့်​နေ​သော အသံဖြင့်​
"သူ​ဌေးစွင်း...ကျွန်​တော်အကြပ်အတည်းဖြစ်နေလို့ပါ ...ဟွမ်​ယာ က ကျွန်​တော့်​ရဲ့ တစ်​ခုထဲ​သော ထွက်​ပေါက်​ပါ ။ကျွန်​တော့က တကယ့်​ကို အရမ်းအဖိုးတန်​ပါတယ်​။​ကျေးဇူးပြုပြီး ကျွန်​တော့ကို ယုံကြည်​ပါံသုံးနှစ်​အတွင်း ခင်​ဗျားကိုမီလီယံ၃၀၀ရ​အောင်​ပြန်ပေးမယ်​လို့ ကတိ​ပေးပါတယ်​။ "2

၃၀၀မီလီယံ ဆိုတာ​တော်​တော်​များပေမယ့်​စွင်းရွှီမု အတွက်​တော့ ဘာမှမဟုတ်​ပေ။ ဒါ​ပေမယ့်​သူ့အရှိန်​ကို ရပ်​လိုက်​ပြီး လူငယ်​လေးကို တည့်​တည့်​ကြည့်​လိုက်​သည်​။
ကျိုးယွင်​ရှန့်​ချက်​ချင်းပဲ မျက်​တောင်​ခတ်​က သလင်း​ကျောက်​လို မျက်​ရည်​စက်​အနည်းငယ်​ဖျစ်​ထုတ်​လိုက်​သည်​။အိုးစစ်​နန်​ရဲ့ ရုပ်ရည်ကချောမောသည်။​ကျူးစစ်ယွိ လို​နေလိုမ​တောက်​မီးလိုမပူပြင်း ။ ဒါ​ပေမယ့်​လတစ်​စင်းလို ကြည်​လင် နူးညံ​အေးမြသည်​။+

သူ့အသားအရည်​က​သေလူလို​ဖွေးစွတ်​နေကာ နှုတ်​ခမ်းပါးတို့က ပန်းနု​ရောင်​ဖျော့​ဖျေ့ာသန်းပြီး ကြည့်​ရတာ အ​တော်​အားနည်း​နေပုံပင်​။ ဒါ​ပေမယ့်​သူ့မျက်​ဝန်းတို့က နက်​မှောင်​ပြီး ကျယ်​ဝန်းသည်​။ မျက်​ဝန်းတို့က မျက်​ရည်​တွေနှင့်​ပြည့်​နေ​သောအခါ puppy​လေးတစ်​ကောင်​လိုပင်​ချစ်​မြတ်​နိုးစရာ​ကောင်း​နေသည်​။

ဒီညိုးငယ်​ပြီး ကျိူးလွယ်​တဲ့ ကူကယ်​ရာမဲ့ ပုံ​လေးသည်​သေ​လောက်​အောင်​စွဲ​ဆောင်​မှု ရှိ​နေသည်​။မူလ ခန္ဓာကိုယ်​က ဒါကို အသုံးမချတတ်​။ ဒါ​ပေမယ့်​ကျိုးယွင်​ရှန့်​လက်​ထဲ​ရောက်​တော့​ကျောက်​တုံးဆီက ကရုဏာ​လေး ရ​အောင်​လုပ်​နိုင်​ခဲ့သည်​။
ကျနေတဲ့ မျက်​ရည်​တွေ​မျော်​လင့်​ချက်​ပြည့်​နေတဲ့ မျက်​ဝန်း​လေး​တွေက စွင်းရွှီမု ကို အနိုင်​ယူနိုင်​သွားသည်​။ ပထမဆုံး အ​နေနဲ့ သူအချိန်​တစ်​ချို့ ဖြုန်းဖို့ ဆုံးဖြတ်​လိုက်​သည်​။1

"လိုက်​ခဲ့ ..."
သူက စကားတစ်​ခွန်း​ပြောပြီး အ​ဆောက်​အဦထဲသို့ ဆက်​သွားသည်​။

ကျိုးယွင်​ရှန့်​အလွန်​ပျော်​သွားကာ သူ့မျက်​ရည်​တွေကို သုတ်​လိုက်​ပြီး ထိုလူ​နောက်​လိုက်​ကာ ဓာတ်​လှေကားထဲ ဝင်​လိုက်​သည်​။အထဲမှာ လူ​တွေ ပြည့်​ကျပ်​နေပြီး သူ့ပုံကို ကြည့်​ရတာ သူစိမ်း​တွေနဲ့ဆိုရင်​ရှက်​နေပုံ​ပေါ်သည်​။မ​ပျောက်​သွားခင်​သတ္တိ​တွေနဲ့အတိုးခံရကာ နံရံနှင့်​နီးသွားသည်​။သူ့​ခေါင်းက ငုံ့ထားသည်​မှာ ချစ်​စရာ ဆံပင်​ထိပ်​လေး​တွေကို​ပဲ မြင်​ရသည်​။
ဓာတ်​လှေကားက အ​ပေါ်ဆုံး အထပ်​မှာ ရပ်​သွားသည်​။ တံခါးပွင့်​သွား​တော့ သေချာပြင်ဆင်ထားသည့် လက်​ထောက်​က အုံကျစ်​နန်​ရဲ့ အချက်​အလက်​တွေကို စွင်းရွှီမု အား​ပေးလိုက်​သည်​။

စွင်းရွှီမု က​ပေးလာတဲ့ အချက်​တွေကို တစ်​ချက်​လောက်​မြန်​မြန်​ကြည့်​လိုက်​ပြီး လူငယ်​လေးက အားကိုးရာမဲ့ပုံစံနဲ့ အခန်းအလယ်​မှာ ရပ်​နေတာကို သတိပြုမိလိုက်​သည်​။ထို့​ကြောင့်​သူ ညင်​ညင်​သာသာ​ပြောလိုက်​သည်​။
"ထိုင်​လေ..."

ကျိုးယွင်​ရှန့်​ထိုင်​ချလိုက်​သည်​။ ဒါ​ပေမယ့်​သူ့ရဲ့ ဖိအား​တွေ​ကြောင့်​သူ့ရဲ့ ပါးပြင်​တွေက ရှက်​ရိပ်​သန်းကာ သူ့လက်​တွေက သူ့အကျီင်္ကို ဆွဲချ​နေသည်​မှာ​ကျောင်းအုပ်​ကြီး ရုံးခန်းကို အ​ခေါ်ခံထားရတဲ့ က​လေး တစ်​ယောက်​လိုပင်​။
စွင်းရွှီမု က သူ့ကို ဖြတ်​ခနဲ ထပ်​ကြည့်​လိုက်​ပြီး​ဆေးပြင်းလိပ်​ဖြတ်​တံနဲ့​ဆေးပြင်းလိပ်​တစ်​လိပ်​ကို စားပွဲ​ပေါ်တင်​လိုက်​ကာ​မေးလိုက်​သည်​။
" ဒါကို ညှပ်​ဖို့ ကူညီ​ပေးနိုင်​မလား..."

ကျိုးယွင်​ရှန့်​မျက်​ဝန်း​တွေက နည်းနည်း ကျယ်​သွားသည်​။ပြီး​တော့ သူ​ဌေးနားကိုဂရုတစိုက်​ကပ်​သွားလိုက်သည်​။ ဒီလူက နာမည်​အတည်​တကျ မရှိတဲ့ သူ့အချစ်​ဖြစ်​နိုင်​မလား ။ အရပ်​အ​မောင်း ၊ အကြည့်​တွေ၊ ဝါသနာ​တွေက​ပြောင်းလဲမှု မရှိ​ပေ။ ဖြစ်​နိုင်​ချေက​တော့​တော်​တော်​များသည်​။1

သူ့နှလုံးခုန်​သံက အရှိန်​မြန်​လာပြီး​ဆေးပြင်းလိပ်​နဲ့ ဖြတ်​တံကို​ကောက်​ကိုင်​ကာ​ခေါင်းငြိမ့်​လိုက်​သည်​။
"ကျွန်​တော်​လုပ်​ပေးနိုင်​ပါတယ်​။ ဒါက ပိရမစ်​ပုံစံ​ဆေးပြင်းလိပ်​ပဲ ။ခင်​ဗျား​ဘေးသား​တွေကို မြန်​မြန်​ဖြတ်​ထုတ်​ဖို့ပဲလိုတာ ။ ဖြတ်​တာကသေသပ်​ရမယ်​၊ မတန့်ုဆိုင်းရဘူး ။ မဟုတ်​ရင်​ဆေးပြင်းလိပ်​ကပြယ်​ပြီး​ဆေးရွက်​ကြီးက ပြန့်​သွားလိမ့်​မယ်​။ ဖြတ်​ပြီးတဲ့အခါ ခင်​ဗျားလက်​တွေနဲ့ ဆေးရွက်​ကြီးတွေ မထွက်​သွားအောင်းလိမ့်ပေးရမယ်။ ပြီးရင်​နည်းနည်းစုပ်ကြည့်လိုက်ပြီး လမ်းကြောင်းကချောသွားပြီးလို့မြင်ရရင်...''+

ကျိုးယွင်​ရှန့်​ဆေးလိပ်နံ့ ကို မုန်းခဲ့သည်​။ ဒါ​ပေမယ့်​ခုတော့ သူဒါကို အသားကျ​နေပြီ။ သူပြောတဲ့အတိုင်းလုပ်နေရင်းက ဆေးလိပ်ဖင်စည်ကိုနှုတ်ခမ်းနှင့်စုပ်မိသွားသည်။

စွင်းရွှီမု ရဲ့ မျက်​ဝန်းတို့က​မှောင်​မိုက်​သွားပြီး လူငယ်​လေးရဲ့ ပန်းနု​ရောင်​နှုတ်​ခမ်းကို စိုက်​ကြည့်​နေမိသည်​။

ကျိုးယွင်​ရှန့်​စိမ့်​သွားပြီး သူ့ရဲ့ မြန်​ဆန်​လွန်းတဲ့ လက်​တွေကို ကျိန်​ဆဲမိသွားသည်​။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі