Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 8.9
Chapter (9) (zawgyi+Unicode)


Haydenသည် ရိုက်ကူးရေးအဖွဲ့က သူ့ကို ခြင်္သေ့ပေါက်လေးတစ်ကောင် ပေးလိမ့်မည် ထင်ထားသော်လည်း ဝန်ထမ်းတစ်ယောက်က သူ့ကို မျောက်လေးတစ်ကောင်လာပေးခဲ့ မကျေမနပ်တွေဖြစ်နေပြီး ရိုက်ကွင်းမှာပင် သူ့စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်ပဲ မျောက်ကလေးကို တင်းကြပ်စွာဆုပ်ကိုင်ထားသဖြင့် မျောက်ကလေး၏ နာကျင်စွာ အော်ဟစ်သံတို့ ထွက်ပေါ်လာအောင် လုပ်ခဲ့သည်။


သူ့ရဲ့လုပ်ရပ်က ဓာတ်ပုံမှာဖော်ပြရမည့် အကြောင်းရာကို လျော့ပါးစေပြီး မျောက်ကလေးကို ညှင်းပန်းနှိပ်စပ်နေသည်နှင့်ပင်  တူနေသည်။ ဓာတ်ပုံဆရာက   မျောက်ကလေးကို ဘယ်လို ကိုင်တွယ်ရမည်ကို ပြောပြသော်လည်း   Hayden က လျစ်လျူရှုကာ ဘယ်သူ့မှ ဂရုမစိုက်သည့်ရုပ်မျိုးဖြင့် လုပ်ချင်တာ လုပ်နေသည်။ 
ဓာတ်ပုံဆရာလည်း လက်လျှော့လိုက်ပြီး သူ့အတွက် ပုံသုံးဆယ်ပြည့်အောင် ကင်မရာခလုတ်ကို အမြန်နှိပ်ကာ ရိုက်လိုက်သည်။

ရိုက်ကူးရေး ပြီးလို့ ပြိုင်ပွဲဝင်အားလုံး ဗီလာသို့ ပြန်လာသည့် လမ်းတစ်လျှောက်လုံး Hayden က သူ့ဘေးက လူများကို အတင်းဆွဲပြီး မကျေမနပ်ပြောဆိုညည်းတွားနေသည်။ 

"ငါက မျောက်နဲ့တူတယ် လို့ မင်းထင်လား။ အမ်... ငါက မျောက်နဲ့ မတူဘူးမဟုတ်လားကွ။ ဒါတောင် သူတို့က ငါ့ကို အညိုရောင်  စုတ်ချွန်းချွန်း မျောက်တစ်ကောင် လာပေးရဲတယ်။ တကယ်ဆိုရင် ငါက   ခြင်္သေ့နဲ့ ပိုတူတာသိလျက်နဲ့။ ငါက သားရဲတိရစ္ဆာန်အားလုံးရဲ့ အရှင်သခင်နဲ့ တူတာမဟုတ်လားကွ "

သူ့လက်မောင်းမှ ကြွက်သားများကို မြင်အောင် ညစ်ပြပြီး ကင်မရာဖက်လှည့်ကာ ခြင်္သေ့လို ဟိန်းပြလိုက်သည်။ သူ့လုပ်ရပ်ကို  ပရိတ်သတ်တွေက   ယုံကြည်မှုရှိတဲ့ ယောက်ျားလို့ထင်ပြီး သဘောကျမယ် ထင်ထားသည်။ ပြိုင်ပွဲဝင်တစ်ချို့က သူ့ရဲ့ မိုက်မဲမှုကို အရူးဘုံမြှောက်လုပ်ချင်ကြသည်။ တစ်ချို့ကတော့  စိတ်ပျက်သည့် မျက်လုံးများနှင့် ကြည့်နေကြပြီး တစ်ချို့ကတော့ မျက်နှာကို လက်ဖဝါးနှင့်တောင် အုပ်ထားတော့သည်။   သူတို့ Hayden နှင့် ရင်းနှီးသည့်အချိန်  ကြာလေလေ Hayden ရဲ့ မကောင်းသည့် အကျင့်ဆိုးကို ပိုသိလာလေဖြစ်သည်။


Emily က Hayden ရဲ့ ကြွက်သားတွေနဲ့ လက်မောင်းကြား ပွေ့ဖက် ခံနေရပြီး သူမနှုတ်ခမ်းပေါ်မှ အပြုံးထင်နေအောင် မနည်းလုပ်ထားရသည်။   Hayden ရဲ့လုပ်ရပ်ကြောင့် သူ့အပေါ် သည်းခံနိုင်မှု  လုံးဝကျော်လွန်သွားပြီဖြစ်သည်။
Ivana နှင့် ကျိုးယွင့်ရှန့်က ကား၏ နောက်ဆုံးထောင့်တွင် ငြိမ်ငြိမ်လေး ထိုင်နေကြပြီး သူတို့မျက်လုံးရှေ့မှ   မြင်ကွင်းကို ဇာတ်လမ်းလေးတစ်ခုကြည့်သလို  အေးဆေးကြည့်ရင်း လိုက်လာခဲ့ကြသည်။

Hayden က ခြင်္သေ့လို မာန်ပါပါဟိန်းဟောက်ရင်း
  သူ့အကျီကို ဆွဲချွတ်လိုက်ပြီး ကြွက်သားများကို ထုတ်ဖော်ပြကာ အဆင်ခြင်မဲ့ ကြွားဝါတော့သည်။

" ငါ တစ်နေ့ လေးနာရီလောက် Gym ကစားခဲ့ရတာကွ ၊ ငါ့ရဲ့ six pack ကိုကြည့်ကြစမ်းပါ။ Gustav တာင် ငါ့လောက် ဗိုက်ကြွက်သား မများလောက်ဘူး။  ဒါတောင် သူက  နာမည်ကြီး မော်ဒယ်ဖြစ်လာသေးတာပဲ ၊ငါလည်း မဖြစ်နိုင်စရာအကြောင်း မရှိတော့ဘူး "

Emily ရဲ့  မျက်နှာပေါ်က အပြုံးက တဖြည်းဖြည်း လျော့လာပြီး    Hayden ပါးစပ်ကို အပ်နဲ့ ပြေးချုပ်ချင်လာသလို၊  ကင်မရာကို ပြေးပိတ်လိုက်ချင်သလို ဖြစ်နေတော့သည်။ ဒီလိုအရူးကောင် နဲ့ အတူတူရှိရင် ရှေ့လျှောက် သူမအခွင့်အလမ်းတွေကို လျော့နည်းသွားနိုင်သည်။ ကင်မရာသမားများကတော့ သူမရဲ့ အတွေးကို ထည့်မတွက်ပဲ    Hayden ကိုပဲ အာရုံစိုက်ရိုက်ကူးပြီး ပွဲပိုဆူအောင်  Hayden ပိုပို လုပ်စေချင်ကြသည်။

"ကြည့်... ဒါ မင်းကြိုက်နေတဲ့ အရူးလိုကောင်ပဲ ။ အချစ်လေး မင်း ဘယ်လောက်တောင် မျက်စိကန်းနေရတာလဲ..."

ကျိုးယွင်ရှန့်ကတော့ ရှက်သွားသည့်ပုံမျိုးနှင့် Hayden ဖက်မှ ကာကွယ်ပြောပေးပြန်သည်။

"သူ ဒီနေ့  ဓါတ်ပုံရိုက်ရတာ အဆင်မပြောလို့  စိတ်မကောင်းဖြစ်နေတာပါ ခါတိုင်း သူက အဲ့ဒီလိုမှ မဟုတ်တာ။  ကျွန်တော် ဒီကို စရောက်တုန်းက ကျန်တဲ့သူတွေက သူတို့ အလုပ်တွေနဲ့အလုပ်ရှုပ်နေကြတာ ။ သူတစ်ယောက်ပဲ ကျွန်တော် အကူအညီလိုနေတာကို သတိထားမိခဲ့တယ် ဆိုတာ အစ်မ မသိပါဘူးဗျာ။ သူ ကူညီခဲ့ဖူးတာကို ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး "

"ဒါဆိုရင် သူက အကူအညီလိုလား လို့မေးဖူးတာနဲ့ပဲ မင်းက သူ့ကို  ကြိုက်သွား တာလား "

Ivana  က အံ့အားတကြီးဖြင့် မေးလိုက်ရသည်။
ကျိုးယွင်ရှန့်က နာကျင်စွာဖြင့် ပြောလိုက်သည်။

" လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း ၊ ဘယ်သူကမှ ကျွန်တော် အကူအညီလိုနေလား ဆိုတာ မမေးဖူးဘူး။ ကျွန်တော်  ဒုက္ခရောက်ခဲ့တဲ့အချိန်မှာ  ဘယ်သူမှ သတိထားမိခဲ့ကြ ဘူး။ ဘယ်သူကမှ ကျွန်တော့်ကို ဂရုမစိုက်ပေးဖူးဘူး"

" အစ်မတောင်းပန်ပါတယ်။   အစ်မ မင်းရဲ့ ခံစားချက်ကို မလှောင်သင့်ဘူး "

Ivana  က Romeo ရဲ့ နာကျင် မှုတွေကို နားလည်လိုက် ပြီး သူမရင်ခွင်ထဲ ပွေ့ဖက်ကာ နှစ်သိမ့်ပေးနေသည်။ ကင်မရာသမား ဂျွန်က သစ္စာရှိရှိနှင့်  ထိုမြင်ကွင်းကို  မလွတ်တမ်းရိုက်ကူးပြီးသားဖြစ်သည်။

ဒီကောင်လေးက  ဆယ်နှစ်တာပတ်လုံး သူ ဘယ်လိုဖြတ်သန်းခဲ့သလဲဆိုတာ မရှင်းပြခဲ့ပေမယ့် ဒီလို စကားနည်းနည်းလေးပြောပြီး အကူအညီေလေး ပေးဖူးတဲ့ လူတစ်ယောက်ကို ချစ်မိသွားတဲ့အထိ  သူ့ဘဝက ဘယ်လောက် အထီးကျန်ပြီး ခါးသီးခဲ့တယ်ဆိုတာ လူတိုင်းရိပ်မိနိုင်သည်။  သူ့ရဲ့ အချစ်ကြောင့်  တဖက်လူက ဘယ်လိုလူဆိုတာ မမြင်နိုင်လောက်အောင် သူ  ရူးသွပ်ခဲ့ရသည်။ ဘယ်လောက်တောင် သနားဖို့ ကောင်လိုက်တဲ့ ကောင်လေးလဲလို့ ဂျွန်တွေးနေမိသည်။


ကျိုးယွင်ရှန့်က ရှက်ရွံ့စွာဖြင့်  မျက်နှာမှာ နီရဲနေပြီး တိုးညင်းစွာ စပြောလာသည်။

"ကျွန်တော်က  Hayden   တော်တယ်ဆိုတာ သိပေမယ့်  အမှန်အတိုင်းတော့ ပြောသင့်တယ်။  သူက ဘယ်လိုလုပ်ပြီး Mr. Acheson ကို ယှဉ်နိုင်မှာလဲ။   Mr. Acheson က ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး ယောက်ျားစာရင်းမှာ ငါးနှစ်ဆက်တိုက် ထိပ်ဆုံး စာရင်းဝင်ခဲ့တာကြည့်ရင်  သိသာနေတာပဲ "


Ivana  က ထောက်ခံစွာဖြင့်ခေါင်းငြိမ့်ပြပြီး စနောက်နေလိုက်သည်။
"Mr. Acheson ရဲ့ သူ့အပြုံးတွေကအရမ်းချစ်စရာကောင်းပြီး အရမ်း နူးညံ့ တာနော် ၊ စစ်တမ်းတွေအရ Mr. Acheson က ဂေးတွေရဲ့ အိပ်မက်ထဲက ချစ်သူ ရည်းစားပုံမျိုးတဲ့... မင်းကော သူ့ကို မကြိုက်ဘူးလား "

ကျိုးယွင်ရှန့်ရဲ့ မျက်နှာ  ရဲတက်သွားပြီး အထစ်အထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
.
" ကျွန်တော်..... ကျွန်တော် အဲ့လို မဆိုလိုဘူး..... ကျွန်တော် ဆိုလိုချင်တာက ...ကျွန်တော်လည်း Mr. Acheson ကို သဘောကျပါတယ်။  ဒီလိုသဘောကျတာက  idol တစ်ယောက်အပေါ် လေးစားသလိုပါ။ တကယ်တော့   သူနဲ့ ကျွန်တော်က လုံး၀ အလှမ်းဝေးလွန်းပါတယ်။ အလုပ်အတူတွဲလုပ်ရတာလွဲရင် လက်တွေ့မှာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး "

Ivana  ကတော့ သူ့ရဲ့   ရဲတွတ်နေတဲ့ မျက်နှာကို ကြည့်ပြီး ဖက်ထားရင်း ရယ်နေတော့သည်။

ထိုအပိုင်းရဲ့ နမူနာ Video clip ထွက်လာသည့်အချိန်rမှာ Gustav က သူတို့စကားပြောတဲ့ အပိုင်းကို ထပ်တလဲလဲရစ်ပြီး ကြည့်ရင်း သူ့စိတ် တွေက မိုးပေါ်ပျံသွားလိုက်၊ ပြန်ကျလိုက်ပုံ နဲ့  ဝမ်းသာလိုက် ၊ ဝမ်းနည်း လိုက် စိတ်လှုပ်ရှားနေပြီး စိတ်ကယောက် ကယက်ဖြစ်နေတော့ သည်။

ကိုယ်က ဘာကြောင့် မင်းလေးနဲ့ ဝေးကွာနေရမှာလဲ။ မင်းသာ သဘောတူရင် မင်းရဲ့အနားမှာ  အန္တရာယ်အားလုံး ကနေ ကာကွယ်ပေမယ့်  သူရဲကောင်းတစ်ယောက်လို   ရှိနေ မှာပါ Romeo အချစ်လေးရေ...မင်းသာ တချက်လှည့်ကြည့်လိုက်ရင် ကိုယ် မင်းကို ဘယ်လောက်ချစ်တယ်ဆိုတာ ချက်ချင်းသိမှာပါ။


ချောမောခန့်ညားပြီး  အထက်တန်းကျတဲ့   နာမည်ကြီး   Mr. Acheson က  လက်တော့ပ်ကြီးကို ဖက်ပြီး Screen  ပေါ်မှာ ပေါ်နေတဲ့ လူငယ်လေးတစ်ယောက်ရဲ့ပုံကို အနမ်းချွေရင်း တဖွဖွပြောနေတော့သည်။

---------------------

နောက်တစ်နေ့ မှာ ပြိုင်ပွဲဝင်အားလုံး စတူဒီယိုထဲသို့ ရောက်ရှိနေကြပြီး ဒိုင်လူကြီးများ၏ ဝေဖန်ချက်ကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြသည်။


Bonnie  သည် Ariel ထက် အရပ်ပိုရှည်ကာ   ဖက်ရှင်အနုပညာ အသိုင်းအဝိုင်းတွင် နာမည်အကြီးဆုံးမော်ဒယ်စာရင်းထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သည်။ ဒါကြောင့် ဒီအစီစဉ်ကို အားပေးလာသည့် ပရိတ်သိတ်များက  Ariel ထွက်သွားပြီး သူမ အစားထိုးဝင်ရောက်လာသည်ကို ဘာမှ မပြောကြပေ။
Bonnie ရဲ့ သွက်လက်သောပုံစံများက ပြပွဲများ၏ အဓိကဖြစ်လာပြီး သူမက ပြိုင်ပွဲဝင်များအတွက် တစ်မိနစ်အတွင်း စွဲမက်ဖွယ်ကောင်းသော ပိုစ့်ပုံစံ ခြောက်ဆယ်ပြောင်းလဲပြပြီး မည်သည့်ပုံစံကိုမဆို လှလှပပ နမူနာကိုယ်ဟန်ပြပေးခဲ့သည်။ Jeffrey က သူမ နေရာယူပြီးသည်အထိ စောင့်နေခဲ့ပြီးမှ  ရေတွက်ပေးခဲ့သည်။

"Ready စမယ် "

တစ်မိနစ်မျှကြာပြီးနောက် စခရင်ပေါ်တွင် ကင်မရာသမား ရိုက်ကူးထား ခဲ့သော ပုံခြောက်ဆယ်လုံးကို တစ်ခါတည်း ဖော်ပြထားသည်။ ဒါမှ ဓာတ်ပုံတွေကိုယှဉ်ကြည့်နိုင်ပြီး တစ်ပုံချင်းဆီမှ ပေးသည့် ရသ မတူတာကို ပိုမို ပေါ်လွင်စေခဲ့သည်။ ပြိုင်ပွဲဝင်အားလုံးက Bonnie ရဲ့ ထူးချွန်လှသည့် ကိုယ်ဟန်ပြမှုကို စိတ်လှုပ်ရှားစွာ  လက်ခုပ်တီး အားပေးကြသည်။

"ကောင်းပါပြီ ၊   ဒီနေ့အတွက် ဇာတ်လိုက်က ကိုယ် မဟုတ်ဘဲ မင်းတို့ဆိုတော့ သိပ်အများကြီး လုပ်မပြတော့ဘူးနော် "

သူမက   ပြိုင်ပွဲဝင်တွေ ကို တစ်ဦးချင်းစီနာမည်ကို ခေါ်ကာ စင်ပေါ်သို့ ခေါ်ထုတ်လိုက်သည်။ မကြာခင်  Bonnie ရဲ့ ဝေဖန်ချက်တွေက Jeffrey ၊ Eureka နဲ့Ariel တို့ သုံးယောက်ပေါင်းထားတာထက် ပိုထက်ပြီး အဆိပ်ပြင်းနေသည်ကို အားလုံးသိ လာရသည်။
ရှစ်ယောက်မြောက် ပြိုင်ပွဲဝင်ကို စင်ပေါ်ခေါ်ပြီးသည်အထိ သူမ က   7 မှတ်ထိသာ အများဆုံးပေးရသေးသည်။ သူမ မျက်နှာက စိတ်တိုင်းမကျကြောင်း အထင်းသားပေါ်လွင်နေသည်။

ထိုမျက်နှာပေးကြောင့် ပြိုင်ပွဲဝင်အားလုံးဇောချွေးပြန်နေပေမယ့် Hayden က ရင့်ကိုကော့ ခေါင်းကိုမော့ကာ ယုံကြည်မှုအပြည့်ဖြင့် စင်ပေါ်တက်လာသည်။    Bonnie က  သူ၏ ချောမောသော မျက်နှာကို တစ်ချက်တောင်မကြည့်ပဲ  သူ့ ခါးမှာချီထားသည့် အကျီတို့ကို ဆွဲဖြုတ်သွားသဖြင့် Hayden မျက်နှာကြီး နီရဲသွားပြီး အခြားလူများ၏   လှောင်ရယ်ခြင်းကို ခံလိုက်ရသည်။

Hayden ရဲ့မထီတရီပုံစံကို ပြင်ပေးပြီးနောက်  Bonnie က Hayden ၏ ပုံများကို စခရင်ပေါ်သို့  ပြသစေပြီး ကျန် ဒိုင်နှစ်ဦး  ဘာစကားမှ မပြောနိုင်ခင်  Bonnie က Hayden ကို ပုံစံကို ဝေဖန်တော့သည်။

"အဲ့ဒါ ဘာကြီးလဲ? ကိုယ် မြင်နေရတာကတော့ စက်ရုပ်လို တောင့်တင်းနေတဲ့ မော်ဒယ်တစ်ယောက်နဲ့ ဒီလူဆီက  အသည်းအသန်ထွက်ပြေးချင်နေတဲ့ မျောက်ကလေးကိုပဲ တွေ့နေရတယ်။ ကိုယ်တို့ ဒီတစ်ခေါက်ရိုက်ပြရမယ့် ခေါင်းစဉ်က 'တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေး'ပါ ၊ တိရစ္ဆာန် ညှင်းပင်းနှိပ်စက်ရေး မဟုတ်ဘူး။ Hayden မင်း  ဘယ်လိုများ တွေးပြီး လုပ်လိုက်တာလဲ။ ကိုယ်တောင် မင်းမျက်လုံးထဲက သတ်ဖြတ်ချင်ရိပ်တွေကို ခံစားမိနေတယ် ၊ ဒီအချက် က တကယ် ဆိုးဝါးလွန်းတယ် ။ ကိုယ်တော့ သားရဲ တိရစ္ဆာန်ကာကွယ်ရေး အဖွဲ့အစည်းကို ဒီဓာတ်ပုံ  လုံး၀   ပြခွင့်မပေးနိုင်ဘူး။  သူတို့က မင်းကို ချောတယ်လို့ မြင်ပေမယ့် မင်းကိုယ်တိုင် က ဒီ အမြင် ကို ဖျက်ဆီးနေတယ်။ ပြီးတော့ မင်းရဲ့ ခြေလက်တွေကို ဖြောင့်တန်းအောင် မဆန့်ထားတော့ ကြည့်ပါဦး။  မင်းလည်ပင်းက ဘယ်ပျောက်နေတာလဲ။   လက်တွေ လည်း ဝက်အူချောင်းတွေလို တုတ်တိုနေပြီး ကြည့်ရဆိုးလွန်းတယ်။ ဒါကြောင့့်မင်းကို ခြောက်မှတ်ပဲ ပေးမယ် "

Hayden က မကျေနပ်သည့် မျက်နှာဖြင့် စိုက်ကြည့်နေသောကြောင့် Jeffrey ကို ဒေါသထွက်စေပြီး Eureka ကိုလည်း မကျေမနပ်ဖြစ်လာစေသည်။ သူတို့နှစ်ဦးလုံးလည်း ဒီပုံ ကို ဆက်ကြည့်ချင်စိတ်မရှိတော့လို့  ခြောက်မှတ်နှင့် ခုနစ်မှတ်သာ ပေးလိုက်တော့သည်။

ဒါကြောင့် Hayden ရဲ့ အဆင့်က နောက်ဆုံး၏ ရှေ့နေရာကို ရောက်သွားတော့သည်။ Hayden က စခရင်ကို ဒေါသတကြီးနှင့် ကြည့်နေခဲ့ပြီး ဒီခွေးမတွေက ငါ့ကိုဖြုတ်နိုင်ပြီလို့ ထင်နေပေမယ့် ငါ့မှာ အွန်လိုင်းပရိတ်သတ်တွေရဲ့ အားပေးမှုတွေ ရှိသေးတယ်လို့ တွေးနေသည်။  ကံဆိုးစွာနဲ့ သူ့၏ အွန်လိုင်းမဲ အရေအတွက်က အရမ်း နည်းနေခဲ့ပြီး အစောပိုင်းက ပြိုင်ပွဲဝင်ရှစ်ယောက်ထက်တောင် နည်းနေသည်ကို တွေ့လိုက်ရသည်။

'ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး '
ကင်မရာရှေ့မှာ   သူ့ခံစားချက်များကို   ဖုံးကွယ်နိုင်ပေမဲ့  သူသည် ဖူးဖူးမှုတ် အလိုလိုက်ခံပြီး ကြီးပြင်းလာတဲ့ ရွှေမင်းသားလေးဖြစ်လို့ စိတ်ဓိတ်ကြံ့ခိုင်မှု လုံးဝမရှိပေ။  ပြိုင်ပွဲဝင်အားလုံးထဲက စိတ်ထားအနူးညံ့ဆုံး ဖြစ်သည့် Daphne တောင် သူ့ထက် ပိုကြံခိုင်နေသေးသည်။ Hayden   အသက်ကို   ပြင်းပြင်းရှူထုတ်ပြီး စင်ပေါ်မှ တည်တည်ငြိမ်ငြိမ်နှင့် ဆင်းကာ တန်းစီသည့်နေရာသို့ သွား၍ ပြန်ရပ်နေသည်။

နောက်တယောက်က Emily ဖြစ်ပြီး သူမ၏ ဓာတ်ပုံက ရှေးဦးခေတ်က အရိုင်းဆန်မှုမျိုးထင်ဟပ်နေပြီး တောက်ပတဲ့  မျက်လုံးများကြောင့် ပုံက လှပလို့နေသည်။ Bonnie က ပုံကို အတော်ကြာစိုက်ကြည့်ပြီးမှ ပြောလိုက်သည်။

"အင်း...ကောင်းပါတယ်။ အခုထိ မြင်သမျှပုံတွေထဲတော့ အကောင်းဆုံးလို့ပြောလို့ရတယ် "

Emily သည် ပြုံးခါနီးမှာ  Bonnie၏ မေးခွန်းများကို တပြိုင်နက်ကြားလိုက်ရသည်။

"ဒါပေမယ့် ဒီပုံက ပြချင်တဲ့ အဓိက အချက်ပ ဘယ်မှာလဲ။ ဘာကို ဆိုလိုချင်တာလဲ.... "

Jeffrey က   Emily ၏ ချိုင်းကြားနေရာမှ ကျားသစ်ပေါက်လေးရဲ့ ဦးခေါင်းပိုင်းလေးနဲ့ လက်ကလေး  မထင်မရှားပေါ်နေသည့် နေရာကို ထိုးပြလိုက်ရသည်။

"အဲ့နေရာပဲ ဟန်နီ၊ မတွေ့ရင်တော့ မျက်မှန်တပ်ဖို့ လိုနေပြီ "

"Wow.... ကျွန်မ မြင်တောင် မမြင်မိဘူး  ။ သူမက ကျားသစ်ကွက် စကပ်ဝတ်ထားတော့ ကျားသစ်ရဲ့ ခေါင်းလေးပဲ မြင်ရတော့တယ်။ မြင်နေရတဲ့ ရှင်ကသာ ထူးဆန်းတာပါနော် "

Eureka လည်း မျက်မှောင်ကျုံ့မိသွားသည်။ အဓိက ပေးချင်သော အကြောင်းအရာကို ပေါ်လွင်အောင်  မရိုက်ကူးသည့် နောက်ထပ် ပြိုင်ပွဲဝင်တစ်ယောက် ကို တွေ့လိုက်ရပြန်သည်။ Bonnie က  pen ဖြင့် လေထဲတွင် ကြက်ခြေခတ် ခြစ်ပြကာ ပြောလိုက်သည်။

"Emily  ၊ အစ်မ မင်းကို ခြောက်မှတ်ပဲ ပေးနိုင်တယ်။ မော်ဒယ်တစ်ယောက်အနေနဲ့  မင်းက ဓာတ်ပုံရဲ့ အဓိကလူ မဟုတ်ဘူး ။ မင်းဝတ်ထားတဲ့ အဝတ်အစား ၊ မင်းကြေငြာရမဲ့ ပစ္စည်းကသာ အဓိက ဖြစ်တယ်။ မင်းရဲ့ လှုပ်ရှားမှုတိုင်း သရုပ်ပြမှုတိုင်းက အဝတ်အစား ၊ ပစ္စည်းတွေ ပိုပေါ်အောင် လုပ်ရမှာ  ဖြစ်ပြီး  မင်းရဲ့  အလှအပပေါ်အောင် ကိုယ်ဟန်ပြရမှာ မဟုတ်ဘူး ။ တကယ်လှတဲ့ မော်ဒယ်ဆိုတာ ရှားပါတယ် ။ ဒါပေမယ့်  အဲ့ဒီလို လှပတဲ့ မော်ဒယ်တွေထဲ ဘယ်နှယောက်ကများ 'Super Model' ဆိုပြီး  သတ်မှတ်ခံရလို့လဲ? မင်းက အခု အချိန်ထိ 'မော်ဒယ်'ဆိုတဲ့ ဝေါဟာရရဲ့ အနှစ်သာရကို နားလည်သေး ဘူး"

Emily ဆွံ့အသွားရပြီး Eureka နှင့် Jeffrey ရီလည်း  Bonnie ၏ စကားလုံးများကြောင့် သတိဝင်လာပြီး Emily ကို အမှတ်တူတူသာ ပေးခဲ့ကြလေသည်။ Emily ၏ အွန်လိုင်းမဲအရေအတွက်ကို ပြသသည့် အချိန်တွင် အရင်အပတ်ထက်  လျှော့နည်းလာသည် ကိုတွေ့ရပြီး သူမ ထွက်ရ၊ မထွက်ရ အာမ မခံနိုင်တော့ပေ။

ပြိုင်ပွဲဝင်တို့  စိတ်လှုပ်ရှားလာပြီး အမှတ်ပေးရက်ရောသော  Ariel  ကို ပိုပြီး လွမ်းလာခဲ့သည်။

Ivana  ၏ အလှည့်ရောက်သော် ကံကောင်းပြီး သူမနှင့် ရွှေရောင်စပါးအုံးမြွေတို့  လိုက်ဖက်ညီနေပြီး သူမ၏ ပိုစ့်မှာလည်း  စတိုင်ကျနေသောကြောင့် Bonnie က သူမကို  ရှစ်မှတ်အထိ တိုးပေးခဲ့သည်။ ဒါ့အပြင်   Jeffreyနဲ့ Eureka တို့မှာလည်း ကိုးမှတ်နဲ့ ရှစ်မှတ်   ပေးခဲ့ကြသည်။ ဒါကြောင့် သူမ၏ ရမှတ်နှင့် အွန်လိုင်းမဲအရေအတွက်ကို ပေါင်းလိုက်တော့ သူမ၏အဆင့်သည်  ပထမနေရာသို့ ရောက်သွားတော့သည်။

နောက်ဆုံး တွင် ကျိုးယွင်ရှန့် ကို စင်ပေါ်ခေါ်ခံလိုက်ရပြီး သူက   စိတ်လှုပ် ရှားမနေပေ။ သို့သော်လည်း သူ့မျက်နှာလေးက အနီရောင်လှိုင်းလေးများ ဖြတ်ပြေးနေပြီး ပင်လယ်လို မျက်ဝန်းပြာလေးများက ဒိုင်လူကြီးများကိုသာ စိုက်ကြည့်နေလေသည်။
Jeffrey သည် သနားစဖွယ်သေးသွယ်သည့် ကောင်လေး၏  မျက်လုံးလေးများနှင့် စိုက်ကြည့်ခြင်းကို မခံနိုင်တော့ဘဲ မှတ်စုစာအုပ်ကို မြန်မြန်ကောက်ယူကာ ထိုမြင်ကွင်းကို မမြင်နိုင်အောင် ကာထားရလေသည်။ ထို့အပြင် သံမဏိဘုရင်မဟု ခေါ်တွင်ရမည့်  Eureka တောင်မှ ကောင်လေးကို သိမ့်မွေ့စွာပြုံးပြီး နှုတ်ဆက်လိုက်မိသည်။

လောကကြီးမှာ ဘယ်သူကများ ဒီသားကောင်ငယ်လေးကို နာကြင်အောင် လုပ်ရက်မှာတဲ့လဲ။

"အစ်မ မင်းကို အမှတ်မပေးခင်  ပရိတ်သတ်တစ်ယောက်က ရိုက်ကူးရေးအဖွဲ့ကို ပို့ထားတဲ့  ဗီဒီယိုကို အရင်ဖွင့်ပြမယ် ။ ပြီးတော့ သူက မင်းကို အမှတ်ပေး အကဲဖြတ်သွားတယ် ၊ အစ်မလည်း သူပေးတဲ့ အမှတ်နဲ့ အတူတူပဲမို့    သူ အကဲဖြတ်ပေးတာကိုပဲ အစ်မ ယူသုံးလိုက်တယ် "

Bonnie အချက်ပြလိုက်တော့ ရိုက်ကူးရေးဝန်ထမ်းများက စခရင်ပေါ်ကို ဗီဒီယိုတစ်ခု ဖွင့်ပြလိုက်သည်။ ဗီဒီယိုထဲတွင် ငယ်ရွယ်ချောမောသည့် အမျိုးသားတစ်ဦိးက တန်ဖိုးကြီးသည့် အနောက်တိုင်းဝတ်စုံကို   ဝတ်ဆင်ထားပြီးသြဇာအာဏာကြီးမားသော လူနှင့် တူသည်။
ထိုသူက ကင်မရာကို သေချာပြင်လိုက်ပြီး ဆံပင်ကို လှန်တင်လိုက်ကာ လှိုက်လှဲသော အသံဖြင့် ကင်မရာကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

" ကိုယ့်အသည်းလေး Romeo ကို ဒီကျားသစ်ပေါက်လေးနဲ့ မြင်လိုက်ရတဲ့အချိန် ကျွန်တော့်ရင်တွေ တစ်စစီ ဖြစ်သွားတယ် "

ထိုစကားက ကောင်းသလား ဆိုးသလားကို မသိနိုင်လို့ ကျိုးယွင့်ရှန့်ရဲ့ မျက်နှာက တဖြည်းဖြည်း စိတ်ပူနေသည့်ပုံပေါက်လာသည်။
သူ့မျက်လုံးတွေထဲ မျက်ရည်တွေဝိုင်းလာလို့ ကင်မရာသမားက အပြေးအလွှား အနီးသွားကာ ရိုက်ကူးမိတော့သည်။ ကောင်လေးက ကင်မရာသမားတွေရဲ့ အချစ်တော်ဟု ခေါ်ရလောက်အောင် ကင်မရာသမားတွေအကုန် ရိုမီယိုကို ချစ်ကြတယ်လို့ ပရိတ်သတ်တွေက သတ်မှတ်ထားကြသည်။

ထိုသြဇာအာဏာကြီးမားသော လူငယ်က သူရင်ဘတ်ကို လက်နဲ့ဖိလိုက်ပြီး  ဝမ်းနည်းပူဆွေးနေသည့်အမူအရာနှင့်  စာရွက်တစ်ခုကိုကောက်ယူလိုက်ပြီး ကင်မရာဘက်ကို ထောင်ပြကာ ပြောလိုက်သည်။

"အရင်က သားရိုင်းတိရစ္ဆာန်ကာကွယ်ရေး အကြောင်းကိုကြားဖူးပေမယ့် ဒီအကြောင်း က ငါနဲ့  ဆိုင်တာ မဟုတ်ဘူးလို့  ကျွန်တော် တွေးခဲ့မိတယ်။ ဒါပေမယ့် ဒီဓာတ်ပုံထဲက သတ္တဝါငယ်လေးနှစ်ကောင်ရဲ့ ကြောက်ရွံ့ခြောက်ခြားနေပုံကို မြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော် ဘယ်လိုမှ မခံစားနိုင်လောက်အောင် နာကျင်သွားမိတယ် ။  အန္တရာယ်ကြီးလွန်းတဲ့ တောအုပ်ကြီးထဲမှာ ဒီလိုသားကောင်ကလေးတွေ ဘယ်လိုရှင်သန်မလဲဆိုတာ တွေးမိလာတယ် ။ သူတို့ ဘယ်နေရာတွေများ လှည့်လည်သွားနေကြမလဲ။ ဘယ်လို ရုန်းကန်ရှင်သန်ကြမလဲ ?  အရှက်မရှိ၊ ရက်စက်တဲ့ မှောင်ခိုသမားမုဆိုးတွေက သားမွှေးလေး တစ်စုံရဖို့ အတွက် သူတို့လေးတွေကို မညှာမတာ သတ်ဖြတ်နေရတာကို တွေးမိလာတယ်။ လှပတဲ့အရာကို ရယူတာက သဘာဝတရားကြီးအတွက် သေမိန်းချမှတ်လိုက်သလိုပဲ။ ဒီလိုမှားယွင်းမှုကို ကျွန်တော်တို့က ပြန်ပြုပြင်ရမယ်။ ဒီစာရွက်က ကျွန်တော် သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးအတွက် ဒေါ်လာတစ်ထောင် လှူဒါန်းခဲ့တဲ့ စာရွက်ပါ ။ ခင်ဗျားတို့လည်း ကျွန်တော်နဲ့အတူ  ဒီသနားစရာသတ္တဝါတွေကို ကူညီစောင့်ရှောက်နိုင်လိမ့်မယ် လို့ ကျွန်တော် မျှော်လင့် ပါတယ်"
သူက  စာရွက်ကို ပြန်ချလိုက်ပြီး ပရင့်ထုတ်ထားတဲ့ Romeo ရဲ့ ဓာတ်ပုံကို  ယူကာ ကြောက်ရွံ့နေသော မျက်လုံးပြာပြာတစ်စုံကိုချစ်ခင်စွာဖြင့်  နမ်းရှုံ့လိုက်သည်။  ပြောစရာမလိုအောင်ပင် ဒီလူငယ်က  Romeo   ကို လုံးဝ ချစ်ခင်သွားမှန်းသိသာလှသည်။

ကျိုးယွင်ရှန့်က   မျက်နှာ နီရဲလာပြီး ကင်မရာက သူ့အနားကပ်လာသည်ကို မြင်လိုက်တော့ သူ့၏ စိုစွတ်နေသော မျက်လုံးများကလွဲပြီး မျက်နှာလေးကို လက်နှင့် အုပ်လိုက်သည်။

'မျက်နှာကို လက်နဲ့ မအုပ်ထားနဲ့လေ။ ဒီလောက် ချစ်စရာကောင်းနေတာကိုကွာ။ ဒီလို လုပ်တာ အပြစ်ကျူးလွန်ရာရောက်တယ်နော်။ '

ကင်မရာသမားအားလုံး  စိတ်ထဲကနေ အသည်းအသန် အော်ဟစ်လိုက်မိကြသည်။

Bonnie က   ဖြေးညင်းစွာ လက်ခုပ်တီးလိုက်ပြီး နှစ်လိုဖွယ်ပြုံးကာ ပြောလိုက်သည်။

  "ကိုယ် ခဏက ပြောခဲ့သလို မော်ဒယ်တွေအတွက် အလိုအပ်ဆုံး ဆိုတဲ့ ဥပမာပဲ ။  သူနဲ့ တစ်ပုံတည်းဖြစ်နေစေဖို့ ကျားသစ်ပေါက်လေးကို ဘယ်လို စည်းရုံးခဲ့လဲဆိုတာ ကိုယ် မသိပေမယ့် သူ့ပုံစံက လုံးဝကို  အစ်မတို့ လိုချင်တဲ့ အကြောင်းအရာကို ကွက်တိရအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ သူ့ပုံကို ကြည့်လိုက်တာနဲ့ မြင်တဲ့သူတိုင်းက အရမ်းချောတဲ့ မော်ဒယ်လေးလို့ တွေးမိမှာ မဟုတ်ဘူး။ သူတို့တွေးမိမှာက  '  သူတို့လေးတွေကို ထိခိုက်အောင် မလုပ်လိုက်ပါနဲ့ !' ဆိုတဲ့ အချက်ပဲ ခေါင်းထဲ အရင်ပေါ်လာလိမ့်မယ်။ ဒါက  ဒီဓာတ်ပုံရဲ့ အဓိက အချက်ပဲ "

သူမ ခဏရပ်လိုက်ပြီး စားပွဲပေါ်မှ ဓာတ်ပုံအသေးတွေထဲက တစ်ပုံကို ယူလိုက်ပြီး ကောင်လေး၏  ခြေတွေများ ၊ ခါးရိုး ၊ တင်ပါးဆုံရိုးတို့ကို ထောက်ပြပြီး ရှင်းပြလိုက်သည်။

" ဒီလို ချပ်ရပ်နေတဲ့ အနေထားမျိုးက လုပ်ရလွယ်မယ် လို့ မထင်လိုက်ကြ နဲ့ ။ သူ့ကိုကြည့် ၊ သူရဲ့ ဆန့်ထားတာတွေကို မြင်ကြလား? သူ့ခြေထာက်၊    ခါးရိုး ၊ တင်ပါးဆုံရိုး နဲ့ ကျားသစ်ပေါက်လေးကို ဖက်ထားတဲ့ လက်မောင်းတွေ ။ သူရဲ့ လက်ဖျားလေးတွေဆီမှာတောင် မျက်စိနဲ့ မမြင်ရပေမယ့် ဆွဲဆန့်ထားတဲ့ အားတွေ ရှိနေတယ်။ အားနည်းနည်းလေး ထုတ်ထားရုံမဟုတ်ဘူး။ ဒီလိုဖြစ်အောင် လုံလောက်တဲ့ ပမာဏ အားစိုက်ပြီး ကိုယ်ကို ဆွဲဆန့်ထားတာဖြစ်တယ်။
ဒီလိုလုပ်တဲ့ရလဒ်ကြောင့်  သူ့ခန္ဓာကိုယ်က သူ ကွေးညွတ်ထားပေမယ့် အံ့ဩဖို့ကောင်းလောက်အောင်  တစ်ကိုယ်လုံးက ကျစ်ကျစ်လစ်လစ်နဲ့ သွယ်လျတဲ့ ပုံပေါ်နေတယ်။ သာမန် လူတစ်ယောက်ကသာ  ကွေးချလိုက်မယ်ဆိုရင် ဒီလိုပုံဖြစ်လိမ့်မယ်"

သူမက နောက်ကိုမှီချပြီး ခုံပေါ်မှာ ကွေးထိုင်လို့ ကောင်လေးနှင့် တစ်ပုံတည်းတူအောင် လုပ်လိုက်ပေမယ့် သူမက  အားမထည့် ထားသောကြောင့် ပုခုံးနှင့် လည်ပင်းတို့က ပျော့ခွေနေပြီး သူမနောက်ကျောတွေက  ပုစွန်ထုတ်တွေလို ခုံးခုံးကြီးဖြစ်နေသည်။ ဒါကြောင့် သူမကို ပုတိုတိုထင်ရပြီး စိတ်ပျက်စရာပုံပေါက်နေစေသည်။

"  မော်ဒယ်တစ်ယောက်ရဲ့ ကိုယ်နေဟန်ထားက ဒီလိုပုံစံ  ဖြစ်သင့်တယ် "

သူမ ရှိသမျှ ကြွက်သားတို့ထဲ အားထည့်လိုက်ပြီး  လည်ပင်းကို ဆန့်တန်းကာ ရှေ့ကိုမှီလိုက်ပြီး  သူမခါး ၊ နောက်ကျော ၊ ခြေချောင်းတို့ကို ဆွဲဆန့်ထားလိုက်သည်။ ဒါကြောင့် သူမတစ်ကိုယ်လုံး ကွေးညွတ်ထားပေမယ့် ကိုယ်ကိုလည်း ဆွဲဆန့်ထားသောကြောင့်
သူမ၏ ပျော့အိကာ စိတ်ပျက်စရာပုံစံမှ  ချက်ချင်း  မိုးပေါ်ပျံသန်းတော့မလို အားအင်အပြည့် ပုံပေါ်လာသည်။ သူမ၏ ကိုယ်ဟန်အမူယာက စစ်ချီတော့မည့် သူရဲကောင်းပုံစံလိုဖြစ်ပြီး အပြောင်းကြီးပြောင်းသွားတော့သည်။

သူမ ရှင်းပြလိုက်မှ ပြိုင်ပွဲဝင်များက စနစ်တကျပိုစ့်ပေးခြင်းအပေါ်   အထင်ကြီးသွားပြီး Romeo ၏ လုပ်နိုင်စွမ်းကိုလည်း အံ့အားသင့်သွားသည်။  သူတို့က Romeo ပြိုင်ပွဲက ထွက်ရတော့မယ် ထင်ထားပေမယ့် အခုပုံအရ သူ့မှာ လျှိုထားသည့် ပညာများ ရှိနေပုံရသည်ဟု တွေးလိုက်သည်။


ကျိုးယွင်ရှန့်အတွက်  ဒါက ပထမဆုံး  မော်ဒယ်လုပ်ဖူးခြင်းမဟုတ်ပေ။ တချို့ဇာတ်လမ်းထဲတွင် သူ့ရဲ့ မော်ဒယ်အဖြစ် အောင်မြင်မှုက Bonnie  နှင့် Ariel တို့ထက် အဆပေါင်းများစွာ ကျော်လွန်နေသေးသည်။ သို့သော် သူက Bonnie ရဲ့ သင်ပြပေးမှုအပေါ် ရှက်ပြုံးသာ ပြုံးနေခဲ့သောကြောင့်
ဒိုင်တွေအားလုံးက အမြင်ကြည်လာကြသည်။

"အဓိက ဒီပုံထဲမှာ ဖော်ပြနေတဲ့ အချက်ကိုပဲကြည့်ကြည့် ၊ မင်းရဲ့ ကိုယ်ဟန်အနေအထားကိုပဲ ကြည့်ကြည့် ၊ မင်းရဲ့ မျက်လုံးပဲကြည့်ကြည့် oh my god ၊ အဲ့မျက်လုံးတွေက အစ်မကို နှလုံးရောဂါရအောင် လုပ်နေတော့တာပဲ "

Bonnie က  ရင်ဘတ်ပေါ် လက်တင်ပြီး နာကျင်စွာ ပြောရင်း ခေါင်းယမ်းလိုက်သည်။

"မင်း ကိုယ့်ကို အဲ့လိုမျက်လုံးနဲ့ ထပ်ကြည့်ပြရင် ရပါပြီ။ ကိုယ် မင်းကို  10 မှတ်ပေးလိုက်မယ် "

Eureka  လည်း ပြုံးပြီး ပြောလိုက်သည်။

"အစ်မ သဘောမတူစရာမရှိပါဘူး။ အရင်က အကောင်းဆုံးပုံတွေ ပြန်ကြည့်လိုက်တော့  ဒီဓာတ်ပုံကမှ  အကောင်းဆုံးဆိုတာ သိလိုက်ပြီ။ မင်းက ကိုယ့်သတ်မှတ်ချက်ကို ကျော်အောင် လုပ်နိုင်ခဲ့ပြန်ပြီ "

"ဒီဓာတ်ပုံကြောင့် တစ်ရက်တည်းနဲ့ သားရိုင်းတိရစ္ဆာန်ထိန်းသိမ်းကာကွယ်ရေးအတွက် အလှူငွေ ဒေါ်လာ 70000 ကို  ရရှိခဲ့တယ်။ အဲ့အလှူငွေ  ဒေါ်လာ 70000 အတွက်ရော ၊ ကာကွယ်စောင့်ရှောက်ခွင့်ရမယ့် တိရစ္ဆာန်တွေအတွက်ရော တို့ မင်းကို အကျိုး ခံစားခွင့်ခွဲပေးရမှာပေါ့.. မဟုတ်ဘူးလား "

Jeffrey က မျက်စိမှိတ်ပြပြီး ပြောလိုက်သည်။

ဒိုင်သုံးဦးလုံး၏ အမှတ်ပြည့်ပေးခြင်းက တခြားပြိုင်ပွဲဝင်များကို အံ့ဩသွားစေပေမယ့် သူတို့က Romeo ၏ အွန်လိုင်းမဲအရေတွက်ကို မမျှော်လင့်ထားကြပေ။ ဘာကြောင့်လဲဆိုတော့  ကောင်လေး၏ မကောင်းတဲ့ အကျင့်စရိုက်တွေကြောင့် လူတွေက သူ့ကို မုန်းတီးနေကြသည်။ ဒါပေမယ့် သူတို့အားလုံး ပါးစပ်အဟောင်းသားဖြစ်သွားအောင် Romeo ၏ အွန်လိုင်းမဲအရေအတွက်က Haydenနဲ့ Emily  ထက်တောင် မြင့်တက်သွားခဲ့သည်။

ဒီတစ်ပတ်အစီစဉ်ရဲ့  နံပါတ် 1 နေရာက Romeo အတွက်ပဲဖြစ်တယ် ဆိုတာ သံသယဖြစ်စရာ မလိုတော့ပေ။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі