Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 4.5
အခန်း(၃၅) လင်းချန်​စယ်​ဘဝ+

Translator - Mayhoney12

ကျိုးယွင့်ရှန်က Orlandoရဲ့ တောင်အော်မြောက်အော် အော်ဟစ်နေသံကြောင့် နားတောင်အူသွားတယ်။ သူရေမွှေးနံတွေ လေမှာမျောနေတာကို မြင်လိုက်တော့ လက်နဲ့လှမ်းဖမ်းယူလိုက်ပြီး ရှူ လိုက်တယ်။ သူဒီအနံ့ကို သဘောကျတဲ့ပုံနဲ့ အပြုံးတစ်ခုပေါ်လာတယ်။ ပြီးတော့ သူပွင့်ဖတ်နုနုလေးတွေ လက်တဆုပ်စာလောက်ယူကာ ညှစ်လိုက်တယ်။ သူပါးစပ်ဟပြီး သူ့လက်ချောင်းတွေက နီနီရဲရဲအရည်တွေကို စုပ်လိုက် လျှာဖျားလေးနဲ့ လျက်လိုက် လုပ်လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမူးသွားတိုင်း အမြဲရေငတ်သလို ဖြစ်တတ်တာကြောင့်မလို့။ မူးနေတဲ့နတ်သားလေးနဲ့ ရေမွှေးနံ့တို့က အတူတူရောစပ်သွားတယ်။ သူ့ခန္တာကိုယ်မှာ ပွင့်ဖတ်ရဲရဲလေးတွေ လွှမ်းနေတယ်။ ဒါကသူ့ကို လှပစေပင်မယ့်လည်း ချိုမြိန်ပြီး ဆွဲဆောင်မှုရှိတဲ့ပုံလေး ဖြစ်နေစေတယ်။1

Cameramanက ဇောချွေးတွေပြန်လာပြီး မျက်နှာတွေရဲတက်လာတယ်။ ဒါရိုက်တာနဲ့ ဝန်ထမ်းတွေက သူတို့လုပ်ရမယ့် တာဝန်တွေ မေ့သွားကာ လူငယ်လေးကို တငေးတမော ကြည့်နေကြတယ်။ ဒါပင်မယ့် Orlandoပါးစပ်ကတော့ အော်နေဆဲပဲ။2

"အဲ့အခန်းကျန်ခဲ့လို့မရဘူး အား!!! ပန်းရောင်လျှာလေးက ချစ်စရာလေး!!! . . . အား!!! သူလျက်လိုက်တဲ့ ပန်းရည်တွေကိုရိုက် . . . မျက်နှာလည်းပါအောင် အနီးကပ်ရိုက်ဦး . . .ပြီးတော့ ခြေဖျား. . . ခြေဖျားလေးတွေလည်းပြမှ....အား!! သူ့ပန်း​ရောင်​ခြေဖျား​လေး​တွေကအရမ်းချစ်​ဖို့​ကောင်းတာပဲ!!"19

ချောင်းမိုခွန်းက ဆေးလိပ်မီးကိုသတ်လိုက်ပြီး သည်းမခံနိုင်တော့စွာ အသံအက်ရှရှဩဩကြီးနဲ့ အော်တော့တယ်။

"Orlando ပါးစပ်ပိတ်ထားစမ်း!"
Orlandoက ချက်ချင်းပဲ သူ့ပါးစပ်ကို ဇစ်နဲ့ပိတ်လိုက်သလိုမျိုးလုပ်လိုက်ရတယ်။ကျိုးယွင့်ရှန်က ပွင့်ဖတ်တွေပေါ်မှာ ဒါရိုက်တာက 'ကဒ်' လို့မပြောမချင်း ဆက်လိမ့်နေရတာ ခေါင်းတောင်မူးနောက်နောက်ဖြစ်ချင်သွားသလိုပဲ။ နောက်ဆုံး ဒါရိုက်တာက...+

"နားလိုက်ပါဦး ငါတို့တွေ ပစ္စည်းတွေပြန်ညှိလိုက်ဦးမယ်"

သူသက်ပြင်းချလိုက်ကာ ရဲနေတဲ့မျက်လုံးပေါ်က ဆံပင်စလေးတွေကို သပ်တင်လိုက်တယ်။

"လင်းချန်စယ်"

နောက်က အသံဩဩတစ်သံ ထွက်လာတယ်။

"ချောင်းရှူရှူ"

ကျိုးယွင့်ရှန် ပြန်နှုတ်ဆက်လိုက်တယ်။

ချောင်းမို့ခွန်းက သူ့ကိုဒီလိုပြန်နှုတ်ဆက်လိမ့်မယ်လို့ မမျှော်လင့်မိတော့ သူ့အပြုံးက ခဏရပ်တန့်သွားတယ်။ ဒါ​ပေမယ့်လည်း ဒါနဲ့ပတ်သက်လို့ ဘာမှမပြောဘဲ လက်ကိုင်ပုဝါနဲ့ ကောင်လေးရဲ့ နှုတ်ခမ်းပေါ်က ပန်းရည်တွေကို ဖယ်ပေးလိုက်တယ်။

သူ့လက်ထောက်ကတော့ ယုမေလျန်ကို ကြည့်ကာ

"ရိုက်ကွင်းပြီးရင် ညစာစားပွဲရှိပါတယ်။ လာဖြစ်အောင်လာခဲ့ပါ။ ကျွန်တော်တို့ အရင်သွားနှင့်မယ်။ နောက်တွေ့ကြတာပေါ့"

ယုမေလျန်က မျက်နှာဖျော့ဖျော့နဲ့ ခေါင်းငြိမ့်လိုက်တယ်။ ဒီကြေညာက သူတို့companyအတွက် ရိုက်တာဆိုတော့ မသွားချင်လည်း သွားရတော့မှာပဲ။ ဒါကြောင့်အခု သူတို့က စည်းအပေါ်ရောက်နေပြီ။

"လင်းချန်စယ်ရေ အများကြီးမသောက်မိစေနဲ့နော်
သတိထားနေရမယ် ဟုတ်ပြီလား"

ကျိုးယွင့်ရှန်က သူမပြောတာကို စိတ်ထဲသိပ်မထားဘဲ

"ဟုတ်ကဲ့ ကျွန်တော်လည်း သိသင့်သလောက်သိပါတယ် အမရယ်"

ဒီအနုပညာအသိုင်းအဝန်းထဲကိုဝင်ရင် ဒါမျိုးတွေနဲ့ကြုံရမယ်ဆိုတာ သူကြိုသိပြီးသားပဲ။ ဒါ​ပေမယ့် သူမှာသူ့ကိုယ်သူကာကွယ်နိုင်စွမ်းရှိတော့ ဒါအတွက်ကို သိပ်စိတ်မပူတော့ဘူး။

ယုမေလျန်က သူ့ကိုဝိရောဓိဖြစ်စွာပဲ အကြံပေးတယ်။
"တကယ်လို့ သူ့ဆီက မလွတ်နိုင်တော့ရင် အကျိုးရှိအောင်တော့ လုပ်ခဲ့နော်။ ချောင်းမို့ခွန်းအကြောင်း ကြားဖူးတယ်မလား? လူတွေက အကြောင်းရှိလို့ ငါးမန်းဖြူကြီးလို့ ခေါ်ကြတာ။ သူသာစိတ်ကျေနပ်ရင် မင်းအနာဂတ်အတွက် အာမခံနိုင်မယ့် အကျိုးအမြတ်တွေဆိုတာက အများကြီးရယ်။ ကျန်းရီကျား ဆို သူနဲ့နေလိုက်ရတာ လဝက်တောင်မရှိ​ပေမယ့် အခုကမ္ဘာ့နာမည်ကြီးstar ဖြစ်နေပြီ။ ငါမင်းကို ချောက်ထဲတွန်းချနေတာ မဟုတ်ပင်မယ့် အခြေအနေက ငါတို့အပေါ်မူတည်နေပြီ။ သူ့သဘောအတိုင်း လနည်းနည်းလောက် နေပေးလိုက်ပါလား။ အဲ့ဒါမှ တစ်​သက်လုံးဒုက္ခရောက် မနေမှာ"1

ကျိုးယွင့်ရှန် ခေါင်းငြိမ့်လိုက်တယ်။ သူမရဲ့ သူ့အပေါ်ဂရုစိုက်မှုကိုကြားပင်မယ့် ရင်ထဲအထိတော့ ရောက်မသွားဘူး။

အမိုက်စားရိုက်ကွင်းက အနီးကပ်နည်းနည်း ရိုက်ပြီးသွားတာနဲ့ ပြီးသွားတယ်။ Cameramanက လူငယ်လေးရဲ့ခန္တာကိုယ်ကိုငမ်းနေတုန်း ချွေးတွေကို တစ်ရှူးနဲ့ အမြန်သုတ်ပစ်လိုက်ရတယ်။ ဒီကြေညာက လွင့်ခွင့်ရသလောက် လူတိုင်းက ဒီတော်ဝင်အလှတရားတွေထဲမှာ နစ်မြောပြီး ဆူညံနေမှာပဲဆိုတာ သူရဲရဲကြီး အာမခံရဲတယ်။ ဒီfilmတစ်ခုလုံးက ရေမွှေးကို အဓိကမထားပင်မယ့် လူတိုင်းဟာ ငြင်းဆန်နိုင်စွမ်းကင်းတဲ့အမွှေးရနံ့ကို ခံစားမိမှာ အမှန်ပဲ။ သူအစက Orlandoရဲ့ အလွန်အကြူးအလှတရားက လူတစ်ယောက်လှနိုင်တဲ့limitကို ကျော်နေတယ်ထင်မိ​ပေမယ့် အခုဒါကတော့ သူတို့တွေရှာခဲ့ရတာနဲ့ လုံးဝကိုတန်ပါတယ်။

ကျိုးယွင့်ရှန် ရေချိုးပြီးတော့ သူ့အဖြူရောင်ရှပ်အင်္ကျိလေးပေါ်မှာ jacketကိုထပ်ဝတ်ကာ ယုမေလျန်နဲ့အတူ ဓာတ်လှေကားဆီ ထွက်လာလိုက်တယ်။ သူတို့ရောက်တော့ ခံစားချက်မဲ့မျက်နှာနဲ့လက်ထောက်ရဲ့ ဆီးကြိုမှုကို ခံရတယ်။ သူတို့ကို လက်ထောက်က အထက်တန်းစားကလပ်ဆီ ခေါ်သွားတယ်။ အဲ့ဒီမှာ ချောင်းမိုခွန်းရယ် လူနည်းနည်းလောက်ရယ် နာမည်ကြီးstarတွေရယ် ထိုင်နေကြတယ်။

ချောင်းမို့ခွန်းက ကောင်လေးကို သူ့ဘေးနားဆွဲထိုင်စေရင်း

"ကလေးရောက်လာပြီပဲ"
ကျိုးယွင့်ရှန်ရဲ့ မက်မွန်သီးလို မျက်လုံးလေးတွေကတော့
'ဘယ်တုန်းက ခင်ဗျားကလေးဖြစ်သွားရတုန်း'
ဆိုတဲ့ အကြည့်မျိုးနဲ့ ပြန်ကြည့်ပစ်လိုက်တယ်။ ချောင်းမို့ခွန်းက ဒီလိုအကြည့်ချင်းစကားပြောတဲ့ ရင်းနှီးသလိုခံစားချက်ကို အရမ်းကြိုက်သွားတယ်။5
ဒီစားပွဲဝိုင်းထဲက AYAရဲ့ ရာထူးကြီးdirectorsတွေ၊ ချောင်းgroupရဲ့ မိတ်ဖက်တွေ၊ ပြည်တွင်းထိပ်တန်း companyတွေရဲ့ CEOတွေနဲ့ တစ်ယောက်ချင်းစီနဲ့ မိတ်ဆက်ပေးတယ်။ ယုမေလျန်ရဲ့ အကြောက်နဲ့သောကတွေက ကျိုးယွင့်ရှန်ကို ဒီလူစုထဲ ဆွဲခေါ်သွားတာ မြင်ရတော့ ပျောက်သွားတယ်။ ကျန်းရီကျား ဒုံးပျံလိုမျိုးထောင်တက်သွားတာက ဒီလိုချမ်းသာတဲ့သူဌေးတွေရဲ့ အာရုံစိုက်မှုအောက် ရှိနေလို့ဆိုတာ သူမနားလည်သွားပြီ။ ဒီကလူတွေက တကယ့်စီးပွားရေးသမားအကြီးကြီးတွေပဲ။ သူတို့ကို ကိုယ့်ကိုကိုယ် ရောင်းစားမယ်ဆိုရင်တောင် ဒီလိုအသိအမှတ်ပြုခံရဖို့ဆိုတာက တကယ့်အဝေးကြီး။

ကျိုးယွင့်ရှန်က အခုအချိန်က သူ့ဘဝအတွက် သင့်တော်တဲ့အချိန် မဟုတ်သေးဘူးဆိုတာကို သိတာကြောင့် ချောင်းမိုခွန်းရဲ့ ဒီလူစုကြီးထဲကို သူဝင်ဆံ့ချင်ရင်တောင် မဖြစ်သင့်သေးဘူး။ ဒါကြောင့် လေးစားကြောင်းပြတဲ့ပနေနဲ့ ၁ခွက်လောက်ပဲသောက်ပြီး တည်ငြိမ်စွာ ပြန်နှုတ်ဆက်လိုက်တယ်။ ချောင်းမိုခွန်းက သူ့ရဲ့ ရင့်ကျတ်တဲ့ပုံစံကို အရမ်းကျေနပ်မိတာကြောင့် ဆွဲဖက်လိုက်ပြီး နဖူးကို နမ်းလိုက်တယ်။ ပြီးတော့ သူ့အတွက်စွပ်ပြုတ်၁ခွက် ယူပေးလိုက်ပြီး နူးနူးညံ့ညံ့ပဲ

"ကလေးက အရမ်းပိန်တာပဲ။ ဒီလို အာဟာရရှိတာတွေ များများစားမှ။ ဘာထပ်စားချင်သေးလဲ? Waiterကို မှာစားနော် ကြောက်မနေနဲ့။ ကိုယ်​က စီးပွားရေးကိစ္စတွေ ပြောစရာရှိသေးတော့ ကိုယ့်​အတွက်မပူနဲ့ ဟုတ်ပြီလား"

အရင် လင်းချန်စယ်က အရမ်းကပ်​ဖားရပ်​ဖားလုပ်​တတ်​သည်​။​ချောင်းမိုခွန်းကြိုက်​မည့်​ပန်းကန်​ထဲကဟင်းမှန်​သမျှ​လောကွတ်​ချော်​ထည့်​ပေးတတ်​သည်​။ အာ့ကြောင့် နောက်ဆုံးစကားက အရင်က အပြုအမှုတွေကြောင့်ပြောတာ။ ဒါ​ပေမယ့် အခုလင်းချန်စယ်ကတော့ သူ့ရှေ့မှာလာပြီး သေလောက်အောင်ဆာပြနေရင်​တောင်​ဂရုမစိုက်​ဘူး ။ သူဒီကိုယ်ကျိုးပဲကြည့်တဲ့ ငါးမန်းဖြူကြီးကို ဘယ်လိုရင်ဆိုင်ရင် ကောင်းမလဲဆိုတာကို ငြိမ်ငြိမ်လေးထိုင်စွပ်ပြုတ်သောက်နေရင်း တွေးနေလိုက်တယ်။
ဒါက dinnerဆို​ပေမယ့်လည်း ချောင်းမိုခွန်းက ထမင်းတစ်စေ့တောင် စားတာမဟုတ်ဘူး။ သူ့စီးပွားရေးအကြောင်းပဲ ထိုင်ပြောနေတာ။ လူတွေပြန်ခါနီးကြတော့ ယုမေလျန်ကို bussiness cardတွေ ပေးဖို့ပြောလိုက်တယ်။ ဒါက သူ့ရဲ့လင်းချန်စယ်အပေါ် မြေတောင်မြှောက်​ပေးချင်စိတ်ကို အရမ်းသိသာစေတယ်။+

ယုမေလျန်မျက်နှာက bussiness cardတွေကို တရိုတသေယူနေချိန်မှာ စိတ်လှုပ်ရှားလွန်းလို မျက်နှာတွေရဲတက်လာတယ်။Agentတွေအတွက် အဆက်အသွယ်ဆိုတာက အဓိကပဲ။ ဒီအဆက်အသွယ်တွေနဲ့သာဆို ဝူထောင်တောင် သူမရဲ့ဖိနပ်ကို တိုက်ပေးဖို့ အဆင့်မမှီတော့ဘူး!

သူ့bossအသစ်စက်စက်ကြီးက သူမကို စိတ်မရှည်တဲ့ပုံကြီးနဲ့ လက်ပြနှင်ထုတ်နေတာကို မြင်တာနဲ့ တချက်တောင် ပြန်လှည့်မကြည့်တော့ဘဲ ထွက်သွားတော့တယ်။ သူမဟာ ကိုယ်ကျိုးအတွက် သူမအနုပညာရှင်ကို ရောင်းစားလိုက်တော့တယ်။

ချောင်းမိုခွန်းက ကောင်လေးကိုဖက်ထားရင်း1
"စားလို့ကောင်းလား? ကိုယ်​ထပ်မှာပေးရမလား?"

ကျိုးယွင့်ရှန်က တူကိုချလိုက်ပြီး

"ရတယ် ဗိုက်ဝနေပြီ"1

ပါးစပ်သုတ်ဖို့လုပ်တော့ ချောင်းမို့ခွန်းက လက်ကိုင်ပုဝါနဲ့ သူ့ကိုဂရုတစိုက် သုတ်ပေးပြန်တယ်။
ချောင်းမို့ခွန်းက သူ့လက်ကိုဆွဲကာ ''စားလို့ပြီးရင် သွားလို့ရပြီ"

ကျိုးယွင့်ရှန်က မထဘဲ ထိုင်နေရင်း
"ချောင်းရှူရှူ ဘာကိုဆိုလိုချင်တာလဲမသိဘူး"

သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားတဲ့သူ လက်ကရုန်းပစ်ဖို့လုပ်လိုက်တယ်။ ဒါ​ပေမယ့် သူ့ကိုယ်သူ ခပ်တင်းတင်းဆုပ်ကိုင်ထားတဲ့လက်ထဲမှာ သူ့အင်​အား​တွေက ကူညီရာမဲ့ ဖြစ်နေတာကို တွေ့လိုက်ရတယ်။
'ဒါလုံးဝမဖြစ်နိုင်ဘူး!!! ဒီခန္တာကိုယ်ထဲကို ပြောင်းလာရင်တောင် powerတွေက သာမန်ထက်ကို ပိုနေရမှာ။ ဒါကြောင့် ဒီကမ္ဘာမှာ အသန်မာဆုံးသူ ဖြစ်ရမှာလေ။ ဒါကြောင့် ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ'​နောက်ဆုံး ကျိုးယွင့်ရှန် ကြောက်စိတ်နဲ့ လန့်လာတယ်။2

ချောင်းမိုခွန်းက ရယ်ရင်း

"ဒီကိုယ်သေးသေးလေးမှာ အားရှိလိမ့်မယ်လို့ ကိုယ်​တော့မထင်ဘူးနော်"

သူဒီကောင်လေးကို ထပ်ဖက်ချင်လာတော့ ပြန်ထိုင်ချလိုက်တယ်။ သူပြုံးပြုံးရွှင်ရွှင်နဲ့
"ဒါနဲ့ကလေး ဒီကိုလာတာက ကိုယ့်​နောက် လိုက်ဖို့လာခဲ့တာ မဟုတ်ဘူးလား။ ကိုယ့်​ကိုမြူဆွယ်မယ်ဆို မြူဆွယ်ခွင့် ပေးမယ်လေ။ ကလေး နာမည်ကြီးပြီး ချမ်းသာချင်တယ်မလား။ ဒါဆိုကိုယ်​အဲ့လိုဖြစ်အောင် လုပ်ပေးမယ်လေ။ ဘာတွေများ သဘောမကျဖြစ်နေရတာတုန်း"

ကျိုးယွင့်ရှန်က အားသုံးပြီး ငြင်းမရတော့ သူ့အားနည်းချက်ကို ထုတ်ပြမှဖြစ်တော့မယ်။ သူမျက်တောင်တခက်အတွင်းမှာ မက်မွန်သီးမျက်လုံးလေးတွေက အရည်လဲ့လာပြီး သနားစရာလေးဖြစ်သွားတယ်။
"ကျွန်တော် ငွေလိုလို့ ခင်ဗျားဆီကို ကပ်ခဲ့တာ။ အခု ကြော်​ညာရိုက်ရတော့ ပိုက်ဆံရှိသွားပြီ"1

ချောင်းမိုခွန်း ရင်ထဲနင့်သွားတယ်။​ကောင်​လေးကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး​ပေါင်​ပေါ်တင်​ကာ နားရွက်လေးကို ကိုက်လိုက်ပြီး ခပ်တိုးတိုးလေးမေးတယ်။

"ငွေကြောင့် ကိုယ့်​ဆီလာခဲ့တာမှန်း သိပါတယ် ကလေးရယ်။ ဒါ​ပေမယ့်လည်း ကိုယ့်​ကိုမချစ်နိုင်တော့ဘူးလားဟင်? စဉ်းစားကြည့်​လိုက်စမ်းပါ။ယွမ်​၅သိန်း လောက်က အဝတ်တွေ အိတ်တွေလောက်ပဲ ဝယ်ရမှာ။ နောက်ဘာဆက်လုပ်မှာလဲ? ကိုယ်​နဲ့သာနေမယ်ဆို ကလေးလိုချင်သမျှ ကိုပေးမယ်လေ"

သူပြောပြီးတာနဲ့ စိတ်အားထက်​သန်စွာနဲ့ ကောင်လေးရဲ့ နားသီးကို ခပ်ဖွဖွလေးကိုက်လိုက် လျှာနဲ့နားထဲကို လျှက်လိုက်လုပ်တော့တယ်။ ကျိုးယွင့်ရှန် တစ်ကိုယ်လုံး နူးညံ့လာသလို ခံစားလာရတယ်။ သူလေကိုတဝကြီးရှုရင်း ရူးမသွားအောင် ထိန်းနေရတယ်။ ဒါ​ပေမယ့်လည်း ဒီတောင့်တင်းသန်မာလွန်းတဲ့ ခန္တာကိုယ်က သူ့ကိုပိုစွဲလန်းလာစေတယ်။သူဒီရင်ခွင်ကျယ်ကို အရမ်းရင်းနှီးသလိုပဲ။ သူ့ဝိညာဉ်က သေချာမပြောနိုင်ရင်တော့ ဒီခန္တာကိုယ်ကတော့ သူ့ကိုလိုလားနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကြောက်စိတ်တွေအောက်မှာ ကျိုးယွင့်ရှန်က ရင်းနှီးနေမှုကို သတိမထားမိလိုက်ဘူး။
ချောင်းမိုခွန်းက တကယ်တော့ သူ့ကိုစချင်မိရုံလေးတင် ဒါ​ပေမယ့်လည်း သူရပ်လို့မရတော့ဘူး။ ကောင်လေးရဲ့ကိုယ်က နွားနို့လို ဖွေးဆွတ်ပြီး နူးညံ့အိစက်နေလွန်းတယ်။ ဒီခန္ဓာကိုယ်တစ်ခုလုံးက နွားနို့လိုချိုမြန်မလားဆိုတာ လျှက်ကြည့်ချင်လှပြီ။+

"ကြည့်စမ်းပါဦးကလေးရာ ရဲတွတ်နေတာပဲ"

သူကောင်လေးရဲ့ Jeanရဲ့ဇစ်ကို ဖွင့်လိုက်ပြီး သူ့လက်ဝါးကြီးကို​နောက်​သို့ လျှိူဝင်ကာ ဖွဖွလေး ဖျစ်ညစ်နေတုန်း သူရယ်လိုက်ပြီး

"အို​ကေ....လှည့်ပတ်မနေတော့ဘူး။ ဘယ်လောက်လိုချင်လဲ"

"ဘယ်လောက်မှမလိုချင်ဘူး။ ခင်ဗျားနဲ့အတူတူမနေနိုင်ဘူး။ ကျွန်တော့်မှာ ချစ်သူရှိတယ်"

ကျိုးယွင့်ရှန်က အတင်းငြင်းတယ်။

"ချစ်သူ? ဟန်ယွိကိုပြောနေတာလား? ရယ်စရာတွေ မပြောပါနဲ့ ကလေးရယ်။ ငွေကြောင့် သူနဲ့တွဲနေတာမလား။ အခုကျီအိမ်က စီးပွားပျက်နေပြီ။ သူကလေးကို ဘာမှပေးနိုင်မှာ မဟုတ်ဘူး။ ငွေထက်သူ့ကို ပိုချစ်ပါတယ်လို့တော့ မပြောနဲ့နော်"

ချောင်းမိုခွန်းက ငွေထက်အချစ်ကိုရွေးတာကို လှောင်ချင်တဲ့သဘောနဲ့ ရယ်ရင်းပြောတယ်။

"အင်း ကျွန်တော်ငွေမက်တယ်။ ဘယ်သူကရော ပိုက်ဆံမလိုချင်ပါဘူးလို့ အမှန်အတိုင်းပြောနိုင်မလဲ? ခင်ဗျားဆီကို လာတုန်းက ငွေလိုလို့။ မလိုရင် ကျွန်တော် ဟန်ယွိကို သစ္စာဖောက်စရာမရှိ။ ခင်ဗျားပြောတာ ဟုတ်တယ်။ ကျွန်တော် ဟန်ယွိကို ငွေထက်ပိုမက်တယ်"

ကျိုးယွင့်ရှန်က မျက်ရည်တွေ မျက်ခွံမှာတွဲကျနေရင်း ရှိုက်သံလေးနဲ့ ငြင်းတော့တယ်။ ကြည့်​ရတာအသည်းနင့်​အောင်​ချစ်​ဖို့​ကောင်းလွန်းတယ်​။

"ဟုတ်ပြီ ဟုတ်ပြီ ကလေးသူ့ကိုချစ်တယ်မလား။ ဒါဆိုကလေးသူ့ကို မဖြတ်နဲ့လေ။ ၃လလောက်ပဲ ကိုနဲ့အတူနေပေး။ ပြီးရင် ကလေးကို ငွေအများကြီးပေးပြီး ကိုယ်ပြန်လွှတ်မယ်လေ။ ကျိဟန်ယွိ လုံးဝမသိစေရဘူးလေ။ ကျေနပ်ပြီလား?"8

ချောင်းမိုခွန်းက ပြာပြာယာယာပဲ မျက်ရည်လေးတွေ နမ်းကာဖယ်ပေးလိုက်တယ်။

"မဟုတ်ဘူး ဒါကအရေးမကြီးဘူး! ခင်ဗျားပိုက်ဆံကို မယူချင်တာဗျာ! ချောင်းရှူရှူးရယ် ကျွန်တော့်ကို သွားခွင့်ပြုပါတော့။ ကိုယ်ထိလက်ရောက်စော်ကားမှုနဲ့တရားစွဲရင် ခင်ဗျားနာမည်ပျက်မှာနော်"
ကျိုးယွင့်ရှန် ကြိုးစားပမ်းစားပြောတော့မှ လက်ကိုလျော့ပေးပြီး သူ့ကိုသွားခိုင်းလိုက်တော့တယ်။ တကယ်တော့ သူဥပဒေကို ရှောင်လို့ ရတဲ့နည်းတွေအများကြီးရှိပါတယ်။ ဒါ​ပေမယ့် အိပ်ရာပေါ်ကို တစ်ယောက်ယောက်ကို အတင်းဆွဲခေါ်ရတာ သူ့ပုံစံမဟုတ်ဘူး။ ဒါက အရမ်းအထင်သေးဖို့ကောင်းတယ်။

"ဟုတ်ပါပြီ စဉ်းစားဖို့ အချိန်ပေးမယ်။ ဒါ​ပေမယ့် သည်းခံနိုင်တဲ့limitကို ကျော်ပြီး တစ်ယောက်ယောက်ကို အရမ်းတောင့်တလာခဲ့ရင် ကိုယ့်​ဆီသာလာခဲ့"

သူ့ဆံပင်တွေကို ပြန်သပ်ပြီး စီးကရက်မီးညှိကာ ခပ်လှောင်လှောင်နဲ့ပြောတယ်။ သူသေချာစဉ်းစားကြည့်ရင်တောင်မှ ကောင်လေးရဲ့ အချစ်ဆိုတာကြီးကို မယုံနိုင်သေးဘူး။

'မင်းနှမပဲ သူများကိုတောင့်တ!!!'
ကျိုးယွင့်ခပ်စိတ်ထဲက ဆဲလိုက်ပြီး သူ့ကိုခပ်တင်းတင်းကြည့်လိုက်ကာ jacketကောက်ယူပြီး အမြန်ထွက်လာလိုက်တယ်။5

ချောင်းမို့ခွန်းက ဆေးလိပ်ငွေ့တွေ မှုတ်ထုတ်ရင်း

"ကလေးစိတ်ဆိုးရင် ပို​တောင်​လှတာပဲ''2

သူ့ခြေထောက်ကြားက တင်းမာနေမှုက ကောင်လေးရဲ့ ဒေါသနဲ့အကြည့်ကြောင့် ပြင်းပြင်းထန်​ထန်​ထိုး​ထောင်​နေသည်​။

•••
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі