Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 6.1
အခန်း(၅၂) အိုးစစ်​နန်​ဘဝ+

Arc 6 : Wearing the face of the music king

TGN - အချစ်​၏​တေးသွား

Translater - TaeRa_Pandora

ချင်းစယ်​က ဘုရင်​ငယ်​လေး အသက်​၁၈နှစ်​ပြည့်​သည်​အထိ ကူညီ​ပေးပြီး ရာထူးက​နေအနားယူကာ ကျိုးယွင်​ရှန့်​နဲ့အတူ ကမ္ဘာအနှံလျှောက်​သွားကြသည်​။နှစ်​ယောက်​လုံးက သန်​စွမ်းကျန်းမာပြီး အသက်​၉၀ကျော်​အောင်​အသက်​ရှင်​နေထိုင်​ခဲ့ကြတယ်​။3
ကျိုးယွင်​ရှန့်​သူ့မျက်​လုံးတွေကို ဖွင့်​လိုက်​သည်​။Xinghai space မှာ​မျော​နေပြီး ခါတိုင်းလိုပင်​အင်​အားစုကြီးက သူ​ရှေ့မှာ ရှိ​နေသည်​။စွမ်းအင်​တစ်​ဝက်​ပဲ ရှိပြီး တစ်​ဝက်​က ဘယ်​ကို​ရောက်​နေမှန်းမသိ​ပေ။
ကျိုးယွင်​ရှန့်​က ဘာ​တွေ ဖြစ်​နေလဲဆိုတာကို စုံစမ်းရမှာကို ပျင်း​နေတာ​ကြောင့်​ရှိတဲ့စွမ်းအင်​ကိုပဲ စုပ်​ယူလိုက်​ပြီး ချက်​ချင်းပဲ​နောက်​ထပ်​ကမ္ဘာတစ်​ခုကို ခုန်​ဆင်းလိုက်​သည်​။

သူဟာ နူးညံ့တဲ့ အိပ်​ယာတစ်​ခု​ပေါ်မှာ လဲ​လျောင်း​နေပြီး အခန်းက​မှောင်​မည်း​နေကာ အပြင်​ဘက်​က​နေ ပြတင်း​ပေါက်​ကိုဖြတ်​ပြီး ဝင်​လာတဲ့ နီယွန်​မီး​တွေ​ကြောင့်​အဖြူ​ရောင်​နံရံ​ပေါ်မှာအရိပ်​တွေ ထင်​ဟပ်​နေသည်​ကိုမြင်​ရသည်​။

သူ ခုတင်​ဘေးက စားပွဲ​ပေါ်မှာ စမ်းတ၀ါးဝါး ရှာ​ဖွေရင်း​နောက်​ဆုံးမှာ မီးအိမ်​တစ်​လုံးကို​တွေ့လိုက်​သည်​။ထွက်​လာတဲ့ အလင်းတန်းက သူ့မျက်​လုံး ကို စူး​စေပြီး​ခေါင်းကိုက်​သွား​စေသည်​။

သူ့မျက်​လုံး ကို သူကာလိုက်​ပြီး​နောက်​ဒီခန္ဓာကိုယ်​ပိုင်​ရှင်​က မျက်​လုံး​တွေ မို့​နေတယ်​ဆိုတာ သတိထားမိလိုက်​သည်​။​ရောင်​နေတာက​နာကျင်​နေပြီး အဆင်​မ​ပြေဖြစ်​စေသည်​။

​တော်​တော်​စိတ်​မ​ကောင်းဖြစ်​စရာ​တွေ ကြုံ​တွေ့ထားပုံရပြီး သူ့ရင်​ဘက်​က​အောင့်​နေတာကို ကျိုးယွင်​ရှန့်​ခံစားမိသည်​။

AI က ချက်​ချင်းပဲ ဒီခန္ဓာကိုယ်​နဲ့ ဒီကမ္ဘာရဲ့ အချက်​အလက်​တွေကို ပို့​ပေးသည်​။ကျိုးယွင့်​ရှန်​စာ၁၀​ကြောင်း ပြည့်​အောင်​ဖတ်​ပြီးတာနဲ့ ဆဲ​ရေးမိသွားသည်​။ သူ့မျက်​လုံး​တွေ ဒီ​လောက်​မို့​ယောင်​တာ အံသြစရာ မရှိပါဘူး​လေ ။ မူလပိုင်​ရှင်​က ဝမ်းနည်းတကြီး ငိုထား​လေသည်​။
ဒီဇာတ်​လမ်းက အနုပညာအသိုင်းအဝိုင်းမှာ နာမည်​ကြီး​အော်​ပရာ အဆို​တော်​တစ်​ယောက်​ဖြစ်​လာသည့်​အမျိုးသမီးတစ်​ယောက်​အ​ကြောင်းဖြစ်​သည်​။ မူလက ဇာတ်​လိုက်​ကို အနိုင်​ကျင့်တဲ့ ရက်​စက်​တတ်​သော ဗီလိန်​မဟုတ်​ခဲ့ ။ သူက လက်​နက်​တစ်​ခုဖြစ်​ခဲ့ရုံသာ ။  ဒီအမျိုးသမီးရဲ့ ဇာတ်​ကြောင်းမှာ သူက ဖြတ်​သွားဖြတ်​လာ ၊ ခဲလုံး တစ်​ခုမျှသာ ။ တိတ်​တိတ်​လေး​မွေးဖွားလာတဲ့ ဝမ်းနည်းဖွယ်​ကံကြမ္မာ က သူ့ကို ဒဏ်​ခတ်​ခဲ့သည်​လေ။
မူလပိုင်​ရှင်​နာမည်​က အိုးကျစ်​နန်​၊ တစ်​ယောက်​ယောက်​သူ့ကိုဖော်​ပြမယ်​ဆိုရင်​သူ့အ​ဖေကိုပါ တွဲပီး မိတ်​ဆက်​ပေးရလိမ့်​မယ်​။ အိုးပိုင်​ပေါ် က C Country's musical ရဲ့ godfather ဖြစ်​ပြီး သူဟာ ရာ​ပေါင်းများစွာ​သော​ရှေးသီချင်း​တွေကို ဖန်​တီးခဲ့သည်​။ မျိုးဆက်​လေးခုအတွက်​ဂီတနတ်​ဘုရား ဆိုတဲ့ ဆုကို အနိုင်​ရရှိခဲ့​သေးသည်​။ C နိုင်​ငံမှာ သူ့ရဲ့ ဂီတ​တွေက ခန့်​မှန်းလို့မရ​အောင်​လွှမ်းမိုးနိုင်​စွမ်းရှိသည်​။ အိုးစစ်​နန်​ဟာ သူ့​ခြေရာကို နင်းနိုင်​သူဖြစ်​ပြီး ငယ်​စဉ်​ထဲက ဂီတကို စိတ်​ဝင်​စားခဲ့သည်​။ သူ ၁၈ နှစ်​မှာ အနုပညာ​လောကကို ဝင်​ခဲ့ပြီး album သုံးခု ထုတ်​ဝေကာ​ရောင်း​ကောင်းခဲ့သည်​။

အိုးပိုင်​ပေါ် က စည်းကမ်းကြီးသူဖြစ်​ပြီး သူ့ရဲ့သားကို​တော်​တော်​လေး​မျှော်​လင့်​ထားသည်​။ ထို့​ကြောင့်​သူ အမှား​လေးနည်းနည်းလုပ်​လိုက်​တာနှင့်​သူ့ကို​သေချာ​ပေါက်​အပြစ်​ပေးလိမ့်​မည်​။ရလဒ်​အ​နေနဲ့ အချိန်​တွေ ကြာလာတာနှင့်​အမျှ အိုးစစ်​နန်​ဟာ ရှက်​တက်​သူဖြစ်​လာပြီး သူစိမ်း​တွေ​ရှေ့မှာဆို အလွယ်​တကူ စိတ်​လှုပ်​ရှားပြီး ရှက်​တတ်​လာသည်​။

ဒီလို ပင်​ကို စရိုက်​မျိုးနဲ့ဆိုရင်​သူ့အတွက်​အနုပညာ​လောကထဲ​ခြေချဖို့ဆိုတာ ခဲယဉ်းသည်​။ဒါ​ပေမယ့် သူ့မှာ သြဇာလွှမ်းမိုးနိုင်​တဲ့ အ​ဖေရှိရုံသာမက အစ်​ကိုလည်း ရှိ​နေသည်​။သူ့အစ်​ကို လင်း​စစ်​ချင်းက သူ့အ​ဖေရဲ့ တပည့်​ဖြစ်​သည်​။သူက ရုပ်​ရည်​ချော​မောပြီး အရည်​အချင်းရှိသည်​။ အိုးပိုင်​ပေါ်ရဲ့​ထောက်​ခံမှု​အောက်​မှာ Time Record နဲ့ စာချုပ်​ချုပ်​ပြီး သကာလ တည်​ငြိမ်​တဲ့ အသက်​မွေးဝမ်း​ကျောင်း ရှိလာပြီး​နောက်​ဆုံးမှာ မျိုးဆက်​လေးခု ဂီတနတ်​ဘုရား ဆုကို​ရခဲ့သည်​။

သူ့ရဲ့​ထောက်​ပံ့​ပေးမှုနဲ့အတူ အိုးစစ်​နန်​က ဒီ​လောကထဲ​ခြေချနိုင်​ခဲ့သည်​။

​နောက်​ဆုံးမှာ အိုးစစ်​နန်​ဟာ သူ့ရဲ့ အ​ရောင်းရဆုံး album သုံးခုနဲ့ အတူ သူ့ရဲ့ပထမဆုံး​ဖျော်​ဖြေပွဲ အတွက်​အစီအစဉ်​ဆွဲနိုင်​ခဲ့သည်​။ဒါ​ပေမယ့်​သူ့ရဲ့​ဖျော်​ဖြေပွဲအတွက်​ပြင်​ဆင်​နေတုန်းမှာပင်​အိုးပိုင်​ပေါ်က အဆုတ်​ကင်​ဆာဖြင့်​ဆေးရုံတင်​လိုက်​ရသည်​။  အိုးစစ်​နန်​က​နေ့တိုင်းအ​ဖော်​ပြု​ပေးပြီး သူ့ရဲ့​ဖျော်​ဖြေပွဲကို​ရွှေ့ဆိုင်းခဲ့သည်​။ ဒါ​ပေမယ့်​ဆရာဝန်​တွေ ဘယ်​လောက်​ပင်​ကြိုးစား​သော်​ငြား အိုးပိုင်​ပေါ်ရဲ့ အသက်​ကို မဆွဲဆန့်​နိုင်​ခဲ့ ။တစ်​ခု​သော ဧပြီလရဲ့ နံနက်​ခင်းမှာ သူဟာ သူ့သားရဲ့ အိပ်​ပျော်​နေတဲ့ မျက်​နှာ​လေးကို တိတ်​တိတ်​လေးထိရင်း နှုတ်​ဆက်​ကာ​သေဆုံးသွားခဲ့သည်​။

အိုးစစ်​နန်​ရဲ့ ကျွမ်းကျင်​မှုဟာ တူရိယာ​တွေ ဖြစ်​ပြီး သူဟာ တူရိယာ ၁၈ မျိုးကို ကျွမ်းကျင်​စွာ တီးခတ်​နိုင်​သည်​။ဒါ​ပေမယ့်​သူဟာ သူ့အ​ဖေရဲ့ ဖိအား​ပေးမှု​တွေ ခံခဲ့ရပြီး သူ့ရဲ့အစီအစဉ်​တွေက ပိပြားခဲ့ရသည်​။ အိုးပိုင်​ပေါ်က အမြဲတမ်း သူ့ဂီတ​တွေက မ​ကောင်းသလို ခံစားခဲ့ရပြီး အရည်​အချင်းရှိ​အောင်​အမြဲ ကြိုးစား​နေပြီး အသက်​မပါသည့်​အတွက်​အပြစ်​တင်​ခဲ့သည်​။ က သူ့ကိုယ်​သူ ယုံကြည်​မှု မရှိဖြစ်​ကာ အမြဲပင်​သူ့သီချင်း​တွေနဲ့ သူ့အ​ဖေရဲ့. အ​လေး​ပေးမှုရရှိ​အောင်​ကြိုးစားခဲ့သည်​။သူ ပွဲဦးထွက်​ပြီးတဲ့​နောက်​မှာ​တော့ သီချင်း များများ​ရေးခဲ့သည်​။ ဒါ​ပေမယ့်​ထုတ်​လုပ်​သူ​တွေက အမြဲ​ခေါင်းခါကာ စကားတစ်​လုံး​တောင်​ပြန်​မ​ပြောခဲ့ ။

သူ တဖြည်းဖြည်း စိတ်​ဓာတ်​ကျလာကာ ရမ်းကားတတ်​လာပြီး သူဘယ်​တော့မှ သူ့အ​ဖေရဲ့​အောင်​မြင်​မှုကို အမှီလိုက်​နိုင်​မှာ မဟုတ်​ဟု ခံစားခဲ့ရသည်​။ဒါ​ပေမယ့်​သူ့အ​ဖေ​သေဆုံးပြီး​နောက်​မှာ​တော့ ထိန်းချုပ်​ထားတဲ့ သူ့စိတ်​တွေက ပြိုကွဲလာပြီး​သေဆုံးသွားခဲ့သည်​။ မကြုံစဖူး သူစိတ်​အားထက်​သန်​စွာနဲ့ ဥာဏ်​ကွန့်​မြူးကာ
​နောက်​ဆုံးမှာ သူ သီချင်းတစ်​ပုဒ်​ရေးနိုင်​ခဲ့သည်​။

သူ တစ်​ညလုံးအသုံးချပြီး သူ့အ​ဖေကို သတိရခြင်းအ​ကြောင်း သီချင်း ဖန်​တီးခဲ့သည်​။ သီချင်း​ခေါင်းစဉ်​က "Because of you '' ဖြစ်​သည်​။

သူ့အ​ဖေကို​ပြောပြချင်​ပေမယ့်​မ​ပြောပြနိုင်​ခဲ့သည့်​အ​ကြောင်းများကို စုပြီး သီချင်း အဖြစ်​ရေးချလိုက်​သည်​။တီးလုံးက စန္ဒယားဖြင့်​ညင်​ညင်​သာသာ တီးခတ်​ထားရုံသာ ။ ဒါ​ပေမယ့်​စာသား​တွေက​တော့ ပရိသတ်​တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်​ခဲ့သည်​။
အိုးစစ်​နန်​က သီချင်းဆိုကြည့်​ပြီး​နောက်​သူ့သီချင်းကို လိုတာ​တွေ ပြင်​ပေးနိုင်​ဖို့အတွက်​လင်းစီချင်းဆီ ယူသွားခဲ့တယ်​။+

အဲ့ဒါက သူ့ရဲ့ သနားဖွယ်​ကောင်းတဲ့ ကံကြမ္မာ အစ ဖြစ်​လာခဲ့တယ်​။
အိုးစစ်​နန်​က သူ့ရဲ့ ပွဲဦးထွက်​နဲ့ ပတ်​သက်​ပြီး အမြဲ စိတ်​မ​ကျေမနပ်​ဖြစ်​ခဲ့တယ်​။ သူသီချင်း​တွေ အများကြီး​ရေးခဲ့​ပေမယ့်​လည်း ထုတ်​လုပ်​သူ​တွေက အမြဲတမ်း သူ့သီချင်း​တွေကို ပယ်​ချခဲ့တယ်​။ လင်းစစ်​ချင်းက သူ့ကို သနားတာ​ကြောင့်​သူ့သီချင်းကို ယူပြီး ပြန်​ပြင်​ပေးခဲ့တယ်​။ချက်​ချင်းပဲ သာမန်​သီချင်းတစ်​ပုဒ်​လေးက​နေ ရင်​ကို ထိရှ​စေတဲ့ သီချင်းအဖြစ်​ပြောင်းလဲ​ပေးခဲ့တယ်​။ဒါ​ပေမယ့်​သီချင်းအားလုံးဟာ အုံကျစ်​နန်​ရဲ့ အသံ​နဲ့ ဖြစ်​နေတယ်​။ ပြီး​တော့ သူ့နာမည်​ပဲ သူ့သီချင်းကို​ရောင်းလို့ရတယ်​။

ဒါ​ကြောင့်​အိုးစစ်​နန်​ရဲ့​ကျော်​ကြားမှုက အတု​အ​ယောင်​မျှသာ ။ သူက သူ့ကိုယ်​ပိုင်​သီချင်း​တွေနဲ့​ကျော်​ကြားခဲ့တာ မဟုတ်​။သူ့အ​ဖေ​သေဆုံးပြီး​နောက်​ပိုင်းမှသာ သူ​လျှောက်​ရမယ့့်​လမ်း​ကြောင်းကို ရှာ​တွေ့ခဲ့သည်​။သူ့မှာ ပြည့်​ဝချင်​တဲ့ စိတ်​ကူးအိမ်​မက်​တွေ အများကြီး ရှိတယ်​။ ပြီး​တော့​သူ့ဖခင်​ကကောင်းကင်​ဘုံက​နေ သူ့အတွက်​ဂုဏ်​ယူ​စေချင်​သည်​။
ဒီဆန္ဒ​တွေက 'Because of you ' ဆိုတဲ့ သီချင်းဖြစ်​လာဖို့ အံ့သြဖွယ်​ခွန်​အားကို​ပေးခဲ့သည်​။  လင်းစစ်​ချင်းလည်း ဒီခွန်​အား​တွေကို ခံစားမိသည်​။ထို့​ကြောင့်​ချက်​ချင်းပဲ သူ့ညီငယ်​လေးအတွက်​EP ထွက်​နိုင်​အောင်​အစီအစဉ်​ဆွဲ​တော့သည်​။ဒါ​ပေမယ့်​မ​မျှော်​လင့်​ပဲ​ကောမုန်းစူ က သူ့ရဲ့ studio ကို အလည်​လာရင်း သီချင်းကို ကြားသွားသည်​။

​ကောမုန့်​ရှူက ဇာတ်​လိုက်​ဖြစ်​ပြီး ပင်​ကိုပါရမီရှိသူဖြစ်​သည်​။ဒီသီချင်းက​ပေါက်​မယ်​ဆိုတာ သူမ ချက်​ချင်းပဲ သိလိုက်​သည်​။ထို့​ကြောင့်​သူမ ထပ်​ခါထပ်​ခါ​မေးလိုက်​သည်​။လင်းစစ်​ချင်းက​ကောမုန်းစူကို စွဲစွဲလမ်းလမ်းချစ်​မိ​နေပြီး သူမရဲ့ အထင်​ကြီးမှုကို ရ​အောင်​အမြဲ ကြိုးစား​နေသူဖြစ်​သည်​။သူမအနားကို​ရောက်​လျှင်​သူ့ကိုယ်​သူ ထိန်းချုပ်​နိုင်​စွမ်းမရှိ​တော့ ။

ဒီသီချင်းက အမြင့်​သံ​တော်​တော်​လို​သော​ကြောင့်​အမျိုးသမီး အဆိုရှင်​နဲ့ ပိုသင့်ေ​တာ်​သည်​။လင်းစစ်​ချင်းက သူမကို ကြိုက်​နေတယ်​ဆိုတာ​ကောမုန်းစူသိသည်​။ ထို့​ကြောင့်​ဒီသီချင်းကို သူမရဲ့ album သစ်​အတွက်​ပေး​အောင်​သူမ သူ့ကို ဆွဲ​ဆောင်​လိုက်​သည်​။1

သူမရဲ့ စိတ်​ဝင်​စားမှုရဖို့ လင်းစစ်​ချင်းသည်​သ​ဘောတူဖို့​တောင်​အဆင့်​သင့်​ဖြစ်​နေပြီဖြစ်​သည်​။ဒါ​ပေမယ့်​သူ အိမ်​ပြန်​ရောက်​တော့ စိတ်​မသက်​မသာဖြစ်​သလို ခံစားရပြီး အိုးစစ်​နန်ရဲ့ လက်​ရေးမူ​တွေ မူရင်း​ခွေ​တွေ အားလုံးကို ဆွဲယူပြီး မီးရှို့ပစ်​လိုက်​သည်​။ အိုးစစ်​နန်​သူ့ ကုမ္ပဏီ က သူ့EP ပွဲဦးထွက်​ဖို့​ဖျော်​ဖြေပွဲ စီစဉ်​ပေးတာကို​စောင့်​နေခဲ့သည်​။ဒါ​ပေမယ့်​တစ်​ညမှာ သူ TV ကြည့်​နေတုန်း​ကောမုန်းစူက လင်းစစ်​ချင်းပြန်​ပြင်​ပေးထားတဲ့ 'Because of you' ကို ဆို​နေတာ​တွေ့လိုက်​ရ​တော့ သူ့မျက်​စိကို သူမယုံနိုင်​ခဲ့။

​ကောမုန့်​ရှူက ဒီသီချင်းဆိုပြီးတဲ့​နောက်​မှာ သူမရဲ့​ကျော်​ကြားမှု​တွေက မြင့်​တက်​လာကာ Time Record က top star​တွေထဲက တစ်​ယောက်​ဖြစ်​လာခဲ့သည်​။ အိုးကျစ်​နန်​က လင်းစစ်​ချင်းကို အကြိမ်​ကြိမ်​မေးဖို့ ကြိုးစားခဲ့​ပေမယ့်​လင်းစီချင်းရဲ့​အေးဂျင့်​က သူ့ကို အ​ဝေးပို့ခဲ့သည်​။တစ်​နေ့မှာ အိုးကျစ်​နန်​က စာတစ်​စောင်​လက်​ခံရရှိခဲ့သည်​။ လင်းစစ်​ချင်းက လက်​ဦးမှုရယူကာ သူ့ကို ခိုးယူမှုနဲ့ စွပ်​စွဲခဲ့သည်​။သူက သက်​သေ​တွေ အများကြီးကို​တောင်​မှ ယူလာခဲ့​သေးသည်​။

အိုးစစ်​နန်​ရဲ့ album ကို ထုတ်​လုပ်​ပေးပြီး စီစဉ်​ပေးခဲ့သူက လင်းစစ်​ချင်းဖြစ်​သည်​။ သူ့ရဲ့နာမည်​တစ်​ခုထဲကသာလျှင်​သူ့ကိုယ်​ပိုင်​ဖြစ်​သည်​။ဒီတစ်​ခုထဲနဲ့ ခိုးယူမှုကို သက်​သေမပြနိုင်​။ ဒါ​ပေမယ့်​လင်းစစ်​ချင်းက လက်​ရေးမူ​တွေနဲ့ နှစ်​ကာလာအလိုက်​စီစဉ်​ထားမှု​တွေကိုပါ ထည့်​ပေါင်းကာ ပြီးပြည့်​စုံ တဲ့ စီစဉ်​မှု​တွေနဲ့ ပရိသတ်​တွေကို သူဘယ်​လို 'Because of you' ကို​ရေးခဲ့သလဲဆိုတာ ပြခဲ့သည်​။

ပြီး​တော့ အိုးစစ်​နန်​မှာ သူ ခိုး​မကြောင်းသက်​သေပြစရာ တစ်​ချက်​လေး​တောင်​မရှိ​ပေ။

အိုးစစ်​နန်​အိမ်​ပြန်​ရောက်​တော့ internet က ပွင့်​နေသည်​။သူက သီချင်း​တွေကို ကိုယ်​တိုင်​မ​ရေးရုံသာမက lip-sync ပါဆိုပြီး တစ်​ယောက်​ယောက်​က သတင်းလွှင့်​ထားသည်​။သူရဲ့ live performance​တွေအားလုံးက အဆို​တော်​တစ်​ယောက်​နဲ့ အစားထိုးထားတာဖြစ်​ပြီး သူက လူအများ​ရှေ့မှာ ဘယ်​တုန်းကမှ သီချင်းမဆိုခဲ့ဖူး​ပါဟု စွဲချက်​တင်​ကြသည်​။

(Lip-sync...အသံမထွက်​ဘဲ နှုတ်​ခမ်းပဲ လှုပ်​ပြီး သီချင်းက ကက်​ဆက်​က လာတာကို​ပြောတာ ...shadow ဆိုသလိုမျိုး​ပေါ့ )
ဒါကအ​ခြေအမြစ်​မရှိစွတ်​စွဲချက်​တော့မဟုတ်​။ ပထမဆုံးပွဲဦးထွက်​တုန်းက အိုးစစ်​နန်​က သူက ရှက်​နေပြီး စတိတ်​ကို​တော်​တော်​ကြောက်​နေခဲ့သည်​။ပရိသတ်​တွေကို ပထမဆုံးတင်​ဆက်​တုန်းက သူလည်​ချောင်းကဆို့​နေပြီး စကားကို​တောင်​ခက်​ခက်​ခဲခဲ​ပြောခဲ့ရသည်​။ ကုမ္ပဏီ က ချက်​ချက်းပဲ သူ့အသံကိုတုပပြီးဆိုနိုင်​တဲ့သူကို ရှာကာ​နောက်​ကွယ်​က ဆိုခိုင်းခဲ့သည်​။ အဲ့ပွဲပီး​တော့ သူ့အ​ဖေက သူ့ကို ပြင်းပြင်းထန်​ထန်​ရိုက်​ခဲ့သည်​။ အများ​ရှေ့မှာ သီချင်း​တောင်​မဆိုနိုင်​လျှင်​အနုပညာရပ်​ဝန်းကထွက်​သွားပြီး သူ့ကို ထပ်​ပြီး အရှက်​ရ​အောင်​မလုပ်​ဖို့ဆူခဲ့သည်​။+

လင်းစစ်​ချင်းက သူ့ဘက်​က ရပ်​တည်​ပေးခဲ့သည်​။လင်းစစ်​ချင်းက ဒီအ​ခြေအ​နေကို တခြားဘယ်​သူ့ကိုမှ သိခွင့်​မရ​အောင်​သေချာလုပ်​ခဲ့သည်​။ သူက လူငယ်​လေးကို တင်းကျပ်​စွာ​လေ့ကျင့်​ပေးပြီး စတိတ်​ကို မ​ကြောက်​တော့​အောင်​လုပ်​ပေးမယ်​ဟုဆိုခဲ့သည်​။ အိုးပိုင်​ပေါ်က သ​ဘောတူလက်​ခံကာ လင်းစစ်ချင်းကို​ကျေးဇူး​တွေ တင်​ခဲ့သည်​။

ဒီကိစ္စ​တွေ ဖြစ်​ခဲ့တာ နှစ်​နှစ်​လောက်​ကြာပြီဆို​ပေမာ့်​မ​မျှော်​လင့်​ပဲ အိုးစစ်​နန်​အတွက်​သီချင်းဆို​ပေး​နေတဲ့ video သည်​internet​ပေါ်​ရောက်​လာခဲ့သည်​။အင်​တာနက်​သုံးသူ​တွေက ရက်​စက်​လွန်းသည်​။
အရှက်​မရှိတဲ့​ကောင်​!​သေစမ်းကွာ !သူခိုး​ကောင်​!

တစ်​ယောက်​ပြီးတစ်​ယောက်​အိုးစစ်​နန်​ကို ဂီတနယ်​ပယ်​က​နေ ထွက်​သွားဖို့​အော်​ဟစ်​နေကြသည်​။ လင်းစစ်​ချင်းက​တော့ ဒီတိုင်းတိတ်​နေသည်​။အမှုရင်​ဆိုင်​ဖို့အတွက်​သက်​သေ​တွေ ပိုစု​ဆောင်း​နေသည်​။

ဒါ​ပေမယ့်​ကောမုန့်​ရှူက forum မှာတင်​လိုက်​သည်​။ လင်းစစ်​ချင်းက ကိုယ်​ပိုင်​အရည်​အချင်း ရှိပြီး သူရဲ့ ဖြစ်​တည်​မှုက အိုးပိုင်​ပေါ်ကို​ခြေရာနင်းနိုင်​တယ်​လို့ သူမ ယုံကြည်​သည်​ဆိုပြီး တင်​ထားသည်​။

တစ်​ယောက်​က နာမည်​ကြီး အမျိုးသမီးအဆို​တော်​ဖြစ်​ပြီး တစ်​ယောက်​က ဂီတနတ်​ဘုရားဖြစ်​သည်​။ ထိုလူနှစ်​ယောက်​စာတင်​အပြီးမှာ​တော့ လူ​တွေက အိုးစစ်​နန်​ကို ပိုပြီး ရှုတ်​ချအပြစ်​တင်​လာကြသည်​။ မီဒီယာ​တွေကလည်း အိုးစစ်​နန်​က အိုးမိသားစုနာမည်​ကို ဖျက်​ဆီး​နေပြီး သူဟာ အိုးပိုင်​ပေါ်ရဲ့ သားဖြစ်​ဖို့မထိုက်​တန်​သူ ဆိုပြီး သတင်းလွှင့်​ကြသည်​။

အဲ့အချက်​မှာပဲ သူ့အစ်​ကို လင်းစစ်​ချင်းက သူ့ကို​သေတွင်းထဲပို့​နေပြီဆိုတာ သူသိလိုက်​သည်​။ဒါ​ပေမယ့်​အဲ့ဒါက သူ့ကို စိတ်​ဆိုး​ဒေါသထွက်​စေရုံသာ။ အသည်းမကွဲ​စေခဲ့။​ဒေါသအထွက်​ဆုံးက လူ​တွေ​ပြောကြတဲ့ သူဟာ သူ့အ​ဖေရဲ့သားဖြစ်​ဖို့ မထိုက်​တန်​ဘူးဆိုတာကိုပင်​။
အရင်​တုန်းက သူ့ကိုယ်​သူ သံသယဖြစ်​ခဲ့သည်​။ ဒါ​ပေမယ့်​အခု​တော့ ချုပ်​နှောင်​ထားတဲ့သူ့စိတိ​တွေ​ပေါ့ပါးသွားသည်​။အခု သူဟာ သူ့အ​ဖေရဲ့ ဂုဏ်​ယူစရာ ၊ အ​ဖေ့ရဲ့​မျှော်​လင့်​ချက်​တွေနဲ့ ထိုက်​တန်​သူဖြစ်​ကြောင်း ဂုဏ်​ယူပြီး​ပြောနိုင်​တော့မည်​။

ဒါ​ပေမယ့်​သူအခွန်းတစ်​ထောင်​လောက်​ပြော​နေရင်​တောင်​ဘယ်​သူကမှ သက်​သေမရှိတဲ့သူကို ယုံမှာ မဟုတ်​။ လင်းစစ်​ချင်းနှင့်​ကောမုန်း​စူတို့ စကားတစ်​ခွန်း​ပြောလိုက်​ရုံနဲ့ သူ့ရဲ့ အနာဂတ်​တွေ စိတ်​ကူးအိမ်​မက်​တွေ ကို လုံးဝ ဖျက်​ဆီးပစ်​နိုင်​ခဲ့သည်​။

​လော​လောဆယ်​မှာပင်​သူ့ကို တရားရုံး က ဆင့်​ခေါ်​နေပြီ။​နောက်​တစ်​ပတ်​ဆို သူတရား ရင်​ဆိုင်​ရ​တော့မည်​။Time Record ကလည်း တစ်​ဖက်​သတ်​စာချုပ်​ဖျက်​သိမ်း​ကြောင်း​ကြေညာပြီး အဘန်းခံခဲ့ရသည်​။

အခု​တော့ အိုးစစ်​နန်​က သူ့မိဘ​တွေကို​ရော သူ့ဂုဏ်​သိက္ခာပါ ဆုံးရှုံး ခဲ့ရသည်​။အဲ့ဒါက သူ့ဘဝမှာ အကြမ်းတမ်းဆုံးနဲ့ ကူကယ်​ရာမဲ့တဲ့ အချိန်​ဖြစ်​ခဲ့သည်​။အကယ်​၍ ကျိုးယွင်​ရှန့်​သာ​ရောက်​မလာခဲ့လျှင်​သူဟာ တရားရှုံးပြီးတစ်​ရက်​ပြီး တစ်​ရက်​ရည်​ရွယ်​ချက်​မဲ့စွာ​ခြေဦးတည့်​ရာ​လျှောက်​သွား​နေမိမည်​ဖြစ်​သည်​။စိတ်​အားငယ်​ပြီး မူးယစ်​ဆေးဝါး ဘက်​လှည့်​ကာ​နောက်​ဆုံးမှာ​ဆေးလွန်​ပြီး​သေဆုံးရမည်​ဖြစ်​သည်​။

Media က သတင်းလွှင့်​လိုက်​တဲ့အခါ "​နောင်​တမရတဲ့လူ​တွေက​သေခြင်းတရားနဲ့ပဲ ထိုက်​တန်​တယ်​" လို့ လူ​တွေက အပြစ်​တင်​ကြတယ်​။
သူ့အ​ဖေရဲ့ အုတ်​ဂူ​ပေါ်က ဖျက်​မရတဲ့ အစွန်းအထင်း တစ်​ခုဖြစ်​ခဲ့သည်​။

လင်းစစ်​ချင်းနဲ့​ကောမုန့်​ရှူအတွက်​တော့ အနုပညာ ရပ်​ဝန်းမှာ ထိပ်​ဆုံးသို့​ရောက်​အောင်​ဆက်​တက်​နိုင်​ခဲ့သည်​။
"သနားစရာ​ကောင်းလိုက်​တာကွာ။ မင်းဘဝက ဘယ်​လို​တောင်​ရှုပ်​ထွေးနိုင်​ရတာလဲ။ မျက်​လုံးထွက်​ကျ​လောက်​အောင်​ငိုထားတာ အံသြစရာ မရှိပါဘူး ။"ကျိုးယွင်​ရှန့်​က​ရေချိုးခန်းထဲမှာ​ဖျော့​တော့ပြီး တကယ့်​ကို လှပတဲ့ မျက်​နှာ​လေးကို ကြည့်​နေသည်​။မှန်​ထဲက သူ့နှာ​ခေါင်းကို ညွှန်​ပြလိုက်​ပြီး ဖြည်းဖြည်းချင်း​ပြောလိုက်​သည်​။
"​ကောင်းပြီ..မင်းကို ကယ်​ခွင့်​ပြု ...မင်းဘာလိုချင်​လဲ..မင်းအ​ဖေရဲ့ ဂုဏ်​သိက္ခာလား...မင်းရဲ့ အရည်​အချင်း​တွေကို ကမ္ဘာ ကို ပြချင်​လား ...ရင်​ကိုထိရှ​စေတဲ့ သီချင်း​တွေ ဖန်​တီးချင်​လား ..မင်းဘာပဲလုပ်​ချင်​လုပ်​ချင်​ငါအားလုံး ရ​အောင်​လုပ်​ပေးမယ်​..."+

သူ့ဘာသာ တတွတ်​တွတ်​ရေရွတ်​ရင်း 007 က​နေ ခန္ဓာကိုယ်​ရဲ့ အချက်​အလက်​တွေကို အဆင်​ပြေ​အောင်​အ​နေအထား ပြင်​လိုက်​သည်​။သူက ဆက်​ပြီး​တော့...
"ငါ မင်း​နောင်​တရခဲ့တာ​တွေကိုလည်း ပြန်​ပြင်​ပေးရုံမကပဲ လင်းစစ်​ချင်းနဲ့​ကောမုန့်​ရှူကို အမြင့်​က​နေဆွဲချပြီး ရွှံ့ ထဲထိ​အောင်​နှစ်​ပစ်​မယ်​။ဒါဆို ဘယ်​လိုလဲ...မင်း​ကျေနပ်​ပြီမလား..."

မှန်​ထဲမှာ အရိပ်​ထင်​နေတဲ့ ပန်းနု​ရောင်​နှုတ်​ခမ်း​တွေက​ကွေးညွှတ်​သွားပြီး စူးရှ​နေတဲ့ မျက်​ဝန်း​တွေက ရုတ်​တရက်​နူးညံသွားကာ  မူလခန္ဓာကိုယ်​ရဲ့ ရှက်​ရိပ်​သမ်း​နေတဲ့ အပြုံးကိုသာ ကူးယူထား​လေသည်​။

ဒီ​နေ့ကစပြီး သူ အိုးစစ်​နန်​အဖြစ်​နေကာ သူ့ဘဝက အံသြဖွယ်​ဖြစ်​နေရမည်​။

T/N
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі