Arc 3.2
အခန်း(၂၃) ရှမ်းရိပင်းဘဝ
ရှမ်းရိပင်းသည်ရှမ်းအိမ်၏တစ်ဦးတည်းသောဖြစ်ပြီး အရမ်းအချစ်ခံရသည်။ သူ့ရဲ့အဝတ်အစား၊ အစားအသောက်အားလုံးက အကောင်းဆုံးတွေချည်း။ ကျိူးယွင်ရှန့်ရှမ်းအိမ်ကိုပြန်ရောက်ပြီးတော့ သူရက်နည်းနည်းနားလိုက်ရပြီး ရုတ်တရက်တစ်နေ့မှာတော့ ရဲမတ်တွေရောက်ချလာပြီး အကျဉ်းထောင်ထဲရောက်သွားလေသည်။
ရှမ်းသခင်ကြီးဟာ မင်းကြီးနဲ့နီးကပ်သည့်နေရာတွင်အမှုထမ်းရတာကြောင့်မေးခွန်းကိုကြည့်ခွင့်ရှိသည်။ ထျန်းချန်မင်းကြီးက သူ့ကိုမေးခွန်ထုတ်ရောင်းသူဟုသံသယဝင်နေသည်။
သားအဖနှစ်ယောက်သား အနံ့ ဆိုးပြီးစုတ်ပျက်နေသည့်ထောင်ထဲတွင်အပိတ်ခံထားရသည်။ ရှမ်းဟွိုက်၏ မျက်လုံးတို့သေနေပြီး လူကလည်း ငူငူငိုင်ငိုင်ဖြစ်နေသည်။
"အမေ သားတို့ကိုဘယ်တော့ညစာလာပို့မှာလဲမသိ။ ကျွန်တော်ရတနာရှစ်သွယ်ဘဲကင်မစားရတာတောင်ကြာပြီ''ကျိူးယွင်ရှန့်ကပါးစပ်ထဲမှာကောက်ရိုးတစ်မျှင်ကိုက်ထားပြီး အရိုက်ခံထားရသည်တင်ပါးလုံးလုံးလေးကိုပွတ်ချေနေသည်။တော်သေးတာက သူကမ္ဘာအသစ်တစ်ခုရောက်တိုင်း ခန္ဓာကိုယ်စွမ်းအင်ကိုပြင်ထားတတ်လို့ပေါ့။ မဟုတ်ရင်အတွင်းကြေဒဏ်ရာရနိုင်သည်။ 15
ရှမ်းသခင်ကြီးက အခုထိအလုပ်ထုတ်မခံရသေးပဲ အမတ်အဖြစ်ရှိသေးတာကြောင့်အရိုက်မခံရပေ။ ဒါပေမယ့်လို့ သူ့ရင်ထဲမှာတော့ အဆတစ်ရာနာကျင်နေရသည်။ သူ သူ့သားရဲ့နားရွက်ကို ဆွဲလိုက်ပြီး ''အသုံးမကျတဲ့ကလေး ။ မင်းကအခုစားချင်သောက်ချင်စိတ်ရှိသေးတယ်ပေါ့။ မင်းအဖြေကိုဖြေပေးတဲ့ လူကိုမြန်မြန်ပြောပြလိုက်။ ဒါဆို ငါတို့ထပ်ပြီးအနှိပ်စက်မခံရတော့ဘူး'' 1
"အဲ့တာ သားကိုယ်တိုင်ရေးထားတာကို ဘယ်သူကိုခေါ်ထုတ်ပြရမှာလဲ'' ကျိူးယွင်ရှန့်နားရွက်ကို ပြန်ကိုင်ထားပြီး သူ့အဖေကို အဖေမှားမယ်နော်ဆိုတဲ့အကြည့်နဲ့ပြန်ကြည့်လိုက်သည်။ 1
ရှမ်းသခင်ကြီးက အခုထိဝန်မခံသေးတဲ့သူ့သာကိုပိုစိတ်ဆိုးလာပြီး လက်သီးဝေ့ရမ်းကို သူ့သားကိုထုနှက်တော့သည်။
ထိုအချိန်၌ ရှမ်းသခင်မကြီးက သူမသမီးကို သတ္တမမင်းသား အိမ်တော်မှာသွားလည်သည်။
"အမေပြန်ပါတော့။ အခုကျွန်မက မြစ်ထဲကရွံ့လောက်တောင်တန်ဖိုးမရှိတော့ပါဘူး။ ကျွန်မကိုယ့်ကိုယ်ကိုတောင်မ မစနိုင်တာ ဘယ်လိုလုပ်အဖေနဲ့အစ်ကိုကို ကယ်နိုင်ပါ့မလဲ။ ကျွန်မလူလွှတ်ပြီး မင်းသားကိုတွေ့ခွင့်တောင်းပါသေးတယ်။ ဒါပေမယ့်မင်းသားက ကျွန်မကိုမတွေ့ချင်ဘူး။ မိဖုရားခေါင်ကြီးကလည်း ကျွန်မကိုအပြစ်တင်နေတယ်။ အခုကျွန်မ အခန်းထဲကအပြင်မထွက်ဖို့ တားမြစ်ခံထားရတယ်။ ကျွန်မလွှတ်မြောက်နိုင်မယ့်နေ့တွေ ဘယ်ဆီဘယ်ဝယ်မှာမှန်းမသိပါဘူး အမေရယ်'' ရှမ်းချောင်တန်မျက်ရည်လည်ရွှဲဖြင့်ပြောလေသည်။ 1
ရှမ်းသခင်မကြီးက လန့်သွားပြီး ခဏအကြာမှာသက်ပြင်းချသည်။ ''သတ္တမ မင်းသားက ရပ်ကြည့်ဖို့ဆုံးဖြတ်ထားတာလား။ ညည်း အစ်ကိုရဲ့ဘဝကလည်းမျှော်လင့်ချက်မရှိတော့ဘူး ညည်းအဖေရဲ့နံမည်ကလည်းပျက်ပြီ။ အခုရှမ်းအိမ်ကအသုံးမဝင်တော့ဘူး။ သမီး မင်းမှာကလေးလည်းမရှိ အချစ်လည်းမခံရတော့ရှေ့လျှောက်ဘယ်လိုလုပ်မလဲ။ ဒီလိုဖြစ်မယ်မှန်းကြိုသိရင်အမေ မင်းကို သာမန်ဘဝလေးမှာပဲနေခိုင်းပါတယ်သမီးရယ်''
သားအမိနှစ်ယောက်ဆို့ဆို့နင့်နင့်ငိုကြွေးကြလေသည်။
အနောက်ဖက်ဝန်းမှာ ရှဲ့ယွိရိုက အစေခံပြန်ပြောပြသည့်သူတို့စကားများကိုနားထောင်ပြီးလှောင်ရယ်လိုက်သည်၊ ''ရှမ်းအိမ်ပြိုလဲပြီ။ ရှမ်းချောင်တန်ဘာတတ်နိုင်အုန်းမှာလဲ။ မိုးခါးရေသောက်ရမယ့်နေ့တွေ စတင်တော့မယ်ဖြည်းဖြည်းချင်း ခံစားကြည့်အုန်းပေါ့။
သစ္စာရှိ အစေခံတွေလည်း သူတို့သခင်မနဲ့အတူလိုက်ပြုံးပြီး ဘာမှမကြားသလိုနေလိုက်ကြသည်။
သတ္တမ မင်းသားက အခန်းထဲသို့ဝင်လာပြီး ကုတင်ပေါ်မှ ပြစ်မျိူးမှဲ့မထင်အလှလေးကို မြင်သည်နှင့်မပြောင်းလဲတတ်သည့်မျက်လုံးတို့က ပြုံးယောင်သန်း လာသည်။
"ရှန့်ကုန်း ၊ ရှမ်းဖူးရန်လာတာ ရှင်...'' ရှဲ့ယွိရို က ကြင်နာပြီးစိတ်ကောင်းရှိသည့်ပုံ ဟန်ဆောင်ပြီး မင်းသားကိုအသနားခံသည်။
"ထပ်မပြောနဲ့တော့ ။ ခမည်းတော်ကအခုစိတ်ဆုံးဖြတ်ပြီးပြီ။ ဘယ်သူမှသူ့ကိုဖျောင်းဖျ လို့ရမှာမဟုတ်ဘူး။ ကိုယ်တော်လည်း ရှမ်းအိမ်အတွက်ဆုတောင်းပေးရုံပဲတတ်နိုင်တယ်'' သတ္တမ မင်းသားကအေးစက်စွာပြောလိုက်သည်။ သူက ပါးနပ်သူဖြစ်တာကြောင့်ရှမ်းရိပင်း ရဲ့ ဘဝကမျှော်လင့်ချက်မရှိသလို ရှမ်းဟွိုက်၏ ဂုဏ်သတင်းကလည်းပျက်စီးပြီဆိုတာသိသည်။ ဒါကြောင့်ရှမ်းမိသားစုအတွက်တိုက်ခိုက်ပေးရန်မထိုက်တန်ပေ။
ရှဲ့ယွိရို ထပ်ပြီးမတောင်းပန်တော့ ဝတ်ရုံစနဲ့နှုတ်ခမ်းကိုကွယ်ပြီး ပြုံးလိုက်သည်။
ရှမ်းသခင်မကြီးက သတ္တမ မင်းသားအိမ်တော်ကပြန်လာတော့ သူ့သားနဲ့ခင်ပွန်းအတွက်ရတနာရှစ်သွယ်ဘဲကင်ကိုယူသွားပေးသည်။ မိသားစုသုံးယောက်သား တိတ်ဆိတ်စွာ ထိုင်နေကြသည်။
"ကျူပ်တို့ မိသားစုက သတ္တမ မင်းသားရဲ့ စွန့်ပစ်တာကိုခံလိုက်ရပြီပေါ့'' ရှမ်းသခင်ကြီးက သက်ပြင်းချလိုက်သည်။
ရှမ်းသခင်မကြီးကခေါင်းညိမ့်ပြီး မျက်ရည်များကျလာလေသည်။
ကျိူးယွင်ရှန့်ကတော့ ထမင်းခွက်ထဲခေါင်းစိုက်နေသည်။ ဘဲခြေထောက်တစ်ချောင်းကို ကိုက်လို့ပြီးတော့မှ ထပြောသည်၊ ''သူကအခုတော်ဝင်ကိုယ်လုပ်တော်ရှဲ့ ကိုပဲ မြတ်နိုးနေတာ။ ညီမလေးက အဖယ်ခံထားရတာကြာပြီ။ သူ ကျွန်တော်တို့အိမ်ကိုပစ်ထားမှာတော့နောက်ကျွန်တော်တို့လည်းသူ့ကိုမကူတော့ဘူး။ ဒါဆို ရှဲ့မျိူးနွယ်ကို သွယ်ဝိုက်ကူညီရာမရောက်တော့ဘူး။'' 1
သူကအသံကိုနှိမ့်လိုက်ပြီး ''အဖေ ၊ ကျွန်တော်တို့ အခြားတစ်ယောက်အပေါ်လောင်းကြေးထပ်ရင်ကော''
ရှမ်းသခင်ကြီးရဲ့ မုတ်ဆိတ်မွှေးတွေတုန်ရီလာပြီး လက်တစ်ဖက်က လက်ထဲက ထမင်းပန်းကန်လုံးကို တင်းတင်းဆုပ်ထားမိသည်။ ''ဘာလောင်းကြေးထပ်တာလဲ။ ငါတို့အသက်တွေတောင်မသေချာတော့တာ ။ မင်းကလောင်းကြေးထပ်ချင်သေးတယ်။ ငါတော့ မင်းဘယ်က သတ္တိတွေရလားသလဲမသိတော့ဘူး''
ကျိူးယွင်ရှန့်သူ့အဖေရဲ့အထုအထောင်းကနေ လွှတ်သွားပြီး ထမင်းလုံးကပ်နေတဲ့ မျက်နှာနဲ့ပြောလိုက်သည်။ ''ကျွန်တော်ပေးမယ်။ ကျွန်တော်စာရေးသူကဘယ်သူလဲပြောပေးမယ်။ ဒါပေမယ့်ဒီမတိုင်ခင်မင်းကြီးနဲ့တွေ့ချင်တယ်။ မဟုတ်ရင်သတ်သေပစ်လိုက်မယ်''
မင်းကြီးက သူရေးထားတဲ့စာရဲ့ရေးသူအစစ်ကိုအပူတပြင်းသိချင်နေတာကြောင့်နေတိုင်းသူ့ကိုစစ်မေးသည်။ ဒါပေမယ့်လို့ ရှမ်းရိပင်း ကခေါင်းမာသည်။ တင်ပါးတွေစုတ်ပြတ်နေတာတောင်ဝန်မခံပေ။ ထိုကိစ္စကြောင့်တာ့လီနန်းဆောင်ဟာ အမြဲလိုမိုးမှောင်ကျနေတော့သည်။ အခုသူကဝန်ခံမယ်ဆိုမှ မင်းကြီးနဲ့တွေ့ပေးဖို့အမြန်စီစဉ်လိုက်သည်။ 2
အပြင်မှာ သူတို့ရောက်နေတာမြင်တော့ မင်းကြီးက လက်ကိုဝေ့ရမ်းပြီး အမြန်ရှေ့တော်သွင်းစေသည်။ သားအဖနှစ်ယောက်ကို မင်းကြီးဆွဲခေါ်လာလိုက်ကြသည်။ သူတို့လည်း မင်းကြီးကို အရိုအသေပေးပြီး...
"အဲ့လူက ဘယ်သူလဲ၊ ဘယ်မှာလဲ '' ထျန်းချန်မင်းကြီး ကမစောင့်နိုင်ပဲမေးလိုက်သည်။
"အရှင်မင်းကြီး ၊ အဲ့ဒီလူကအဝေးမှာမရှိပါဘူး။ အရှင်မင်းကြီး ရဲ့ရှေ့မှာပါပဲ'' ကျိူးယွင်ရှန့်၏ မျက်နှာတွင်ထမင်းလုံးများကပ်နေပြီး ဆံပင်တွေကလည်းစုတ်ဖွာနေတာကြောင့်ကြည့်လို့မကောင်းပေ။ 5
ထျန်းချန်မင်းကြီး မျက်နှာမှာမည်းမှောင်သွားတော့သည်။
ကျိူးယွင်ရှန့်ချက်ချင်းထပ်ပြီးပြောလိုက်သေးသည်''မင်းကြီးကိုလျှောက်တင်ပါတယ်။ ကျွန်တော်မျိူးဟာမွေးပြီး သုံးလအကြာမှာ စကားပြောနိုင်ခဲ့ပါတယ်။ သုံးနှစ်မှာ ကဗျာရွတ်နိုင်ပါပြီ။ ကျွန်တော်မျိူးဟာ ဖြတ်ထိုးဥာဏ်လည်းကောင်းသလို တစ်ခါကြည့်ရင်မမေ့နိုင်တဲ့မှတ်ဥာဏ်မျိူးလည်းပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်မျိူးက စာဖတ်ရတာကိုလည်းဝါသနာပါပါတယ်။ အဲ့ဒီအဖြေက ကျွန်တော်မျိူးလျှောက်တွေးမိပြီးရေးထားတာပါ။ မင်းကြီး အမှန်တရားကိုမြင်ပေးဖို့တောင်းဆိုပါတယ်'' 3
ရှမ်းရိပင်း ၏ ငယ်ဘဝကို ရှမ်းသခင်ကြီးလောက်ဘယ်သူမှသိမည်မဟုတ်။ အခုလိုသူသားလေတစ်လုံးမိုးတစ်လုံးပြောနေတာကြားရတော့ ချက်ချင်းပြေးပြီးပါးစပ်ကိုပိတ်ပစ်ချင်သည်။ ဒါပေမယ့်လို့ အမှုစစ်ရုံးခန်းမမှာဖြစ်နေပြီး မင်းကြီးလည်းရှိတာြေကာင့်လက်လွှတ်စပယ်မလုပ်ရဲပဲ ယားနေတဲ့လက်ကို ထိန်းထားရသည်။ 13
ထျန်းချန်မင်းကြီး က နားထောင်ပြီးရယ်လိုက်သည်။ ပြီးနောက်သူက 'ဟွိုက်နန်စစ်'ဆိုသည့်စာအုပ်ကို ပစ်ချလိုက်သည်။
" အမွှေးတိုင်တစ်တိုင်စာ အတွင်း ဒီစာအုပ်ကိုဖတ်ပြီး အလွတ်ပြန်ရွတ်ပြ။ တစ်လုံးမှားတာနဲ့မောင်မင်းအသေပဲ''
ရှမ်းသခင်ကြီးမှာချွေးများတောက်တောက်ကျလာသည်။ ကျိူးယွင်ရှန့်ကတော့ ရိုရိုသေသေပဲ ပြန်ဖြေလိုက်သည်။
"အရှင်မင်းကြီး ကျွန်တော်မျိူး အမွှေးတိုင်တစ်တိုင်စာမလိုပါဘူး။ အမွှေးတိုင်ပြာတစ်တို့စာဆို ရပါပြီ'' 3
[IC-ကိုယ်ဖတ်ဖူးတာ အမွှေးတိုင်တစ်တိုင်က၁၅မိနစ်ဝန်းကျင်ဆိုလား၊ပြာတစ်တို့က စက္ကန့်ပိုင်းလေး ၊ မိနစ်တွေကျရှေးခေတ်နဲ့မကိုက်လို့]
သူစာအုပ်ကို ယူပြီး တစ်ရွက်ချင်းစီလှန်ကြည့်လိုက်သည်။ ပြီးတော့ မိန်းမစိုးကိုပြန်ပေးလိုက်သည်။ အဲ့ဒီနောက်မျက်စိမှိတ်ပြီး အလွတ်စရွတ်သည်။ ထျန်းချန်မင်းကြီးက စာအုပ်ကို ကိုင်ပြီး မျက်နှာကအေးစက်နေရာက အထင်ကြီးသည့်ဖက်ကိုပြောင်းသွားသည်။ ပြီးတော့ မယုံကြည်နိုင်စွာနဲ့ပဲ...
"နေအုန်း စာမျက်မျက်နှာ ၇၆က တတိယအကြောင်းကနေစဆို''
ကျိူးယွင်ရှန့်ကမရပ်ပဲ မင်းကြီးပြောသည့်နေရာမှ တစ်လုံးမမှားပဲ ရွတ်လိုက်သည်။
"စာမျက်နှာ ၁၀၀၊ခြောက်ကြောင်းမြောက်''
"စာမျက်နှာ ၃၈ က ၇ကြောင်းမြောက်၊ တတိယစာလုံးကနေ စရွတ်''
ကျိူးယွင်ရှန့်ခေါင်းညိမ့်ပြီး မင်းကြီးပြောသည့်အတိုင်းရွတ်လိုက်သည်။ သူ့ဝိညာဉ်က အရမ်းကိုစွမ်းအားမြင့်ပေမယ့်လို့ သူ့ဦးနှောက်ကတော့ အဲ့လောက်ထိမကောင်းပေ။ ဒါပေမယ့်007ရဲ့ အစွမ်းကြောင်း အခုလိုသိနေခြင်းဖြစ်သည်။ တကယ်လို့ ထျန်းချန်မင်းကြီးက သူ့ကို ကျိူးမင်းဆက်ရဲ့ လူသိနည်းနဲ့ စာအုပ်ပေးဖတ်ရင်တောင်သူအလွတ်ရွတ်ပြနိုင်သည်။ 3
ထျန်းချန်မင်းကြီး မိန်းမောသွားပြီး အချိန်အတန်ကြာပြောစရာစကားမဲ့သွားသည်။ ပြီးတော့မှ အသိပြန်ဝင်လာပြီး ဒီစာအုပ်ကို အလွတ်ကျက်ထားလို့ အလွတ်ရတာဖြစ်နိုင်တာပဲ ဆိုတဲ့အတွေးနဲ့တော်ဝင်တက္ကသိုလ်ကလောလောလတ်လတ်အပြီးသတ်ထားတဲ့ အဘိဓာန်စာအုပ်ကိုသွားယူခိုင်းလိုက်သည်။
ထို အဘိဓာန်က ပြင်ပကိုမထုတ်ဝေရသေးပဲ စီစဉ်သူနဲ့မင်းကြီးသာမြင်ဖူးသည်။ အထဲမှာ စာလုံးရေးသောင်းချီ ရှိပြီး အခန်းများကြီးပါဝင်သည်။
"ကိုယ်တော်မောင်မင်းကိုနာရီဝက်အချိန်ပေးမယ်။ ဒီ အဘိဓာန်ကို ပြန်ရွတ်ပြ'' ဒီတစ်ခါမှာတော့ စာအုပ်ကိုမပစ်ချပဲ မိန်းမစိုးကနေတစ်ဆင့်ပေးလိုက်သည်။ သူ့လေသံဟာလည်းပျော့ပျောင်း စပြုလာပြီမို့ မင်းကြီးစိတ်ကြည်လာပြီလို့ပြောလို့ရသည်။
ရှမ်းသခင်ကြီးက ဒူးထောက်ရင်း သူ့နံဘေးက သားကိုဘယ်တုန်းကမှ မမြင်ခဲ့ဖူးသလိုငေးကြည့်နေလေသည်။ 4
ကျိူးယွင်ရှန့်ကခေါင်းညိမ့်ပြီး အမြန်ဆုံးနည်းနဲ့အဘိဓာန်ကို ဖတ်ပြီး ထျန်းချန်မင်းကြီးရှေ့မှာပဲ အလွတ်ပြန်ရွတ်ပြပြီး သူ့ရဲ့ မမေ့နိုင်တဲ့မှတ်ဥာဏ်အရည်အသွေးကိုပြလိုက်သည်။
ထျန်းချန်မင်းကြီး လုံးဝကျေနပ်သွားပြီး အချိန်အကြာကြီး စကားမပြောပဲတိတ်ဆိတ်နေမိသည်။ ပြီးတော့မှ
"မောင်မင်းမှာ ဒီလို အရည်အချင်း ရှိလျှက်နဲ့ ဘာလို့မေးခွန်းကိုဝယ်သေးလဲ။ အလကားမဖြစ်ဘူးလား''
ကျိူးယွင်ရှန့်အကူအကယ်မဲ့သည့်မျက်နှာထားနှင့်''မြင့်မြတ်လှသော အရှင်မင်းကြီး ။ ကျွန်တော်မျိူး ဟာမေးခွန်းစာရွက်ကိုဝယ်ရင်ကောင်းလို့အတွေးဝင်ခဲ့မိပါတယ်။ ပိုက်ဆံအများကြီးသုံးပြီးသွားခါမှ ကျွန်တော်မျိူး နားလည်သွားပါတယ်။ ဒီလိုဈေးကြီးပေးဝယ်ပြီး လူကိုလူလိမ်ဖြစ်သွားစေတယ်လို့ပေါ့။ ဒါကြောင့်တစ်ချက်ကြည့်ပြီး လွင့်ပစ်လိုက်ပါတယ်။ ကျွန်တော်မျိူး မိုက်မဲခဲ့မိပါတယ်ကျေးဇူးပြုပြီး မင်းကြီး ဂရုဏာထားခွင့်လွှတ်ပေးပါ။''
ထျန်းချန်မင်းကြီးကခေါင်းညိမ့်ပြီး ခဏစဉ်းစားလိုက်သည်။ ''မောင်မင်းရဲ့ အခွန်ဥပေဒေ နှစ်ခုက ပြီးပြည့်စုံတဲ့ဥပဒေမဟုတ်ဘူး။ ဘာကြောင့်လဲသိလား''
ကျိူးယွင်ရှန့်ပြန်ဖြေလိုက်သည်။ သူ့အမှုအရာကအပိုအလိုမရှိပေ။ ''အရှင်မင်းကြီး ကျွန်တော်မျိူး သိပါတယ်။ ဒါပေမယ့်အဖြေလွှာစာရွက်မှာနေရာမလောက်တာကြောင့်စာလုံးတွေအများကြီး ထပ်ရေးလို့မရတော့လို့ပါ။ အခွန်ဥပေဒေ ၂ခုမှ ချိူ့ယွင်းချက်လေးချက်ရှိပါတယ်။ ပထမ - ကာလရှည်အိမ်ထောင်စု ပြင်ဆင်ချက်။ အခွန်ဟာ ချမ်းသာသူကောဆင်းရဲသူအတွက်ပါ တာဝန်တစ်ခုပါ။ဒုတိယ ရုံးတော်ရဲ့ဘဏ္ဍာအတွက်အခွန်ငွေနှစ်ခုကို မတူညီတဲ့ပမာဏနဲ့ပေးဆောင်ရပါတယ်။ အခွန်ဆောင်ဖို့အတွက်လူတွေကပိုးထည်၊ကောက်နှံနဲ့ အခြားပစ္စည်းကိုရောင်းချကြရတယ်။ဒါကြောင့်သူတို့ဘဝမှာဝန်ထုပ်ဝန်ပိုးတွေများလာတယ်။ သုံး အခွန်ဥပေဒေ နှစ်ခုအောက်က ထပ်မံကောက်ခံတဲ့မြေအကောက်အခွန်။မြေအကောက်အခွန်ဟာ ပိုပြီးကျယ်ပြန့်လာပါလိမ့်မယ်ချမ်းသာသူတွေ....''
အခွန်ဥပဒေနှစ်ခုရဲ့ ယိုယွင်းနေတဲ့ အချက်တွေကိုပြင်ဆင်လျှောက်တင်ပြီး ပိုအကျိူးအကြောင်းသင့်သည့်အခွန်ပုံစံနှစ်ခုကို ပြန်လျှောက်တင်လိုက်သည်။ သူ့ရဲ့အတွေးတွေကို မင်းကြီးကော အမတ်တွေပါသဘောကျသွားကြသည်၊
"လာကြစမ်း ၊ ရှမ်းသားကြီးနဲ့ ရှမ်းအမတ်ကို ထိုင်စရာလုပ်ပေးလိုက်'' ထျန်းချန်မင်းကြီးက ကိုယ်တိုင်ကိုယ်ကျ ပလ္လင်ကဆင်းလာပြီး ရင်ပြင်ကလူနှစ်ဦးကိုထူမ,သည်။ သူမျက်နှာဟာလည်းနွေဦးပန်းနှယ်လန်းဆန်းနေ၏။ သူတို့ပညာရှိအစစ်ဖြစ်နေသ၍ သူ့ရဲ့အလေးပေးမှုကိုခံရမည်။ ရှမ်းရိပင်း ဟာ သူဘဝမှာ ရှားရှားပါးပါး မြင်ဖူးတဲ့ ပါရမီရှင်ပဲ။
ကျိူးယွင်ရှန့်ဖင်ကဒဏ်ရာရနေတာကြောင့်ထိုင်လိုက်နဲ့ရှုံ့ မဲ့သွားသည်။ မင်းကြီးလည်း သူ့ရဲ့မညှာတာမှုကို ပြန်တွေးပြီး သနားမိသွားသည်။ နှစ်ဦးသား စကားပြောရင်း အခွန်အကြောင်းကနေ ဟိုး နယ်စပ်စစ်ပွဲတွေထိရောက်သွားသည်။ ကျိူးယွင်ရှန့်ရဲ့ အပြောညှက်ညောမှုနဲ့ ထိမိတဲ့စကားတွေကြောင့်ထျန်းချန်မင်းကြီးက အရမ်းသဘောကျသွားပြီး နန်းတော်မှာခေါ်သိပ်ပြီး တစ်ညလုံးစကားပြောချင်သည့်အထိဖြစ်လာသည်။ 12
ရှမ်းသခင်ကြီးကတော့ လက်ဖက်ရည်ခွက်လေးကိုင်ပြီး မင်းကြီးနဲ့စကားကောင်းနေတဲ့ သူ့သားကိုသာငေးကြည့်နေမိသည်။ 9
နန်းတွင်းသူတွေ ညနေခင်းအတွက်ပြင်ဆင်နေကြတာ မြင်တော့မှ ထျန်းချန်မင်းကြီးလည်း သားအဖနှစ်ယောက်ဒဏ်ရာရထားပြီး ဆာနေကြမည်ကို သတိရသည်။ ဒါကြောင့်သမားတော်ကိုဆင့်ခေါ်ပြီး စားတော်ကဲတွေကို အမိန့်ပေးလိုက်သည်။ ဒဏ်ရာကိုဆေးထည့်ညစာစားပြီးတော့မှ မင်းကြီးကိုယ်တိုင်သားအဖနှစ်ယောက်ကို နန်းတော်တံခါးဝထိလိုက်ပို့သည်။ သူကရယ်မောရင်း ''ရိပင်း က တကယ်ကိုအရည်အချင်းရှိတယ်။မောင်မင်းဘာကြောင့်အခုလို အလေလိုက်လျှောက်သွားနေရလဲ''
ကျိူးယွင်ရှန့်ရှက်၍မျက်နှာနီသွားသည်။ သူဦးညွှတ်လိုက်ပြီး ''မင်းကြီး ဘာလို့ဆို ကျွန်တော်မျိူး ဖခင်ကအောင်မြင်ဖို့အရမ်းလောဘကြီးပါတယ်၊ တကယ်လို့သာ ကျွန်တော်တော်ကြောင်းသူသိရင်ကျွန်တော်ကိုကစားခွင့်ပေးတော့မှမဟုတ်သလို အခန်းပိတ်ပြီးတစ်နေ့လုံးစာလုပ်ခိုင်းနေမှာ။ ကျွန်တော်မျိူးဟာ လွတ်လွတ်လပ်လပ်နေရတာကိုနှစ်သက်ပါတယ်။ ဒါကြောင့်ဖုံးကွယ်ထားမိတာပါ''
ရှမ်းရိပင်းသည်၁၇နှစ်သာရှိသေးသည်။ မိဘတွေကြောင့်သူဟာအထက်တန်းစားဆန်သည့်ရုပ်ရည်မျိူးပိုင်ဆိုင်ထားသည်။ သူ့မျက်နှာဝိုင်းဝိုင်းလေးက ပန်းနုရောင်သန်းပြီး ဖြူစင်၍နှစ်လိုဖွယ်ကောင်းသည်။ ပါးပေါ်မှာ ထမင်းလုံးကပ်နေတာတောင်မှ ကြည့်ကောင်းဆဲပင်။ 12
ထျန်းချန်မင်းကြီး သူ့ကိုသေသေချာချာကြည့်မိသည်။ ကြာကြာကြည့်လေ သဘောကျရလေပင်။ ဒါကြောင့်ပါးပေါ်ကထမင်းစေ့လေးကို ကိုယ်တိုင်ဖယ်ပေးပြီး ရယ်မောရင်းပြောလိုက်သည်၊ ''မောင်မင်း တကယ်ကိုပိပိရိရိဖုံးကွယ်ထားနိုင်တာပဲ''
ကျိူးယွင်ရှန့်က ထပ်မံရှက်သွားသည့်ပုံလုပ်လိုက်ပြီး မင်းကြီးလည်း ထပ်မံရယ်မောလေသည်။ 12
သားအဖနှစ်ယောက်ရထားလုံးပေါ်တက်ပြီး နန်းရင်ပြင်ကနေထွက်ခွာချိန်မှာ ရှမ်းသခင်ကြီးက သတိပြန်ဝင်ပြီး သူ့လက်သီကို သူ့သားဆီတစ်ဖက်လွှဲလိုက်သည်။
"ငါ့ကြောင့်ဖုံးထားတယ်ပေါ့! ငါ့ကြောင့်ဖုံးထားတယ်ပေါ့။ထောင်ထဲမှာသေရေးရှင်ရေးမကြုံရင်မင်းတစ်သက်လုံးဖုံးထားဖို့ ကြံစည်ထားတာပေါ့။ ဟုတ်လား'' 13
ကျိူးယွင်ရှန့်ရယ်ပြီး သူ့အဖေကိုပြန်နောက်လိုက်သည်၊
"တကယ်ပဲ အဖေပဲသားအကြောင်းသိတယ်။ ကျွန်တော်မင်းမှုထမ်းမဖြစ်ချင်ဘူး။နေ့တိုင်းမှောင်မှောင်မည်းမည်း ရုံးတက်ပြီး အိုသေ သွားတာမျိူးမဖြစ်ချင်ဘူး''
ရှမ်းသခင်ကြီးက သူ့သားကို ထုနှက်နေတာရပ်လိုက်ပြီး ဒီအခြေအနေဟာ အရမ်းရယ်ရတယ်လို့တွေးမိတာကြောင့်ရယ်လိုက်သည်။ ''မင်းမဖြစ်ချင်လည်း မင်းကြီးကမင်းကိုအလွတ်ပေးမယ်ထင်လား။ ငါက ရှမ်းအိမ်အတွက်မျှော်လင့်ချက်မရှိတော့ဘူးထင်ထားတာ။ မသိခဲ့ဘူး ကျန်း! ငါဒီလောက်တော်တဲ့သားလေးမွေးထားမိတာပဲ။မှန်စမ်း.. သားအလိမ်မာလေး နာသွားလား'' 6
ကျိူးယွင်ရှန့်သူ့အဖေရဲ့ အသံချိူကြီးကြောင့်အန်ချင်တဲ့ပုံလုပ်ပြလိုက်သည်။ 9
~•~•~•~

Коментарі