Arc 7.14
အခန်း (၇၄) ချီရှိုးကျဲ့ဘဝ
လီရွှီယန်း ၏ အမှုအရာတည်ညိမ်နေသော်လည်းအသက်ရှူနှုန်းကမှုမတည်ညိမ် ဝတ်ရုံလက်အောက်မှလက်သီးဆုပ်တို့ကတကျစ်ကျစ်မြည်နေပြီ နှလုံးခုန်သံတုန်းကဆောက်တည်ရာမရကာ အတွင်း၌ခံစားနေရသည်။+
ကောင်းမင်အသက်ရှူတခဏမျှရပ်သွားပြီးအော်လိုက်သည်။ ''ဧကရာဇ်တစ်ပါးက သူတို့ဖခင်အတွက်နဲ့ခြေချူပ်မိစရာမလိုဘူး။ ဒီသူပုန်တွေကိုသတ်ပစ်လိုက်!"
ကျိူးယွင်ရှန့် လက်ချောင်းများကထပ်မံတင်းကြပ် တင်းကြပ်လာသည်မို့ ကောင်းမင်ပါးများနီရဲလာကာ နားထင်ကြောများထောင်လာပြီးစကားထပ်မဟနိုင်တော့ပေ။
လီရွှီယန်းကထပ်မကြည့်ရက်တော့သည်အလား မျက်လွှာချပြီးတပ်သားများကိုရှေ့တိုးရန်လက်ဟန်ပြလိုက်သည်။ ဒီအချိန်ကသူ့အနာဂတ်ကိုဆုံးဖြတ်ပေးမယ့်အချိန်မို့ သူဘာကိုရွေးချယ်ရမလဲနားလည်နေရမယ်။ သူနန်းတက်တာနဲ့ ချီရှိုးကျဲ့တို့သားအဖကို ရိုးတွင်းချဉ်ဆီအထိအချက်တစ်ထောင်လှီးဖြတ်ပြီး ဖခင်အတွက်လက်စားပြန်ချေပေးမယ်။
ဘေးပတ်လည်မှလူများကဝိညာဉ်လွင့်မတတ်ထိတ်လန့်ကုန်ကြသော်လည်း ကျိူးယွင်ရှန့်ကမူရယ်မောလိုက်သည်။ သူလက်ကိုအသာမြှောက်၍အနီးနားမှာရဲမတ်များဆီသို့ အင်္ကျီလက်ကိုဝေ့ရမ်းလိုက်သည်။ တစ်ပြိုင်နက်တည်း ရဲမတ်များလက်ထဲမှ ဓားများအပိုင်းပိုင်းကျိူးကြေကာ တချွင်းချွင်းမြည်ပြုတ်ကျသွားကုန်သည်။
ဒါကဘယ်လိုသိုင်းပညာမျိူးလဲ။ လေအဝေ့တစ်ချက်ကိုမမြင်ရတဲ့လက်နက်လိုသုံးသွားတာ သံမဏိတောင်စက္ကူစလိုပျက်စီးသွားရင်လူဆိုရင်ဘယ်လိုလုပ်မလဲ။ ရဲမတ်များအားလုံးရင်ထိတ်သွားပြီးမလှုပ်ရဲတော့ပေ။
အားလုံးကအံ့အားသင့်နေကြချိန် ကျိူးယွင်ရှန့်က ကောင်းမင်၏ဆံထိုးကိုဆွဲယူပြီး လှမ်းပစ်လိုက်သည်။ ''မင်းကငါ့ကိုဒီလောက်လူလေးနဲ့သတ်ချင်တယ်ပေါ့။ လီရွှီယန်းမင်းအတော်အတာပဲ။ ယုံချင်ယုံမယုံချင်နေ ခုမင်းရှေ့မှာတပ်မဟာကြီးတစ်ခုလုံးရှိနေရင်တောင် ငါမင်းကိုသတ်ပစ်ဖို့ကအလွယ်လေးပဲ''
သူ့လှုပ်ရှားမှုကရိုးရှင်းပေမယ့် အားပြင်းသည်။ ဆံထိုးပျံလာချိန် ရဲမတ်တစ်ယောက်က လီရွှီယန်းရှေ့ဓားဖြင့်ကာလိုက်သော်လည်း သူကြားလိုက်ရသည်က တစ်ခုခုအက်သွားသံတစ်ခုသာဖြစ်ပြီး ဆံထိုးကလီရွှီယန်းပါးပြင်ကိုရှပ်တိုက်က နောက်မှတိုင်လုံးကိုသွားစိုက်သည်။ သူတို့မြင်လိုက်ရတဲ့ဆံထိုးကိုယ်ထည်က ထိပ်ဖူးမှအနီရောင်ကျောက်ကလေးသာကျန်ရစ်သည်။ ဒီလို ကျိူးလွယ်တဲ့ကျောက်စိမ်းဆံထိုးလေးတစ်ချောင်းကို သံမဏိထက်မာအောင်အသုံးချဖို့ အတွင်းအားဘယ်လောက်လိုအပ်မလဲ။ တကယ်သာ မင်းသားငါးအသက်ကိုနှုတ်ဖို့ဆိုရင် မင်းသားငါးအခါတစ်ရာသေနေလောက်ပြီ။
လီရွှီယန်းစစ်သားများမဆိုထားနဲ့ ကျိူးယွင်ရှန့်နောက်မှလူများပင် ခြေများပျော့ခွေကုန်သည်။ ဘယ်သူကမှ နွဲ့နှောင်းချိနဲ့သည်ချီကွေ့ကျွင်းကို သဘာဝလွန်သိုင်းပညာမျိူးတတ်ထားလိမ့်မည်ဟုမထင်ထားကြပေ။ သူသာတစ်ယောက်ယောက်ကိုသတ်ချင်ရင် နတ်ဒေဝါတောင်မှဆင်းကယ်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် နန်းတွင်းထဲပုန်းနေပြီးတောင်းဆိုချက်တစ်ခုမရှိဘဲနေနေတာ လောဘမရှိတာလား ကြံစည်နေတာလား ဘယ်သူမှမသိခဲ့ကြဘူး။ သူကတကယ်ကိုအန္တရာယ်ရှိလွန်းတာပဲ။
အခုအခြေအနေထိချီရှိုးကျဲ့ဘာတွေလုပ်ခဲ့သလဲ။ ဒါမှမဟုတ်အားလုံးကသူ့ထိန်းချူပ်မှုအောက်မှာလား။ ဒါပေါ့ လီကျင်းထျန်းသူ့ကိုမထီမဲ့မြင်ပြုတဲ့အချိန်ကစခဲ့တာပဲ။ အားလုံးကသူ့ကိုအောက်ကျိူ့နေတယ်ထင်ကြပေမယ့် သူကတကယ်တော့လျှိူဝှက်နေခဲ့တာ။ အားလုံးကအချင်းချင်းထိုးသတ်နေကြချိန်သူကပြုံးပြုံးကြီးထိုင်ကြည့်နေခဲ့တာပဲ။+
ဒါကိုတွေးပြီး ကောင်းမင်ရင်ထဲအောင့်လာသည်။
လူတစ်စုလုံးအံ့အားသင့်နေချိန် ကျိူးယွင်ရှန့်ကဆက်ပြောသည်။ ''မင်းသားငါးကတကယ်ယောက်ျားကောင်းပဲ။ အိမ်ကကောင်းကောင်းသွန်သင်ထားလို့ ပါးနပ်ပြီးအချိန်အခါသိတယ်။ မင်းအဖေအတွက်ဂုဏ်ယူစရာပဲ။ ဒါပေမယ့် ငါမွေးထားတဲ့သားသာ ငါ့ကိုစတေးဖို့လုပ်ရင်ငါသူခြေနှစ်ချောင်းကိုရိုက်ချိူးပစ်လိုက်မှာပဲ။ နှလုံးသားမရှိ၊ကျေးဇူးမသိတဲ့ တိရိစ္ဆာန်လိုအကောင်ကို''
လီရွှီယန်းမျက်နှာကရှက်ရွံမှုကြောင့် ညိုပုပ်သွားပြီး ကောင်းမင်ကလည်းရှက်သွားသည်။ အစက သူ့ကိုသတ်ဖို့အမိန့်ပေးလိုက်စဉ်က သူဂုဏ်ယူမိပေမယ့်လည်း ဖခင်တစ်ယောက်အနေနဲ့သူ့သားကသူ့ကိုတကယ် စွန့်ပစ်တဲ့အခါ ဘယ်လိုခံစားရမလဲ။ သားအဖနှစ်ယောက်လုံး ရှက်ရွံတုန်လှုပ်နေသော်လည်း ထျန်းချန်နန်းဆောင်မှာ ရဲမတ်အနည်းငယ်ပဲရှိတာကြောင့် ဒီနေ့ချီရှိူးကျဲ့ကိုမသတ်နိုင်မှာစိုးရသည်။ တကယ်လို့ အမတ်တစ်ချိူ့ကို သူကယ်လိုက်ရင် ကောင်းသားအဖကိုပုန်ကန်သူအ့ဖစ်သတ်မှတ်လို့ရသွားလိမ့်မည်။ အဲ့ဒီအခါ မင်းသားခြောက်ကတရားမျှတတဲ့အလံနဲ့မြို့တော်ကိုဝင်ပြီး နန်းတော်ကိုသိမ်းသွားလိမ့်မည်။ ကောင်းလန်ကစီစဉ်ထားတာရှိပေမယ့်လည်း ထိုစီစဉ်မှုက သူတို့သားအဖဒီနန်းဆောင်ထဲကလူအားခုံးကိုနိုင်မှလှုပ်ရှားလို့ရမှာဖြစ်နေသည်။
ဒီလူတွေကိုဓားစာခံထားပြီး ကောင်စီအမတ်တွေကိုအတင်းအကြပ်အမိန့်ပြန်တမ်းပြင်ခိုင်းရင် မင်းသားငါးကိုအေးဆေးနန်းတင်နိုင်မည်။ အဲ့သည်အခါ မင်းသားခြောက်ကိုပုန်ကန်သူလို့သတင်းဖြန့်ပြီးသတ်ပစ်နိုင်မည်။
တွေးထားသည်ကဘာအခက်အခဲမှမရှိ ကောင်းမင်ဘဝမှာအလွယ်ဆုံးတိုက်ပွဲလို့တောင်တွေးထားခဲ့ခြင်းဖြစ်သည်။ အခုတော့ သူ့ဘဝတစ်လျှောက်ကြောက်စရာအကောင်းဆုံးရန်သူနဲ့ဆုံလိုက်ရတာမို့ ကောင်းမင်ဖြူဖျော့လာပြီးအထင်မသေးရဲတော့။ စိတ်ထဲက သူ့အစ်ကိုမြန်မြန်လာဖို့သာဆုတောင်းနေမိသည်။
ထိုအချိန် ရှည်လျားသောအရိပ်တစ်ခုကတံခါးဝနားကနေပေါ်လာခဲ့သည်။ ''မင်းဘယ်လိုလုပ်ကိုယ့်အဖေကိုပစ်ရဲရတာလဲ။ တစ်လောကလုံးငါ့ရှေ့ခင်းထားရင်တောင် ငါ့အတွက်တော့ခမည်းတော်နဲ့မယှဉ်သာဘူး''
အမှောင်ရိပ်မှအလင်းရှိရာတဖြည်းဖြည်းရောက်လာသည့် သြရှရှအသံပိုင်ရှင်၏ တော်ဝင်ဆန်ကာ ချောမောသောမျက်နှာသည် သွေးဆာနေသည့်မျက်လုံးများဖြင့်အေးစက်နေသည်ကိုအားလုံးမြင်လိုက်ကြရသည်။ ဒီလူက လွန်ခဲ့တဲ့သုံးနှစ်က နယ်စပ်ကိုလိုက်သွားတဲ့မင်းသားခြောက်လီရွှီသုန်းပဲ။ အဲ့တုန်းကလူဖလံလေးက အခုချိန်နှာတံမြင့်မြင့်၊ မျက်ခုံးထူထူ၊ ဖီးနစ်လိုမျက်ဝန်းအစုံနဲ့နှုတ်ခမ်းပါးပါးတို့ပိုင်ဆိုင်ထားကာ ရင့်ကျတ်တည်ညိမ်နေပြီ ။ ၆ပေ၃လက်မအရပ်ဖြင့်ဝတ်ထားသည့်သံချပ်ကာတို့မှ နန်းတော်ဝင်ရာတလျှောက်စွန်းပေခဲ့သည့်သွေးများက လတ်လတ်ဆတ်ဆတ်စီးကျနေပြန်သည်။
သူတည်ရှိမှုကအင်အားကြီးလွန်းတာကြောင့် မင်းသားငါးမှာအသုံးမကျသည့်ငါးသလဲထိုးသဖွယ်။ အမတ်တစ်ချိူ့ကအသက်ရှင်ရမည်ဆိုလျှင် မင်းသားငါးခြေသလုံးဖက်ရန်ကြံစည်ထားကြသည်။ ခြိမ်းခြောက်ခံထားရ၍မဟုတ်ဘဲ မင်းသားငါးက နောက်ခံအင်အားဆုံးနဲ့တန်ဖိုးအရှိဆုံးမင်းသားတစ်ပါးဖြစ်တာကြောင့်ပင်။ မင်းကြီးကဘာကြောင့် သူ့ကိုပယ်လိုက်ရသလဲပင်တွေးမရခဲ့ကြ။ အခုမင်းသားခြောက်နဲ့ မင်းသားငါးကိုယှဉ်ပြီး မြင်လိုက်ရချိန်မှာတော့ မင်းသားငါးမှာသေးကျူံ့ကာ ထိတ်လန့်နေပြီး မင်းသားခြောက်ကအဖတ်ပင်မလုပ်ပေ။ မင်းကြီးက မင်းသားခြောက်ကိုတောင်ပိုင်းမှာ ဘာကြောင့်ဝှက်ထားရသလဲ၊ မင်းသားငါးကိုကျော်ပြီး ဘာကြောင့်ရွေးချယ်ခဲ့ရသလဲဆိုတာ အခုတော့ရှင်းလင်းသွားခဲ့ပြီ။+
မျက်စိပါလျှင်မည်သူမဆို ဘယ်သူကဘုရင်နဲ့ပိုတူသလိုမြင်နိုင်ကြလိမ့်မည်။
သူ့နောက်မှာတော့ သွေးစွန်းနေသော တူညီချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည် စစ်သည်များရပ်နေကြသည်။ သူတို့ကထျန်းချန်နန်းဆောင်မှစစ်သည်များနှင့်မတူ အကြည့်တို့ကအေးစက်ကာ သေလူများအလားထင်ရသည်။ အဘယ်ကြောင့်ဆို ဤစစ်သားများက စစ်မြေပြင်တွင်တိုက်ပွဲပေါင်းများစွာ ဆင်နွှဲ၍သတ်ဖြတ်မှုမျိူးစုံကိုကျော်ဖြတ်လာခဲ့ကြသူများဖြစ်သောကြောင့်ပင်။
ကောင်းအိမ်စစ်သည်များကလူခဲ့တဲ့သုံးနှစ်လုံး ပေါ့လျော့နေခဲ့တာကြောင့် သွေးဆာခြင်းပျောက်ပြီး သူတို့ပြိုင်ဖက်မဟုတ်တော့တာ နန်းတွင်းထဲသက်သက်သာသာနေရသည့်ရဲမတ်များကစကားထဲထည့်ပြောစရာပင်မလိုအပ်ပေ။
လီရွှီသုန်းကအားလုံးကိုလျစ်လျူရှုပြီး သူ့ခမည်းတော်ကိုသာလောဘတကြီးစိုက်ကြည့်နေသည်။ သူထားခဲ့တုန်းကအတိုင်း ဒီလူကဒီအတိုင်းကျန်ရှိနေဆဲ။ အချိန်တွေကြာတာတောင် သူ့မျက်ခုံးတွေကဝံ့ကြွားနေတုန်း။ ဒီလူကသူ့အတွက် အထူးခြားဆုံးတည်ရှိမှုမျိူး။ သူပြောလိုက်သလိုအဲ တစ်လောကလုံးသူ့ရှေ့ခင်းထားရင်တောင် မလဲရက်တဲ့တည်ရှိမှုမျိူး။
ထီးနန်း၊အာဏာ နဲ့တိုင်းပြည် ဘာတစ်ခုကမှသူ့ဖခင်ခေါင်းကဆံချည်တစ်မျှင်လောက်တန်ဖိုးမရှိဘူး တစ်လောကလုံးပြိုကျသွားရင်တောင် ခမည်းတော်သာရှိနေရင် လီရွှီသုန်း အတွက်ဘာအရေးလဲ။ သူသာအနားမှာရှိရင် ထီးနန်းလည်းမလိုအပ်ဘူး။1
"ခမည်းတော် သားတော်ပြန်လာပြီ'' လီရွှီသုန်းခြေလှမ်းကျဲဖြင့် သူ့ဖခင်ကိုပြေးဖက်လိုက်သည်။
ကျိူးယွင်ရှန့် လက်ထဲကသေလုမြောပါးကောင်းမင်ကို လွင့်ပစ်လိုက်ပြီး ဝံပုလွေပေါက်ကိုလက်ဆန့်ကာပြန်ဖက်လိုက်သည်။ ဒါပေမယ့်လည်းချက်ချင်းလန့်သွားရသည်။ ဒီကလေးက အခုဆိုလူကောင်ကြီးပြီးထွားလာလိုက်တာ သူ့လက်နဲ့တောင်မဆန့်တော့ဘူး။5
လီရွှီသုန်းကတဟက်ဟက်ရယ်လိုက်၏ ။ မျက်ဝန်းတို့ကအချစ်များဖြင့်ပြည့်လျှံနေသည်။ သူ့ဖခင်ကိုသူကပြန်ဖက်ကာ ရင်ဘတ်ထဲထည့်လိုက်သည်။
သားအဖနှစ်ယောက်အလွမ်းသယ်နေချိန် ကောင်းမင်တို့သားအဖကထောင်ထဲဆွဲခေါ်သွားခံရပြီး ကျန်လူများ ''မင်းကြီးသက်တော်ရာကျော်ရှည်ပါစေ'' ဟု သံပြိုင်အော်ဟစ်လိုက်သည်။+
ကောင်းမိသားစုနဲ့အတူ ပတ်သက်ဆက်နွယ်အားလုံးကိုအကျဉ်းချထားလိုက်သည်။ ကောင်းလန်နှင့်အတူပုန်ကန်ကြသူများကိုတော့ တစ်ခါတည်းသေမိန့်ချလိုက်ကာ သက်ကြီးရွယ်၊ကလေးနှင့်မိန်းမများကိုတော့ နယ်နှင်ဒဏ်ချလိုက်သည်။ လီရွှီသုန်းအနေနဲ့ကောင်းအိမ်ကိုသက်ညှာပေးရန် စိတ်ကူးမရှိသော်လည်း လီကျင်းထျန်းကကောင်းမင်ကိုချစ်လွန်းသည့်အတွက် ဘယ်လိုအခြေအနေမှာမဆို ကောင်းမိသားစုကိုသက်ညှာပေးဖို့ လျှို့ဝှက်အမိန့်ပေးခဲ့သည်။
ခမည်းတော်ရဲ့မိသားစုကိုကျတော့သက်ညှာပေးဖို့သူတွေးဖူးလို့လား။ လီရွှီသုန်းဒေါသထွက်လွန်းလို့ အမိန့်ကိုလျစ်လျူရှုဖို့ကြံလိုက်သေးသည်။ ဒါပေမယ့်လည်း ကျိူးယွင်ရှန့်က လီကျင်းထျန်းကအားလုံးအတွင်ကောင်းတဲ့အခြေအနေကိုဖန်တီးပေးချင်တာကြောင့် ဒါကိုပြောင်းလဲစရာမလိုဟုထင်သည်။ သူကပြင်ပလူဖြစ်သည့်အတွက် ဤကမ္ဘာမှဇာတ်လိုက်ကို ကိုယ်တိုင်သတ်လျှင် ကမ္ဘာပျက်သွားလိမ့်မည်။ ဒါပေမယ့် ဇာတ်လိုက်အချင်းချင်းသတ်နေတာကိုပြန်ကြည့်ရတာပိုစိတ်ဝင်စားစရာကောင်းသည်။
ကောင်းမင်ကသုံးရက်တိတိ သူ့သားထောင်ထဲရောက်လာမလားစောင့်နေပြီး စိတ်ပူနေခဲ့သည်။ အကျဉ်းတံခါးမှာမှီလျက်စောင့်နေရာကနောက်ဆုံး သူမျှော်နေသူရောက်လာခဲ့သည်။
"ချီရှိုးကျဲ့ ၊ ရွှီယန်းကော? ငါ့သားကိုမင်းဘာလုပ်လိုက်ပြီလဲ? ကျေးဇူးပြုပြီးသူ့ကိုမသတ်ပါနဲ့။ အရင်ဘဝကတစ်ခါသတ်ပြီးတာမလုံလောက်သေးဘူးလား။ မကောင်းတာတွေအားလုံးကငါလုပ်တာ မင်းပြန်ပေးဆပ်ချင်ရင် လာခဲ့ ငါ့ကိုအရှင်လတ်လတ်စားချင်လား အရည်ဆုပ်ချင်လားကြိုက်သလိုလုပ်။ ငါနဲ့ထိုက်ပါတယ်'' တဖြည်းဖြည်းလျှောက်လာသည့် လူငယ်ကိုသူလှမ်းအော်ပြီးပြောလိုက်သည်။
ကောင်းမိသားစုက သူပြန်မွေးဖွားလာတဲ့အကြောင်းကိုမသိတာကြောင့် သူ့ကိုရူးသွားပြီဟုထင်နေကြသည်။ ကျိူးယွင်ရှန့် က သူ့ရှိရာကိုလျှောက်လာပြီး အချိန်အတန်ကြာမျက်နှာချင်းဆိုင်စိုက်ကြည့်နေခဲ့သည်။ ထို့နောက် နှစ်ဦးကြားသာကြားနိုင်သည့်အသံဖြင့်ပြောလိုက်သည်။
"အရင်ဘဝကမင်းသားသေရတာ ချီရှိုးကျဲ့တစ်ယောက်ထဲလက်နဲ့မဟုတ်ဘူး ကိုယ်လုပ်တော်ကျင်း၊ယောင်ရှစ်ကျွင်းနဲ့မင်းရဲ့အပါးတော်မြဲပါပါတယ်။ သူက ချီရှိုးကျဲ့ဖက်မှာနေနေတာကြာလှပြီ။ အရင်ဘဝကမင်းသေတော့ သူ့ကိုပုန်ကန်သူအဖွဲ့ကသတ်လိုက်တယ်ထင်လား။ ဝေးသေး သူကဇီချန်နန်းဆောင်မှာပုန်းနေပြီးချီရှိုးကျဲ့လက်ပါးစေဖြစ်သွားတာ''
ကောင်းမင်တစ်ကိုယ်လုံးစူးစိုက်ခံသလိုခံစားလိုက်ရသည်။ သူ့နဲ့အတူကြီးပြင်းခဲ့တဲ့သူ့အစေခံကအခုလိုသူ့ကို သစ္စာဖောက်လိမ့်မယ်လို့သူမတွေးခဲ့ပေ။
ကျိူးယွင်ရှန့်ကပြုံးလိုက်ပြီး ''ပြန်မွေးဖွားလာတာတောင်မင်းကလူကဲခတ်ညံ့တုန်း။ ကောင်းမင် မင်းရှုံးသွားတာမတရားမှုမဟုတ်ဘူး။ ဒါပေမယ့်အရင်ဘဝက ချီရှိုးကျဲ့က လီရွှီယန်းအသက်ကိုအကြွေးတင်တာအမှန်ဆိုတော့ ငါသူ့ကိုမသတ်ပါဘူး။ သူကအခုသူ့ဦးရီးတော်လီဝမ်ဆီမှာ။ မင်းကိုဆက်ဆံပုံကိုကြည့်ပြီး သူရွှီယန်းကိုသားလိုစောင့်ရှောက်လောက်မှာပါ''
ကောင်းမင်ကစိတ်ချသွားသလို တစ်ကိုယ်လုံးမြေပေါ်ခွေကျသွားသည်။ သူချီရှိုးကျဲ့ကိုနားမလည်နိုင်တော့ဘူး။ သူ့ကြည့်ရတာ ရက်စက်မလိုနဲ့ကိုယ်ပိုင်စည်းရှိပြန်တယ်။ လီကျင်းထျန်း ဒီလူအပေါ်ကျရှုံးသွားတာမဆန်းတော့ပါဘူး။+
သူတို့စကားဝိုင်းကလေသံဖျော့ပြီးနူးညံ့လွန်းလို့ ကျန်မိသားစုဝင်တွေကစပ်စုချင်တာတစ်ပိုင်းသေနေပြီ။ ကျိူးယွင်ရှန့် က ကိုယ်ကိုမတ်လိုက်ပြီး လက်ဟန်ပြလိုက်သည်။ ''ကွပ်မျက်မှာကမနက်ဖြန်မို့ ငါမင်းတို့ကိုဆန်ကွဲထမင်းတစ်ချိူ့ပေးလိုက်မယ်။ စားလိုက်''
အစောင့်ကထမင်းပုံကိုတံခါးဝရှေ့လာချပေးတော့ ကျိူးယွင်ရှန့် ခြေနဲ့ကန်ပြီး ဖိနပ်ဖြင့်နင်းချေလိုက်သည်။ ထိုမြင်ကွင်းကြောင့် ကောင်းလန်၏လက်ထိပ်သံကြိုးများတချွင်းချွင်းမြည်သွားပြီး သူ့အားတစ်စစီဆုတ်ဖြဲချင်သည့်အလားရုန်းကန်နေသည်။
"ခင်များတို့စားမယ်ဆိုရင် ကျူပ်ကွပ်မျက်မယ့်နေ့ကိုရွေ့ပြီး ခင်များတို့ကိုသက်သက်သာသာသေခိုင်းမယ်''
ကောင်းလန်ကမလှုပ်တော့ ကျိူးယွင်ရှန့် ဟက်ခနဲရယ်လိုက်သည်။ ''မဟုတ်ရင် အပိုင်းပိုင်းဖြတ်ခံရမယ်''
ထိုစကားကြားသည်နှင့် ကျန်မိသားစုဝင်များကချက်ချင်းဒူးထောက်ကာ စားပါမည်ဟုကတိပေးလိုက်ကြသည်။
ဓားချက်၃၆၀၀က တစ်ချက်ချင်းစီကိုအရိုးထဲထိနက်တာမို့ မသေခင်နာရီပေါင်းများစွာခံစားရလိမ့်မည်။ ဘယ်သူကဒီလိုအသေဆိုးမျိူးလိုချင်ပါလိမ့်မလဲ။ ကျိူးယွင်ရှန့်က သက်သက်မဲ့ကောင်းလန်ကိုဆွပေးနေပြန်သည်။ စားဖို့မလှုပ်တာမြင်ရတော့ အားရပါးရပြုံးလိုက်ပြီးထွက်သွားလိုက်သည်။ ''တကယ်ကိုယောက်ျားကောင်းပဲ။ အမှန်ပြောရရင်မင်းတို့အကုန်စားရင်တောင် ငါကချွင်းချက်အနေနဲ့မင်းကိုတော့ပြန်ပေးဆပ်ခိုင်းမှာပဲ'' ဒီလောက်ရာချီတဲ့ကောင်းမိသားစုဝင်တွေကို ထမင်းတစ်လုတ်နဲ့ဘယ်လိုသက်ညှာပေးရမှာလဲ။
ကောင်းလန်အံ့ကြိတ်လိုက်သည်။ သူ့စိတ်ထဲဒေါသထွက်ရမည့်အစား ချီရှိုးကျဲ့ဟာကြောက်စရာကောင်းလွန်းသည့်အချက်သာကြီးစိုးနေသည်။ သူကဒီလောကကြီးကိုစစ်တုရင်လိုပျော်ပျော်ကြီးကစားနေတာပဲ။ သူသာကြိုသိခဲ့ရင် ရန်သူဖြစ်အောင်ဘယ်တော့မှကြိုးစားခဲ့မှာမဟုတ်ဘူး။

Коментарі