Arc 1
Arc 1.1
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc 1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 2.1
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 3.1
Arc 3.2
Arc 3.3
Arc 3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 4.1
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.8
Arc 4.9
Arc 4.10
Arc 4.11
Arc 5.1
Arc 5.2
Arc 5.3
Arc 5.4
Arc 5.5
Arc 5.6
Arc 5.7
Arc 5.8
Arc 5.9
Arc 5.10
Arc 6.1
Arc 6.2
Arc 6.3
Arc 6.4
Arc 6.5
Arc 6.6
Arc 6.7
Arc 6.8
Arc 6.9
Arc 6.10
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 7.12
Arc 7.13
Arc 7.14
Arc 7.15
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 3.1
အခန်း(၂၂) ရှမ်းရိပင်းဘဝ

Arc 3 : Space Reincarnation Girl

TGN: အတုန့်​အလှည့်​မရှိ

(TGN- translator given name)

Translator - invisible_clover

•••

ဇာတ်​လိုက်​အမျိူးသမီး နှင့်​အမျိူးသားမှာ စကားပင်​မ​ပြောလိုက်​ရသလို အတူလည်းမ​နေသွားရ​ပေ။​ပြောရမယ်​ဆိုရင်​ဒုတိယဘဝက Lord Godရဲ့ ထိန်းချူပ်​မှု​အောက်​က လုံးဝလွှတ်​မြောက်​ခဲ့သည်​ဘဝဟု ဆိုရမည်​။ သူ့ရဲ့ဝိညာဉ်​ဟာ အရင်​ကထက်​စွမ်းအားရှိလာတယ်​လို့ခံစားရသည်​။ သူသတိထားမိသည်​က ကမ္ဘာတစ်​ခုရဲ့ကံကြမ္မာကို​ပြောင်းပြီးတိုင်း ထိုကမ္ဘာ၌ရှိ​နေသည့်​စွမ်းအားများက သူ့အပိုင်​ဖြစ်​လာသည်​ကိုပင်​။

ဒီလိုနည်းနဲ့စွမ်းအင်​စုပ်​ယူတာဟာ Lord Godကို တုပခြင်းဖြစ်​သည်​။ ဖြစ်​နိုင်​လျှင်​တစ်​နေ့ကျ သူ့ရဲ့စွမ်းအား​တွေက Lord Godထက်​သာလွန်​ပြီး ဒီအကျဉ်း​ထောင်​က​နေ ကမ္ဘာအစစ်​ကိုပြန်​သွားနိုင်​လိမ့်​မည်​ဟုထင်​သည်​။

ဒီတွက်​ဆမှုက ကျိူးယွင်​ရှန့်​ကို အလွန်​အမင်းစိတ်​မရှား​စေပါ။ တစ်​ဖက်​၌ Lord Godနှင့်​တိုက်​ခိုက်​ရသည်​ကို သူ​ပျော်​ရွှင်​နေသည်​။

စွမ်းအင်​စုပ်​ရတာအရမ်းများသွားတဲ့အတွက်​သူ့အိပ်​ပျော်​သွားသည်​။ နိုးလာချိန်​၌ ကြယ်​ပင်​လယ်​ထဲတွင်​နဂါး​ငွေ့တန်းအသစ်​နှစ်​ခု ထပ်​ရှိ​နေပြီ။

ကျိူးယွင်​ရှန့်​နဂါး​ငွေ့တန်းထဲမှာအတန်​ကြာမတ်​တပ်​ရပ်​နေပြီး ကူး​ပြောင်းသည့်​ခလုတ်​ကိုနှိပ်​လိုက်​သည်​။

သူမျက်​လုံးဖွင့်​ချိန်​တွင်​သူဟာ ဖျာတစ်​ခု​ပေါ်ထိုင်​လျှက်​ရှိပြီး သူ့​ရှေ့မှာ စာအုပ်​တစ်​အုပ်​၊ စာရွက်​ဖြူအလွတ်​တစ်​ရွတ်​နဲ့ စုတ်​တံ၊မင်​တုံးတို့ရှိ​နေသည်​။

ဒါက​ရှေး​ခေတ်​လား။ သူ့လက်​အင်္ကျီအစကိုဆွဲတင်​ပြီး AIကိုကြည့်​လိုက်​တော့ ဒီကမ္ဘာနဲ့ပတ်​သက်​ပြီးသတင်း အချက်​အလက်​တွေကို​ဖော်​ပြ​နေသည်​။

ဒီ​နေရာက ကျိူးမင်းဆက်​ရဲ့နန်း​တော်​ရင်​ပြင်​။ အခုအချိန်​က နန်းတွင်းစာ​မေးပွဲ​ဖြေဆိုချိန်​။ မူလခန္ဓာပိုင်​ရှင်​က အစိုးရစစ်​၊ မြို့နယ်​စစ်​၊​ကျေးရွာစစ်​စတဲ့ စား​မေးပွဲအများကြီးကို​အောင်​မြင်​ခဲ့ပြီးပြီ။ အခု နန်းတွင်းစာ​မေးပွဲက​နောက်​ဆုံး စာမေးပွဲပဲ။

မူလပိုင်​ရှင်​ရဲ့ နံမည်​က ရှမ်းရိပင်း၊ အတွင်းဝန်​အမတ်​ရှမ်းဟွိုက်​ရဲ့ သားအကြီး။ သူကပုံမှန်​အားဖြင့်​စာသင်​ဖို့အရမ်းပျင်း​တဲ့သူ။ အခုလိုစာ​မေးပွဲ​တွေ​အောင်​ရတာကလည်း ဒီ​လောကရဲ့ဇာတ်​လိုက်​မိန်းက​လေး​ကြောင့်​ပဲ။

ဇာတ်​လိုက်​မိန်းက​လေးနံမည်​က ရှဲ့ယွိရို ၊ သူမက မင်းသား(၇) ကျူးစစ်​ချင်း ရဲ့ ကိုယ်​လုပ်​တော်​။ အရင်​ဘဝက သူမက အ​အေးနန်း​တော်​ကိုအပို့ခံရပြီး အခု​တော့​ရောဂါကုသနိုင်​ပြီး အလှတရားကို​ပေးစွမ်းနိုင်​တဲ့​ဆေးပညာဝိညာဉ်​နယ်​မြေနဲ့ ဝိညာဉ်​စမ်း​ရေ ကိုရပြီး ပြန်​လည်​မွေးဖွားလာသည်​။

ရှမ်းရိပင်း၏ ညီမ ရှမ်း​ချောင်​တန်​ကလည်း မင်းသား၏ကိုယ်​လုပ်​တော်​ဖြစ်​သည်​။ အရင်​ဘဝက သူနဲ့ရှဲ့ယွိရိုကပြိုင်​ဖက်​တွေဖြစ်​ပြီး သူမကသားအကြီးကို​မွေး​ပေးခဲ့တာမို့ သတ္တမ မင်းသား၏ တရားဝင်​ကြင်​ယာ​တော်​မင်းသမီး​နေရာကိုရခဲ့သည်​။ သတ္တမ မင်းသားနန်းတက်​သည့်​အခါ သူမသားက အိမ်​ရှေ့စံဖြစ်​လာပြီး သူမကမိဖုရား​ခေါင်​ကြီးဖြစ်​လာသည်​။ အရှုံးသမားအ​နေနဲ့ ရှဲ့ယွိရို ကအ​အေးနန်း​တော်​မှာ​သေသည်​။ သူမ မ​သေခင်​တွင်​သူမနှစ်​ပေါင်းများစွာကိုယ်​ဝန်​မ​ဆောင်​နိုင်​ခြင်းက ရှမ်း​ချောင်​တန်​လှည့်​ကွက်​မှန်းသိလိုက်​ရသည်​။

ဒါ​ကြောင့်​ရှဲ့ယွိရို ဟာ ရှမ်းအိမ်​ကိုမုန်းတီး​နေမယ်​ဆိုတာ အကျိူးအ​ကြောင်းသင့်​သည်​။ ဒါ​ပေမယ့်​အခုဘာလို့ ပြန်​လည်​မွေးဖွားပြီးမှ ရှမ်းရိပင်းကို တိတ်​တဆိတ်​ကူညီ​နေရတာလဲ၊ ဒါဟာ လက်​စား​ချေဖို့လှည့်​ကွက်​တစ်​ခုသာ။

ရှဲ့ယွိရို ကအနာဂတ်​ကိုကြိုသိထား​သော​ကြောင့်​လူလွှတ်​ပြီး ရှမ်းရိပင်းကို စာ​မေးပွဲအ​ဖြေများ​ပြောပြသည်​။ 10

ဒီနှစ်​မှာပဲ လိမ်​လည်​မှုကြီး​ပေါ်​ပေါက်​လိမ့်​မည်​။ ဧကရာဇ်​ရဲ့​တော်​ဝင်​မိန်းမစိုးတစ်​ဦးက​မေးခွန်းကို​ရေးချပြီး နန်းပြင်​သို့​ရောင်းခဲ့သည်​။ အိမ်​ရှေ့မင်းသား၏​နောက်​လိုက်​များကလည်း​ငွေရ​သော​ကြောင့်​မတားသည့်​အပြင်​သူတို့ပါ ပါဝင်​သည်​။

​မေးခွန်းရပြီး​တော့ မိသားစု​တွေက သူတို့က​လေးအတွက်​ကျွမ်းကျင်​သူဆီမှာ အ​ဖြေသွား​ရေးခိုင်းသည်​။ ပြီး​တော့အ​ဖြေကို ကျက်​စေပြီး စာ​မေးပွဲ​ဖြေခိုင်းသည်​။ ဒါ​ကြောင့်​ဒီနှစ်​မှာ အ​ဖြေ​ကောင်း​တွေ အများကြီးထွက်​ပြီး မင်းကြီးကို​ပျော်​ရွှင်​စေမည်​။ ဒါ​ပေမယ့်​မ​ကောင်းတာကမ​ကောင်းတာပဲ။ မင်း​တောင်​အ​ဖြေဝယ်​ရင်​ငါလည်းဝယ်​မယ်​ဆိုပြီး အလုအယက်​ဝယ်​ယူကြတာ​ကြောင့်​အ​ဖြေ​တွေ တစ်​ထပ်​တည်းဖြစ်​နေသည်​။

တစ်​ယောက်​ပြီး​တစ်​ယောက်​အ​ဖြေစာရွက်​၇ရွက်​၈ရွက်​လောက်​က အတူတူဖြစ်​နေသည်​။ ထျန်းချန်​မင်းကြီး၏​ပျော်​နေ​သောစိတ်​က​ဒေါသအဖြစ်​ပြောင်းသည်​။ သူက အတွင်းဝန်​ကို တာ့လီနန်း​ဆောင်​သို့ဆင့်​ခေါ်ပြီး ထိုအမှုကိုစစ်​ဆေး​စေသည်​။ 3

ထိုနှစ်​အတွင်းပင်​အ​ဖြေ​ရောင်းသူ​ကော၊ ဝယ်​သူများကပါ အပြစ်​ပေးခံကြရသည်​။​ပေကျင်းရှိ က​လေးအများအ
ပြားလည်းပါဝင်​သည်​။ မင်းကြီးက အဲ့ဒီအ​ကြောင်းကိုစစ်​ဆေးပြီး​တော့ အကျင့်​ပျက်​တဲ့အမှုထမ်း​တွေကို ထုတ်​ပစ်​လိုက်​သည်​။ အိမ်​ရှေ့မင်းသားလည်း အာဏာကျပြီး သတ္တမ မင်းသားက​နေရာရလာသည်​။

အရင်​ဘဝက ရှမ်းရီပင်းက ထုံရှန့်​စာ​မေးပွဲကိုဝင်​ပင်​မ​ဖြေ​ပေ။ ဒါ​ကြောင့်​နန်းတွင်းစာ​မေးပွဲမှာလွတ်​ခဲ့သည်​။ သူ့အ​ဖေ ရှမ်းဟွိုက်​က လိမ်​လည်​မှုမှာ​သေချာစုံစမ်းနိုင်​ခဲ့တာ​ကြောင့်​ထျန်းချန်​မင်းကြီး၏ အနီးကပ်​အကြံ​ပေး အမတ်​ဖြစ်​လာသည်​။ ရှမ်းဟွိုက်​၏​ထောက်​ပံ့မှုမပါလျှင်​သတ္တမ မင်းသားက ရှမ်း​ချောင်​တန်​ကို မိဖုရား​ခေါင်​အဖြစ်​တင်​မြှောက်​မည်​မဟုတ်​ပေ။

ဒီကမ္ဘာမှာ​တော့ ရှဲ့ယွိရို က ရှမ်းရိပင်းကိုဝင်​ခွင့်​စာ​မေးပွဲ​တွေ​အောင်​အောင်​ကူညီ​ပေးသည်​။ သူမရဲ့ရည်​ရွယ်​ချက်​က​တော့ နန်းတွင်းစာ​မေးပွဲ​ဖြေဆိုခိုင်းလိုခြင်းဖြစ်​သည်​။ ထိုအခါ လိမ်​လည်​မှုမှာပါဝင်​ပြီး ရှမ်းဟွိုက်​၏​နေရာကိုယိမ်း​ယိုင်​အောင်​လုပ်​လိုခြင်းဖြစ်​သည်​။ 4

ရှမ်းအိမ်​၏ အရှိန်​အဝါ မပါလျှင်​ရှမ်း​ချောင်​တန်​အသက်​ရှင်​ရခက်​ခဲ့လိမ့်​မည်​။

ကျိူးယွင်​ရှန့်​ရောက်​လာသည်​မှာ​စောသည်​ဆို​ပေမယ့်​စောလွန်းသည်​ဟုမဆိုသာ။ ဘာ​ကြောင့်​ဆို အခု ရှမ်းရိပင်းဟာ နန်းရင်​ပြင်​မှာ စာ​မေးပွဲ​ဖြေဖို့အသင့်​ဖြစ်​နေပြီ။ သူ့မှာ​ရွေးစရာကနှစ်​ခုပဲရှိ​တော့သည်​။ တစ်​၊ အရှုံး​ပေးပြီး စာ​မေးပွဲက​စော​စောထွက်​သွားဖို့ ။ ဒါ​ပေမယ့်​ထွက်​သွားလည်း အိမ်​ရှေ့မင်းသားလူ​တွေက​မေးခွန်းဝယ်​သူကိုနံမည်​မှတ်​ထားတာ​ကြောင့်​သူထွက်​သွားရင်​တောင်​အ​ခြေအ​နေကမထူးဘူး။

ဒုတိယအချက်​က အခု​ဖြေမယ့်​အ​ဖြေအစား​ကောင်းကင်​နဲ့​မြေကြီးကို တုန်​လှုပ်​သွားနိုင်​တဲ့အ​ဖြေသစ်​တစ်​ခု​ဖြေဖို့။ ထျန်းချန်​မင်းကြီးက ပညာရှိ​တွေကိုအရမ်း​လောဘကြီးတဲ့သူ။ သူ့ရဲ့အရည်​အချင်းကသာအစစ်​အမှန်​ဆိုရင်​သူအသက်​ရှင်​နိုင်​တယ်​။ ဘယ်​လိုအ​ဖြေမျိူးက မင်းကြီးကို အထင်​ကြီး​စေပြီး သူ့ကိုအသက်​ဘေးကလွှတ်​စေမလဲ။

ကျိူးယွင်​ရှန့်​မေးခွန်းကိုကြည့်​လိုက်​သည်​။​မေးခွန်းကအရမ်းရှင်းတယ်​။ ငှားရမ်းခညှိနှိုင်းခြင်း​။ ဒါဟာတကယ်​ကို ထျန်းချူပ်​မင်းကြီးရဲ့ တိုတိုနဲ့လိုရင်းကို​ရောက်​စေတဲ့ ပုံစံပဲ။

ငှါးရမ်းခဆိုတာ အခွန်​ကောက်​ခံခြင်းစနစ်​ကိုဆိုလိုတာဖြစ်​ပြီး​မြေယာတန်းတူညီခြင်းစနစ်​က​နေ အ​ခြေခံလာတဲ့စနစ်​တစ်​ခုဖြစ်​သည်​။​မြေယာ​တွေအသိမ်းခံရတာများလာတဲ့အခါ ခိုကိုးရာမဲ့တဲ့လယ်​သမား​တွေဟာ စားရ​သောက်​ရမဲ့ကြရတယ်​။ အဲ့လိုမှမဟုတ်​ရင်​မြေရှင်​တွေရဲ့လက်​အောက်​မှာ စာရင်းငှါးအဖြစ်​လုပ်​ကိုင်​ကြရတယ်​။ တန်းတူညီမျှခြင်းစနစ်​ဟာ အခုပြိုကွဲခါနီးပြီ။ တကယ်​လို့အ​ခြေခံ အုတ်​မြစ်​သာပြိုကွဲသွားရင်​အခွန်​ငွေ​တွေကိုဆုံးရှုံးနိုင်​ဖွယ်​ရာရှိသည်​။

ဒါဟာလူ​တွေကို ဆင်းရဲတွင်းထဲ​ရောက်​စေရုံသာမက ပုန်​ကန်​မှု​တွေပါဖြစ်​စေနိုင်​သည်​။ ဒီလိုဆိုရင်​အစိုးရကလည်းအခွန်​ငွေမရနိုင်​တော့။ ထျန်းချန်​မင်းကြီးက အခွန်​ကောက်​ခံခြင်းစနစ်​ကိုပြန်​လည်​ပြင်​ဆင်​ဖို့ ဆန္ဒရှိပြီး ထိုကိစ္စနှင့်​ပင်​ခေါင်းခဲ​နေသည်​။

ကျိူးယွင်​ရှန့်​ရဲ့ စာအ​ရေးအသားနဲ့ကဗျာစပ်​ပညာကျွမ်းကျင်​မှုကထိပ်​တန်းဖြစ်​သည်​။ သူ့AIရဲ့အကူအညီနဲ့ဆိုရင်​အတုမရှိသည့်​အ​ကြောင်းအရာကို​ရေးနိုင်​ဖို့က ပြသာနာမရှိ။ သူမျက်​လုံးမှိတ်​လိုက်​ပြီး စုတ်​တံကို​ရေးခြစ်​လိုက်​သည်​။ အ​ဖြေတွင်​အခွန်​ဥ​ပေ​ဒေ နှစ်​ခုအ​ကြောင်းကိုသာ အကြံ​ပေး​ရေးသားထားသည်​။

အခွန်​ဥ​ပေ​ဒေ နှစ်​ခုကို နှစ်​စဉ်​အခွန်​အဖြစ်​ပြောင်းလဲပြီးတစ်​ဦးချင်းထက်​အိမ်​ထောင်​စုတစ်​စု၏ ပိုင်​ဆိုင်​မှုအ​ပေါ်အ​ခြေခံသည့်​အခွန်​အဖြစ်​သို့​ပြောင်းလိုက်​၏။

အခွန်​ရဲ့ပမာဏကိုဆုံးဖြတ်​ဖို့ တိကျသည့်​တွက်​ချက်​မှုနှင့်​ကျွမ်းကျင်​မှုရှိရမည်​။ ဒါမှသာ အခွန်​ပဏ္ဍာကိုတိုး​စေရုံမက ပြည်​သူ​တွေရဲ့ဆင်းရဲမွဲ​တေမှုကိုပါ​လျော့ချနိုင်​လိမ့်​မည်​။ ဒါဟာ အနာဂတ်​အခွန်​ပုံသဏ္ဌာန်​ရဲ့အ​ခြေခံပုံသဏ္ဌာန်​ဖြစ်​ပြီး သမိုင်းရဲ့ကြီးမားသည့်​ပြောင်းလဲမှုအစဖြစ်​လာလိမ့်​မည်​။ 1

ယခင်​ရှမ်းရိပင်း၏ အ​ဖြေကလည်းမဆိုး​ပေ။ ဒါ​ပေမယ့်​လို့ သူ့အ​ဖြေက ကာလတိုပြသာနာကိုသာ​ဖြေရှင်းနိုင်​ပြီး​ရေရှည်​အတွက်​မ​ကောင်း​ပေ။ ဒါ​ပေမယ့်​လည်း ထျန်းချန်​မင်းကြီးက မူရင်း​ရေးသူကိုရှာခိုင်​ပြီး ဂုဏ်​ထူး​ဆောင်​နေရာကို​ပေးလိမ့်​မည်​။ ထိုလူက သတ္တမ မင်းသား၏ညာလက်​ရုံးဖြစ်​လာလိမ့်​မည်​။

အဲ့လို အ​ဖြေက​တောင်​ထျန်းချန်​မင်းကြီးကိုအထင်​ကြီး​စေ​လောက်​ရင်​ကျိူးယွင်​ရှန့်​နဲ့အ​ဖြေနဲ့​တော့ ယှဉ်​လို​တောင်​မရဘူး​ပေါ့။

စုတ်​တံကိုချလိုက်​ပြီး​တော့ ကျိူးယွင်​ရှန့်​ဘေးပတ်​ဝန်းကျင်​ကို လှည့်​ကြည့်​ပြီး မျက်​လုံးမှိတ်​ကာ ရှမ်းရိပင်​အ​ကြောင်းကိုပြန်​ကြည့်​လိုက်​သည်​။ ရှမ်းရိပင်းဟာ သိက္ခာကျပြီး နန်းတွင်​စာ​မေးပွဲကအနှင်​ခံရမည်​။ သူ့အ​ဖေ ရှမ်းဟွိုက်​လည်း ရာထူးမှထုတ်​ပယ်​ခံရမည်​။ ရှမ်းအိမ်​ယိုင်​လဲလာပြီး ရှမ်း​ချောင်​တန်​လည်း သတ္တမမင်းသားအိမ်​မှာ ရုန်းကန်​အသက်​ရှင်​ရင်​စိတ်​ကျ​ရောဂါနှင့်​သေမည်​။

ရှမ်းအိမ်​ပြိုလဲပြီး​နောက်​ရှဲ့ယွိရို က မိဖုရား​ခေါင်​ဖြစ်​လာလိမ့်​မည်​။ သူမသတိ​ပေးလို့ လွှတ်​သွားတဲ့သူမ​မောင်​က​နောက်​စာ​မေးပွဲမှာ ပထမအဆင့်​နဲ့​အောင်​ပြီး လူရို​သေရသည့်​ပုဂ္ဂိုလ်ဖြစ်​လာမည်​။

ရှမ်းရိပင်းသည်​အ​ဆော့မက်​ပြီး လွှတ်​လပ်​မှုကိုမြတ်​နိုးသည်​။ မင်းမှုထမ်းဖြစ်​လာဖို့က သူ့ဖခင်​ရဲ့ဆန္ဒ​ကြောင့်​သာ စာ​မေးပွဲလာ​ဖြေခြင်းဖြစ်​သည်​။ ဒါကသူ့မိသားစုဘဝကိုပျက်​စီး​စေမည့်​အစဆိုတာ မသိရှာ​ပေ။

အခု ကျိူးယွင်​ရှန့်​ကသူ့ကိုကံဆိုးခြင်းကယ်​ထုတ်​ပေးမယ့်​အပြင်​ရှမ်းအိမ်​ကို နဂိုထက်​ဘုန်းရှိန်​မြင့်​မား​အောင်​လည်း​ပြောင်းလဲပစ်​အုန်းမည်​။

ဆို​တော့ကာ သူဘာလုပ်​သင့်​လဲ။
သတ္တမ မင်းသားကို ကူညီပြီးနဂါးပလ္လင်​ရ​အောင်​လုပ်​ပေး?

ကျိူးယွင်​ရှန့်​ခေါင်းရမ်းလိုက်​သည်​။ အခု ရှဲ့ယွိရို က သတ္တမ မင်းသားရဲ့အချစ်​တော်​ဖြစ်​နေတာ။ ရှမ်း​ချောင်​တန်​ကလည်း သူနဲ့ပြသာနာခဏခဏတတ်​ပြီး အခု သ​န္ဓေမြုံ​ဆေးအ​ကျွေးခံထားရပြီ။ ကူညီ​ပေးချင်​ရင်​တောင်​သူတို့ဆက်​ဆံ​ရေးက ပြန်​မ​ကောင်း​တော့ဘူး။ သတ္တမ မင်းသားကို နန်းတင်​ပေးတာက ရှဲ့ယွိရို ကိုအ​တောင်​တပ်​ပေးသလိုသာဖြစ်​လိမ့်​မည်​။ ဒါ​ကြောင့်​သူအခြားမင်းသားတစ်​ပါးကို​ရွေးတာ​ကောင်းမည်​။ 1

ထျန်းချန်​မင်းကြီး မှာ သားသမီး ၁၂​ယောက်​ရှိပြီး သူအချစ်​ဆုံးက အိမ်​ရှေ့မင်းသားဖြစ်​သည်​။ ဒါ​ပေမယ့်​အရမ်းအလိုလိုက်​ထားတာ​ကြောင့်​လားမသိ အိမ်​ရှေ့မင်းသားက လွန်​ခဲ့​သောနှစ်​အနည်းငယ်​ကစပြီး တစ်​နေ့တစ်​ခြား စည်းကမ်းပျက်​လာသည်​။ ဒီလိမ်​လည်​မှုကိစ္စပြီး​တော့ မင်းကြီးလည်း သူ့ကိုစိတ်​မရှည်​တော့။

တကယ်​လို့သာ အိမ်​ရှေ့မင်းသားသာပြန်​တည်​ညိမ်​မယ်​ဆိုရင်​မင်းကြီးရဲ့စိတ်​ကိုပြန်​ရဖို့ကမခက်​ခဲနိုင်​ဘူး။အခြား မင်းသား​တွေက အခွင့်​အ​ရေးမရှိဘူး။ ဒါ​ပေမယ့်​အရင်​ဆုံး သူ အိမ်​ရှေ့မင်းသားကို​လေ့လာဖို့​တော့လိုအုန်းမည်​။ ပြန်​ကောင်းနိုင်​ဖို့ မ​သေချာလျှင်​အခြားမင်းသားတစ်​ပါးကို​ရွေးလိုက်​မည်​။

ဒါကိုဆုံးဖြတ်​ပြီး​တော့ ကျိူးယွင်​ရှန့်​အိပ်​ပျော်​သွားသည်​။
စာ​မေးပွဲ​စောင့်​က​တော့ သူ့ကိုမြင်​ပြီး​ခေါင်းရမ်း​လေသည်​။

စာ​မေးပွဲစစ်​သူများက အ​ဖြေများစစ်​ရန်​နာရီအ​တော်​ကြာသည်​။ ဒီစာ​မေးပွဲဟာ တိုင်းပြည်​အတွက်​လည်းအ​ရေးကြီးတာ​ကြောင့်​မင်းကြီးက​သေ​သေချာချာ စစ်​စီ​စေပြီး က​လေး​တွေ​ဖြေပြီးတာနဲ့ ကိုယ်​တိုင်​သွားပြီး အ​ဖြေလွှာ​တွေကိုကြည့်​ရှုသည်​။

စာ​မေးပွဲစစ်​သူက အ​ဖြေလွှာစာရွက်​ထုတ်​ပြီး မင်းကြီးဦးညွှတ်​ရင်း ''အရှင်​မင်းကြီး ကြည့်​ပါ။ ဒီအ​ဖြေက ပထမ​နေရာရဖို့ထိုက်​တန်​ပါတယ်​''

"မင်းကြီး ၊ ဒီမှာလည်း အံ့အားသင့်​စရာအ​ဖြေတစ်​ခု​တွေ့ပါတယ်​'' အခြား အ​ဖြေစစ်​တစ်​ယောက်​လည်း ဆက်​သပြန်​သည်​။

ထျန်းချန်​မင်းကြီး က အ​ဖြေကိုကြည့်​ပြီး​ကျေနပ်​သွားသည်​။ အခြား အ​ဖြေစစ်​သူ​တွေကလည်း သူဖတ်​ဖို့ အ​ဖြေလွှာ​တွေကို​ရွေးထုတ်​ပေးကြသည်​။ ဒါ​ပေမယ့်​ရုတ်​တရပ်​တစ်​ယောက်​မင်​ခွက်​ကိုကျ​အောက်​လုပ်​မိသွားသည်​။ သူမျက်​နှာက ထိတ်​လန့်​ခြင်းနဲ့ပြည့်​နေသည်​။

"ဘာဖြစ်​တာလဲ '' မင်းကြီးကလည်း ထိုလူနားကို​လျှောက်​သွားသည်​။

"မင်းကြီး.... အရှင့်​ကျွန်​...​နောက်​ထပ်​တူညီတဲ့အ​ဖြေတစ်​ခုထပ်​တွေ့ပါတယ်​'' အ​ဖြေစစ်​၏ မျက်​နှာကဖြူ​ဖျော့​နေသည်​။ ဒီလိုအ​ခြေအ​နေဟာ​မေးခွန်း​ပေါက်​ကြားသွားတာမှန်း သူအတပ်​သိသည်​။

ထျန်းချန်​မင်းကြီး မျက်​နှာကတင်းမာသွားပြီး အ​ဖြေလွှာကိုဖတ်​လိုက်​သည်​။ သူ့အသံဟာလည်း​အေးစက်​လို့​နေ၏ '' တူတဲ့အ​ဖြေလွှာ​တွေအကုန်​ရှာပြီး ကိုယ်​တော့်​လက်​ထဲအပ်​!"

အ​ဖြေစစ်​သူ​တွေကလည်း ချက်​ချင်းပဲ စာရွက်​ပုံထဲရှာကြ​တော့သည်​။ သိပ်​ပင်​မကြာလိုက်​တူညီသည့်​အ​ဖြေလွှာများ ရှစ်​ခု၊ ကိုးခု မကထွက်​လာသည်​။ ဒါ​ပေမယ့်​တစ်​ယောက်​က​တော့ သူ့လက်​ထဲက အ​ဖြေကိုမချနိုင်​ပဲ မျက်​ဝန်းများလည်းပြူးကျယ်​နေသည်​။

ထျန်းချန်​မင်းကြီးက ဤသည်​ကိုမြင်​တော့ ထိုလူဆီ​လျှောက်​သွားပြီး အ​ဖြေလွှာကိုယူဖတ်​လိုက်​သည်​။ ပထမနှစ်​ကြောင်းနဲ့တင်​သူပါမိန်း​မောသွားသည်​။ ပြီး​တော့​ပျော်​ရွှင်​စွာနဲ့ရယ်​လိုက်​သည်​''ကိုယ်​တော်​ရဲ့ကျိူးတိုင်းပြည်​မှာ ဒီလိုပုန်းကွယ်​နေတဲ့ ဇာမဏီတစ်​ကောင်​ရှိမယ်​လို့မထင်​ခဲ့ဘူး။ အခု​တော့ရှာ​တွေ့ပြီ။ ဒါမိုးနတ်​မင်းရဲ့​ကောင်းချီးပဲ'' 7

အရမ်းကို​ကျေနပ်​ပြီး​ပျော်​ရွှင်​တာ​ကြောင့်​ထျန်းချန်​မင်းကြီးက စည်းကမ်းကိုလျစ်​လျစ်​ရှုပြီး အ​ဖြေ​ထောင့်​က​ခေါက်​ထားသည့်​နံမည်​နေရာကို ဖွင့်​ကြည့်​လိုက်​သည်​။ ရှမ်းရိပင်း ? ဘယ်​သူလဲ။ ရှမ်းရိပင်း တစ်​နေရာရာမှာ ရင်းနှီး​နေသလိုပဲ။

"မင်းကြီးကို​လျှောက်​တင်​ပါတယ်​။ ရှမ်းရိပင်းက အမတ်​ရှမ်းဟွိုက်​ရဲ့သားအကြီးပါ'' အ​ဖြေစစ်​သူက ထိုသို့​ပြောပြီး သက်​ပြင်းချ​ခေါင်းရမ်း​လေသည်​။

ရှမ်းရိပင်းက​ပေကျင်းမှာ အပျင်းကြီးတယ်​လို့ သတင်း​မွှေးတဲ့သူ။ ဒီလှပတဲ့အ​ရေးအသားနဲ့အံ့အားသင့်​စရာအ​ဖြေမျိူးက...သူလည်းပဲ အခြားသူ​တွေနဲ့အတူတူပဲ​နေမှာ။ ကိုယ်​စား​ဖြေခိုင်​ထားသလား​တောင်​မသိဘူး။

ထျန်းချန်​မင်းကြီး၏ အ​တွေးကလည်းထိုအတိုင်းဖြစ်​သည်​။ သူ​ဒေါသထွက်​ပြီး ချက်​ချင်းအမိန့်​ပေးလိုက်​သည်​။ ''ရှမ်းရိပင်းကို ဖမ်း​ခေါ်ပြီး​ဖြေသူအစစ်​ကိုရ​အောင်​စစ်​မေးချည်​!"

~•~•~••~•~•~
© Otaku Otaku,
книга «Quickly. wear. the. Face. of. Devil».
Коментарі