Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 7.1
Arc 7 - Facing a double rebirth attack+

TGN - ဗီလိန်​မာယာ

Translator - invisible_clover

အခန်း (၆၂) ချီရှိုးကျဲ့ဘဝ

​တွေ့ဆုံခွဲခွာရသည့်​အကြိမ်​ရေများလာသဖြင့်​ကျိူးယွင်​ရှန့်​အ​ထွေအထူးမခံစား​နေ​တော့။ လက်​ကျန်​စွမ်းအင်​တစ်​ဝက်​ကိုသာစုပ်​ယူပြီး​နောက်​ကမ္ဘာသို့ခုန်​ကူးလိုက်​သည်​။
မျက်​လုံးဖွင့်​လိုက်​သည်​နှင့်​အ​မှောင်​ထုက ဆီးကြို​နေပြီး​သွေးညှီနံ့ များလှိုင်​လျက်​ရှိသည်​။ သူ့ခန္ဓာကိုယ်​ကနာကျင်​ကိုက်​ခဲ​နေပြီး အရိုးများပင်​ကျိူး​ကြေ​နေသည်​ဟုခံရသည်​။ သူ​ရောက်​နေသည်​မှာ အကျဉ်း​ထောင်​ထဲတွင်​ပင်​။မျက်​နှာချင်းဆိုင်​သစ်​သားတိုင်​များကြားမှ တစ်​ဖက်​နံရံရှိ​သွေးစွန်း​နေ​သော ညှင်းပမ်းကိရိယာများကလက်​ရှိခန္ဓာအ​ခြေအ​နေကိုညွှန်​ပြ​နေသည်​။ ကျိူးယွင်​ရှန့်​ခန္ဓာကိုယ်​ကိုပြင်​ဆင်​ရန်​အ​လောမကြီးဘဲ မူရင်းမှတ်​ဥာဏ်​များကိုပြန်​ကြည့်​လိုက်​သည်​။
ဤကမ္ဘာသည်​လည်း​ယောက်ျား၊မိန်းမနှင့်​'ကော'များရှိရာ​လောကဖြစ်​ပြီး ပြိုင်​တူပြန်​လည်​မွေးဖွားခဲ့ကြသည့်​ဇာတ်​လမ်းမျိူးပင်​။ ဇာတ်​လိုက်​Gongသည်​ရန်​ကော်​နိုင်​ငံပြည့်​ရှင်​ဖြစ်​ပြီး ဆန်​ကုန်​မြေ​လေးဘုရင်​တစ်​ပါးဖြစ်​ကာ ညီ​တော့ရွှမ်​ဝမ်​၏ပုန်​ကန်​မှု​ကြောင့်​မျှားမှန်​သေဆုံးခဲ့ရသည်​။

ဇာတ်​လိုက်​Shouသည်​ကောတစ်​ဦးဖြစ်​ပြီး စစ်​သူရဲမျိူးနွယ်​မှဆင်းသက်​လာက တပ်​မှူးတစ်​ဦးလည်းဖြစ်​သည်​။ သူ့၏လှပရုပ်​ရည်​ကြောင့်​တော်​ကောက်​ခြင်းခံရပြီး ကိုယ်​လုပ်​တော်​ဖြစ်​လာသည်​။ ဆန်​ကုန်​မြေ​လေးဘုရင်​သည်​အသုံးအဖြုန်းကြီးပြီး အလှအပလည်းမက်​မော​သော​ကြောင့်​သူ့နံ​ဘေးတွင်​အလှပ​ဂေးများဒါဇင်​ချီရှိ၏။ ထိုအလှပ​ဂေးတို့မှာအကြံသမားများချည်းသာ။ ဇာတ်​လိုက်​Shouကဲ့သို့ သ​ဘောဖြူအူစင်းကြာပန်းက​လေးက ထိုအကြံဆိုးများကိုအဘယ်​မှာရိပ်​စားမိပါမလဲ။ ထို့​ကြောင့်​သူ၏ဆယ်​နှစ်​အရွယ်​သား​တော်​လေးကိုဆုံးရှုံးခဲ့ရသည်​။
ထိုအတွက်​ကြောင့်​ဇာတ်​လိုက်​shouဟာ မင်းကြီးကိုငြင်းပယ်​ပြီး အ​အေးနန်း​ဆောက်​တွင်​အသက်​ရှင်​လျက်​နှလုံးသား​သေဆုံးသလို​နေထိုင်​ခဲ့သည်​။ သူဟာ မင်းကြီးကိုမချစ်​ပေမယ့်​စစ်​သားတစ်​ဦးရဲ့သစ္စာတရားဟာရင်​ထဲ ကိန်းဝပ်​နေတာ​ကြောင့်​ရွှမ်​ဝမ်​ပုန်​ကန်​သည့်​အခါ အခြားကိုယ်​လုပ်​တော်​များလိုဘက်​ပြောင်းမသွားဘဲ ကာကွယ်​ပေးခဲ့ပြီး နှစ်​ဦးသားမျှားမှန်​သေဆုံးခဲ့ကာ ပြန်​လည်​မွေးဖွားလာခဲ့ကြသည်​။

ထို​နောက်​ချီးစား​ခွေးဘုရင်​မှာ သစ္စာရှိ​ခွေးကြီးဖြစ်​လာပြီး ထိုအ​မြှောက်​စာနှစ်​ဦးကပြန်​လည်​မွေးဖွားလာပြီး​နောက်​ယခင်​ဘဝကသူတို့ကိုသစ္စာ​ဖောက်​သူမှန်​သမျှကိုသုတ်​သင်​သည်​။ သုတ်​သင်​ခံရသူများမှာ​ဆွေစဉ်​မျိုးဆက်​ကိုးဆက်​တိုင်​၏။ ဒီခန္ဓာကိုယ်​ကလည်း ထိုသုတ်​သင်​ခံရသည့်​မိသားစုထဲမှ ရန်​ကော်​နိုင်​ငံ၏ထိပ်​တန်းမိသားစုဖြစ်​သည်​ချီမိသားစုမှာသားချီရှိုးကျဲ့ဖြစ်​သည်​။ သူဟာလည်း ရန်​ကော်​ဘုရင်​၏ကိုယ်​လုပ်​တော်​တစ်​ဦးဖြစ်​ပြီး ဇာတ်​လိုက်​shouသားကိုသတ်​သည့်​အထဲတွင်​အဓိကပါဝင်​ခဲ့သည်​။3

ယခင်​ဘဝမှာ ရွှမ်​ဝမ်​ပုန်​ကန်​သည့်​အခါချီမိသားစုကပူး​ပေါင်​ပြီး ချီးရှိုးကျဲ့၏အလှ​ကြောင့်​ရွှမ်​ဝမ်​ကို​တော်​ပြန်​ကောက်​ကာအထူးပစား​ပေးနှစ်​သက်​တော်​မူခြင်းခံရသည်​။ ထို့​ကြောင့်​ဇာတ်​လိုက်​gongပြန်​မွေးဖွားလာ
ချိန်​တွင်​ဆန္ဒနှစ်​ခုရှိသည်​။ တစ်​ခုက ဇာတ်​လိုက်​shouနဲ့သားကိုကာကွယ်​ရန်​၊​နောက်​တစ်​ခုကရွှမ်​ဝမ်​နှင့်​ချီမိသားစုကိုရှင်းပစ်​ရန်​။

သုံးနှစ်​ကြာပဋိပက္ခများအဆုံးတွင်​ရွှမ်​ဝမ်​သည်​ပြာချခံရပြီး ချီမိသားစုကအမြစ်​ပါမကျန်​ဆွဲနုတ်​ခံလိုက်​ရသည်​။ အခုချီရှိုးကျဲ့တစ်​ယောက်​ကသာအသက်​ရှင်​လျက်​ရှိပြီး သူလည်းပဲမနက်​ဖြန်​မှာကွပ်​မျက်​ခံရ​တော့မည်​။2

အချက်​အလက်​များကိုဖတ်​ပြီး​နောက်​ကျိူးယွင်​ရှန့်​သက်​ပြင်းချလိုက်​သည်​။ ထို့​နောက်​ပျင်းပျင်းရှိ​ကောက်​ရိုးမျှင်​နဲ့သွားကြားထိုး​နေလိုက်​၏။ သူ့လိုစိန်​ခေါ်မှု​တွေကိုနှစ်​သက်​သူအဖို့ ချီရှိုးကျဲ့ကိုကယ်​တင်​ရမည့်​အ​ရေးကလွယ်​ကူးလွန်းသည်​။ သူ​တွေး​နေစဉ်​မှာပဲ အကျဉ်းစခန်းအတွင်းသို့ ရုပ်​ရည်​တင့်​တယ်​သည့်​အမျိူးသားတစ်​ဦးခပ်​မှန်​မှန်​နင့်​လမ်း​လျှောက်​လာသည့်​ကိုမြင်​လိုက်​သည်​။ သူ့​နောက်​မှအမျိူးသားက​တော့ သူနဲ့ဆန့်​ကျင်​ဖက်​မျက်​နှာထားခက်​ထန်​ပြီးအလွန်​တရာသုန်​မှုန်​နေ၏။ ထိုလူနှစ်​ဦးက သူ့ကိုစစ်​ဆေးရန်​တာဝန်​ကျသည့်​လီဝမ်​နှင့်​ကောင်းလန်​ပင်​။
ပထမဘဝကလီဝမ်​ဟာ သံသယအဝင်​ခံရပြီးအပယ်​နန်း​ဆောင်​ကိုအပို့ခံထားခဲ့ရသည်​။ ထို့သို့အပို့ခံရ​သော်​လည်းသူက​တော့​အေး​ဆေးသက်​သာစွာ​နေပြီး အ​အေးနန်း​ဆောင်​ကို​ရောက်​လာသည့်​ဇာတ်​လိုက်​shouကိုချစ်​မိသွား၏။အကယ်​၍များ သူ့အကူအညီမပါပါက ဇာတ်​လိုက်​shou​ကောင်းမင်​သည်​အ​အေးနန်း​တော်​တွင်​သက်​တောင့်​သက်​သာ​နေခဲ့ရမည်​မဟုတ်​ပေ။ ပထမဘဝက လီကျင်းထျန်းနှင့်​ကောင်းမင်​ကိုကယ်​ခဲ့ဖူးသည်​။ ထို့​ကြောင့်​ယခုဘဝမှာ​ကောင်းမွန်​စွာ​မြှောက်​စားခံရသည်​။+
​ကောင်းလန်​က​ကောင်းမင်​၏အစ်​ကိုဖြစ်​ပြီး အရင်​ဘဝကချီမိသားစု​ချောက်​ချမှု​ကြောင့်​သေခဲ့ရသည်​။ ဒီဘဝမှာ​ကောင်းမင်​သတ်ိပေးမှု​ကြောင့်​သူ့အသက်​ကိုထိန်းထားနိုင်​ခဲ့ပြီး ချီမိသားစုကိုလက်​စား​ချေရန်​ကြိုးပမ်းကြသည်​။ လီကျင်းထျန်းက​ကောင်းမင်​ကို တုန်​အောင်​ချစ်​တာ​ကြောင့်​ကောင်းအိမ်​ဟာအလွန်​အ​ရေး​ပေးခံရသည်​။ သုံးနှစ်​အတွင်း​ကောငလန်​ကိုအကြိမ်​ကြိမ်​မြှောက်​စားပြီး သာမန်​အမှုထမ်းဘဝကမင်းတိုင်​ပင်​အမတ်​နေရာသို့ပို့​ပေးခဲ့သည်​။

​ကောလန်​ကကြမ်းတမ်းတဲ့စရိုက်​ရှိပြီး သူ့ကို လုပ်​ကြံသည်​မဆိုထားနှင့်​အနည်းငယ်​ထိခိုက်​မိရုံနဲ့တစ်​မိသားစုလုံးဒုက္ခ​ရောက်​အောင်​လုပ်​ပစ်​တတ်​သည်​။ ဒါ​ကြောင့်​ချီရှိုးကျဲ့သူ့လက်​ထဲ​ရောက်​လာချိန်​ပြင်းထန်​စွာနှိပ်​စက်​ပြီး ချီတစ်​မိသားစုလုံး​မွေးကင်းစက​လေးမကျန်​သုတ်​သင်​ပစ်​လိုက်​သည်​။ ဒါ​ကြောင့်​ကျိူးယွင်​ရှန့်​အ​နေနဲ့ ချီရှိုးကျဲ့ရဲ့ဆန္ဒကို​မေး​နေစရာမလို အသက်​ရှင်​ပြီးလက်​တုန့်​ပြန်​ရန်​ကလွဲရင်​ဘာဖြစ်​နိုင်​အုန်းမည်​နည်း။

ထိုလူနှစ်​ယောက်​က​ထောင်​ထဲ​ခြေလှမ်းမြန်​မြန်​နဲ့​လျှောက်​လာပြီး​နောက်​ကထမင်းပုံးကိုင်​ထားသည့်​အမှုထမ်းတစ်​ခုလိုက်​လာသည်​။ ထိုအမှုထမ်းကဆန်​ကွဲထမင်းကို ချီရှိုးကျဲ့ဆီ​ပေး​တော့​ကောလန်​ကထမင်းပုံကိကန်​ပစ်​လိုက်​သည်​။

"ဘာကိစ္စ သူ့ကို​ကျွေး​နေ​သေးတာလဲ''
"သူက​သေခါနီးပြီပဲ​နောက်​ဆုံးအ​နေနဲ့စားပါ​စေ'' လီဝမ်​၏စိတ်​ထားက​အေး​ဆေးသည်​မို့​ကောလန်​ကို​လေသံ​အေးနှင့်​သာ ပြန်​ဖြေလိုက်​သည်​။

​ကောလန်​ကဟွန့်​ခနဲလုပ်​ပြီး ပုံကိုကန်​ကာ​အော်​ဟစ်​လိုက်​သည်​။ ''လာစား''

ကျိူးယွင်​ရှန့်​မျက်​နှာကိုကွယ်​ပြီး လူသတ်​ငွေ့လျှံ​နေတဲ့မျက်​လုံးကိုဖုံးလိုက်​ရသည်​။ ထို့​နောက်​တုန်​ရီ​နေသည့််​လက်​ကိုအပြင်​သို့ထုတ်​ပြီး ''ဝမ်​ရယ်​...​ကျေးဇူးပြုပြီးဒီအပြစ်​သားမင်းကြီးကိုတစ်​ခါ​လောက်​ဖူး​တွေ့ပါရ​စေ။ ဒီအပြစ်​သားမှာမင်းကြီး​ပြောစရာ လျှိူ့ ဝှက်​ကိစ္စ​တွေရှိ​နေပါတယ်​။''

"ဘာလျှိူ့ ဝှက်​ချက်​လဲ။ ငါ့ကို​ပြောတာသူ့ကို​ပြောတာနဲ့တူတူပဲ'' လီကျင်းထျန်​ဟာ​ကောအိမ်​ကိုအလွန်​အကျွံ​မြှောက်​စားတာ​ကြောင့်​ကောလန်​ဟာလည်းဘဝ​မေ့​နေခဲ့ပြီ။ အမတ်​တစ်​ခုအပြုသင့်​သည့်​အပြုအမူနှင့်​မ​ပြောသင့်​သည့်​စကားကို​ပြောရန်​ဝန်​မ​လေး​တော့​ပေ။

လီဝမ်​ကသူ့ကိုတစ်​ချက်​ကြည့်​၏။ အ​တွေးတို့မခန့်​မှန်းနိုင်​ပဲ ရှိ​လေသည်​။

ကျိူးယွင်​ရှန့်​ခပ်​ယဲ့ယဲ့ပြုံးပြီး ''ဒီအ​ရေးဟာတိုင်းပြည်​နဲ့သက်​ဆိုင်​နေပါတယ်​။ မင်းကြီးနဲ့​ပြောမှဖြစ်​မှာပါ။ အမတ်​မင်း​ကောဘယ်​လောက်​ပဲ ရာထူးကြီးတယ်​ဆိုဆိုမင်းကြီးကို​တော့ဘယ်​ယှဉ်​နိုင်​ပါလိမ့်​မလဲ''

ရန်​ကောတိုင်းပြည်​ကြီးမှာ ဘယ်​သူကမင်းကြီး​နေရာကစကား​ပြောရဲပါ့မလဲ။ဒါကပုန်​ကန်​တာပဲ​လေ။ တစ်​ခုခုလုပ်​မယ့်​ဆိုတာနဲ့ အ​ခေါင်းမရှိအ​လောင်းမရှိ ပြာချခံလိုက်​ရတဲ့ရွှမ်​ဝမ်​ကို​ပြေးမြင်​ယောင်​မိမှာပဲ။ ပြီး​တော့ ချီမိသားစုဟာရန်​ကောနိုင်​ငံရဲ့ ထိပ်​တန်းမိသားစုဖြစ်​ပြီး လျှို့ဝှက်​ချက်​များစွာသိမ်းဆည်းထားတာမို့ ချီရှိုးကျဲ့စကားကအလကားလို့ဘယ်​သူ​ပေါ့​ပေါ့​တွေးရဲပါ့မလဲ။ ဒါကို​တွေးမိ​တော့​ကောင်းလန်​နောက်​ဆုတ်​လိုက်​ရသည်​။

လီဝမ်​ကသက်​ပြင်းချပြီး ထမင်းအသစ်​ထပ်​မှာ​ပေးလိုက်​သည်​။

ပြန်​မွေးဖွားလာပြီး​နောက်​လီကျင်းထျန်းစိတ်​ဓာတ်​သည်​အရင်​မတူ​တော့ အလွန်​တရာကြမ်းတမ်းရက်​စက်​ပြီး ပြတ်​သားသည့်​ဘုရင်​တစ်​ပါးဖြစ်​လာသည်​။ အမတ်​တစ်​ယောက်​သူ့ကို အကြည်​မသာဖြစ်​အောင်​လုပ်​မိတာနဲ့​ခေါင်းဖြတ်​ရန်​ဝန်​မ​လေး။ အကယ်​၍များ​ကောမင်​သာ သူနားမရှိဘဲ ထက်​မြတ်​နဲ့သားတစ်​ယောက်​မွေး​ပေးမထားကင်​သူ​သေပါက ရန်​ကောပြည်​ကြီးပါ​သေဆုံးသွားရ​လောက်​အောင်​အရည်​အချင်းရှိလာ၏။

ချီရှိုးကျဲ့ရဲ့အမှာစကားကိုကြား​တော့ သူစိတ်​ထဲကမထုတ်​နိုင်​ဘဲ အကျဉ်း​ထောင်​ကိုကိုယ်​တိုင်​ကြွမြန်းခဲ့သည်​။

"ကိုယ်​တော့်​ကို​ပြောချင်​တာဘာလဲ'' လီကျင်းထျန်းက အကျဉ်းအပြင်​မှ စိတ်​မရှည်​သံဖြင့်​မေးလိုက်​၏။
သူဟာ​တော်​ဝင်​အရှိန်​အဝါနဲ့ပြည့်​စုံပြီး ခန့်​ညား​ပေမယ့်​လို​အရပ်​က​ခြောက်​ပေ​အောက်​နိမ့်​တာ​ကြောင့်​ကျိူးယွင်​ရှန့်​သူ့ချစ်​သူမဟုတ်​မှန်းသိလိုက်​သည်​။ ထိုအခါမှသူလည်းစိတ်​ချသွား​တော်​သည်​။ ''မင်းကြီးဘုရား ကျွန်​တော်​မျိူးမျက်​လုံး​တွေကိုကြည့်​ပါ။''3

သူ့အသံကသံလိုက်​လိုဆွဲငင်​နေပြီး​မှော်​ဝင်​ဓာတ်​များပါ​နေသလို လီကျင်းထျန်​လှည့်​မကြည့်​ပဲမ​နေနိုင်​ပေ။

"မင်းကြီး ကျွန်​တော်​မျိူးမျက်​လုံးထဲဘာကိုမြင်​ပါသလဲ။ ချီမိသားစုဟာမင်းကြီးအ​ပေါ်သစ္စာရှိပါလျက်​ဘာ​ကြောင့်​ကွပ်​မျက်​ခံရပါသလဲ။ မင်းကြီးမှား​နေပါပြီ။ မင်​ကြီး​ကောင်းအိမ်​ကိုမျက်​စိမှိတ်​ယုံမ​နေသင့်​ပါဘူး သူတို့ကမှမင်းကြီးကိုလုပ်​ကြံဖို့ကြံစည်​နေတာပါ။''

လီကျင်းထျန်းရဲ့စိတ်​အစဉ်​ကို ဇာတ်​ညွှန်းချပြီး​နောက်​ကျိူးယွင်​ရှန့်​လက်​ကို​ဝေ့ရမ်းကာပြန်​ပို့လိုက်​သည်​။ ထို့​နောက်​သူခန္ဓာကိုယ်​dataကိုပြန်​ပြင်​ပြီး မနက်​ဖြန်​လာမယ့်​ရှိုးကို​စောင့်​နေလိုက်​သည်​။
လီကျင်းထျန်း ယန်​ရှင့်​နန်း​ဆောင်​ကိုဘာမှမသိဘဲပြန်​ရောက်​သွားပြီး တန်းအိပ်​လိုက်​သည်​။ အိပ်​လိုက်​ပြီး​နောက်​သူအိမ်​မက်​တစ်​ခုမက်​သည်​။ ထိုအိမ်​မက်​ကသူ့မ​သေခင်​က မှတ်​ဥာဏ်​တွေဖြစ်​ပြီး သူ့ကိုလီဝမ်​နဲ့​ကောင်းမင်​ခေါ်သွားတဲ့အချိန်​ချီမိသားစုကရဲမတ်​လွှတ်​ပြီးသူ့ကိုကယ်​ဖို့ကြိုးစားသည်​။ သူ့ကိုရှာမ​တွေ့​တော့ ရွှမ်​ဝမ်​စစ်​သား​တွေ​ကြောင့်​တပ်​ဆုတ်​လိုက်​ရသည်​။ ရက်​အနည်းငယ်​ကြာ​တော့ မြှားအပြည့်​နဲ့သူ့ခန္ဓာကို​တွေ့ပြီးတိတ်​တဆိတ်​မြှုပ်​ပေးခဲ့သည်​။..ချီရှိုးကျဲ့က သူ့ရဲ့အလှနဲ့ရွှမ်​ဝမ်​ကိုမြူဆွယ်​ပြီး အချစ်​တော်​ဖြစ်​လာ​ပေမယ့်​အရင်​ခင်​ပွန်း​ဟောင်းမင်းကြီးကိုမ​မေ့ဘဲ လီကျင်းထျန်​ကမ္ဗည်းပြားကိုတိတ်​တဆိတ်​ကိုးကွယ်​ရုံမက ရွှမ်​ဝမ်​ကိုလည်းအဆိပ်​ခတ်​သတ်​လိုက်​သည်​။

ရွှမ်​ဝမ်​ကအဆိပ်​ကြောင့်​သေပြီး ချီရှိုးကျဲ့ကစစ်​တပ်​နဲ့နန်းမြို့ကိုချီတက်​ကာ ရွှမ်​ဝမ်​၏က​လေးတစ်​ယောက်​စီကိုပြန်​သတ်​ခဲ့သည်​။ သူတိတ်​ဆိတ်​မွေးစားထားတဲ့ လီကျင်းထျန်းရဲ့သားတစ်​ဦးကိုနန်းတင်​ပြီး အဲ့သား​တော်​နန်းတက်​တဲ့​နေ့မှာပဲ လီကျင်းထျန်းအရိုးကိုလည်း​တော်​ဝင်​သချူင်္ိင်းမှာမြှုပ်​နံ​ပေးခဲ့သည်​။ ထို့​နောက်​ကိုယ့်​ကိုယ်​စ​တေးခံပြီးလိုက်​ပါခဲ့သည်​။ ဈာပနာ​ခေါင်းလောင်းသံညံညံနှင့်​တစ်​တိုင်းပြည်​လုံးကသူ့ကိုလိုက်​ပါပို့​ဆောင်​ပေးကြသည်​။

လီကျင်းထျန်းအကြီးအကျယ်​ထိတ်​လန့်​ပြီး နိုးလာခဲ့သည်​။ ဒီအိမ်​မက်​ဟာ မှတ်​ဥာဏ်​တွေဆို​ပေမယ့်​အစစ်​အမှန်​နဲ့တူလွန်းပြီး သူ့ဝိညာဉ်​ကလည်း ချီရှိုးကျဲ့နဲ့အတူကိုယ်​လုပ်​တော်​ဘဝမှာ လူမဆန်​စွာသိမ်​ငယ်​ခံစားရသည်​။ ဘယ်​လိုလုပ်​သူမှတ်​ဥာဏ်​တွေကလာတာလဲ။ ဒီလိုပြန်​လည်​မွေးဖွားအပြီးမှာ လီကျင်းထျန်းဟာ သဘာဝလွန်​အဖြစ်​အပျက်​ကိုလုံးဝဥဿုံယုံကြည်​လာတာမို့ နဖူးကိုပွတ်​ရင်းအ​တွေးနက်​နေ​တော့သည်​။

"ခင်​များအိပ်​မရဘူးလား။ အဲ့တာဆိုအခြားအခန်းသွား​နေ ။ လှုပ်​စိလှုပ်​စိနဲ့ကျူပ်​အိပ်​မရဘူး''​ကောင်းမင်​ကနိုးလာပြီး စိတ်​မရှည်​စွာဆိုသည်​။ သူဟာမ​သေခင်​က လီကျင်းထျန်းကိုလုံးဝထပ်​မချစ်​ဖို့ကျိန်​ဆိုခဲ့တာ​ကြောင့်​ဒီဘဝမှာ သူဟာလီကျင်းထျန်းအ​ပေါ်​အေးစက်​နေခဲ့သည်​။

ပုံမှန်​ဆို လီကျင်းထျန်းအ​နေနဲ့​ကောင်းမင်​ကို​ချော့​ပြောမှာဆို​ပေမယ့်​ဒီတစ်​ခါမှာ​တော့ စိတ်​ထဲခု​နေပြီး အ​ပေါ်ဝတ်​ရုံကိုဆွဲယူပြီးအမှန်​ပင်​အခြားအခန်း​ပြောင်းလိုက်​သည်​။
အခြားအခန်းမှာ အ​ခြွေအရံတစ်​ဦးကိုလက်​ဖက်​ကည်​ငှဲ့ခိုင်းပြီး နားထင်​ကိုဖိရင်​ပြန်​အိပ်​ပေါ်သွားပြန်​သည်​။ ဒီတစ်​ခါအိမ်​မက်​က​တော့ လက်​ရှိအဖြစ်​ဖြစ်​ပြီး​ကောင်းမင်​ရဲ့​ကျေးဇူး​တွေဆပ်​ဖို့​ကောင်းမင်​ကို​ကောင်း​ကောင်းမွန်​မွန်​ဆက်​ဆံခဲ့သလို​ကောင်းလန်​ကိုလည်း​မြှောက်​စား​ပေးခဲ့သည်​။ ဒါတင်​မက သူ့နန်းစံနှစ်​ပတ်​လည်​ပွဲ​တော်​မှာ​ကောင်းမင်​ကိုဒုတိယဘုရင်​နေရာအဖြစ်မြှောက်​စား​ပေးခဲ့သည်​။​ကောင်းမင်​သူ့ဆီ​လျှောက်​လာ​နေတာသူမြင်​နေရပြီး မင်းမှုထမ်းများအားလုံးဒူး​ထောက်​နေကြကာ​ကော​ဇောနီကရဲရဲ​တောက်​နေသည်​။ သူပြုံးပြီး​ကောင်းမင်​လက်​ကိုဆွဲလိုက်​ပေမယ့်​ရုတ်​တရက်​ပတ်​ဝန်းကျင်​ပြောင်းပြီးသူဟာသေဆုံးပြီးသားဝိညာဉ်​တစ်​ကောင်​ဖြစ်​နေသည်​ကိုမြင်​လိုက်​ရသည်​။ နန်း​တော်​တစ်​ခုလုံးအဖြူ​ရောင်​များနှင့်​ပြည့်​နေပြီး နန်း​တော်​သားများကငို​ကြွေး​နေကြသည်​။
ခန်းမအတွင်းမှာ​ကောင်းမင်​က​ခေါင်းတလားကြီး​ရှေ့ရပ်​နေပြီး သူ့မျက်​နှာကပူ​ဆွေးခြင်းမရှိ​သောငြား မျက်​ရည်​များစီးကျ​နေကာ ထူးဆန်းစွာပြုံး​နေ၏

အတွင်းသို့ဝင်​လာသည့်​လီဝမ်​က​ကောင်းမင်​လက်​ကိုကိုင်​လိုက်​သည့်​အခါ သူ့အနီးကပ်​ကြည့်​ရမှာကိုပင်​ကြောက်​မိသည်​။ ''​နောက်​ဆုံး​တော့ကိုယ်​တို့​စောင့်​မျှော်​နေတဲ့​နေ့ကို​ရောက်​လာခဲ့ပြီ''
​ကောင်းမင်​က​ခေါင်းညိမ့်​ပြီး သူ့ပုခုံး​ပေါ်​ခေါင်းမှီလိုက်​၏ ။​မောပန်းနွမ်းနွယ်​မှု​ကြောင့်​ကြုတ်​ထား​သောမျက်​မှောင်​တို့​ပြေ​လျော့ကုန်​သည်​။+
"မင်းတို့ကဘာ​တွေလဲ။ ဘာ​တွေလုပ်​နေကြတာလဲ။ ငါက​ရောဘယ်​လို​သေတာလဲ။​ပြောစမ်းပါ!" လီကျင်းထျန်း​အော်​ဟစ်​ပြီး နှစ်​ယောက်​လုံးကိုဆွဲခွာပစ်​လိုက်​ပေမယ့်​သူ့ခန္ဓာကသူတို့ကို​ဖောက်​ထွက်​သွားပြီး သူနှစ်​ဘဝလုံး​သေသွားပြီဖြစ်​တဲ့အ​ကြောင်း ပြန်​သတိရလာသည်​။
​ကြောက်​ရွံမှုနဲ့အမုန်းတရားတို့က သူ့ကိုဝါးမြိုသွားပြီး​အော်​ဟစ်​ကာလန့်​နိုးလာခဲ့သည်​။ အိမ်​မက်​မှန်းသိလိုက်​ရ​သော်​လည်း အိမ်​မက်​ကအစစ်​အမှန်​နှင့်​တူလွန်း​နေသည်​မို့ သူပြန်​စဉ်းစားတိုင်းတုန်​ရီ​နေဆဲပင်​။
ငါလူမှားယုံမိ​နေပြီလား။ ချီမိသားစုကအမှန်​တကယ်​အပြစ်​မဲ့သလား။​ကောင်းမင်​တကယ်​ပဲ လီဝမ်​နဲ့​ဖောက်​ပြန်​နေသလား ။ သူတို့​ပေါင်းပြီးသူ့ကိုလုပ်​ကြံဖို့ကြံစည်​နေသလား။ လီကျင်းထျန်း​ခေါင်းထိုးကိုက်​လာသည်​။ အနီးနားတွင်​ဝတ်​ရုံကိုင်​ပြီးဒူး​ထောက်​နေတဲ့ မိန်းမစိုးကိုသူ့မကြည့်​ဘဲ​မေးလိုက်​သည်​။ ''ဘယ်​အချိန်​ရှိပြီလဲ''

"ငါးနာရီခွဲရှိပါပြီ မင်းကြီး။ ညီလာခံက​နောက်​နှစ်​နာရီမှစမှာပါ ''
ကွပ်​မျက်​မယ့်​အချိန်​ကသုံးနာရီဆို​တော့ သိပ်​တော့​နောက်​မကျ​သေး​ပေ။ လီကျင်းထျန်းအဝတ်​ကိုချက်​ချင်းလဲပြီး အကျဉ်း​ထောင်​သို့ သုတ်​သင်​ခြေတင်​သွားလိုက်​သည်​။
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі