Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 8.7
Chapter (7) - ဒယ်ဒီရဲ့ နားရွက်ကုတ် ကြောင်ကလေး Romeo (zawgyi+Unicode)

ဒုတိယနေ့က ပြိုင်ပွဲဝင်များ၏ အရည်အချင်းစစ်ဆေးယှဉ်ပြိုင်ခြင်း ဖြစ်သည်။ ပြိုင်ပွဲဝင်သူတွေက ကြီးမားလှတဲ့ စတူဒီယိုဆီ ရောက်တဲ့အချိန် အရင်ဆုံး သူတို့သတိထားမိလိုက်တဲ့သူက ကျော့ရှင်းစွာ ဝတ်စားထားသည့် Miss Jeffrey မဟုတ်ပဲ  အရပ်ရှည်ရှည်နဲ့ ခန္ဓာကိုယ်တောင့်တင်းကြံ့ခိုင်ပြီး ရုပ်ရည်ချောမောသည့် Gustav ဖြစ်နေသည်။ ဒီရှိုးပွဲရဲ့ ထုတ်လုပ်သူ   Mr.Acheson က ဖက်ရှင်အသိုင်းအဝိုင်းမှာ ဘုရင်တစ်ပါးဖြစ်တယ်ဆိုတာ သူတို့အားလုံးသိပြီးပေမယ့် သူက စတူဒီယိုထဲ  လာတာကိုတော့ တစ်ခါမှ မမြင်ဖူးကြပေ။

Ariel နဲ့ Hayden တိုရဲ့  မကောင်းသည့် အကြံအစည်ကြောင့် ဆွဲဆောင်မှုပြင်းလွန်းသည့် ဒီလူကြီးက ဒီရက် စတူဒီယိုကို ကိုယ်တိုင် လာရောက်စီမံခန့်ခွဲခြင်းဖြစ်သည်။

" ဒီအစီစဉ်ပြိုင်ပွဲမှာ မတရားယှဉ်ပြိုင်တာကို တားဆီးဖို့ ဒီနေ့ Mr.Acheson က စတူဒီယိုကို ထုတ်လုပ်သူအနေနဲ့ရောက်လာတယ်။ အဲဒါကြောင့် အားလုံး ခါတိုင်းထက် ပိုပြီး ဂရုစိုက်ကြပါ။ "

Miss Jeffrey သည် သူ့လက်တွေကို ခါရမ်းရင်း ပျော်ရွှင်ဟန်နဲ့ပြောလိုက်သည်။

MOT ရဲ့ အဓိကဆိုင်မှာပဲ Emily ရဲ့ poster ရှိနေပြီး ကျန်စတိုးဆိုင်အားလုံး Romeo ရဲ့ poster ရှိနေသည်။ ဒါက Ariel ရဲ့ ဂုဏ်သတင်းကို ကျဆင်းစေမှာသေချာသည်။  မနေ့က ဆံပင်ရိတ်တဲ့ အငြင်းအခုံ၊ ပြီးတော့ ဒီနေ့ လူပြောင်းသွားပြီး Miss Jeffrey က အစီအစဉ်မှူးလုပ်နေခြင်း။ ကြိုတင်ပြီး စီစဉ်ထားတာ မဟုတ်ရင် Ariel ရုတ်တရက် နှုတ်ထွက်သွားခြင်းအပေါ် ပရိသတ်တွေ သံသယဝင်ပြီး ထင်မြင်ချက် အမျိုးမျိုးပေးကြမှာသေချာသည်။

အဲဒါက စီစဉ်တင်ပြသည့်အဖွဲ့ လိုချင်နေတဲ့ ပုံစံဖြစ်သည်။ အစီအစဉ်အသစ်က သံသယနဲ့ မကျေနပ်ချက်တွေကြောင့် စိုးရိမ်နေရပေမယ့်  သူတို့ ပူပန်သောကရောက်ခြင်း မရှိကြဘူး။ Ariel က ရှိုးပွဲကို ဒုက္ခရောက်အောင် လုပ်မှတော့ Acheson ကလည်း သူမကို နည်းနည်းမှ ခွင့်လွတ်မည်မဟုတ်ပေ။ ပရိသတ်တွေကို အပြစ်တင်ရမှာ ဘယ်သူဆိုတာ သိစေပြီး သူမကို ထွက်သွားခွင့်ပေးပြီးနောက် ဒိုင်အဖွဲကို သူ ပြန်ပြင်ဆင်လိုက်သည်။ ဒါကြောင့် ပိုမို ပွင့်လင်းမြင်သာပြီး တရားမျှတမှုရှိသော ပြိုင်ပွဲဖြစ်လာခဲ့သည်။

Hayden ကိုတော့ပရိသတ်အင်အားများသေးတာကြောင့် Acheson က ချက်ချင်းကန်ထုတ်မှာ မဟုတ်ပေ။ ထိုနေ့ညက Hayden ရဲ့ မိဘတွေက သူတို့သား ဆက်လက်ယှဉ်ပြိုင်ခွင့်ရရန် အစီအစဉ်အဖွဲ့ကို  ပိုက်ဆံအများအပြား ထောက်ပံ့ခဲ့သည်။ Acheson သည် စီးပွားရေးသမားတစ်ဦး သောကြောင့် တခဏလောက် စဉ်းစားလိုက်ပြီး သဘောတူလိုက်သည်။ ဒါပေမယ့် Hayden ရဲ့ ပရိသတ်တွေကတော့ ဆုံးရှုံးသွားပြီး အင်တာနက် မဲအရေအတွက်သည် သိသိသာသာ ကျဆင်းသွားသည်။ အခုအချိန်တွင် သူ ဘယ်လောက်ထပ်ကြိုးစား နိုင်သလဲဆိုတာပေါ် မူတည်ပြီးမှ ပြိုင်ပွဲတွင် ဆက်လက်ပါဝင်နိုင်ပေလိမ့်မည်။

Ariel နှုတ်ထွက်ရတဲ့အကြောင်းက Hayden ကို သူမက ကူညီပေးခဲ့တာကြောင့်လို့ ခန့်မှန်းနေကြပြီး  ပုံစံ မပြောင်းသေးခင်ညက  Ariel ဆီက စာရပြီးနောက် Hayden သည် သူ့ဆံပင်နဲ့ မျက်ခုံးကို ရွှေအိုရောင် ဆိုးလိုက်ရင် သူ ပိုခေတ်မှီပြီးပိုကြည့်ကောင်းလာနိုင်ကြောင်း ပြောခဲ့သည်။ ဒါကြောင့် သူဖြစ်ချင်သလိုဖြစ်သွားရတဲ့  Hayden က လွဲလို့ လူတိုင်း သူတို့ စိတ်ကူးထားတဲ့ပုံစံနဲ့ လုံးဝမတူသော ဆံပင်ပုံစံအသစ်တွေ ဖြစ်သွားခဲ့သည်။

အဲဒါက တိုက်ဆိုင်မှု ဖြစ်နိုင်ပေမယ့်  Ariel နဲ့ stylists တွေကို Hayden လာဘ်ထိုးထားတာ ပိုပြီး ဖြစ်နိုင်သည်။ ပြိုင်ပွဲဝင်တွေက Hayden နဲ့ ရင်းနှီးနေဆဲဖြစ်ပေမယ့် နောက်ကွယ်မှာတော့ သူ့ကို  အတူဆဲဆိုနေကြသည်။ အဲလို ကြောင်သူတော် ကြွက်သူခိုးတွေကို မြင်ရတော့ ကျူးယွင်ရှန့် နဲ့ Ivana တို့ က အခြားသူတွေနဲ့ ခပ်ခွာခွာပဲ နေလိုက်ကြတော့သည်။

Miss Jeffrey ပြောတာနားထောင်ပြီးနောက် ပြိုင်ပွဲဝင်တွေ လက်ခုပ်အားပေးကြပြီး  အမျိုးသမီးပြိုင်ပွဲဝင် အတော်များများက ရှက်သွေးဖြာကုန်ကြသည်။
Gustav သည် 193 cm အရပ်မောင်းရှိပြီး ခန္ဓာကိုယ်တောင့်တင်း သည့်အပြင်  ယောကျာ်းဆန်ဆန် ရုပ်ရည်ချောမောပြီး ကြင်နာနူးညံ့ကာ နှိမ့်ချတတ်တဲ့စိတ်နေ သဘောထားရှိတာကြောင့် လူတွေက သူနဲ့ ခင်မင်ရင်းနှီးလိုကြသည်။ သူသည် အနက်ရောင် အသားကပ် T-shirt အင်္ကျ ီကို ဝတ်ဆင်ထားတာကြောင့် ကြွက်သားတွေကို အတိုင်းသားမြင်နေရပြီး ရှည်လျားသော ခြေထောက်နှစ်ချောင်းက ဝတ်ထားသည့် ဂျင်းဘောင်းဘီအကျပ်ကြောင့် သူ့ပုံစံက  ဆွဲဆောင်မှုရှိလှကာ မြင်သူကို သွားရည်ယိုချင်စရာကောင်းအောင် ညှို့ငင်နေသည်။


သူတို့ရဲ့ပုံပန်းသဏ္ဌာန်ကြောင့် မာန်တက်နေတဲ့ အမျိုးသားပြိုင်ပွဲဝင်များသည် Gustav ရဲ့ body Structure နှင့် ဝမ်းဗိုက်ကြွက်သား ချောကလက်ပြားများကို ကြည့်ပြီး ရှက်သွားပြီး မျက်နှာလွဲသွားကြသည်။ ယောကျာ်းဟိုမုန်းတွေ ထုတ်လွှတ်နေသည့် Gustav နဲ့ နှိုင်းယှဉ်လိုက်ရင် သူတို့က ကလေးသာသာ ကောင်လေးတွေလိုဖြစ်နေတာက အရမ်းကို စိတ်ဓါတ်ကျစေသည်။

Gustav ကသူ့ချစ်သူဖြစ်နိုင်တယ်လို့ ကျူးယွင်ရှန့် ထင်ပေမယ့်  မသေချာလှပေ။ အရပ် 190 cm နှင့် အထက်ရှိတဲ့ ယောကျာ်းတွေက A နိုင်ငံမှာတော့ ပုံမှန်ပဲ။ ပြီးတော့ သူက အခုလက်ရှိ ပြိုင်ပွဲဝင်တစ်ဦး... Romeo ရဲ့ ဆန္ဒကို ပြည့်အောင်လုပ်ချင်ရင် Gustav နဲ့ နီးနီးကပ်ကပ်နေလို့မဖြစ်ပေ။ တခြားပြိုင်ပွဲဝင်နဲ့ ပွဲကြည့်ပရိသတ်တွေက  ပြိုင်ပွဲနဲ့ပတ်သက်ပြီး ဘက်လိုက်သည်ဟု ထင်စရာဖြစ်နိုင်သည်။

ပြိုင်ပွဲပြီးသွားတဲ့အထိ စောင့်ပြီးမှ သူ့ချစ်သူကို ရှာရုံပဲရှိတော့သည်လို့ တွေးမိတော့ ကျူးယွင်ရှန့် ဝမ်းနည်းသွားပြီး စိတ်ဓာတ်ကျသွားသဖြင့် ခေါင်းငုံ့ကာ သူ့ခြေထောက်တွေကိုသာ စိုက်ကြည့်နေမိသည်။

Romeo ရဲ့ မျက်ဝန်းပြာပြာတွေက သူ့ကို မျက်တောင်မခတ်စိုက်ကြည့်နေတော့  Gustav  တစ်ကိုယ်လုံး အပူချိန်တွေ မြင့်တက်လာသလို ခံစားလိုက်ရသည်။ Romeo ရဲ့ သဘောကျ သော အကြည့်ကြောင့် ပျော်ရွှင်သွားပြီး အလိုလျောက် သူရဲ့ တောင့်တင်းခိုင်မာကိုယ်လုံးကိုယ်ပေါက်နဲ့ ဆွဲဆောင်မှုရှိတဲ့ပုံကို  ပိုပေါ်လွင်အောင် ခန္ဓာကိုယ်ကို မတ်မတ်ရပ်လိုက်သည်။

ဒါပေမယ့် မကြာခင်မှာပဲ ဆယ်ကျော်သက်လေးက သက်ပြင်းချရင်း ခေါင်းငုံ့သွားသဖြင့် Gustav  တစ်ယောက်က ဒီကောင်လေးရဲ့ရင်ထဲ   Hayden နေရာယူထားတာကြောင့် ပိုကောင်းတဲ့လူကို တွေ့တာတောင် သူ့ကို မကြည့်တာ ဖြစ်ရမည်ဟု တွေးလိုက်မိသည်။ Gustav သည် မျက်မှောင်ကြုံလိုက်ပြီး  ဒေါသထွက်သွားသည်။ သူJeffrey ကို တစ်ချက်ကြည့်လိုက်ပြီး ဒီနေ့ ယှဉ်ပြိုင်ခြင်းကို စတင်ရန် အချက်ပြလိုက်သည်။

လူသစ်တွေကို လုံးဝ ပြီးပြည့်စုံတဲ့မော်ဒယ်တစ်ယောက်ဖြစ်လာရန် Jeffrey က လေ့ကျင့်ခန်းအမျိုးမျိုးပေးပြီး လေ့ကျင့်မှုတွေအရ သူတို့ ဘယ်လောက်လိုက်လုပ်နိုင်သလဲဆိုတာ စမ်းသပ်မှုလေးတွေကို လုပ်ပေးရသည်။ ပြိုင်ပွဲဝင်တွေ လေ့ကျင့်မှု ပြီးသွားပြီဖြစ်လို့ ဒီနေ့ ယှဉ်ပြိုင်ရမှာက သူတို့ရဲ့ခန္ဓာကိုယ်ကို အသုံးပြုပြီး တူအောင် အတုခိုးလုပ်ဆောင်ရမှာဖြစ်သည်။

ပြိုင်ပွဲဝင်များသည် အလုံပိတ်ထားသောပုံးထဲမှ ကတ်ကို နှိုက်ယူရပြီး ထိုကတ်ထဲမှာပါတဲ့ တိရစ္ဆာန်ပုံကို အတုခိုးလုပ်ရမှာ ဖြစ်သည်။ တိရစ္ဆာန်နဲ့လည်း တူရမယ့် အပြင် မော်ဒယ်တစ်ယောက်ရဲ့ ဖက်ရှင်ကျကျ အနေအထားလည်း ဖြစ်ရမည်။ ဒီစမ်းသပ်ချက်က လွယ်မယောင်နှင့် ခက်ခဲပြီး သူတို့အရည်ချင်းကို အမြန်ဆုံးသိနိုင်သည့် စာမေးပွဲဖြစ်သည်။

ကိုယ့်ရဲ့ မော်ဒယ်တစ်ယောက်လို ပုံစံကို လုပ်နိုင်ပြီး ဘယ် တိရစ္ဆာန်ကို အတုခိုးပြီးသရုပ်ပြနေတယ်ဆိုတာ ဒိုင်တွေ မသိနိုင်ရင်၊ တိရစ္ဆာန်ပုံစံကို တုပနိုင်ပေမယ့် မော်ဒယ်တစ်ယောက်ရဲ့ ဖက်ရှင်အမြင်နဲ့ ခံစားမှု၊ သရုပ်ပြမှုကို ဆုံးရှုံးသွားရင် ပြိုင်ပွဲမှာ ကျရှုံးမှာဖြစ်သည်။
အဲဒါကြောင့် အဓိကအချက်က တိရစ္ဆာန်ရဲ့ပုံစံကို တုပရရုံသာမက
ဒီအကောင်လေးရဲ့လှပမှုကိုလည်း တုပရမှာဖြစ်သည်။ ဒါကြောင့် ကိုယ်နှိုက်လိုက်ရလာသည့် ကဒ်က အသက်ဖြစ်သည်။ တကယ်လို့ကိုယ်က ဂေါ်ရီလာမျောက်ဝံကို ရလို့ ခန္ဓာကိုယ်ကို ကိုင်းပြီး ရင်မော့ကာ ရင်ဘတ်ကို ထုနှက်နေရမယ်ဆိုရင် အနိုင်ရဖို့အခွင့်အရေးက တော်တော်နည်းသွားမှာသေချာသည်။

ကံကောင်းစွာနှင့် ဒီစီစဉ်ရေးအဖွဲ့က မရက်စက်ပဲ  ကဒ်အားလုံးတွင် ချစ်စရာကောင်းသော တိရစ္ဆာန်လေးများသာ ထည့်သွင်းထားသည်။

Ivana သည် မြွေကဒ်ကို နှိုက်မိပြီးနောက် သူမခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ် လှဲချလိုက်ပြီး ပျော့ပြောင်းစွာနှင့်  ရစ်ဝဲကာ တွန့်လိမ်အောင် လိုက်တော့ကြောင့် Miss Jeffrey နှင့် ဧည့်ဒိုင်လူကြီးရဲ့ ချီးမွမ်းခြင်း ခံလိုက်ရသည်။ သူတို့သည် Ivana ရဲ့ အယောင်ဆောင်တုပခြင်းကို ချက်ချင်း ခန့်မှန်းမိကြသည်။ Hayden က ခြင်္သေ့ကို နှိုက်မိပြီးနောက်  သူက သတ္တိရှိရှိဖြင့် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ရွှေရောင်ဆံပင်တွေကို ခါရမ်းကာ ခြင်္သေ့တစ်ကောင်လို ဟိန်းဟောက်လိုက်သည်။

" မင်း အယောင်ဆောင်ချိန်မှာ အသံထွက်လို့ မရဘူး။ မင်းရဲ့ခန္ဓာကိုယ်ကိုပဲ အသုံးပြုရမှာဖြစ်တယ်။ လျှောက်လမ်းမှာ ဘယ်မော်ဒယ်က စူးစူးဝါးဝါးအော်ဟစ်နေတာ မင်း မြင်ဖူးသလဲ "

ဘေးပေါက်နားတွင် တိတ်တဆိတ် ရပ် ကြည့်နေသော Gustav က တင်းမာတဲ့လေသံဖြင့် ရုတ်တရက်ဝင်ပြောလိုက်သည်။

Hayden ရဲ့မျက်နှာက ဖျော့တော့သွားပေမယ့် အရင်ကဝန်ထမ်းတွေအပေါ် လုပ်ခဲ့သလို ဒေါသထွက်သည့်ပုံစံ မလုပ်ပြရဲပေ။ Gustav ကို စော်ကားဖို့ သူ ဘာမှ မတတ်နိုင်ပေ။ သူ့မိဘတွေနဲ့ Brown မိသားစုတစ်ခုလုံးတောင်  Gustav ကို ရန်မစရဲမှတော့ သူ့လို ပြစ်မှုမှတ်တမ်းရှိထားတဲ့ ပြိုင်ပွဲဝင်အနေနဲ့ Gustav  ကို ပိုလို့တောင် အပြစ်မလုပ်ရဲပေ။


" Oh... no ... ငါတို့တွေ ပေါ့ဆသွားမိတာပါ။ သူတို့ကို အသံထွက်လို့မရတဲ့အကြောင့် ခပ်စောစောထဲက ရှင်းပြထားရမှာ။ "

Miss Jeffrey နှင့် ဧည့်ဒိုင်လူကြီးတို့က အမြန် မတ်တပ်ရပ်ရင်း အခြေအနေကို ဝင်ထိန်းသိမ်းလိုက်သည်။ သူတို့က နောက်ပြိုင်ပွဲဝင်များကို တိရစ္ဆာန်တွေရဲ့အသံ ပြုလုပ်ခွင့် မပေးကြောင်း ရှင်းလင်းပြောကြားလိုက်ပြီး Hayden ကို နောက်ထပ်တစ်ကတ် ထပ်နှိုက်ခွင့်ပေးလိုက်သည်။

Hayden သည် ကတ်ကို မှန်မမှန်စစ်ဆေးပေးရန် ကင်မရာဆီသို့ ထောင်ပြလိုက်ပြီး ပုံပျက်အောင် ချေမွကာ ဒေါသတကြီး အဝေးသို့ ပစ်ပေါက်လိုက်ပြီး သူရဲ့ မာနကြီး မောက်မာသော ပုံစံအမှန် စတင်ထွက်ပေါ်လာပြီဖြစ်သည်။

Emily က ငန်းကိုနှိုက်မိပြီးနောက် bar မှာ အကသမားဖြစ်ခဲ့တာကြောင့် သူမရဲ့အကအရည်အချင်းက အလွန်ကောင်းမွန်သည်။ သူမ ခြေဖျားထောက်ပြီး ရေကန်ထဲက လှပတဲ့ငန်းလေးလို ခုန်ပျံပြလိုက်သောကြောင့် ပြိုင်ပွဲဝင်အားလုံးရဲ့ လက်ခုပ်သြဘာသံနှင့် ဒိုင်များရဲ့  ချီးမွမ်းခြင်းကို ရလိုက်သည်။ သူမ စတိတ်စင်မှ ဆင်းသည့်အချိန်တွင် မျှော်လင့်ချက်မျက်လုံးဖြင့် Gustav ထံ ဖျတ်ခနဲ့လှမ်းကြည့်လိုက်သည်။

ကြင်နာပြီး နှိမ့်ချတတ်တဲ့ Gustav က အထက်စီးဆန်တဲ့ Hayden ထက် ပိုကောင်းသည်။ မိသားစုနှစ်စုကလည်း နှိုင်းယှဉ်လို့တောင် မရနိုင်အောင် ကွာခြားသေးသည်။ ဒါကြောင့် ဓါတ်ပုံရိုက်ကွင်းတိုင်းကို Gustav ကိုယ်တိုင် စီမံကွပ်ကဲမည်ဖြစ်သောကြောင့် ဒီလူကြီးရဲ့အာရုံကို ဆွဲဆောင်ဖို့ အခွင့်အရေးတွေ အများကြီးရှိသည်ဟု တွက်လိုက်ပြီး  Emily ဂုဏ်ယူစွာဖြင့် ပြုံးလိုက်သည်။

ကျူးယွင်ရှန့်သည် ကဒ်ကို မှန်မမှန်စစ်ဆေးပေးရန် ကင်မရာရှေ့ ပြလိုက်တော့ သူ့ကဒ်က  နားရွက်ကုပ်ကြောင်ကလေးဖြစ်နေသည်။

ဘာလဲ? ချီတာကျားသစ်၊ ခြင်္သေ့ ၊ စပါးအုံးမြွေ နဲ့ ငန်း တွေကြားထဲ ဒါကို ထည့်ထားတာ ရယ်စရာကောင်းသည် ထင်ပြီး တခုခု လွဲနေပြီဆိုတာ သူ ခံစားမိလိုက်ရသည်။


သူက ကတ်ကို စိုက်ကြည့်ပြီး မယုံနိုင်တဲ့အမူအရာပေါ်နေသည်။ သူ့ကို ရိုက်ကူးနေသော ကင်မရာသမားက  ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရသည်။ အတုခိုးလုပ်စရာမလိုပဲ ဒီအတိုင်းလေးနေလိုက်ရုံနဲ့ကို သူက ချစ်စရာကြောင်လေးနဲ့ တူသွားမယ်ဆိုတာ ကောင်လေးကို ပြောပြချင်စိတ်ပေါက်သွားမိသည်။

ကျူးယွင်ရှန့်သည် သူ့လက်တွေကို အထပ်ထပ် ဆေးကြော သန့်ရှင်းပြီးနောက် စတိတ်စင်ပေါ် ဖြည်းညင်းစွာ တက်သွားသည်။

ပျင်းရိနေသော Gustav သည် ချက်ချင်း ကိုယ်က မတ်ခနဲ ဖြစ်သွားပြီး စတိတ်စင်ပေါ် စိုက်ကြည့်နေသည်။

ကြောင်လေး.... ငါထည့်ထားတဲ့ကတ်ကို နှိုက်မိတာလား? သူဘယ်လို သရုပ်ဆောင်မလဲ?

စိတ်အားထက်သန်စွာ မျှော်လင့်စောင့်စားခြင်းကို  Gustav မကြုံရတာ အချိန်အတော်ကြာနေပြီ။

ပြိုင်ပွဲဝင်တွေလှုပ်ရှားရ လွယ်ကူစေရန် စတိတ်စင်အလယ်တွင် အမွေးပွ သိုးမွှေးကော်ဇောဖြင့် ဖုံးအုပ်ထားသည်။ ကျူးယွင်ရှန့်သည် သူ့ခြေထောက်ပေါ် ထိုင်ပြီး ညာလက်ကို မြှောက်ကာ ပန်းရောင်လျှာလေးနှင့် နို့နှစ်ရောင် သူ့လက်ချောင်းတွေကို တဖြည်းဖြည်းချင်း လျက်လိုက်ပြီး ဒီလက်ဖျားထိပ်တွေနဲ့ ရှုပ်ထွေးနေတဲ့ဆံပင်အခွေတွေကို ဖီးသင်လိုက်သည်။ ပြီးတော့ ကြောင်ကလေးလို ကြမ်းပြင်ပေါ် လဲချပြီး နောက်ကျောကို ကုံးကာ ခါးကို ဆွဲဆန့်လိုက်သည်။ သူ့နှုတ်ခမ်းတွေကို ဖွင့်ဟပြီး သမ်းဝေကာ ချွန်ထက်သေးငယ်သော သွားစွယ်တွေကို ပြသလိုက်သည်။

သူက သိုးမွှေးကော်ဇောပေါ်တွင် ကိုယ်ကိုယ် ပူးကပ်ကွေးညွတ်လိုက်ပြီး  နောက်တစ်ကြိမ် သမ်းဝေကာ အိပ်ချင်မူးတူးနဲ့ မျက်ရည်တွေနဲ့ စွတ်စိုနေသည့်  မျက်ဝန်းပြာလေးကို မှိတ်လိုက်သည်။

ယခုအချိန်တွင် သူက သူ့သခင်  ဝယ်ထားပေးထားသည့် အဖိုးတန်ကောဇောပေါ်တွင် အိပ်ဖို့ပြင်ဆင်နေသော ပျင်းရိသည့် ကြောင်လေးအသွင်ဖြစ်နေသည်။ သူ့ခေါင်းလေးကို လက်မောင်းကြား နှစ်ထားပြီး  မျက်လုံးတွေက သိမ်မွေ့စွာမှေးမှိတ်နေပုံက အရမ်းကို အသည်းယားစရာ၊ ချစ်စရာ ကောင်းလွန်းလှသဖြင့် ပြိုင်ပွဲဝင်တွေနှင့် ဒိုင်လူကြီးတွေပါ ငေးကြည့်နေကြသည်။

Gustav သည် သူ့ဖုန်းကို ကောက်ကိုင်ကာ စင်ပေါ်က ဆယ်ကျော်သက်ဆီ ချိန်ရွယ်ရိုက်ကူးလိုက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် တံခါးဆီ အမြန်လျှောက်သွားလိုက်သည်။ ချောင်ကျသော ထောင့်မှာ တိတ်တဆိတ် ရပ်ရင်း ကဆုန်ပေါက်နေတဲ့ ရင်ဘတ်ကို ဖိရင်း  စိတ်လှုပ်ရှားပျော်ရွှင်လွန်းလို့ မျက်နှာနီရဲနေသည်။

Oh, My God ! သူ့လောက်ချစ်စရာကောင်းတဲ့ကောင်လေး ကမ္ဘာပေါ်မှာ မရှိနိုင်တော့ဘူး ! Rooney  ထက် အဆပေါင်းများစွာ ပိုချစ်စရာကောင်းလွန်းတယ်! ငါထည့်လိုက်တဲ့ ကတ်ကို နှိုက်မိတာကိုက ငါတို့မှာ ထူးခြားဆက်နွယ်နေတဲ့ ကံကြမ္မာရှိနေသလိုပဲ !

Gustav သည် နံရံကို စိတ်လှုပ်ရှားစွာ တဒုန်းဒုန်းထုပြီး ပေါက်ကွဲမတတ်ခုန်နေတဲ့ နှလုံးကို ပုံမှန်ဖြစ်အောင် မနည်းထိန်းနေရသည်။

သူမှာ သွားစွယ်လေးတွေတောင်ရှိတယ်။  အရမ်းမိုက်တယ်ကွာ။ သူ့ဆီကိုပြေးသွားပြီး ငါ့လက်မောင်းကြား ပွေ့ဖက်ထားပြီး အးပါးတရနမ်းရှိုက်ပြီး တသက်လုံးအပိုင်သိမ်းထားလိုက်ချင်တယ် ။ အဲ့ဒီအခါ သူလေးက သူ့လျှာလေး ထုတ်ပြီး ငါ့လက်ချောင်းလေးတွေကို လျက်မလား။  ဒါမှမဟုတ် သူ့သွားလေးနဲ့ ခပ်ဖွဖွလေး လှမ်းကိုက်လိုက်မလား.... အား............ ဘယ်လောက် ချစ်စရာကောင်းလိုက်မလဲကွာ!

Gustav သည် စိတ်ကူးယဉ်ပြီး စတူဒီယိုဆီ ပြန်လျှောက်လာရင်း အရမ်းကိုတပ်မက်ဖွယ်ဖြစ်နေတဲ့ ကောင်လေးကို လှမ်းကြည့်ပြီး ဟန်မပျက်မပြန်နေလိုက်သည်။


ဒိုင်လူကြီးများက ပြိုင်ပွဲရဲ့ရလဒ်ကို ကြေညာလိုက်သည်။

" ဒီကစားပွဲရဲ့အနိုင်ရသူကို Romeo လို့ ငါတို့
သတ်မှတ်လိုက်တယ်။ ကြောင်လေးတစ်ကောင်အဖြစ် အတုခိုးလုပ်ပြပုံက တူလွန်းလို့ အိမ်ကို ခေါ်သွားချင်စိတ်ကို မထိန်းနိုင်တော့ဘူး။ ကလေး... မင်း နားရွက်ကုပ်ကြောင်လေး ပိုင်ဆိုင်ထား တယ်မလား။ "

Jeffrey  အရွှန်းဖောက်ရင်း  ကောင်လေးကို ပွေ့ဖက်ရန် လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။  ဒီအပိုင်းကို ထုတ်လွှင့်လိုက်ရင် ကြောင်ချစ်တဲ့ ပရိသတ်တွေက ကောင်လေးရဲ့အမာခံပရိသတ်ဖြစ်လာဖို့ သေချာသည်။

Romeo သည် ရှက်ကိုးရှက်ကန်း ပြုံးလိုက်ကာ သွားရောက် အပွေ့ခံလိုက်သည်။ ပါးပြင်ရဲရဲလေးနဲ့  တောက်ပနေတဲ့ မျက်ဝန်းပြာလေးတွေကို ကင်မရာသမားက အဓိကထားပြီး  အနီးကပ် ဆွဲရိုက်လိုက်သည်။

Gustav သည် ပွေ့ဖက်နေတဲ့လူတွေကြား အချိန်မှီ ဝင်ရောလိုက်ပြီး ခေါင်းတစ်ဝက်လောက်နိမ်တဲ့ ကောင်လေးကို  လက်မောင်းကြား ဆွဲ ဖက်ကာ စိတ်မပါစွာဖြင့် ပြန်လွှတ်ပေးလိုက်ရသည်။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі