Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 2.8
အခန်း(၁၉)​ဝေ့ရှီရန်​ဘဝ

တုရွှီလန်က ' Lord God ' ကနေ ထိန်းချုပ်ထားတဲ့ data ပဲ။ သူ့လို ထာဝရရှင်သန်နေတဲ့ ဝိညာဉ်မှမဟုတ်တာ။ သူ့နောက်ကို ဘယ်လိုလိုက်နိုင်မှာလဲ။ ဆေးလိပ်သောက်တာက ပုံမှန်အကျင့်တခု ပြီးတော့ ခြေဟန်လက်ဟန်တူတာကလည်း ပုံမှန်ပဲ။

ကျိူးယွင်ရှန့် သူ့ကိုယ်သူ လက်ခံယုံကြည်စေပေမယ့် သူ့နှလုံးသားထဲ ခံစားရတဲ့ ခါးသီးမှုကတော့ မပြောပြနိုင်အောင်ပါပဲ။

ဒါပေမယ့် အဲအကြောင်း စဉ်းစားဖို့ အချိန် အကြာကြီးမရလိုက်ဘူး။ ဖူရွှမ်းက သူ့ဆီ ခဏခဏ ဖုန်းခေါ်ပြီး ၎င်းရဲ့စိတ်အားထက်သန်မှုကို ဖုံးကွယ်ကာ ဆုအကြီးကြီးရဖို့ သူရဲ့ဆီဆေးပန်းချီကို စသင့်နေပြီလို့ အကြံပေးနေသည်။

ဆီဆေးပန်းချီဋ္ဌာနတွင် ဖူရွှမ်းသည် အလွန်တောင့်တင်းတဲ့ နောက်ခံအသိုင်းအဝိုင်းရှိသည်။ သူ့အဖေက တရုတ်နိုင်ငံ ပန်းချီနဲ့လက်ရေးလှပညာ အသင်းအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်ပြီး သူ့အမေက နိုင်ငံတကာတွင် ရှုခင်းပန်းချီဆွဲတော်သော ထင်ရှားကျော်ကြားတဲ့ ဆီဆေးပန်းချီပညာရှင်တစ်ဦး ဖြစ်သည်။ သူမရဲ့ အပြောင်မြောင်ဆုံး ပန်းချီကား " ဂျုံခင်းလှိုင်း " ကို ဒယ်လီဂျာ လေလံပွဲတွင် 7.5 မီလီယံဖြင့် ရောင်းချခဲ့သည်။ ဖူရွှမ့်သည် သူ့မိဘနှစ်ပါးလုံးရဲ့ ကောင်းမွန်တဲ့ ဗီဇကို အမွေလက်ခံရရှိပြီး အသက်ခြောက်နှစ်အရွယ်ကတည်းက သူ့ကိုယ်ပိုင်ပြပွဲကို ကျင်းပနိုင်ခဲ့တာကြောင့် အရည်အချင်းပြည့်ဝတဲ့ ပန်းချီဆရာတစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရသည်။

ဒါပေမယ့် အထက်တန်းလွှာမှာ ကျုံးယုံက ပုံမှန်မဟုတ်တော့တဲ့အပြင် ကံဆိုးချင်တော့ ဖူရွှမ်းက သမရိုးကျအတိုင်း ဖြစ်ခဲ့သည်။ အရွယ်မရောက်ခင် အောင်မြင်ခဲ့တဲ့ရလဒ်အနေနဲ့ သူက ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ကြီးပြင်းလာခဲ့သည်။ အဆင့်မြင့်မြင့် နေတာကြာလာတာနဲ့အမျှ သူ့ရည်မှန်းချက်တွေ တဖြည်းဖြည်း ပျောက်ကွယ်လာသည်။ သူ့အရည်အချင်းတွေ ပြည့်ဝလာအောင် မကြိုးစားခဲ့ပေမယ့် စားသောက်ခြင်းနဲ့ သောက်စားခြင်းကိုတော့ အလွန်အမင်း ဝါသနာထုံလာသည်။

ပန်းချီပညာသည် အမြဲတမ်းလေ့ကျင့်နေဖို့ လိုအပ်သည်။ ဆေးစုတ်တံကို လျစ်လျှူရှုလိုက်ရင် ဥာဏ်ကွန့်မြူးခြင်းနဲ့ အရည်အချင်းက အချိန်ကြာလာတာနဲ့အမျှ လုံးဝကျရှုံး ပျက်စီးလာလိမ့်မည်။ ဖူရွှမ်းသည် ကင်းဗတ်စ်ရှေ့မှာ မတ်တပ်ရပ်ပြီး မျဉ်းဖြောင့်တစ်ကြောင်းလေး ဆွဲဖို့တောင် ကြန့်ကြာနေမှန်း သူ့ကိုယ်သူ သိလိုက်ချိန်မှာ အရမ်းတုန်လှုပ် ကြောက်လန့်သွားသည်။

ဒါပေမယ့် စုတ်တံကို ပြန်ချစ်မြတ်နိုးဖို့ သူ့ကိုယ်သူ တွန်းအားမပေးဘဲ လက်ပါးစေတွေကို အခကြေးငွေပေး ငှားရမ်းခဲ့သည်။ သင်တန်းနည်းပြက အိမ်စာတွေ၊ ဝင်ခွင့်တွေပေးတဲ့ ဘယ်အချိန်မဆို တခြားသူတွေကို လုပ်ခိုင်းလိုက်သည်။ အနုပညာကျောင်းတွင် ပင်ကိုစွမ်းရည်ရှိတဲ့သူ မရှားပါးပေမယ့် ဆင်းရဲတဲ့ကျောင်းသားတွေ များပြားသည်။ ဖူရွှမ်းက ပိုက်ဆံအတွက် ရုန်းကန်နေရပြီး မရဲရင့်တဲ့ ကျောင်းသားတွေကို ရှာဖွေတတ်သည်။ အလွန်အံသြစရာကောင်းစွာ အတန်းကြီးလာတဲ့အထိ အဲဒါကို လုပ်ခဲ့ပြီး ဆရာတွေရဲ့မျက်လုံးထဲမှာတော့ အတော်ဆုံးကျောင်းသားတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံရသည်။

ဒါပေမယ့် နိုင်ငံတကာ ဆီဆေးပန်းချီပြိုင်ပွဲကို ငါးနှစ်မှ တစ်ကြိမ်ကျင်းပတဲ့အပြင် အဲပွဲက အနုပညာလောကမှာ အရေးအကြီးဆုံးပြိုင်ပွဲတွေထဲက တစ်ခုလည်း ဖြစ်သည်။ ဖူရွှမ်းရဲ့လက်ပါးစေတွေကလည်း အဲပြိုင်ပွဲက ကျော်ကြားတဲ့ပန်းချီပညာရှင် ဖြစ်လာဖို့အတွက် အခွင့်အရေးကောင်းဖြစ်နေတာကြောင့် သူ့ကို ငြင်းပယ်လိုက်ကြသည်။ ဖူရွှမ့်သည် အရမ်းကြောက်လန့်သွားပေမယ့် သူ့စိတ်ထဲတော့ ဝေ့ရှီရန်ကို တွေးထားလိုက်သည်။

ဝေ့ရှီရန်ရဲ့ပုံစံက ခပ်လျှိုလျှိုနေတတ်ပြီး ကျောင်းသားတွေနဲ့ ဆက်စပ်မှုနည်းပါးတယ်။ ဖူရွှမ်းက ဝေ့ရှီရန်မိသားစုရဲ့နောက်ခံအသိုင်းအဝိုင်းကို မသိပေမယ့် မိဘမဲ့ဆိုတာတော့ သိထားသည်။ ဒါကြောင့် သူ့ကို ပစ်မှတ်ထားလိုက်သည်။ ပန်းချီက ရှီရန်ရဲ့ မအောင်မြင် ပျက်စီးရခြင်းရဲ့ရလဒ်ဖြစ်သည်။ စိတ်မပါခြင်း၊ နာကျင်​မှု၊ လိုအင်​ဆန္ဒတောင့်တမှု၊ ဝမ်းနည်းမှုနဲ့ စိတ်ရှုပ်ထွေးခြင်းတွေအားလုံးကို ချပြရေးဆွဲထားသည်။ သူ ရေးဆွဲနေကျ ရိုးရှင်းတဲ့ပုံစံကို ချိုးဖောက်ပြီး ရှေးဟောင်းအနုပညာပုံစံနဲ့ စိတ်ကူးစိတ်သန်းကို အတူတကွပေါင်းစပ်ပြီး အလှအပခံစားတတ်ဖို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖန်တီးထားသည်။ အဲဒါက မူးမေ့သတိလစ်ချင်စရာကောင်းလောက်အောင် လှပလွန်းသည်။

အဲဒီအပြောင်မြောက်ဆုံးပန်းချီကားဖြင့် ဝေ့ရှီရန် အကောင်းဆုံးဆီဆေးပန်းချီပညာရှင်တွေထဲက တစ်ဦး ဖြစ်လာဖို့ အခွင့်အရေးရခဲ့သည်။ ဒါပေမယ့် ဖူရွှမ်းက ပန်းချီကားကိုခိုးယူပြီး ဝေ့ရှီရန်က ကန့်ကွက်တဲ့အချိန် တရားရုံးကိုတောင် ခေါ်သွားလိုက်သေးသည်။

' နဉ် ' အိမ်ကနေ နှင်ထုတ်ခံထားရတဲ့ ဝေ့ရှီရန်က ပြန်မတိုက်ခိုက်နိုင်တာကြောင့် တရားရုံးအပြင်မှာ ဖူရွှမ်းနဲ့ ကျေအေးစာရင်းရှင်းလိုက်ပြီး ဆီဆေးပန်းချီလောကကနေ ထာဝရနှုတ်ထွက်ပေးဖို့ အမိန့်ပေးခံခဲ့ရသည်။ သူ ချစ်မြတ်နိုး တန်ဖိုးထားလှတဲ့ စုတ်တံကို လုံးဝ ပြန်ကိုင်ခွင့်မရတဲ့ ဝေ့ရှီရန်သည် စိတ်ကူးနဲ့တောင် မတွေးကြည့်နိုင်လောက်တဲ့ နာကျင်မှုကို ခံစားရပြီး အသက်ရှင်လိုစိတ် ပျောက်ဆုံးသွားခဲ့သည်။

အခု ကျိူးယွင်ရှန့် အစားထိုးဝင်လာတော့ သူ့ပန်းချီကားက သူ့ကိုယ်ပိုင်စတူဒီယို အခန်းထဲမှာပဲ ရှိနေတာကြောင့် ဖူရွှမ့် ခိုးယူကူးချဖို့ အခက်တွေ့နေခဲ့သည်။ ပန်းချီကား တင်သွင်းပေးရမယ့် အချိန်ကန့်သတ်ချက် နီးကပ်လာတာနဲ့အမျှ ဖူရွှမ့် စိုးရိမ်ကြောင့်ကြဖြစ်လာပြီး မကြာခဏ ဖုန်းခေါ်ကာ သူ့ကို သင်တန်းနည်းပြက ပန်းချီကားတွေ စုစည်းဖို့ တာဝန်ပေးထားတယ်လို့တောင် ကျိူးယွင်ရှန့်ကို ပြောခဲ့သည်။

ကျိူးယွင်ရှန့်လည်း ကတိပေးလိုက်ပြီး လျှို့ဝှက်တဲ့မျက်လုံးနဲ့ ဖုန်းချလိုက်သည်။

ဒေါက်တိုင်ပေါ်မှာ တင်ထားတဲ့ပန်းချီကားကို သေချာဂရုတစိုက်ကြည့်ကာ သူ စိတ်ကျေနပ်မှုမရှိတဲ့တစ်ချို့နေရာတွေကို ပြုပြင်မွမ်းမံပြီး ဆေးခြောက်သွားတာနဲ့ နဉ်စစ်နျန်ရဲ့စာကြည့်ခန်းဆီ ယူသွားလိုက်သည်။

ရုံးပိတ်ရက်ဖြစ်တာကြောင့် နဉ်စစ်နျန် စာကြည့်ခန်းမှာ ရှိနေသည်။ သူသည် ထူထဲတဲ့ဖိုင်ကို ဂရုတစိုက်ဖတ်နေရင်း လုပ်နေကျအတိုင်း မတ်တပ်ရပ်ရင်း ပန်းချီဆွဲနေတဲ့ ကောင်လေးကို ပြသနေတဲ့ ဖန်သားပြင်ကို ဆယ်မိနစ်ပြည့်တိုင်း လှမ်း,လှမ်းကြည့်နေတတ်သည်။ အဲဒါက သူ့နှလုံးသားထဲ အေးချမ်းလုံခြုံမှုကို ခံစားရစေသည်။ ကောင်လေးက မထွက်ခွာသွားပဲ နေရာမှာ အမြဲမတ်တပ်ရပ်ရင်း သူ့ကိုစောင့်ဆိုင်းနေသလို ခံစားရစေသည်။ 3

အဲ စိတ်ကူးအတွေးအခေါ်က ရုတ်တရတ် ဖြစ်ပေါ်လာတာဖြစ်ပေမယ့် သူ့ကို ခံစားချက် ကောင်းကောင်းပေးတယ်။

သူ အတွေးထဲနစ်မျောနေရာမှ သတိပြန်ဝင်လာချိန် စတူဒီယိုအခန်းထဲ ဘယ်သူ့မှ မရှိတာတွေ့လိုက်ရတော့ ရင်းနှီးကျွမ်းဝင်နေပြီးသားဖြစ်တဲ့ စိုးရိမ်ကြောင့်ကြမှုတွေ သူ့နှလုံးသားထဲ အလုံးအရင်း ဝင်ရောက်လာခဲ့သည်။ တကယ်လို့ သူသာ ကုမ္ပဏီမှာ ရှိနေရင် ကျောက်ကျွင့်ကို ချက်ချင်းဖုန်းခေါ်ပြီး ရှာခိုင်းမှာ ဖြစ်ပေမယ့် အခုအချိန်တော့ သူ ကိုယ်တိုင်ပဲ ရှာဖွေတော့မယ်။
ဖိုင်တွဲကို ချလိုက်ချိန်မှာပဲ တံခါးခေါက်သံပေါ်လာတာကြောင့် နဉ်စစ် စိတ်မရှည်စွာ ဖြေလိုက်သည်။
" ဘယ်သူလဲ "

" ကျွန်တော်ပါ " ချိုသာနူးညံ့တဲ့ကောင်လေးရဲ့အသံ ထွက်လာပြီး ပြောလိုက်သည်။

နဉ်စစ်နျန် ခဏလောက် ခန္ဓာကိုယ်တောင့်တင်းသွားပြီး ချက်ချင်း ကွန်ပြူတာဖန်သားပြင်ကို ပိတ်ကာ ရှုပ်ပွနေသော ဖိုင်တွေကို သေချာရှင်းလင်းပြီး တံခါးဆီ မြန်မြန်လျှောက်သွားလိုက်သည်။ တံခါးနားမရောက်ခင် ခဏရပ်ပြီး စာအုပ်ဗီရိုက မှန်မှာ ဆံပင်တွေ ပြန်သလိုက်ရင်း သူ့ရဲ့ ခန့်ညားတည်ကြည် ကြည့်ကောင်းမှုကို စိတ်တိုင်းကျသွားမှ ပြုံးရင်း တံခါးဖွင့်ပေးလိုက်သည်။
" ဝေ့ရှီရန် ဝင်လာလေ " 7

ဣနြေ္ဒမပျက် ကောင်လေးရဲ့ဖြူဖွေးတဲ့ လက်ကောက်ဝတ်ကို ဆွဲကိုင်ရင်း နှစ်ယောက်ထိုင်ဆိုဖာဆီ ခေါ်လာလိုက်သည်။ ကော်ဖီတစ်ခွက် လောင်းထည့်ပေးဖို့ ပြင်လိုက်ပေမယ့် ဘာကြောင့်မှန်းမသိ မသင့်တော်သလို ခံစားလိုက်ရပြီး နွားနို့တစ်ခွက်ယူဖို့ အောက်ထပ်မီးဖိုချောင်ဆီ ဆင်းသွားလိုက်သည်။ ပြန်ရောက်တော့ ကောင်လေးဆီ နွားနို့ခွက်ကို ဂရုတစိုက် ကမ်းပေးလိုက်သည်။ 4

ကျိူးယွင်ရှန့် စောင့်နေရတဲ့အတွက် ဘာမှမဖြစ်ပေမယ့် ချိုသာတဲ့မျက်နှာပုံ ပေါ်နေသည်။ ပါးမို့လေးတွေက အနည်းငယ် ရဲတွတ်နေပြီး ကြည်လင်စွတ်စိုနေတဲ့မက်မွန်ပုံ မျက်လုံးတစ်စုံကပါ ပေါင်းစပ်လိုက်တော့ နဉ်စစ် သူ့ကိုယ်သူ မထိန်းချုပ်နိုင်အောင် ဖြစ်သွားသည်။

လှုပ်လှုပ်ရွရွဖြင့် နဉ်စစ်နျန် ကောင်လေးဘေးနားထိုင်လိုက်ပြီး နူးညံ့စွာ မေးလိုက်သည်။
" ဝေ့... တစ်ခုခုပြောစရာရှိလို့လား "
ဘာအကြောင်းမှမရှိရင် ကောင်လေးဘက်ကစပြီး သူ့အနား ချဉ်းကပ်လာမှာမဟုတ်ဘူး။

" ကျွန်တော် ဆီဆေးပန်းချီပြိုင်ပွဲမှာ ဝင်ပြိုင်ချင်တယ်။ " နဉ်စစ်နျန်ကို မဝံ့မရဲ ရှိးတိုးရှန့်တန့် လှမ်းကြည့်ရင်း သူ့နှုတ်ခမ်းပါးကနေ တိုးတိုးလေး ကျူးယွင်ရှန့်ပြောလိုက်သည်။

" အင်း သိတယ်... ဝင်ပြိုင်ဖို့ ဖိတ်ကြားချက်မရလို့လား။ အခုချက်ချင်း ဝင်ပြိုင်လို့ရအောင် လုပ်ပေးမယ်။ အမှန်တော့ နောက်ဆုံး final အထိ တခါတည်း တိုက်ရိုက်ပို့ပေးလို့ရတယ်။ "
ဒါက သူ အလေးအနက်ထားတာကို ပြသဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ ဒါကို နဉ်စစ်နျန် ဘာလို့ လက်လွှတ်ရမှာလဲ။ စကားပြောလို့မပြီးသေးခင်မှာပဲ လက်တွေက ဖုန်းခေါ်ပြီးနေပြီ။

' နဉ် ' အုပ်စုက အဲဒီပန်းချီပြိုင်ပွဲရဲ့ အကြီးဆုံး စပွန်ဆာဖြစ်တာကြောင့် ရှီရန်ကို final ထိ တိုက်ရိုက်ပို့ပေးဖို့က အရမ်းလွယ်ကူလွန်းတယ်။

" မဟုတ်ဘူး " ကျိူးယွင်ရှန့် နဉ်စစ်ရဲ့လက်မောင်းကို အလျင်အမြန် လှမ်းဆွဲရင်း မျက်နှာလေးနီရဲလို့ ပြောလိုက်သည်။ " ကျွန်တော် ဖိတ်ကြားချက် ရထားပါတယ် "

နဉ်စစ်နျန် ဝေ့ရှီရန်ကို သူ့လက်မောင်းကြား ဆွဲဖက်လိုက်ပြီး နူးညံ့တဲ့ဆံပင်လေးတွေကို ပွတ်သပ်ပေးရင်း မေးလိုက်သည်။
" ဒါဆို ငါ့ကို ဘာလို့လာရှာတာလဲ။ " 7

တော်တော်ဆိုးတဲ့လူပဲ... ငါ့ကို ထိတွေ့ဖို့ အမြဲအခွင့်အရေးရှာနေတယ်။ ကျူးယွင်ရှန့် တိတ်တဆိတ် အံကြိတ်ပြီး ခေါင်းငုံကာ မပြတ်မသား ဝိုးတိုးဝါးတား ပြောလိုက်သည်။
" ကျွန်တော် ဒီပန်းချီကားကို ဝင်ပြိုင်လို့ရလား " 3

အခုမှ နဉ်စစ်နျန် သူ့ခြေထောက်နားက " 23×14 " ဘောင်ကို သတိထားမိလိုက်သည်။ ဖုံးအုပ်ထားတဲ့အဖုံးအကာကို ဖယ်လိုက်တော့ အနည်းငယ်ပြည့်ဖြိုးတဲ့ ကလေးလေး နဉ်ဝမ်ရှုရဲ့ ဝဝကစ်ကစ် ဖောင်းမို့မို့ မျက်နှာလေး ပေါ်လာသည်။

ကလေးငယ်လေးက မြေပြင်မှာ ဆောင့်ကြောင့်ထိုင်နေပြီး အလွန်ကြီးမားတဲ့ ရှပ်အင်္ကျီကို ဝတ်ဆင်ထားကာ အင်္ကျီလက်တွေက တွဲလောင်းကျနေသည်။ ပြည့်ဖောင်းနေတဲ့ သူ့လက်လေးနှစ်ဖက်ကို မ,ထားတာကြောင့် လက်ဖဝါးမှာ ပန်းချီဆေးတွေ ပေနေတာကို ပန်းချီကားကြည့်နေတဲ့လူတွေ တွေ့နိုင်သည်။ သူ့ခြေထောက်နားတွင် သူဆွဲထားတဲ့ ကင်းဗတ်စ ရှိနေပြီး သူ့မျက်လုံးထဲ အပြောင်မြောက်ဆုံး ပန်းချီလက်ရာလို့ မှတ်ယူမိတာကြောင့် တောက်ပစွာ ရယ်မောနေပုံက ထွန်းလင်းနေတဲ့ နောက်ခံရှုခင်း နေအလင်းရောင်ကတောင်မှ မယှဉ်ပြိုင်နိုင်အောင်ပါပဲ။

ပန်းချီကားသည် ချစ်ခြင်းမေတ္တာ၊ ကြင်နာသိမ်မွေ့မှုတွေနဲ့ ပြည့်နှက်နေသည်။ မျှော်လင့်ချက်၊​ပျော်​ရွှင်​မှု၊ တည်​ငြိမ်​အေးချမ်းခြင်း၊ သန်​မာကြံခိုင်​မှု၊ ဖြတ်​လတ်​မှုနဲ့ စိတ်​ချမ်းသာမှု​တွေက ကင်းဗတ်​စ်​စ တစ်​ခုလုံးကို​နွေးထွေးမှုတွေနဲ့ လွှမ်းခြုံနေရာယူထားသည်။

နဉ်စစ်နျန် ငေးကြည့်နေလိုက်သည်။ သူ့သားရဲ့ချစ်စရာအပြုံးကို မြင်တွေ့ခဲ့တဲ့ နောက်ဆုံးအချိန်ကိုတောင် သူ မေ့လုနီးပါးဖြစ်နေပြီ။

" ကျွန်တော် ဒီပန်းချီကားကို ပြိုင်ပွဲဆီ ယူသွားလို့ရမလားဟင် " ကျိူးယွင်ရှန့် နဉ်စစ်နျန်လက်မောင်းကို ညင်ညင်သာသာ တို့ထိပြီး မေးလိုက်သည်။

" ရတာပေါ့ " ပြန်ဖြေလိုက်ပြီး ခဏနားကာ ဆက်ပြောလိုက်သည်။ " ကိုယ့်​ကိုကော ပုံတူပန်းချီကား ဆွဲပေးမလား " 2

သူ့သားအရင်းအပေါ် အနည်းငယ် မနာလိုဝန်တိုစိတ် ဖြစ်သွားတာကို သူ ဘယ်တော့မှ ဝန်ခံမှာမဟုတ်ဘူး။ 15

" ဆွဲပေးပါမယ် " ကျိူးယွင်ရှန့် ခေါင်းညိမ့်ပြရင်း ပန်းချီကားဘောင်ပေါ် အဖုံးအကာတွေ ဂရုတစိုက် ပြန်တပ်လိုက်သည်။
... ... ... ... ... ... ... ... ... ...

ဖူရွှမ်းသည် ပန်းချီကား လာပို့တဲ့ကျိူးယွင်ရှန့်ကို သူ့ရဲ့ကယ်တင်ရှင်အဖြစ် ကြည့်နေသည်။ ကင်းဗတ်စ်စကို ဖွင့်လိုက်ကာ အကြာကြီး စိုက်ငေးကြည့်နေလိုက်သည်။ ပန်းချီကားထဲက ကောင်လေးက စိတ်ကူးသက်သက်လို့ကြားထားတယ်။ နောက်ဆုံး သူ စိုးရိမ် ကြောက်လန့်နေတာတွေ အနည်ထိုင်တည်ငြိမ်သွားသည်။ ဒီပန်းချီကားက တခြားပန်းချီကားတွေနဲ့ ယှဉ်ရင် အရမ်းသိသားထင်ရှားပေါ်လွင်မယ်ဆိုတာ သူ ခံစားသိနေတယ်။ ဒါက အရမ်းသစ်လွင်တောက်ပြောင်နေပြီး ဆွဲဆောင်မှုအပြည့်ရှိကာ စိတ်ခံစားချက်နဲ့ အပင်ပန်းခံပြီး အပတ်တကုတ်ကြိုးစားရေးဆွဲထားမှန်း သိသာလှသည်။

သူ့မျက်လုံးထဲက အလိုလောဘကို မဖုံးကွယ်နိုင်တော့ဘဲ တလက်လက်တောက်ပလာသည်။ ငါးစာဟပ်မိသွားပြီဆိုတာ ကျိူးယွင်ရှန် သိလိုက်သည်။

ဝေ့ရှီရန် အိမ်ပြန်ရောက်တော့ နဉ်ဝမ်ရှုက နေ့ခင်းတရေးတမော အိပ်နေသည်။ ကျိူးယွင်ရှန့် ကလေးအပေါ် စောင်ခြုံပေးလိုက်ပြီး ဖောင်းမို့မို့မျက်နှာလေးကို အနမ်းပေးရင်း တိုးတိုးလေး ပြောလိုက်သည်။
" မင်းကို အသုံးချလိုက်ရတဲ့အတွက် တောင်းပန်ပါတယ်။ အဲအတွက် မင်း အရွယ်ရောက် အိုမင်းသွားတဲ့အထိ ကျန်ရှိတဲ့ ငါ့ဘဝတစ်လျှောက်လုံး မင်း အနားမှာပဲ နေပေးပါ့မယ်။ " 9

သူ အခန်းထဲက ညင်သာစွာ ပြန်ထွက်သွားပြီးချိန် နဉ်စစ်နျန် ဖုန်းခေါ်ပြီး ဒီနေ့ ဘယ်သူနဲ့တွေ့လဲ၊ ဘာအကြောင်းတွေ ပြောကြတာလဲ၊ ဘာတွေလုပ်လဲ စသည့်ဖြင့် တစ်နေ့တာအကြောင်းအရာတွေကို မေးမြန်းတော့သည်။ နဉ်စစ်ရဲ့ တစ်နေ့ထက် တစ်နေ့ ကြီးထွားလာတဲ့ ထိန်းချုပ်လိုမှုနဲ့ ပိုင်စိုးပိုင်နင်း သဘောထားမှုတွေက ကျိူးယွင်ရှန့်ကို အလွန်အမင်း အံ့အားသင့်စေသည်။ 3

" ဝေ့ရှီရန် ... နင် အထဲမှာ ရှိနေလား " ကျောက်ရှင်းဖန် အခန်းတံခါးအပြင်က အော်လိုက်သည်။

ကျိူးယွင်ရှန့် ဖုန်းချပြီး အဝတ်မြန်မြန်လဲကာ တံခါးဖွင့်ပြီး သူမကို တိတ်တဆိတ်ကြည့်လိုက်သည်။

ကျောက်ရှင်းဖန်းသည် မိတ်ကပ် လှလှပပ လိမ်းခြယ်ထားပြီး ကြီးမားတောက်ပလှတဲ့ ဗာဒံပုံ သူမမျက်လုံးတစ်စုံကို ပေါ်လွင်အောင် အသာပေး လိမ်းထားသည်။ ဆောင်းဦးရာသီဖြစ်ပေမယ့် သူမက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမက အင်္ကျီကော်လံကို တမင်သက်သက် အောက်ဆွဲချလိုက်တာကြောင့် နက်ရှိုင်းတဲ့ရင်ကြားနေရာကို မဖုံးကွယ်ထားနိုင်တော့ဘူး။ ဖြူဖွေးသေးသွယ်တဲ့ပေါင်တံနှစ်သွယ်ကို အနည်းငယ်ပူးကပ်ထားရင်း sexy ကျတဲ့ကိုယ်ဟန်အနေအထားနဲ့ ရပ်နေသည်။ သူမကို သဘောကျအောင် ဆွဲတောင်မှုရှိရှိ ဝတ်ဆင်ထားသည်။ 2

...... ငါ့ကို ဖြားယောင်းသွေးဆောင်ဖို့ အဆင့်သင့်ဖြစ်နေပြီလား? အိမ်ထောင်ရေးဖောက်ပြန်မှု နွံ့တောထဲ ဆွဲနှစ်မလို့လား? ကျူးယွင်ရှန့် အကြည့်လွဲလိုက်သည်။ ကောင်လေး သူမကို ကြည့်ဖို့ သိသိသာသာရှောင်ရှားနေတာ ကျောက်ရှန်းဖန်းတွေ့လိုက်တော့ သူမကိုယ် သူမ တော်တော် ဂုဏ်ယူမိသွားသည်။ ယောကျာ်းတွေရဲ့ ကျဆုံးရခြင်း အရင်းအမြစ်ကို သူမ ကောင်းကောင်း တတ်သိနားလည်ထားသည်။ အတွေ့အကြုံများခြင်းနဲ့ လိမ္မာကျွမ်းကျင်ခြင်းကြောင့် နဉ်စစ်နျန်လို ငါးကြီးကြီးတစ်ကောင်ကိုတောင် ဖမ်းမိထားတာ၊ အပြစ်ကင်းတဲ့ဒီကောင်လေး ဝေ့ရှီရန်ကိုဆို ပြောစရာတောင်မလိုလောက်ဘူး။ မိဘမဲ့ပြီး သီးသန့်နေတတ်တဲ့ ဝေ့ရှီရန်လို ကလေးမျိုးက မိခင်ဆန်တဲ့ နွေးထွေးမှုကို လိုချင်တောင့်တ စိတ်အားထက်သန်ကြတယ်။ သူ့ကို အပြုံးလေးတွေပေး၊ နူးညံ့တဲ့စကားလေးတွေ ပြောလိုက်ရင် သူမရဲ့တောင်းဆိုမှုနောက် ကျိုးနွံ့စွာနဲ့ ကောက်ကောက်ပါအောင် လိုက်လာမှာပဲ။ 14

ဝေ့ရှီရန်ရဲ့မိဘတွေက များပြားလှတဲ့အမွေအနှစ်တွေ ချန်ထားပေးခဲ့သည်။ အဲဒါတွေက ' နဉ် ' အုပ်စုနဲ့ မယှဉ်နိုင်ပေမယ့် ပုံမှန်လူတစ်ယောက်အတွက် စားသောက်ဖို့ ဖူလုံပြီး ဘဝသက်တမ်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်သည်။ ကျောက်ရှင်းဖန် အချိန်အကြာကြီး စဉ်းစားပြီး နောက်ဆုံးမှ ဝေ့ရှီရန်ကို သူမရဲ့လက်အောက် သိမ်းသွင်းဖို့ ဆုံးဖြတ်လိုက်သည်။

မိန်းကလေးသာမက ယောကျာ်လေးတွေလည်း သူတို့ရဲ့ပထမဆုံးအချစ် ပထမဆုံးအကြိမ်ကို ဘယ်တော့မှမမေ့နိုင်ဘူး။ ကျောက်ရှင်းဖန်သည် ဝေ့ရှီရန်ရဲ့ပထမဆုံးဖြစ်ဖို့ စီစဉ်ထားသည်။
" မရီး ... တစ်ခုခုလိုချင်တာရှိလို့လား? " အဲအချိန် ကျောက်ရှင်းဖန်သည် ကျိူးယွင်ရှန့်ကို ထောင့်နေရာ တွန်းကပ်လိုက်သည်။ စာအုပ်ဘီရိုရဲ့ ထိပ်နဲ့ ဘယ်ဘက်မှာ ကင်မရာတစ်လုံးစီရှိတာကြောင့် ပုံရိပ်တွေက အရမ်းကြည်လင်ပြတ်သားပြီး အနီးကပ်မြင်ကွင်းလည်း ဖြစ်နေသည်။ 2

ကျောက်ရှင်းဖန်းသည် အမှတ်တမဲ့နဲ့ သူမရဲ့လက်တွေကို ကောင်လေးပါးတွေရဲ့ဘေး နံရံပေါ် ထောက်ထားလိုက်သည်။ ရင်ဘတ်တစ်ခုလုံးနဲ့ သူ့ကို ပွတ်သပ်နေပြီး နှစ်လိုဖွယ်အသံနဲ့ ပြောလိုက်သည်။
" တစ်ယောက်တည်း အထီးကျန်နေလို့ နင်နဲ့စကားပြောဖို့ လာရှာတာ။ နင့်အစ်​ကိုက တနေကုန် အိမ်မှာမရှိတော့ အရမ်းအထီးကျန်တာပဲ။ "

ကျိူးယွင်ရှန့် စက်ဆုပ်ရွံရှာသွားသည်။ စိတ်မပါလက်မပါ တွန့်ဆုတ်စွာ မျက်နှာနီရဲသွားပြီး လည်ပင်းကို နောက်ဆုတ်ရင်း ကျောက်ရှင်းဖန်းရဲ့ချိုင်းအောက်ကနေ ဆတ်ခနဲငုံ့ရှောင်လိုက်သည်။

" ဘာတွေကြောက်နေတာလဲ။ နင့်ကိုစားမှာ ကြောက်နေတာလား? " ပြောရင်း ကျောက်ရှင်းဖန်း ရယ်မောလိုက်သည်။ ကောင်လေးကို ပြန်ဆွဲခေါ်လိုက်ပြီး မေးရိုးကို ကိုင်ကာ နမ်းရှိုက်လိုက်သည်။ အဲအနမ်းက အရမ်းတိုတောင်းလှသည်။ နှစ်စက္ကန့်အတွင်းမှာပဲ ဆယ်ကျော်သက်လေးက အတင်းရုန်းကန်ပြီး သူမကို တွန်းဖယ်လိုက်သည်။ ကောင်လေးက ရုတ်တရတ် ကောက်ခါငင်ကာ ချုံ့ပွဲချငိုကျွေးလိုက်ပြီး ရေချိုးခန်းထဲ ပြေးဝင်သွားသည်။ တွိုင်းလက်ကို မျက်နှာမူပြီး စတင်အော့အန်တော့သည်။ သည်းခြေရည်တွေ ထွက်ကျလာလောက်တဲ့အချိန်ထိတောင် မရပ်ပဲ အန်နေခဲ့သည်။ 2

တကယ်ပါပဲ ... အဲဒါတွေကြောင့် မိန်းမတွေနဲ့ ရင်းရင်းနှီးနှီးမနေချင်ခဲ့တာ။ 12

ရေချိုးခန်းရဲ့မျက်နှာကြက်မှာလည်း ကင်မရာတစ်လုံး တပ်ဆင်ထားပြီး ဒီအဖြစ်အပျက်ကို တိတ်တဆိတ် မှတ်တမ်းတင်ရိုက်ကူးထားသည်။

ကျောက်ရှင်းဖန်းရဲ့မျက်နှာသည် ရုတ်တရတ် ဖျော့တော့သွားသည်။ သူမကို သတ်မယ်လို့ ခြိမ်းခြောက်ရင်တောင်မှ ဒီတုန့်ပြန့်မှုကို သူမ လုံးဝ မမျှော်လင့်ထားဘူး။ ပုံမှန်လူတွေဆိုရင် ကြမ်းပြင်ပေါ် သူမကို တွန်းချပြီး သူတို့စိတ်ကြိုက် လုပ်ချင်ရာလုပ်ကြမှာမဟုတ်ဘူးလား။

သူမ ရှက်စိတ်ဝင် ဒေါသထွက်သွားပေမယ့် ကြောက်စိတ်က ပိုနေခဲ့သည်။ သူမ တံခါးနားသွားပြီး ခြိမ်းခြောက်ပြောလိုက်သည်။
" ဝေ့ရှီရန် ... ' စစ် ' ကို ဒီနေ့ ဘာဖြစ်တာလဲဆိုတာ ပြောပြရဲရင် ပြောပြကြည့်လိုက်။ နင် ငါ့ကို စော်ကားဖို့ကြိုးစားတယ်လို့ ပြောရလိမ့်မယ်။ ငါ့က သူ့ဇနီး၊ နင်က မိမစစ် ဖမစစ်ကောင်ပဲ။ သူ ဘယ်သူပြောတာယုံမလဲဆိုတာ စဉ်းစားကြည့်လိုက် " 11

ကောင်လေးရဲခန္ဓာကိုယ် တောင့်တင်းသွားကာ အိမ်သာခွက်နား ထိုင်ချရင်း ကြောက်လန့်စိတ်နဲ့ ခိုက်ခိုက်တုန်နေပြီး ကျောက်ရှင်းဖန်း ထွက်သွားတာနဲ့ ငိုကျွေးတော့သည်။ အချိန်တော်တော်ကြာမှ ဖြည်းညှင်းစွာ မော့ကြည့်လိုက်တော့ ဖျော့တော့နေသောမျက်နှာနဲ့ အလွန်အမင်း နီရဲနေသော မျက်လုံးတွေကို တွေ့လိုက်ရသည်။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі