Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 2.5
အခန်း(၁၆)​ဝေ့ရှီရန်​ဘဝ

နဉ်စစ်နျန်ရဲ့ တောင်းပန်မှုတွေကို နဉ်ဝမ်ရှုသည် မကြားသလိုနေရင်း သူ့အဖေရဲ့မျက်နှာကို ခံစားချက်မဲ့မျက်လုံးတွေနဲ့ တိတ်တိတ်လေး ကြည့်နေခဲ့သည်။

နဉ်စစ်နျန်သည် ဝမ်ရှုကို တင်းကြပ်နေအောင်ဖက်ပြီး နဖူးနဲ့ဆံပင်ကို ထပ်ခါထပ်ခါ နမ်းနေခဲ့သည်။ နဉ်စစ်သည် သူ့စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့ မိနစ်အနည်းငယ်ယူလိုက်ပြီးနောက် ညင်သာစွာ မေးလိုက်သည်။
" သားလေး ပါပါ့ကိုပြော သားကိုရိုက်တာ ဝမ်မားလား "

နဉ်ဝမ်ရှုသည် တုန်ခါသွားပေမယ့် တိတ်တိတ်လေးပဲ နေ,နေခဲ့သည်။

နဉ်စစ်သည် သူ့သားကျောကို ချက်ချင်းပွတ်သပ်ရင်း ထပ်ခါထပ်ခါ အကြိမ်ပေါင်းများစွာ မေးပေမယ့် ဝမ်ရှုက ငြိမ်ငြိမ်လေး ထိုင်နေတုန်းပဲ။ နဉ်စစ်သည် သူ့သားကို နှစ်သိမ့်လိုက်သည်။
" သားလေး ဘာမှကြောက်စရာမလိုဘူး။ ပါပါ ကာကွယ်ပေးမယ် "  ပြီးတော့ စကားကို ခဏရပ်ကာ သူ့ကိုယ်သူ အပြစ်တင်ရင်း ဆက်ပြောလိုက်သည်။
" သားလေးပြောမှ ပါပါက မကောင်းတဲ့သူတွေကို အပြစ်ပေးလို့ရမှာပေါ့။ တကယ်လို့ သားလေး အခုလိုစကားပြောဖို့ ငြင်းနေမယ်ဆိုရင် ပါပါ ဦးလေးရှီရန်ကို အိမ်က ထွက်သွားအောင်ပဲ လုပ်ရတော့မယ် "

" မလုပ်နဲ့ " ဆက်ရက်ဆက်တိုက် တိတ်ဆိတ်နေတဲ့ နဉ်ဝမ်ရှုက အထိတ်အလန့်နဲ့ အော်ပြောလိုက်သည်။

နဉ်စစ်ရဲ့နှလုံးသားက တဆတ်ဆတ်တုန်သွားပြီး သူ့ကိုယ်သူ ဝမ်ရှုကို ဆက်မေးဖို့ တွန်းအားပေးလိုက်သည်။
" ဘာကိုမလုပ်ရမှာလဲ။ ဦးလေးရှီရန်ကို ထွက်သွားအောင်မလုပ်ရဘူးလား။ ဒါဆို သားလေးကို ဘယ်သူရိုက်တယ်ဆိုတာ ပါပါကို ပြောပြမှာလား။ ပါပါ့ကို မပြောပြရင် သားလေးကို ပါပါက ဘယ်လို ကာကွယ်ပေးရမှာလဲ။ သားက ပါပါရဲ့ တစ်ဦးတည်းသောသား ပါပါ့သားလေးပါ။ ပါပါ သားလေးကို ဂရုစိုက်တာ သိတယ်မလား။ "

နဉ်စစ်သည် သူ့သား ဖြည်းဖြည်းချင်းပြောထွက်လာအောင် သူ့လေသံကို တိုးတိုးလေးဖြစ်ဖို့ ကြိုးစားလိုက်သည်။

နဉ်ဝမ်ရှုသည် အကြာကြီး ငြိမ်နေပြီးမှ တိုးတိုးလေးပြောလိုက်သည်။ " ဦးလေးကို အဝေးမလွှတ်ပါနဲ့။ သားကို ဝမ်မား ရိုက်တာပါ။ ဦးလေး မဟုတ်ဘူး။ "
နောက်ဆုံးတော့ မျက်ရည်တွေပြည့်လျှံနေတဲ့ မျက်လုံးနဲ့ ဝမ်ရှုသည် သူ့အဖေကို တည့်တည့်ကြည့်လိုက်သည်။

နဉ်စစ်ရဲ့မျက်လုံးတွေက စိုစွတ်နေပြီး ဝမ်ရှုခေါင်းငိုကိုင်ကာ အကြိမ်ကြိမ်နမ်းပြီးမှ သူ့လက်မောင်းကြားထဲ တင်းတင်း ပွေ့ဖက်ထားလိုက်သည်။ သူရဲ့ ဂရုတစိုက်ပြုစုဆက်ဆံပေးမှုက ကြာမြင့်စွာ ပျောက်ဆုံးနေတဲ့ အဖိုးတန်ရတနာကို ပြန်ရှာဖွေပေးလိုက်သလိုပါပဲ။

စောင့်ကြည့်ကိရိယာကိုသာ မတပ်ဆင်ထားရင် သူ အမှောင်ထဲမှာ ပိတ်မိကောင်း ပိတ်မိနေနိုင်သည်။ တရားခံအစစ်က သူ့ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဝမ်မားဖြစ်နေမယ်လို့ ဘယ်သူက တွေးမိမှာလဲ။ သူသာ ဝေ့ရှီရန်ကို မောင်းထုတ်မိလိုက်ရင် သူသားပဲ ပိုဝမ်းနည်းစရာကောင်းတဲ့အခြေအနေကို ရောက်သွားမှာ။ ကလေးဘဝက စတဲ့ အထီးကျန်ဝေဒနာက ပိုပိုပြီး ဆိုးရွားလာမှာ။ သူ့ဒေါသ၊ မနှစ်​မြို့စက်​ဆုပ်​ရွံ့ရှာမှု၊ မုန်းတီးမှု​တွေ အားလုံးကို အပြစ်​ကင်းတဲ့ကောင်လေးအပေါ် စုပုံချနေချိန်မှာ ဝမ်မားကတော့ လျှို့ဝှက်စွာနဲ့ သူရဲ့ရူးမိုက်မှုတွေကို ရယ်မောလှောင်ပြောင်နေလိမ့်မယ်။

အဲဒါကို စဉ်းစားမိလိုက်တာနဲ့ နဉ်စစ်နျန်ရဲ့မျက်နှာက ရှက်ရွံ့မှုကြောင့် နီရဲသွားသည်။ သူရဲ့ကျရှုံးမှုကို ရှက်လို့ အကြိမ်ပေါင်းများစွာ အရိုက်ခံရသလို ရဲရဲနီနီနေခဲ့သည်။

ကျိူးယွင်ရှန့်သည် နဉ်စစ်ရဲ့ ရှက်ရွံ့တဲ့ အမူအယာကို သူ့လက်ကောက်ဝတ်မှာရှိတဲ့ AI ကနေ မြင်လိုက်တော့ ကင်မရာကိုရှောင်ရန် ခေါင်းငုံလိုက်ပြီး တိတ်တဆိတ် ပြုံးလိုက်သည်။ ပြီးတော့ မတ်တပ်ရပ် အကြောဆန့်ပြီး အဝတ်တွေချွတ်ရင်း ရေချိုးခန်းဆီ လျှောက်သွားလိုက်သည်။ ဒါပေမယ့် ရေပန်းအောက် ရပ်လိုက်ချိန် သူ့ကြွက်သားတွေ အနည်းငယ် တောင့်တင်းသွားသည်။

ကျောက်ကျွင့် ကင်မရာတွေကို ရေချိုးခန်းမှာလည်း တင်ဆင်ထားပုံပေါ်တယ်။ ကျောက်ကျွင့်သည် သူ့အလုပ်ကို အရမ်းအလေးထားတာကြောင့် ကင်မရာတလုံး ထက်ပိုပြီး တပ်ဆင်ထားနိုင်တယ်။ ကျိူးယွင်ရှန့်သည် နှုတ်ခမ်းစွန်းလေး တွန့်သွားရုံပြုံးလိုက်ပြီး ရေဆက်ချိုးနေလိုက်သည်။ နဉ်စစ်က straight တစ်ယောက်။ သူက ယောကျာ်းလေးတွေကို ချောင်းကြည့်တတ်တဲ့ ဝါသနာ မရှိ​လောက်ဘူး။ တကယ်လို့ သူ ကြည့်မယ်ဆိုရင်တောင် ထိခိုက်နစ်နာစရာမှ မရှိတာ။ 7

ဗီလိန်တစ်ယောက်အနေနဲ့ အကြိမ်ပေါင်းများစွာ လုပ်ပြီးနောက်ပိုင်း ကျိူးယွင်ရှန့်ရဲ့ အရှက်တရားနဲ့ ရိုးသားဖြောင့်မတ်ခြင်းက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကင်းမဲ့သွားခဲ့ပြီးဖြစ်သည်။ 11

သူ့သားပါးစပ်က အမှန်ကို နဉ်စစ်နျန်ကြားပြီးတာနဲ့ ရေမိုးချိုးပေးပြီး အဝတ်လဲပေးလိုက်သည်။ ပြီးတော့ ဝမ်မားကို မောင်းထုတ်မယ့်အကြောင်း ယုံကြည်စိတ်ချအောင် အထပ်ထပ်အခါအခါ ပြောလိုက်သည်။ နဉ်ဝမ်ရှု အရမ်းပျော်သွားပေမယ့် ခဏခဏ ညှင်းပန်းနှိပ်​စက်​ခံထားရတာ​ကြောင့်​ဘယ်လိုရယ်မောရမယ်ဆိုတာ မေ့နေပြီး သူ့နှုတ်ခမ်းထောင့်စွန်းလေးသာ အနည်းငယ် တွန့်ကွေးသွားခဲ့သည်။ အဲဒါက နဉ်စစ်ရဲ့နှလုံးသားကို ကွဲကြေစေခဲ့သည်။

ဥာဏ်နီဥာဏ်နင်များတဲ့ နဉ်စစ်နျန်လို လူတစ်ယောက်အတွက် သူ့သားကို နှိပ်စက်ညှင်းပန်းခြင်းရဲ့ နောက်ကွယ်မှာ အကြောင်းရှိရမယ်ဆိုတာ ခန့်မှန်းမိဖို့ မခဲယဉ်းပါဘူး။ ဝမ်မားက သူမဘဝတစ်လျှောက်လုံး 'နဉ်' မိသားစုအတွက် အလုပ်အကျွေးပြုခဲ့တယ်။ သူ့ကိုလည်း ပြုစုပျိုးထောင်ပေးခဲ့သေးတယ်။ ဘာလို့ ရုတ်တရတ် သဘောထားပြောင်းလဲသွားရတာလဲ။ ဝမ်မားက အရူးမဟုတ်ဘူး။ ကလေးကို နှိပ်စက်တာက သူမရဲ့ဆန္ဒကိုကျေနပ်စေမယ့် တစ်ခုတည်းသော နည်းလမ်းမှမဟုတ်တာ။ ဒါဆို သူမရဲ့အကြောင်းအရင်းခံက ဘာဖြစ်နိုင်မလဲ။

အကျိုးကျေးဇူးက လူသားရဲ့လိုအပ်​ချက် အရင်းအမြစ်ကြောင်ပ ဖြစ်မယ်လို့ နဉ်စစ်နျန် ယုံကြည်ထားတယ်။ သူ့သားကို ရိုက်နှက်တာကနေ အကျိုးကျေးဇူးရနေလို့ ဝမ်မား သူ့သားကို နှိပ်စက်နေတာ ဖြစ်မယ်။ ဒါဆို သူ့သား ညှင်းပန်းနှိပ်​စက်​ခံရတာနဲ့ ဝေ့ရှီရန် နှင်ထုတ်ခံရတာက ဘယ်သူကို အကျိုးအမြတ်ရစေနိုင်မလဲ။

နဉ်စစ်နျန်သည် လူတစ်ယောက်ကို စဉ်းစားမိလိုက်ဦး မျက်မှောင်ကြုံလိုက်သည်။ တကယ်လို့ သူမသာ ဖြစ်နေမယ်ဆိုရင် အရာအားလုံးက သူ တွေးထားတာထက် ပိုရှုပ်ထွေးသွားပြီ။

အဖေနဲ့သားသည် အခန်းထဲတွင် အချိန်အတန်ကြာ နေပြီးနောက် သူတို့နှစ်ဦးကြား နွေးထွေးမှုနဲ့ စိတ်သဘောထား ညီညွှတ်တိုက်ဆိုင်မှု အနည်းငယ်ပြန်ရလာသည်။ အဲအချိန်မှာပဲ အိပ်ခန်းတံခါး ပွင့်လာပြီး ကျောက်ရှင်းဖန်း အိတ်တစ်လုံးသယ်ကာ ဝင်လာခဲ့သည်။ သူမသည် ပင်ပန်းနွမ်းနယ်နေတဲ့အသံနဲ့ ပြောလိုက်သည်။
" စစ်နျန်… ဝမ်မား ထမင်းစားဖို့ခေါ်နေပြီ။ ကျွန်မ အဝတ်အရင်လဲလိုက်ဦးမယ်။ ရှင် ကျွန်မကို မစောင့်နဲ့တော့။ "

နဉ်စစ် သဘောတူလိုက်ပြီး သူ့သားကို ပွေ့ချီကာ ထမင်းစားခန်းဆီ ဆင်းလာလိုက်သည်။ ထမင်းစားခန်းထဲအဝင် ချောင်ကျတဲ့နေရာ ဆံပင်အစိုနဲ့ထိုင်နေတဲ့ ကောင်လေးကို တွေ့တော့ နူးညံ့စွာ ပြောလိုက်သည်။
" ထမင်းစားဖို့ မဆင်းလာခင် ဘာလို့ ဆံပင်တွေကိုခြောက်အောင် အရင် မသုတ်လာတာလဲ "

" ခင်ဗျား စိုးရိမ်ပူပန်တာ မနောက်ကျလွန်းဘူးလား " ကျိူးယွင်ရှန့် စိတ်ထဲ ပျက်ရယ်ပြုပြောလိုက်သည်။ ဒါပေမယ့် အပြင်မှာတော့ သူ့ပါးတွေ အနည်းငယ်ရဲလာကာ ကြောက်သလို ဟန်ဆောင်လိုက်ပြီး ခေါင်းကို ငုံ့ထားလိုက်သည်။ 6

နဉ်စစ်နျန် သက်ပြင်းချလိုက်ပေမယ့် ကောင်လေးကို လန့်အောင်လုပ်မိမှာစိုးလို့ ထပ်ပြီး မဆူလိုက်တော့ဘူး။ အရင်က ဝေ့ရှီရန် သူနဲ့မျက်လုံးချင်းဆုံဖို့ အမြဲရှောင်နေတာကို အပြစ်လုပ်ထားလို့ ရှောင်နေတာ ထင်ထားခဲ့တယ်။ ဒါပေမယ့် အခုတော့ ဒါက ရှက်နေလို့ဆိုတာ သူ သိသွားပြီ။ ကလေးဘဝကတည်းက ကံဆိုးမိုးမှောင်ကျခဲ့တာကြောင့် ရှီရန်လည်း သူ့သားလို့ ခံစားနေရမှာ။

အဲဒါကို တွေးမိလိုက်တာနဲ့ နဉ်စစ်နျန်ရဲ့နှလုံးသားက နူးညံ့ပျော့ပျောင်းသွားပြီး မကျေနပ်ချက် နည်းနည်းလေးတောင် မထားတော့ဘဲ အနာဂါတ်မှာ ဒီလူငယ်လေးကို သေချာဂရုစိုက် စောင့်ရှောက်မယ်လို့ ကိုယ့်ကိုယ်ကို တိတ်တဆိတ် တည်ကြည်လေးနက်စွာ ကတိပြုလိုက်သည်။ 9

ဝမ်မားသည် ရုတ်တရတ်ပြောင်းလဲသွားတဲ့ နဉ်စစ်နျန်ရဲ့သဘောားကို ကြည့်ပြီး ပန်းကန်တွေ လွတ်ကျလုနီးပါးအထိ အံ့သြသွားခဲ့သည်။ အဲအချိန်မှာ ကျောက်ရှင်းဖန်းလည်း ရောက်လာပြီး အမျိုးသမီးနှစ်ဦး တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ငေးကြည့်နေလိုက်ကြသည်။

ထမင်းစားခန်းထဲက လေထုအခြေအနေသည် အရမ်း တိတ်ဆိတ်သိမ်မွေ့လွန်းနေသည်။ ဝမ်ရှုသည် သူ့အဖေလက်မောင်းကြား နာခံစွာ ထိုင်နေပြီး ပါးစပ်ထဲတွင်လည်း စားစရာအပြည့်ထည့်ကာ တောက်ပနေတဲ့မျက်ဝန်းနဲ့ တစ်ချက်တစ်ချက် သူ့ဦးလေးကို မော့, မော့ကြည့်နေသည်။ ဝမ်ရှုကို ကြည့်ရတာ သက်တောင့်သက်သာဖြစ်နေပြီး ပျော်ရွှင်နေပုံပေါ်နေသည်။ ကျိူးယွင်ရှန့်သည် အစာကို ဖြည်းဖြည်းစားနေသည်။ စားပြီးတာနဲ့ ဘယ်သူ့ကိုမှ မကြည့်ဘဲ အခန်းဆီ ပြန်သွားလိုက်သည်။

" သားလေး ဝပြီလား စာကြည့်ခန်းမှာ စာဖတ်ဖို့ ပါပါနဲ့အတူသွားရအောင် " နဉ်စစ်သည် သူ့သား ဇွန်းကိုထဖို့ ငြင်းဆန်နေတာတွေ့တော့ ပြောလိုက်ပြီး ဝမ်ရှုပါးစပ်ကို ညင်သာစွာ သန့်ရှင်းပေးလိုက်သည်။

နဉ်ဝမ်ရှုရဲ့မျက်လုံးတွေ တောက်ပလာပြီး ခေါင်းညိမ့်ပြလိုက်သည်။ တကယ်တော့ ဝမ်ရှုက သူ့အဖေ သူ့ကို ဝမ်မားဆီ လက်လွဲပေးလိုက်မှာ ကြောက်နေခဲ့တာ။

နဉ်စစ်သည် သူ့သားကို နမ်းပြီး အပေါ်ထပ်ကို ခေါ်သွားလိုက်သည်။

နဉ်ဝမ်ရှုသည် အလွန်ယဉ်ကျေးသိမ်မွေ့ပြီး ငြိမ်ငြိမ်လေးနေတတ်သူ ဖြစ်တာကြောင့် နာရီပေါင်းများစွာကြာအောင် အဆောက်အဦးဆောက်တဲ့ ကစားစရာလေးနဲ့ ပျော်ရွှင်စွာ ကစားနေခဲ့သည်။ နဉ်စစ်နျန်သည် မော်နီတာကို ကြည့်ရင်း ဝမ်ရှုကိုပေါင်ပေါ်တင်ကာ ကြီးမားတဲ့စားပွဲပေါ် ကစားစရာပစ္စည်းများ ပြန့်ကျဲပြီး ကစားခွင့်ပေးထားသည်။

ကော်ရီဒါရဲ့ မျက်နှာချင်းဆိုင်အခန်းထဲမှာတော့ ကျူးယွင်ရှန့်သည် ဘောင်းဘီရှည်မဝတ်ဘဲ ရှပ်အင်္ကျီပွပွကြီးဝတ်ကာ ကုတင်ပေါ်လှဲလျောင်းလျက် သူရဲ့ဖြူဖွေးရှည်လျားတဲ့ခြေထောက်ကို လှုပ်ခါရင်း AI ကို အေးအေးဆေးဆေးကြည့်နေခဲ့သည်။ သူသည် နဉ်စစ်နျန်ရဲ့မျက်နှာကို ကြည့်ရတာ နှစ်သက်သဘောကျသလို ကျောက်ရှင်းဖန်းနဲ့ ဝမ်မားတို့ရဲ့ အံ့သြနေတဲ့အပြုအမှုကိုလည်း စောင့်ကြည့်တတ်သည်။

နဉ်စစ် ထွက်သွားတာ သေချာတဲ့အချိန်မှ ကျောက်ရှင်းဖန်းသည် တူကိုချကာ ပြောလိုက်သည်။
" ဝမ်မား ဒီနေ့ ဘာတွေလုပ်လဲ "

" ဒီနေ့ ကျွန်မညီမတွေနဲ့ 'ကတ်' ကစားနေလို့ အချိန်ကို သတိမထားမိလိုက်ဘူး။ မနက်ဖြန် သေချာပေါက် လုပ်ပေးပါမယ်။ " ဝမ်မား တိုးတိုးလေး ပြောလိုက်သည်။

" လုပ်စရာရှိတာ မြန်မြန်လုပ်။ ဝေ့ရှီရန်ကို မြင်နေရတာ နေလို့ထိုင်လို့မကောင်းဘူး။ ပြီးတော့ ပိုပြီးရက်စက်တဲ့နည်းနဲ့ ကောင်စုတ်လေးကို အရူးလိုဖြစ်အောင် လုပ်လိုက်။ ပြီးရင် ဝေ့ရှီရန်ကို အပြစ်လွှဲချ။ ဘာတွေကြောက်နေတာလဲ။ "
ရှင်းဖန်းသည် သူမရဲ့အကြံအစည်ကို အရမ်းသဘောကျပြီး တခစ်ခစ်နဲ့ ရယ်နေလိုက်သည်။

ဝမ်မားသည် အဆက်မပြတ် ခေါင်းညိမ့်ပြီး " ကျွန်မ သိပါတယ်…… ဒါနဲ့ ကျွန်မတို့ ကြိုတင်သဘောတူထားတဲ့ ပိုက်ဆံက…… "

" ဝေ့ရှီရန် ထွက်သွားတာနဲ့ ချက်ချင်း ကျွန်မပေးမယ်။ ကလေးကို အရူးဖြစ်အောင် လုပ်နိုင်ရင် 500,000 ပေးမယ် " ကျောက်ရှင်းဖန်း သဘောထားကြီးစွာနဲ့ ကတိပေးလိုက်သည်။ 2

ဝမ်မားသည် မနက်ဖြန် လုပ်ဖြစ်အောင်လုပ်မည် ဖြစ်ကြောင်း ထပ်မံ ကတိပေးလိုက်သည်။

သူတို့သည် စားပွဲပေါ်ရှိ ပန်းအိုးထဲတွင် ကင်မရာတပ်ဆင်ထားသည်ကို သတိမထားမိလိုက်ကြဘူး။ သူတို့ မျက်နှာအမူအရာ အပြုအမှုတွေနဲ့ စကားသံတွေအားလုံး data အဖြစ်ပြောင်းလဲပြီး ကွန်ပြူတာမျက်နှာပြင်တွင် သွားပေါ်နေသည်။

ကွန်ပြူတာရှေ့တွင် ထိုင်နေသော နဉ်စစ်နျန်သည် မျက်နှာလုံးဝပျက်သွားပြီး မျက်လုံးတွင်လည်း ဒေါသအရိပ်အယောင်တွေ ပေါ်နေခဲ့သည်။ မိန်းမနှစ်ယောက်ဖြစ်နေပေမယ့် သူတို့ပြောတာတွေ ကြားပြီးနောက် သူတို့ကို အစိတ်စိတ် အမွှာမွှာ ပိုင်းဖြတ်ချင်တဲ့စိတ်ကို ထိန်းချုပ်လို့မရတော့ဘူး။

နဉ်ဝမ်ရှုသည် သူ့အဖေရဲ့ စိတ်ခံစားချက် ပြောင်းလဲသွားတာကို သတိထားမိပြီး စတင် တုန်ခါလာခဲ့သည်။

နဉ်စစ်နျန်သည် အားကုန်သုံးကာ သူ့ရဲ့ဒေါသပုန်ထမှုကို ဖိနှိပ်လိုက်ပြီး သူ့သားရဲ့ မှိုင်တွေနေတဲ့မျက်လုံးကို ဖုံးအုပ်ထားတဲ့မျက်ခွံနဲ့ ဆံပင်ကို နမ်းလိုက်သည်။ ကျောက်ရှင်းဖန်း သူ့သားကို ဒုက္ခပေးတာက သူမရဲ့ အနာဂါတ်ကလေးတွေအတွက် ဆိုတာ သူ နားလည် တွေးပေးနိုင်တယ်။ ဒါပေမယ့် သူမက ဝေ့ရှီရန်ကို အပြင်းအထန် မောင်းထုတ်ချင်နေတယ်။ ဘာလို့လဲ…? ရှီရန်ရဲ့မိဘတွေက ရှီရန်အတွက် အမွေတွေအများကြီး ချန်ထားပေးခဲ့တယ်။ သူကလည်း ' နဉ် ' ပစ္စည်းတွေကို ဂရုမစိုက်ဘူး။

သူ့မျက်လုံးတွေနဲ့ နှလုံးသားက ပန်းချီအပေါ်မှာပဲ အာရုံစူးစိုက်ထားတယ်။ လိုချင်တပ်မက်စိတ်လည်း မရှိဘူး။ သူက ကျောက်ရှင်းဖန်းအပေါ် ဘယ်လိုအမှားမျိုး လုပ်ထားလို့လဲ။

နက်နဲတဲ့အကြောင်းပြချက်တခု ရှိရမယ်လို့ နဉ်စစ် ခန့်မှန်းလိုက်သည်။

နဉ်စစ် အတွေးထဲ နစ်မျောနေပြီး အချိန်တွေ ကုန်သွားလိုက်တာ…… သူ ပတ်ဝန်းကျင်ကို သတိထားမိတဲ့အချိန်မှာတော့ နဉ်ဝမ်ရှု စားပွဲပေါ်မှောက်လျက် အိပ်ပျော်နေပြီ။ နဉ်စစ်နျန်သည် အိပ်ခန်းဆီ ခေါ်သွားလိုက်ပြီး ညင်သာစွာ စောင်ခြုံပေးကာ နဖူးကိုနမ်းလိုက်သည်။ သူ့သားဘေး အကြာကြီးရပ်နေပြီးမှ ထွက်သွားလိုက်သည်။

အဲအချိန် ကျောက်ကျွင့်သည် ဝမ်မားနဲ့အတူ စာကြည့်ခန်းတွင် စောင့်နေခဲ့သည်။

" ဝမ်မား ခင်ဗျားက အသက်အရွယ်ကြီးနေပြီ ဘာလို့ အနားမယူသေးတာလဲ " နဉ်စစ်နျန် သားရေထိုင်ခုံပေါ် ထိုင်ရင်း တဆက်တည်း ပြောလိုက်သည်။

" လက်တွေက အသက်အရွယ် ကြီးရင့်နေပေမယ့် ခြေထောက်တွေကတော့ နောက်နှစ်အနည်းငယ်အထိ လုပ်နိုင်ပါသေးတယ်။ ပြီးတော့ ကလေးက စိတ်ထိခိုက်နေတာ သူ့ကို ချန်ထားပြီး မထွက်သွားနိုင်ဘူး။ စစ်နျန်... မင်း အရမ်းစိတ်ထိခိုက် ခံစားနေရမှာ သိပါတယ်။ မင်းထက် ငါက ပိုပြီး စိတ်သောကရောက်တယ်။ မင်းကို ကလေးဘဝကတည်းက ပြုစုပျိုးထောင်ပေးခဲ့တာ။ မင်းနဲ့ မင်းရဲ့သားက ငါ့သားနဲ့​မြေးအရင်းတွေလိုပါပဲ။ " ဝမ်မားက မျက်ရည်တစမ်းစမ်းနဲ့ ပြောလိုက်သည်။ ဒါပေမယ့် သူမရဲ့နှလုံးသားထဲမှာတော့ ရက်စက်မှုတွေ ရှိနေခဲ့သည်။

နဉ်စစ်က သရော်ပြုံး ပြုံးလိုက်ပြီး ပြောလိုက်သည်။ " ပိုက်​ဆံ ၅သိန်း​လောက်​နဲ့ခင်​များ ကိုယ့်​မြေးကိုယ်​ပြန်​သတ်​နိုင်​တယ်​ဆိုရင်​တော့။ အဲ့လိုဂရုစိုက်​မှုမျိူးကျူပ်​မလိုဘူး''

ဝမ်မားသည် လန့်သွားပြီး စကားထစ်ကာ ငြင်းဆန်ဖို့ပြင်လိုက်သည်။ ဒါပေမယ့် သူမနဲ့ ကျောက်ရှင်းဖန်း တိုးတိုးပြောနေတဲ့ ကွန်ပြူတာ ဖန်သားပြင်ကို သူမဘက် လှည့်ပြတာမြင်လိုက်တော့ အရမ်းအံ့သြသွားခဲ့သည်။

မိသွားပြီ။ ဝမ်မားသည် ဝေ့ရှီရန် မြင်သွားတဲ့ ကျောက်ရှင်းဖန်းရဲ့ကိစ္စကော ပိုက်ဆံအတွက် သူမ ရှင်းဖန်းနဲ့ ဘယ်လို လျှို့ဝှက်လုပ်ဆောင်တယ်ဆိုတာကော ပြောပြလိုက်သည်။ ပြီးတော့ အတိတ်ကို ပြန်ပြောင်းပြောပြရင်း သူမကို ခွင့်လွှတ်ပေးရန် နဉ်စစ်ကို ဖျောင်းဖျဖို့ ကြိုးစားခဲ့သည်။

ကျောက်ရှင်းဖန်… ချန်ယွိ… နဉ်စစ်နျန် အဲနာမည်နှစ်ခုကို အံကြိတ်သံနဲ့ ရေရွတ်လိုက်ပြီး သူရဲ့မျက်လုံးက တဖြည်းဖြည်း ဒေါသကြောင့် နီရဲလာသည်။

" ဝမ်မား ည ရေသောက်ဆင်းချိန် လှေကားမှာ ခလုတ်တိုက်ပြီး ခြေထောက်တွေ ကျိုးသွားတယ်။ သူမအတွက် စိတ်မကောင်းဖြစ်လို့ အားပြန်ပြည့်အောင် ဆေးရုံမှာ လအတန်ကြာ အနားယူစေခဲ့တယ်။ မင်း ဘာလုပ်ရမယ်ဆိုတာ သိတယ်မလား " နဉ်စစ် ကျောက်ကျွင့်ကို တည့်တည့်ကြည့်ရင်း ပြောလိုက်သည်။ 2

အတိတ်က ကြေးစားစစ်သားဖြစ်ဖူးတဲ့ ကျောက်ကျွင့်တောင် နဉ်စစ်ရဲ့အန္တရာယ်ပြုမယ့် မျက်လုံးတွေကို ကြောက်လန့်သွားသည်။ ဒါပေမယ့် စိတ်ကို စုစည်းလိုက်ပြီး ချက်ချင်း ဆေးထိုးအပ် ယူကာ ဝမ်မားရဲ့လည်ပင်းဆီ ထိုးသွင်းလိုက်သည်။

ဝမ်မားရဲ့မျက်လုံးတွေ ချာချာလည်သွားပြီး ကြမ်းပြင်ပေါ် လဲကျသွားသည်။

ကျောက်ကျွင့်သည် ဝမ်မားဆီ လျှောက်သွားပြီး ဘယ်ခြေထောက်ကို ဖြည်းဖြည်းချင်း ရိုက်ချိုးလိုက်သည်။ အရိုးကျိုးသွားသံက လူတွေရဲ့ ဦးခေါင်းခွံကို စပ်ဖျဉ်းဖျဉ်းဖြစ်စေသည်။ နဉ်စစ်သည် မလုံလောက်သေးဟု ယူဆပြီး " ညာခြေထောက်ကော " လို့ ပြောလိုက်သည်။

ကျောက်ကျွင့်သည် သူ့စကားအတိုင်း ဝမ်မားရဲ့ ခြေနှစ်ချောင်းလုံးကို ရိုက်ချိုးလိုက်သည်။ ပြီးတော့ သူ့ပခုံးပေါ်သယ်သွားပြီး ကော်ရီဒါမှာ ဘယ်သူမှမတွေ့တော့ အဲနေရာမှာ ထားခဲ့လိုက်သည်။

နဉ်စစ်နျန်သည် မတ်တပ်ရပ်ပြီး ဆေးလိပ်မသောက်ခင် ပြတင်းပေါက်ဆီ လျှောက်သွားလိုက်သည်။ သူသည် ဖွင့်ထားဆဲ ကွန်ပြူတာကို ဖျတ်ခနဲ့ကြည့်လိုက်သည်။ ဝေ့ရှီရန်သည် အဖြူရှောင် ရှပ်ပွပွတစ်ထည်တည်း ဝတ်ထားပြီး အိပ်ရာပေါ်တွင် အိပ်ပျော်နေသည်။ အဲယားကွန်းလေအေးကြောင့် ချောမွေ့ဖြူဖွေးတဲ့ ခြေထောက်တွေက ကွေးနေပြီး ခြေချောင်းလေးတွေလည်း ကုတ်နေခဲ့သည်။ 5

ဒီကလေးကတော့…… သူ့ကိုယ်သူတောင် ဂရုမစိုက်ဘူး။

နဉ်စစ်နျန် သက်ပြင်းချလိုက်ပြီး စီးကရက်ကို ငြိမ်းကာ ကောင်လေးရဲ့အခန်းဆီ ညင်သာစွာ လျှောက်သွားလိုက်သည်။ ဓါတ်ပုံအယ်ဘမ်တွေက ကုတင်ပေါ်ပြန့်ကျဲနေလို့ စာအုပ်စင်ပေါ် နေရာတကျ ပြန်ထားပေးလိုက်ပြီး အိပ်နေတဲ့ပုံစံကို ပြင်ပေးလိုက်သည်။ ပိန်ပါးတဲ့ခန္ဓာကိုယ်ကို ဂွမ်းစောင် လွှမ်းခြုံပေးရင်း အဲယားကွန်းကို အနည်းငယ်လျှော့ပေးလိုက်သည်။

ဆယ်ကျော်သက်ကောင်လေးက စကားတွေ မပီမသရေရွတ်နေခဲ့သည်။ နူးညံ့တဲ့ခေါင်းအုံးထဲ နစ်မြုပ်နေတဲ့ သိမ်မွေ့နူးညံ့တဲ့မျက်နှာကို သူ့လက်တွေနဲ့ ပွတ်သပ်နေပုံက အရမ်း ချစ်စရာကောင်းလွန်းတယ်။ 10

နဉ်စစ်နျန်သည် ကျောက်ရုပ်လို ရပ်ကြည့်နေပြီးမှ ရှီရန်အနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "​ဝေ့… ကောင်းသောညပါ။ ပြီးတော့… တောင်းပန်ပါတယ်။ "

နဉ်စစ်နျန် ထွက်သွားပြီး​နောက်​အခန်းထဲတွင် ရယ်သံတိုးတိုး​လေး ပျံ့လွင့်လာသည်​။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі