Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 4.7
အခန်း (၃၇) လင်းချန်​စယ်​ဘဝ+
BGM suggest >>> Baby by JB
1
Translator - Mayhoney127

ကျိုးယွင့်ရှန်ရောက်သွားတော့ ချောင်းမို့ခွန်းက ဆိုဖာပေါ်မှာ စိမ်ပြေနပြေနဲ့ ဝိုင်နီတစ်ခွက်ကို သောက်နေတယ်။ မီးရောင်ခပ်မှိန်မှိန်အခန်းရဲ့ အရိပ်က သူ့ခန့်ညားလွန်းတဲ့မျက်နှာကို ပိုကြည့်ကောင်းစေတယ်။ သူကောင်လေးကို လက်ဝှေ့ပြပြီး
"ဒီကိုလာ​သောက်​ဦး''

သူသွားထိုင်ပြီး ဝိုင်ခွက်ထဲကို ငှဲ့လိုက်တာနဲ့ 1997ခုနှစ်ထုတ် Burgundy ဝိုင်နံက ကျိုးယွင့်ရှန်နှာခေါင်းထဲ တိုးဝင်လာတယ်။ တကယ့်အနုပညာရှင်တစ်ယောက်လို ကြော့ရှင်းတဲ့ သူ့ဝိုင်သောက်ပုံက ချောင်းမို့ခွန်းတောင် မှင်သက်သွားတယ်။ ခွက်ထဲမှာ ကျန်နေတဲ့ ဝိုင်ကိုသောက်ရင်း

"ကလေး ၃လလောက် အတူနေပေးမယ်ဆိုရင် လိုချင်သလောက်ပေးမယ်"

​ချောင်းမိုခွန်းက 'ကမ္ဘာပေါ်မှာ ငွေနဲ့ဝယ်မရတာ ဘာမှမရှိဘူး။ အလှတရားတွေက ဒီဝိုင်လိုပဲ ဝယ်လို့ရတယ်' ဆိုတဲ့ မျက်နှာပေးနဲ့ပြောတယ်။

ကျိုးယွင့်ရှန် ခေါင်းပေါ်ကနေ ဝိုင်တွေလောင်းချချင်စိတ်ကို မနည်းထိန်းလိုက်ရတယ်။ ခဏကြာတော့ သူမျက်လွှာလေးချကာ တွေးနေသလိုပုံလေးနဲ့ ခပ်တိုးတိုးပြောတယ်။

"ကျွန်တော် သိန်း၃ထောင် လိုချင်တယ်"

ချောင်းမို့ခွန်းက မေးချင်စိတ်ကို မထိန်းနိုင်ဘဲ

"သေချာလား?"

"သူဈေးအမြင့်ကြီးကြားရမယ်လို့ တွေးပြီးသားကို ဒီကောင်လေးက သိန်း၃ထောင်တည်းလား? ဒါနာရီကောင်းကောင်းတစ်လုံးတောင် ဝယ်မရဘူး။"
ကျိုးယွင့်ရှန်က သူမေးတာကို နားလည်မှုလွဲပြီး စိတ်ညစ်စွာနဲ့

"မလျှော့နဲ့နော်။ သိန်း၃ထောင်ရမှ ဖြစ်မှာ"

ချောင်းမို့ခွန်းက သူ့ကိုနက်နက်နဲနဲကြည့်နေပြီး နောက်နဖူးတော့လက်တင်ကာရယ်တော့တယ်။

"ဟုတ်ပါပြီ။ သိန်း၃ထောင်ဆိုလည်း သိန်း၃ထောင်ပဲပေါ့။ ဒါ​ပေမယ့် အရင်စစ်ကြည့်ရမယ်"

"ဘာကိုစစ်မှာလဲ?"

ကျိုးယွင့်ရှန် သတိလက်လွတ်ဖြစ်သွားတုန်း လူကြီးကသူ့ပုံခုံးပေါ်ထမ်းသယ်ကာ ဟိုဘက်အခန်းက အိပ်ယာကြီးပေါ် ပစ်ချလိုက်တယ်။ သူနည်းနည်းမူးရိပ်ရိပ်ဖြစ်နေတုန်း သူ့ကိုယ်ပေါ်က သန်မာတဲ့လူကြီးက သူ့နှုတ်ခမ်းတွေကို သိမ်းပိုက်ထားတယ်။ ရင်းနှီးနေတဲ့ ခံစားမှုက သူ့စိတ်ကိုလွတ်ထွက်သွားစေတယ်။ မိနစ်နည်းနည်းကြာတော့ လူကြီးက လူချင်းနည်းနည်းခွာလိုက်ပြီး ကောင်လေးရဲ့ စိုရဲနေတဲ့နှုတ်ခမ်းလေးကို လျှက်လိုက်ကာ အပြုံးကြီးနဲ့

"ကလေး က ကိုယ်​ထင်ထားတာထက် ပိုချိုသားပဲ"
ကျိုးယွင့်ရှန်က မောဟိုက်စွာနဲ့+

"ပြီးပြီလား?"

လူကြီးလက်တွေက ကောင်လေးရဲ့ တင်ပါးကို ဖြစ်ညှစ်နေရင်း

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ဒါကစမ်းကြည့်ရုံပဲ ရှိသေးတာ။ အတွင်းရော၊အပြင်ရောကို သေချာစစ်ကြည့်ရဦးမယ်"

"ခဏ မျက်လုံးကို အရင်ကြည့်"

ကျိုးယွင့်ရှန် သူ့ပါးနှစ်ဘက်ကို မြန်မြန်ကာ အဆုံးမရှိသူ့မျက်ဝန်းထဲကို ကြည့်ခိုင်းတယ်။ အသံတိုးတိုး လေသံမှန်မှန်နဲ့

"ဘာမြင်လဲ ပြောပြ"

ချောင်းမို့ခွန်းက သူ့မျက်ဝန်းထဲကို ခပ်လျော့လျော့ အမူအရာနဲ့ တန်းငေးကြည့်တယ်။ ကျိုးယွင့်ရှန်က သူဖြေမှာကို အကြာကြီးစောင့်ပြီး
" ဘာမြင်လဲ ပြောပြ"

ချောင်းမို့ခွန်းက သတိလက်လွတ်

"ကိုယ်​ကြယ်ပင်လယ်ကြီးကို မြင်ရတယ်"

"တော်တယ်။ အခု​ဘောင်းဘီချွတ်​ပြီ ကိုယ်​ဘာကိုယ်​အာသာ​ဖြေလိုက်​တော့''

ကျိုးယွင့်ရှန်က ဘုရင်မတစ်ပါးလို ကျေနပ်တဲ့အပြုံးနဲ့ လူကြီးကိုတွန်းဖယ်လိုက်တယ်။ ဒါကသူဘဝအဆက်ဆက်မှာ သင်ယူခဲ့တဲ့ စိတ်ညို့နည်းပဲ။ သူကစိတ်ပညာပါရဂူဆိုတော့ ဆိုးဆိုးဝါးဝါးအခြေအနေတွေနဲ့ ကြုံရရင် ဒီစိတ်ညို့စွမ်းအားပဲ အားကိုးရတာ။ သူဒုက္ခအကြီးအကျယ်ရောက်မယ့် မဖြစ်နိုင်တဲ့တာဝန်တွေကို ရှောင်ဖို့အတွက် ဒါကိုပဲအားကိုးနေရတာ။

ဒါ​ပေမယ့် ချောင်းမို့ခွန်းက သူ့ရင်ခွင်ထဲက ကောင်လေး ထွက်သွားချိန် ခဏပဲခံတယ်။ အေးစက်စက်အပြုံးနဲ့

"ကလေး ဘာပြောလိုက်တယ်။ ပြန်ပြောစမ်း"7

သူ့ဆွယ်တာပြန်ဝတ်နေတဲ့ ကျိုးယွင့်ရှန်က ဘာဖြစ်သွားလဲဆိုတာကို ခဏကြာင်သွားတယ်။ သူကမဝံ့မရဲ အသံလေးနဲ့
"ဦးကို... ကျွန်တော် ကျွန်တော်ပြောတာက အာသာဖြေလို့။ စိတ်ဖြေရင် တော်ပြီပေါ့။ ကျွန်တော်နဲ့ နေရတာထက် ပိုကောင်းမှာ သေချာပါတယ်"2

ချောင်းမို့ခွန်းက ပြုံးလိုက်တယ်။ ကောင်လေးကို အိပ်ရာပေါ်ပြန်ဆွဲချပြီးတော့ အကုန်ဆွဲချွတ်လိုက်တယ်။ သူစလိုက်တာနဲ့ သာယာမှုတွေကို သူထိန်းလို့မရတော့ဘူး။ ဒီခံစားချက်က ပြောမပြတက်လောက်အောင် အရမ်းကိုမိုက်တယ်။ သူတို့ခန္တာကိုယ်တွေသာမက ဝိညာဉ်တွေပါ ဒီသံစဉ်အောက်မှာ သီဆိုကခုန်နေကြတယ်။ ကျိုးယွင့်ရှန်က ဒီရင်းနှီးတဲ့ ခံစားမှုနဲ့ ရီဝေဝေဖြစ်သွားပြီးနောက် လူကြီးရဲ့စီးချက်အတိုင်း လိုက်ပါသွားတယ်။ နောက်ဆုံးတစ်နာရီလောက်ကြာတော့ နှစ်ယောက်စလုံး စိတ်ကျေနပ်သွားကြတယ်။ တစ်ယောက်က ငြိမ်ငြိမ်လေး​စောင်​ပတ်​ပြီးအိပ်​နေတုန်း နောက်တစ်ယောက်က ကုတင်ဘေးမှာထိုင်ရင်း ဆေးလိပ်သောက်နေတယ်။5
ကျိုးယွင့်ရှန် လူကြီးကို ကြည့်ရင်း သူ့စိတ်ထဲမှာ စိတ်ညို့တာ ဘာလို့မအောင်မြင်တာလဲပဲ ရှိနေတယ်။ တခြားတစ်ယောက်ရဲ့ စိတ်ညို့မှုကနေ လွတ်ဖို့ဆိုရင် အဲ့လူရဲ့စိတ်စွမ်းအားနဲ့ ညီရင်ညီ မညီရင် ပိုမြင့်မှပဲ။ ကျိုးယွင့်ရှန်က Lord Godရဲ့ တာဝန်တွေအကုန်ပြီးသွားတဲ့ တစ်ဦးတည်းသောသူပဲ။ သူ့စိတ်စွမ်းအားက အထက်အဆင့်မရောက်သေးရင်တောင်မှ တွေးမကြည့်နိုင်တဲ့အဆင့်ပဲ။ ပြီးတော့ ဒီကမ္ဘာက Eအဆင့်လောက်ပဲရှိတာ။ ဒီကမ္ဘာမှာ ဘာမှော်တွေ စွမ်းအားတွေနဲ့ တခြားမှော်ဝင်အရာတွေမှ မရှိတာ။ ဒါကြောင့် ဒီကမ္ဘာပေါ်မှာ ကျိုးယွင့်ရှန်နဲ့ စွမ်းအားတူတဲ့ ချောင်းမို့ခွန်းလိုသူဆိုတာ မရှိနိုင်ဘူး။ သူကဘယ်လိုဖြစ်လာတာလဲ? ကြယ်​ပင်​လယ်​အာကာသမှာ ပျောက်​နေတဲ့ စွမ်းအားတစ်ဝက်နဲ့ ဆိုင်နေတာများလား . . .
ကျိုးယွင့်ရှန်မျက်မှောင်ကြုတ်​ပြီး အဖြေတွေ့သွားတာနဲ့ မျက်နှာကိုခေါင်းအုံးလေးနဲ့ကွယ်ကာ တခစ်ခစ်ရယ်နေတော့တယ်။သူအ​ဖြေကိုရှာ​တွေ့သွားပြီထင်​တယ်​။ နောက်ဆုံး ဒီလူတွေကြားမှာ လုံးဝတူနေတာက တိုက်ဆိုင်မှုမဟုတ်မှန်း သိသွားပြီ။ သူ့ခန္ဓာကိုယ်က ဒီလူကြီးကိုတန်းသိ​ပေမယ့်လည်း သူစိတ်ပျက်တာရယ် ကြောက်နေတာရယ်ကြောင့် သေချာမတွေးမိဘူး။ အစက သူအရမ်းအထီးကျန်လို့ ဒီလူကြီးအပေါ် ခံစားချက်တွေရှိခဲ့​ပေမယ့် ဘဝ၃ခုလောက် ပြောင်းလာတော့ သူဒီလိုအခြေအနေအပေါ် မျှော်လင့်ချက်ကြီးလာတယ်။ သူအပျော်တွေကို မထိန်းနိုင်တော့ဘဲ ခေါင်းအုံးကို ဖြည်းဖြည်းချင်းဖယ်ရင်း လူကြီးကို လှမ်းချောင်းကြည့်လိုက်တယ်။2

ချောင်းမို့ခွန်းကလည်း တကယ်တော့ သူ့အမူအရ
ာတိုင်းကို အာရုံစိုက်ကြည့်နေတာ။ မျက်နှာကို ခေါင်းအုံးလေးနဲ့ကွယ်လိုက်တော့ ဆေးလိပ်နံ့မကြိုက်ဘူးထင်ကာ တန်းငြိမ်းလိုက်တယ်။ နောက်သူသဘောတကျနဲ့ နူးနူးညံ့ညံ့လေး ပြုံးနေမိတာကို ပြန်သတိထားမိလိုက်တယ်။ ဒါသူသိတာနဲ့တန်းပြီး အေးစက်စက်မျက်နှာဖုံးကို ပြန်ဝတ်လိုက်တယ်။

တကယ်ဆို ကောင်လေးက သူသိန်း၃ထောင်နဲ့ ဝယ်ထားတဲ့ ငွေအတွက် သစ္စာဖောက်လာခဲ့တဲ့ ကစားစရာလေးပဲလေ။ ရေရှည်တွဲမယ့်သူလည်း မဟုတ်ဘဲနဲ့ သူဘာလို့ သူ့အကြိုက်တွေကို လိုက်ဂရုစိုက်နေရမှာလဲ?လို့ သူ့ကိုယ်သူပြန်ဆူလိုက်ရတယ်။ဒါ​ပေမယ့်လည်း ဒီကောင်လေးဆီမှာ သူတော်တော်ကျဆုံးနေပြီး သူရင်ခုန်နေတယ်။ သူ့မပိုင်တော့တဲ့ နှလုံးသားကို ပြန်ထိန်းဖို့အတွက် ဘာမှမဖြစ်သလို ဟန်ဆောင်ကာ

"အိပ်ရာပေါ်မှာ ဖျော်ဖြေပေးတာ စိတ်ကျေနပ်စရာ ကောင်းသားပဲ။ အခုသဘောတူညီချက် ရပြီ။ ငါတို့စည်းမျဉ်းလေးတွေ လုပ်ရအောင်"5

ကျိုးယွင့်ရှန်ရဲ့အပျော်တွေက သူ့စကားတွေထဲမှာ မိုးရွာချသလိုမျောပါသွားတယ်။ ခေါင်းအုံးကို ပစ်ပေါက်ရင်း မယုံကြည်နိုင်စွာ

"စည်းမျဉ်းတွေ ပေးမလို့ ဟုတ်လား? ကျွန်တော့်ကိုလေ!!!"

ချောင်းမို့ခွန်းက ရင်တွေတုန်သွားပင်မယ့်လည်း ပုံမှန်လေသံနဲ့2

"အပေးအယူလုပ်မှတော့ စည်းမျဉ်းတွေ လိုက်နာရမှာပဲ"

သူပြောပြီးတာနဲ့ စိတ်ထဲတန်းမသိုးမသန့် ဖြစ်သွားတယ်။ ကျိုးယွင့်ရှန်က

"ခင်ဗျား တခြားသူတွေနဲ့ရော ဒီလိုပဲလုပ်ခဲ့တယ်မလား? ဟုတ်လား?"

ချောင်းမို့ခွန်းက ပိုအပြစ်ရှိသလို ခံစားရပြီး
"ဘာလို့လိုက်မေးနေတာလဲ? မင်းနဲ့ငါနဲ့ ဘာဆိုင်လို့လဲ?"

'ကျွန်တော်က ခင်ဗျားချစ်သူလေ!'ဆိုတာ ပြောမိတော့မလို ဖြစ်သွားပင်မယ့် ကျိုးယွင့်ရှန်ထိန်းနိုင်ခဲ့တယ်။ ချောင်းမို့ခွန်းက အရင်တုန်းကလို မဟုတ်တော့ဘူး။ သူဘဝပြောင်းလာတော့ အရင်ဘဝက မှတ်ညဏ်တွေ ပျောက်ကုန်ပြီ။ ဒါ​ပေမယ့်လည်း သူ့နောက်ကို တစ်ကမ္ဘာပြီး တစ်ကမ္ဘာလိုက်လာတုန်းပဲ။ ဒါကိုတွေးမိတော့ ကျိုးယွင့်ရှန် ဒေါသလျှော့လိုက်ကာ6

"ခင်ဗျားစည်းကမ်းတွေပြော"

ချောင်းမို့ခွန်းက ကောင်လေးလည်ပင်းက သူပေးထားတဲ့ အမှတ်နီနီလေးတွေကို ပွတ်သပ်ရင်း

"ပထမစည်းကမ်းက ဒီ၃လအတွင်းမှာ ကလေးက ဟန်ယွိကို ထိခွင့်မပေးရဘူး။ ဒုတိယက ခေါ်တိုင်းလာရမယ်။ ဘာအကြောင်းနဲ့မှ မငြင်းရဘူး"+

ကျိုးယွင့်ရှန် သေချာနားထောင်နေရင်း အတော်ကြာ ဘာမှမကြားရတော့

"ဒါပဲလား?"
ချောင်းမို့ခွန်းက ရယ်ရင်း
"ခပ်ကြောင်ကြောင်စည်းကမ်းတွေနဲ့ တားနေတယ်လို့ မထင်ဘူးလား?"+

ကျိုးယွင့်ရှန်က ကုတင်အောက်က သူ့ဘောင်းဘီကောက်ဝတ်ကာ ရှပ်အင်္ကျီလိုက်ရှာရင်း ခေါင်းငြိမ့်ပြတယ်။ ချောင်းမို့ခွန်းက မျက်မှောင်ကြုတ်​ရင်း

"ကလေး ဘာလုပ်နေတာလဲ?"

သူ့ဘောင်းဘီရှည်ကို ဆွဲဝတ်ရင်း
"အိမ်ပြန်ရမယ်လေ။ မပြန်ရင် ဟန်ယွိက စိတ်ပူနေမှာပေါ့။ ကျွန်တော့်မှာလည်း ဦးပါလိုက်နာရမယ့် စည်းရှိတယ်။ ကျွန်တော့်တို့ကြားကကိစ္စကို ဟန်ယွိမသိစေနဲ့"2

ကျိုးယွင့်ရှန် နှာခေါင်းရှုပ်လိုက်ပြီး
'ခင်ဗျားမမှတ်မိတာနဲ့ ခင်ဗျားကိုပြန်မလုပ်ဘူးများ ထင်နေလား? ကိုယ့်စကားနဲ့ကိုယ်ပြန်ခံပေတော့'6

ချောင်းမို့ခွန်းက တောင်းတောင်းပန်ပန်နဲ့ သူ့ကိုပြန်ဆွဲထားချင်​ပေမယ့် စိတ်မနည်းပြန်ထိန်းလိုက်ရတယ်။ သူဆံပင်တွေကို လက်နဲ့ထိုးဖွကာရယ်ရင်း

"ဘာလို့ သစ္စာရှိပြနေတာလဲ? သူ့မိသားစုကမွဲနေပြီ။ ကလေးဘာလို့ မဖြတ်သေးဘဲ ဆက်ကပ်နေတာလဲ?"

ကျိုးယွင့်ရှန်က သူ့Jacketဝတ်နေရင်း

"သူ့ကိုချစ်လို့ ကပ်နေတာ။ ကျွန်တော်သူနဲ့ မပြတ်နိုင်ဘူး"

ချောင်းမို့ခွန်းက သွေးဆောင့်တိုးသွားကာ ဒေါသသံနဲ့

"သူ့ကိုချစ်တယ်လား? ချစ်ရင် ဘာလို့ငါ့အိပ်ရာပေါ် တက်လာတာလဲ?"

ကျိုးယွင့်ရှန်က ဖိနပ်ကိုဝတ်ရင်း
"ဟုတ်တယ်။ သူ့ကိုချစ်တယ်။ ချစ်လို့ ခင်ဗျားနဲ့အိပ်ရတာ"1

သူလှည့်ထွက်သွားရင်း ရုတ်တရက်​သတိရကာ

"ကျိုးယွင့်ရှန်ကို မှတ်မိလား?"

ချောင်းမို့ခွန်းက သူ့အဖြေကို ဒေါသထွက်နေပင်မယ့် ဒီနာမည်ကို ကြားရတော့ မူး​ဝေသလိုဖြစ်သွားတယ်။ ခဏကြာတော့ ခေါင်းခါပြတယ်။

"ဒါဆို​ဝေ့ရှီရန်​?"

"ရှမ်းရိပင်း?"

"တုရွှီလန်​?"

"နဉ်​စစ်​နျန်​?"

"ကျူး​ကျောက် (အိမ်​ရှေ့စံ)?"

မေးခွန်းတွေ ဘယ်လောက်မေးမေး ချောင်းမို့ခွန်း ခေါင်းခါမြဲပဲ။ ကျိးယွင့်ရှန်လည်း စိတ်ပျက်ပြီး ခေါင်းခါကာ ထွက်သွားတော့တယ်။

သူထွက်သွားတာနဲ့ ချောင်းမို့ခွန်းက စီးကရက်ကို မီးညှိကာ ပါးစပ်အပြည့်ခဲနေရင်း တွေးမိတော့ "ကျိုးယွင့်ရှန်" ဆိုတဲ့နာမည်ကို မေ့မရတဲ့အပြင် ခေါင်းလည်း တော်တော်ကိုက်လာတယ်။3
အဲ့နေ့ကစပြီး ချောင်းမို့ခွန်းက ကောင်လေးကို အပတ်တိုင်း သူ့ကလပ်ကိုခေါ်တယ်။ ကောင်လေးနဲ့အတူရှိရတဲ့ ခံစားမှုက သူ့ကောင်လေးကိုယ်ပေါ်က ခွာကာစိတ်မပါတာ မရှိဘဲ လုံးဝစားချင်စိတ်တွေကြီးပဲ ဖြစ်နေအောင် စွဲလမ်းစေတယ်။ သူနဲ့တွေ့ဖို့ တစ်ပတ်စောင့်ရတာက ကြာတော့ ၃ရက်တစ်ခါ၊ နောက်၂ရက်တစ်ခါကနေ နောက်ဆုံးနေ့တိုင်း ဖြစ်သွားတာတောင် သူဘေးမှာ ကောင်လေးကို တချိန်လုံးကပ်နေစေချင်သေးတယ်။ ဒီနေ့လည်း သူညစာစားဖို့ခေါ်နေတာ အတော်ကြာနေပင်မယ့် ဆက်သွယ်လို့မရဘူး။ သူစိတ်ပူစွာထိုင်နေတာ နာရီဝက်လောက်ကြာတော့ သူ့လက်ထောက်ကို ကောင်လေးနေရာစုံစမ်းခိုင်းမလို့ရှိသေး ဖုန်းပြန်ဝင်လာတယ်။ ချောင်းမို့ခွန်းက ဒေါသတကြီးနဲ့

"ဘာတွေလုပ်နေလို့ phတောင် မကိုင်နိုင်ရတာလဲကွာ?"

"နားရက်တွေကုန်လို့ စာမေးပွဲကြီးဖြေနေရတာ။ အခုမှပြီးရုံပဲ ရှိသေးတယ်။ ဒါကြောင့် ကျွန်တော့်phကို silentချထားတာ"

ကောင်လေးအသံကြည်ကြည်လေးကြားတော့မှ ဒေါသတွေက မီးခဲကိုရေနဲ့ငြိမ်းလိုက်သလို ငြိမ်ကျသွားတယ်။ Necktieကို လျှော့ကာ တည်ငြိမိစွာနဲ့

"စာမေးပွဲရော ဖြေနိုင်လား ကလေး?"

ကျိုးယွင့်ရှန်က ပုံမှန်အတိုင်း လွယ်အိတ်သိမ်းနေရင်း

"အင်း ဖြေနိုင်ပါတယ်"

သူ့တည်ငြိမ်အေးချမ်းနေတဲ့ မျက်နှာလေးပေါ်မှာ နေရောင်ခြည်ခ,နေတော့ နတ်သားလေးအလားပဲ။ ကျီဟန်ယွိမပြောနဲ့ သူ့သူငယ်ချင်းဝမ်​ကျဲ့တောင် မျက်စိကျနေပြီး ရင်ထဲမှာ ကလိကလိဖြစ်လာတယ်။
ဟိုဘက်မှာတော့ ချောင်းမို့ခွန်းက

"မဖြစ်တော့ဘူး။ နောက်စည်းကမ်းထပ်ထည့်မှပဲ။ ကလေးphက အမြဲတမ်းဖွင့်ထားရမယ်။ အရေးကြီးကိစ္စရှိရင်တော့ ကြိုphဆက်ထားရင် ရတယ်"

ကျိူးယွင့်ရှန်က လှောင်ရယ်ကာ

"ဦးကလည်း ဘာလို့ဒုက္ခခံနေသေးလဲ? ကျွန်တော့်ကိုယ်ပေါ်ကိုသာ ခြေရာခံစက်တပ်​ထားပါတော့လား?"4

သူဘဝပြောင်းလာတာတောင် ဒီလိုအစွဲအလမ်းကြီး သဝန်တို စိတ်မချတာတွေကို ဘယ်လိုများပြန်သယ်လာတာပါလိမ့်? သူ့videoလေးကို နာရီအတော်ကြာ ကြည့်နေတာလည်း ရှိသေးတယ်။ သူ့ပုံစံအတိုင်းကို ရပ်လို့မရအောင် စွဲလမ်းနေတာရော။ ဒီလူကြီး ဒီလိုစိတ်သဘောတွေကို ဖျက်မရအောင် သော့များခတ်ထားလေသလား?လို့ တွေးမိပြီး နူးနူး ညံ့ညံ့လေးရယ်တော့တယ်။5

ချောင်းမို့ခွန်းက သူ့ရယ်သံလေး ကြားလိုက်ရုံနဲ့ ရေခဲတုံးကြီး အရည်ပျော်သွားသလိုပဲ။
"ဒီအကြံကောင်းတယ်။ ဦးက ကလေးကို အပျောက်မခံနိုင်တော့ နက်ဖြန် ခြေရာခံစက်​ဝယ်ပေးရမယ်။ ဒီပိတ်ရက် ခရီးထွက်ချင်ရင် လိုက်ပို့ပေးမယ်လေ။ ကလေး ဘယ်သွားချင်လဲ?"+

သူလွယ်အိတ်လွယ်ရင်း ကျီဟန်ယွိကို လက်ပြကာ သူအတန်းထဲက အရင်ထွက်လာရင်း

"နေပါဦးဗျာ အောင်စာရင်းတောင် မထွက်သေးဘဲနဲ့။ နောက်မှထပ်မေး ဟုတ်ပြီလား?"

ချောင်းမို့ခွန်းက သော့ယူကာ ဓာတ်လှေကားကို တန်းသွားရင်း

"ဟုတ်ပါပြီ ဒီနေ့လာကြိုမယ် ညစာသွားစားရအောင်"

ကျိုးယွင့်ရှန် phချလိုက်တာနဲ့ ကျီဟန်ယွိကို မစောင့်ဘဲ ထွက်သွားတော့တယ်။ ကျီဟန်ယွိရဲ့ အပေါင်းအပါ ဝမ်​ကျဲ့က နေခြည်ခနေတဲ့ ကောင်လေးကို ခဏခဏငေးရင်း စသလိုနဲ့

"မင်းသူ့သူငယ်ချင်းနဲ့ နေနေတာမလား? မင်ဘာလို့သူ့ကို ငါ့တို့ကိုမဌားပေးတာလဲ?"

သူက မထီမဲ့မြင် အပြုံးနဲ့
"မင်းတို့လုပ်​ချင်​သလိုလုပ်​... သူက မင်းတို့မှာငွေရှိသလောက် သူ့ကိုလုပ်ချင်သလိုလုပ်ခွင့်​ပေးမှာပဲ''

"သူအခုတလော သိပ်မကပ်တော့ဘူး။ မင်းသူ့ကို အပြင်ထုတ်လာပေးလို့ မရဘူးလား?"

"ရတာပေါ့! သူငါးစာဟပ်တာနဲ့ သက်သေကျန်အောင် လုပ်ပေး။တကယ်တော့ ဒီရက်ပိုင်း ငါညစ်နေတယ်ကွာ။ ဖန်းလေးက ငါကဆိုးတယ်ထင်ပြီး ငါ့ကိုရှောင်နေတယ်။ သူလည်း အပြစ်မလုံသလိုဖြစ်နေတော့ ညတွေဆိုလည်း ကောင်းကောင်းအိပ်မရဘူးကွ။ ပန်ဒါမျက်လုံးနဲ့မြင်ရတာ ရင်ထဲမကောင်းဘူး။ ဒါကြောင့် မှားတာက ငါနဲ့ ဖန်ယို့ရမ်မဟုတ်ဘဲ လင်းချန်စယ်ဖြစ်အောင် လုပ်ပေးကွာ။ နားလည်တယ်မလား?"8

ဝမ်​ကျဲ့က ခေါင်းငြိမ့်ရင်း
"နားလည်တယ်။ မင်းကတကယ့်ငဆိုးလေးပဲကွ"
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі